Sunday, December 14, 2008

လူတစ်ယောက်ရဲ. Address book မှာ နေရာ တနေရာစာရဖို. လွယ်ကူပါတယ်။
လူတစ်ယောက်ရဲ. နှလုံးသား မှာ နေရာတနေရာ ရဖို. ခက်ခဲပါတယ်။

သူများ အမှား၊အပြစ် ကို ရှာ ဖို. အင်မတန်လွယ်ကူပါတယ်။
မိမိ အမှားကို မှတ်ယူ၊ ရှောင်ကျဉ် ဖို. ခက်ခဲပါတယ်။

မစဉ်းစားပဲ စကား လျှောက်ပြောဖို. လွယ်ကူပါတယ်။
အမှားကင်း အောင် စကားပြောဖို. ခက်ခဲပါတယ်။

မိမိကို ချစ်ခင်တဲ. လူကို စိတ်နာကျင်အောင်လုပ်ဖို.လွယ်ကူပါတယ်။
ထိုစိတ်နာကျင် မူကို ပြန်လည်ကုစားဖို. ခက်ခဲလှပါတယ်။

တပါးသူကို မိမိက ခွင့်လွတ်ဖို. လွယ်ကူပါတယ်။
တပါးသူ ကို မိမိအား ခွင့်လွတ်ဖို့ တောင်းဆိုရတာ ခက်ခဲပါတယ်။

စည်းကမ်း၊မျဉ်း တွေ ချမှတ်ရတာ လွယ်ကူပါတယ်။
လိုက်နာ ဖို. ခက်ခဲပါတယ်။

အောင်နိုင်သူ ဖြစ်ရတာ လွယ်ကူပါတယ်။
သိက္ခာရှိရှိ ရှူံး နိမ့် သူ ဖြစ်ဖို. ခက်ခဲပါတယ်။

ကျောက်တုံး နှင်. ခလုတ် တိုက်မိဖို. လွယ်ကူပါတယ်။
ပြန်ထ ရတာ ခက်ခဲပါတယ်။

နေ.တိုင်း ဘ၀ကို ပျော်ပျော်ရွင်ရွင်ဖြတ်သန်းရတာ လွယ်ကူပါတယ်။
တန်ဖိုးရှိရှိ ဖြတ်သန်းဖို့ ခက်ခဲပါတယ်။

ဂတိ တခု လွတ်ခနဲ ပေးဖို့ လွယ်ကူပါတယ်။
ဂတိ အတိုင်းလိုက်လုပ် ဖို့ ခက်ခဲပါတယ်။

ချစ်တယ် လို ပြောရတာ လွယ်ကူပါတယ်။
အမြဲတမ်း ချစ်ပြနေဖို့ ခက်ခဲပါတယ်။

သူများကို ဝေဖန် ရတာ လွယ်ကူပါတယ်။
မိမိကိုယ်ကို တိုးတက်အောင် လုပ်ရာမှာ ခက်ခဲပါတယ်။

အမှားတခု လုပ်ရတာ လွယ်ကူပါတယ်။
အဲဒီ အမှားကနေ သင်ယူဖို့ ခက်ခဲပါတယ်။

ပြီးဆုံးသွားတဲ. အချစ်ဇာတ်လမ်းကို ပူဆွေး တောင့်တ ရတာလွယ်ပါတယ်။
အဲ့လို ပြီးဆုံးမသွားအောင် လုပ်ဖို့က ခက်ခဲပါတယ်။

တိုးတက်ကြီးပွားဖို. စဉ်းစားရတာ လွယ်ပါတယ်။
စဉ်းစားတာတွေ ရပ်ပြီး လက်တွေ.အကောင်အထည်ဖော်ဖို. က ခက်ခဲပါတယ်။

ချစ်သူငယ်ချင်းရေ လို. နူတ်ကပြောရတာလွယ်ပါတယ်။
ထိုကဲ့သို. ချစ်ချစ်ခင်ခင် ပေါင်းသင်းဖို. ခက်ခဲပါတယ်။

နေမင်းညို

အလုပ်များနေသော ခင်ပွန်းသည်အား အလိုက်မသိသော ဇနီးက စကားတွေ တတွတ်တွတ်ပြောနေသည်။ ခင်ပွန်းဖြစ်သူက သူမစကားတွင် စိတ်မပါမှန်းလည်း မရိပ်မိချေ။

"မောင် … ခင့်ကို ဘာလို့လက်ထပ်ခဲ့တာလဲဟင်။ ခင့်ရဲ့ မျက်နှာလေး လှလွန်းလို့လား။ ဒါမှမဟုတ် ခင့်ကိုယ်လုံးကိုယ်ပေါက်လေးကို သဘောကျလို့လား။ အင်း … မဟုတ်ဘူးဆိုရင် ခင်ရဲ့ စိတ်ထားလေး ဖြူတာကို မြတ်နိုးလို့လား။ အဲ … ဒါမှမဟုတ် …"



စိတ်မရှည်တော့သော ခင်ပွန်းက သူမဘက်လှည့်ပြီး တစ်ခွန်းတည်း ပြန်ဖြေသည်။

"မင်း ခုလို ဟာသပြောတတ်တာကို ကြိုက်လွန်းလို့ဟေ့"

ရီနိုင်ကျပါစေဗျာ...
နေမင်းညို

တစ်ခါ တစ်လေမှာ လူတွေဟာ ပေါက်တတ်ကရတွေတွေးတတ် ကြပါတယ် ။ အားအားယားယား
အလုပ် မရှိတွေးနေကြတာပါ ။ အဲဒီလို ပေါက်တတ်ကရတွေတွေးနေလို့လဲ
မဖြစ်သင့်တာတွေဖြစ်လာ တာပေါ့ ။ ခွေးတွေ ၊ ၀က်တွေက ဆာလာရင် စားစရာကို
လိုက်ရှာ၊ အနံ့ခံပြီး ရှာစားကြပါတယ် ။ လူတွေကတော့ ဆာလာရင် လိုက်ပြီး
အနံ့မခံပါဘူး ၊ ရှာတော့ရှာပါတယ် ။ ဥပမာ ။ ဒီနေ့ဘယ်အိမ်မှာ အလှူလုပ်သလဲ? ။
ဒါမှမဟုတ် ချက်စား ၊ ဆိုင်မှာဝယ်စားကြပါတယ် ။ အဲဒီအထိအေးဆေးပါ ။
အဲ….ဗိုက်ဝ လာတော့ စတွေးပါတယ် ။ ပြဿနာက အဲဒီမှာစတာပါ ။လူတွေဟာ
ဗိုက်ဝလာရင် ပြဿနာ ရှာ တတ်ပါတယ် ။ အာဒံ နဲ့ ဧ၀ ကိုပဲကြည့်လေ ပန်းသီး
မစားခင်တုန်းက ဘာဖြစ်လို့လဲ ။ အေးဆေးပဲလေ ။ အဲ ဗိုက်လည်းတင်းလာရော ၊
ဇရက်မင်း စည်းစိမ်ကွ ဆိုပြီး နဖူးပေါ်လက်တင်ပြီး စတွေးတော့တာပါပဲ

ဒီနေ့ ဟင်းချက်ရတာ ပင်းပန်းလိုက်တာ ၊ ထမင်းဆိုင်က ဟင်းကြီးကလည်း
ဆားပေါ့လိုက်တာ ဘာညာ ပေါ့ ။ မိန်းမရှိရင်ကောင်းမှာပဲ … အဲ ပြဿနာက အဲလို။
တစ်ခုရပြီးရင် မကျေနပ်ပဲ ဆက်..ဆက်..ပြီး တွေးသွားကြတာလေ ။ တခြားဘယ်
သတ္တ၀ါကမှ အဲလောက်မတွေးပါဘူး ။ အဲဒါကြောင့်လဲ မာနကြီး နေကြတာပေါ့ ။ အဲလို
လိုရာကိုဆွဲတွေးပြီး တော့ ခေါင်းစဉ်ပါတပ်လိုက်သေးတယ် 'အချစ်' တဲ့။ တော်
တော်ပေါက်ပေါက်ရှာရှာ တွေးတဲ့လူတွေဗျာ ။ အဟေးဟေး ကျုပ်လဲလူပါပဲ ။ အဲလို
အစဆွဲထုတ်ရာ ကို လိုက်သွားကြရင်းနဲ့ ' ရှင်က ကျမ ကိုချစ်လို့လား' '
ချစ်ပါတယ်' ဆိုပြီး အုန်းခြစ်ကြီး ကိုင်ပြလို့လဲမရ ။ 'ကျမကို ချစ်ရင်
အင်္ကျီဝယ်ပေး ' ဆိုတော့ ' ငါလည်း ဒါပဲဝတ်တာ' ဆိုပြီး စွပ်ကျယ်ဝယ်ပေးလို့
ကလဲ မဖြစ် ။အဲဒါကြောင့်ပြောတာ ပေါက်တတ်ကရတွေ မတွေးပါနဲ့လို့ ။

အဲဒီလို အစဆွဲထုတ်ပြီး ပေါက်တတ်ကရတွေတွေးတော့ …ကဲ ။ ဥပမာ နယူတန်
ဆိုတဲ့သိပ္ပံ ပညာ ရှင်ကိုပဲကြည့် ။ ပန်းသီးတစ်လုံးပြုတ်ကျလာတာကို
သူကဗိုက်ဝနေတော့ ပေါက်ကရတွေ တွေးပါလေ ရော ။ ဆာနေတဲ့လူသာဆို
စားလိုက်မှာပေါ့ ။ နောက်ပြီး အမှန်ဆိုသူတွေးသင့်တာက ဒီနေ့ပန်းသီး
ပေါက်ဈေး ဘယ်လောက်လဲ ။ ဒီပန်းသီးတွေခူးပြီး ဈေးမှာသာ ချရောင်းလိုက်ရ ၊
အရင်းမစိုက်ပဲ အမြတ်ကြီးပါပဲလား ဘာညာပေါ့ ။ ဒါမှမဟုတ်
ငါဒီအပင်အောက်လာထိုင်တာကို အပင်စောင့်ရုက္ခစိုး ကမကြိုက်လို့လား ။
အရှင်ရုက္ခစိုးနတ်မင်းကြီးရယ် ကျွန်တော့်သားလေးကိုဗွေမယူပါနဲ့ ၊
ကျွန်တော့် မိန်းမကိုပဲ အတည်ယူပါ ၊ ကျွန်တော့်မှာ နောက်စမောလေး
တွေ့နေပါပြီ ..ဘာညာပေါ့…။

ဒါမှမဟုတ် ပန်းသီး ဆိုတော့ ကြာသပတေး၊သောကြာ ၅၆ ကျလာတာက တနင်္လာဆိုတော့ ၂
အဲဒီတော့ ၅၆၂ ဆိုပြီး နီးရာဒိုင်ဆီပြေး ရှိသမျှလေးအောပြီး ရင်ခုန်နေပေါ့
။ ပေါက်ရင်တော့ စည်ဘီယာ ဆိုင်ထိုင်မယ် ၊ ပန်းကုံးစွပ်မယ် ၊
နိုက်ကလပ်တက်မယ် ၊ 501 ၀ယ်ဝတ်မယ်၊ Dr.Martin ၀ယ်စီးမယ် ပေါ့ ။ အခုတော့
မဟုတ်ပါဘူး ။ ကမ္ဘာကြီးနဲ့ ပန်းသီးပင်က အပြိုင်လွန်ဆွဲရင်း ကမ္ဘာကြီးကပဲ
အတွင်း အားကောင်းလို့ နိုင်သွားသလိုလို။ ပြီးတော့ သူကတွေးရုံတင်မက
လျှောက်ပြောသွားတော့ အခုနောက် လူတွေ ကဒုက္ခရောက်ရတာပေါ့ ။"ဖိ" ပြီး
"စစ်"တဲ့ အဲဒီ "ဖိစစ်" ဆိုတာကြီး မှာနယူတန် ရဲ့ 'ဖက်လော' 'စခန်းလော' '
သတ်လော' တွေသင်ပြီဆို ကျောင်းသားတွေက သူ့ကိုကြိတ်ပြီး စိတ်ဆိုးနေကြတာ
သူကတော့ မသိပါဘူး ။ 'ပန်းသီးတစ်လုံး အရင်းသုံး၍ ဂရာဗေတေရှင်နယ်ဖို့စ်
ကြပါစို့ 'ဆိုပြီးတောင် အော်ချင်အော်နေမှာ ။

နောက်ရှိပါသေးတယ် အက်ဒီဆင် ဆိုတဲ့လူ ၊ သူ့ဟာသူ ဘာဆင်ပဲဖြစ်ဖြစ်ပေါ့ ။
သူကမီးလုံးတွေ မီး ချောင်းတွေ တွေးပြီးတီထွင်ခဲ့တာ ၊ နယူတန် လောက်တော့
မဆိုးဘူးပေါ့ ။ ဘောလုံးပွဲလေးဘာလေး ကြည့်ရင်တော့ ကျေးဇူးအတင်သား ။
ဒါပေမယ့် ဗျာ ညကိုးနာရီ ချိန်းထားတဲ့ သမီးရည်းစားနှစ်ယောက်ကိုမေးကြည်

အက်ဒီဆင် ရဲ့မီးသီးလိုလား ?လို့ ကောင်မလေးကပြောမှာပေါ့ "ခုနေ
အနားမှာရှိရင် ပါးဆွဲ
ရိုက်ပစ်မှာ" လို့ ။ အဲဒီလိုဗျ ။ အမြဲ မကောင်းဘူး ။ ယောက္ခမကြီး ကိုရီးယား
ကားကြည့်နေတုန်း အက်ဒီဆင် မလိုပါဘူးဗျာ ။ အလုပ်ကည ၈နာရီပြန်လာတဲ့
လူတစ်ယောက် ၊ ကားမှတ်တိုင်ကနေ အိမ်ကို ၁၅ မိနစ်လောက် လျှောက်ရဦးမှာ၊
ကျန်းမာရေကလဲပေါ်လာပြီ ။ ပတ်ဝန်းကျင်ကိုလည်း အားနာ ရှက်ကလည်းရှက် ၊
အင်ဒီဆင် ကြီးကလည်းရှိနေတော့ သူ့ခမျာ ကွတတ ကြီးနဲ့ပဲ အိမ်ကို
မအီမလည်ကြီးပြန်ခဲ့ ရပါလေရော ။ ခင်ဗျားဆိုရင်ကော အဲဒီလူနေရာမှာ အဲဒီ
အက်ဒီဆင်ဆိုတဲ့လူကြီးကို ကျေးဇူးတင်မှာလား ? ။ကဲ အဲဒါကြောင့်ပြောတာ ၊
ပေါက်ကရတွေ မတွေးပါနဲ့လို့

ရီမောနိုင်ကျပါစေ...
နေမင်းညို

သစ်သားဇလုံလေး.........
မသန်မစွမ်း အဘိုးအိုကြီးတစ်ယောက်ဟာ သူ့သားရဲ့ အိမ်မှာ သူ့ချွေးမ၊ လေးနှစ်သားအရွယ် သူ့မြေးလေးနဲ့အတူ နေလေရဲ့။ အဲဒီ အဘိုးအိုကြီးက လက်တွေဆိုလည်း တုန်လို့၊ အမြင်အာရုံကလည်း မှုန်ဝါးဝါး၊ သူ့ရဲ့ ခြေလှမ်းတိုင်းကလည်း ဒယိမ်းဒယိုင်နဲ့ပေါ့။ သူတို့ မိသားစု လေးယောက်ဟာ အစာစားပြီဆိုရင်ဖြင့် စားပွဲတစ်လုံးမှာ အတူတူ ထိုင်ပြီး စားလေ့ရှိတယ်။ ဒါပေမယ့် အဘိုးအိုကြီးဟာ လက်က အရမ်းတုန်၊ မျက်စိက ၀ါးတားတားဆိုတော့ အစာစားရတာလည်း အခက်ကြုံတာပေါ့။ ပဲစေ့ကို ဇွန်းနဲ့ ခပ်ပြီ ဆိုရင်ဖြင့် ပဲစေ့တွေဟာ ဇွန်းထဲကနေ ကြမ်းပြင်ပေါ် တမင် ခုန်ချနေသလား အောက်မေ့ရတယ်။ ဖန်ခွက်ကို ကိုင်လိုက်ပြီ ဆိုရင်လည်း ခွက်ထဲမှာ လှိုင်းတွေကြီးပြီး စားပွဲခင်းပေါ်ကို နွားနို့တွေ ဖိတ်ကျကုန်တယ်။

သားနဲ့ ချွေးမလုပ်တဲ့လူက ကြာတော့ သည်းမခံနိုင်တော့ဘူးလေ။ "ငါတို့ တစ်ခုခု လုပ်မှ ဖြစ်တော့မယ်။ ဒီ မှောက်ကျတဲ့ နွားနို့တွေ၊ ကြမ်းပေါ် ပြန့်ကျဲနေတဲ့ အစာတွေ၊ မျက်စိနောက်လောက်အောင် စားသောက်နေနဲ့ အမူအရာတွေကို ဆက်မမြင်ချင်တော့ဘူး။" လို့ စိတ်ဆိုးမာန်ဆိုးနဲ့ သူ့ဇနီးကို ပြောလိုက်တယ်။ ဒါနဲ့ အဘိုးအိုးအစာစားဖို့ ဟိုးအခန်းထောင့်မှာ စားပွဲသေးသေးလေးတစ်ခု စီစဉ်လိုက်ကြတယ်။ အဲဒီအချိန်ကစပြီး အဘိုးအိုခမျာ တစ်ယောက်တည်း အထီးကျန်စွာနဲ့ ထမင်းစားရတော့တယ်။ ကျန်တဲ့လူတွေကတော့ စုစုဝေးဝေး ပျော်ပျော်ရွှင်ရွှင် စားနေကြတာပေါ့။

အဘိုးအိုကြီး တုန်တုန်ရင်ရင်နဲ့ ပန်းကန်ခွက်ရောက်တွေ နှစ်ချပ် သုံးချပ်လောက် လွတ်ကျကွဲပြီးကတည်းက အဘိုးအိုကြီးကို အစာစားဖို့ သစ်သားဇလုံလေး တစ်လုံး လုပ်ပေးထားတယ်။ သူတို့ ထမင်းစားနေတုန်း အဘိုးအိုကြီးကို လှမ်းကြည့်လိုက်ရင်ဖြင့် အထီးကျန်လွန်းလို့ ကျတဲ့ မျက်ရည်တွေတောင် အထင်သား မြင်နေရတယ်။ ဒီလို သနားစဖွယ် မြင်ကွင်းကို မြင်နေရတာတောင် အဘိုးအိုကြီး ဇွန်းခရင်း၊ ဒါမှမဟုတ် ဟင်းတွေ အောက်ကို ဖိတ်ကျရင် အော်လိုက် ငေါက်လိုက်ချင်သေးတာလေ။

ဒါတွေအားလုံးကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကြည့်နေတဲ့သူကတော့ ဟို လေးနှစ်သားလေးပေါ့။ နှုတ်ဆိတ်မနေရအောင် သူကကော ဘာတတ်နိုင်မှာမို့လဲ။ တစ်ညနေ ကြမ်းပြင်ပေါ်မှာ သစ်သားတုံး၊ ဆောက်၊ တံဇဉ်း၊ ဓါးတွေနဲ့ ကစားနေတဲ့ သားကို အဖေလုပ်တဲ့သူက တအံ့တသြနဲ့ ထိုင်ကြည့်နေတယ်။ ဒီကောင်လေး ဘာတွေများ လုပ်ဖို့ ကြံစည်နေလဲ ဆိုတာကို သိချင်ဇော အားကြီးတော့ သူ့သားကို ချိုသာတဲ့ အပြုံးနဲ့ ဘာလုပ်နေတာလဲလို့ လှမ်းမေးလိုက်တယ်။ လေးနှစ်သားလေးဟာ အဖေရဲ့ အမေးကို အပြစ်ကင်းစင်တဲ့ အမူအရာနဲ့ ပြန်ဖြေပြီး ခပ်ပြုံးပြုံးလေးနဲ့ သူ့အလုပ်သူ ဆက်လုပ်နေတော့တယ်။

သားလေးရဲ့ အဖြေဟာ အဖေနဲ့ အမေလုပ်သူရဲ့ ရင်ဝကို တည့်တည့်ပစ်မှန်ပြီး အလုံးလိုက် လည်ပင်းမှာ လာစို့နေတယ်။ အားလုံးဟာ တိတ်ဆိတ်သွားတယ်။ စကားလုံးတွေ ဆွံ့အကုန်ပြီ။ မျက်ရည်တွေဟာ သူ့တို့ရဲ့ ပါးပြင်မှာ အရှိန်ကောင်းကောင်းနဲ့ စီးဆင်းလာတယ်။ ပြောရက်လိုက်တာ သားရယ်လို့ စိတ်ထဲမှာ တွေးနေရင်းက အပြစ်ကင်းစင်တဲ့ အမူအရာနဲ့ ပြောသွားတဲ့ သားရဲ့ မျက်နှာနဲ့ စိတ်ကျအားငယ်ပြီး အိုမင်းချိနဲ့နေတဲ့ အဖေလုပ်သူရဲ့ မျက်နှာကို တပြိုင်တည်း မြင်ယောင်လာမိတယ်။ ဇနီးမောင်နှံ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ဘာမှ ပြန်မပြောဖြစ်ကြပေမယ့် သူတို့ ဘာဆက်လုပ်ရမယ် ဆိုတာကိုတော့ ကောင်းကောင်းကြီး နားလည်သွားကြပြီလေ။

ညနေစာ စားချိန်ရောက်ပြီ။ အဘိုးအိုကြီးဟာ သူရဲ့ အထီးကျန် စာပွဲအိုရှိရာကို ဦးတည်ပြီး လှုပ်ပဲ့လှုပ်ပဲ့ လမ်းလျှောက်လာနေတယ်။ သူ့ခမျာ အရင် မိသားစုလိုက် အတူတူစားခဲ့တဲ့ စားပွဲဟောင်းကိုတောင် လှည့်ကြည့်ဖို့ ခွန်အား မရှိရှာတော့ဘူး။ သူ့စားပွဲကို ရောက်ခါနီးမှာပဲ သူ့ရဲ့သားက အဘိုးအိုရဲ့ လက်ကို ညင်သာစွာ ဆုတ်ကိုင်လိုက်ပြီး မိသားစု စားပွဲဝိုင်းဆီကို တွဲခေါ်လာတယ်။ သူတို့နဲ့ ထမင်းအတူတူ ပြန်စားဖို့ ဖိတ်ခေါ်ခံလိုက်ရတာပါ။ အဘိုးအိုခမျာ မျက်စိလည် လမ်းမှားပြီးရောက်လာတဲ့ ဒီအခွင့်အရေးကို လက်လွှတ်ရမှာ ကြောက်တော့ ခရင်းကို ဂရုတစိုက် ကိုင်ပေမယ့်လည်း လွတ်ကျမြဲ လွတ်ကျနေတယ်။ ဒီတစ်ခါမှာတော့ အိမ်ရှင်မရဲ့ စူးရှရှ အသံကို မကြားရတော့ဘဲ နွေးထွေးတဲ့လက်တစ်စုံနဲ့ ခရင်းတစ်ချောင်းကိုသာ မြင်လိုက်ရတယ်။ အမြင်များ မှားနေလား ဆိုပြီး အဘိုးအို မျက်စိကို ပွတ်ပြီး ပြန်ကြည့်တယ်။ ဟုတ်ပါတယ်၊ သူ့ချွေးမဟာ ခရင်းအသစ်ကို ယူပြီး အဘိုးအိုကို လှမ်းပေးနေတယ်။ ဟော နွားနို့တွေ စားပွဲပေါ် ဖိတ်ပြန်ပြီ။ ငြိမ်ငြိမ်လေး ထမင်းဆက်စားနေကြတာပဲ မြင်ရတော့တယ်။ အဘိုးအိုရဲ့ အလွဲလွဲ အချော်ချော်နဲ့ ဇွန်းခရင်းသံကလွဲလို့ ဘာအသံမှ မကြားရဘူး။ ညစာစားပွဲလေးဟာ တီးလုံးပဲပါတဲ့ သီချင်းတစ်ပုဒ်ကို ဖွင့်ထားတာနဲ့ တူနေတယ်။ ဒီညစာစားပွဲလေးဟာ အဘိုးအိုအတွက်တော့ အင်မတန် ကျေနပ်စရာ ကြည်နူးစရာ စားပွဲလေးတစ်ခု ဖြစ်သွားပြီပေါ့။

လေးနှစ်သားလေးရဲ့ စကားတစ်ခွန်းကြောင့် ဒီဇနီးမောင်နှံဟာ သူ့ဖခင်အပေါ်မှာ ရှိရင်းစွဲ မေတ္တာတွေ ပြန်လည် သက်ဝင်လာပြီး သနားကရုဏာနဲ့ စိတ်ရှည်ရှည် ဆက်ဆံလာနိုင်တယ်။ ဖခင်အပေါ် အမြင်မှန် ရသွားတယ်ဆိုပါတော့။ ဒါမှမဟုတ် ၀ဋ်လည်မှာကိုပဲ တွေးပြီး ကြောက်သွားကြသလား။ လေးနှစ်သားလေးက သူ့အဖေကို ဘာပြောလိုက်မယ်ထင်လဲ။ အဖြေကို ဆက်ဖတ်မကြည့်ခင် အရင် စဉ်းစားကြည့်စေချင်တယ်။

မိဘဟာ သားသမီးကို ပြုစုစောင့်ရှောက်ဖို့ဆိုတာ သဘာဝအရ အလိုအလျောက် တတ်သိစွမ်းဆောင် နိုင်လာတာ ဆိုပေမယ့် သားသမီးက မိဘကို ပြုစုစောင့်ရှောက်ရမယ် ဆိုတာကိုတော့ သဘာဝက အပြင်းအထန် သင်ကြားပေးတာတောင် အတော်များများ စာသိပ်မကျေချင်ဘူး။ မိဘက သားသမီးကို ပြုစုဖို့ အဓိက တွန်းအားဟာ မေတ္တာဆိုပေမယ့် သားသမီးက မိဘကို ပြုစုဖို့ အဓိက တွန်းအားဟာ တာဝန်ဖြစ်နေတာ ကြားနေ၊ မြင်နေရတော့ အတော်လေး စိတ်မကောင်းဖြစ်မိတယ်။ တာဝန်အရ ပြုစုနေရတဲ့ သားသမီးတွေ လောကမှာ ဘယ်လောက်များ များမလဲနော်။ ဒါပေမယ့် သားသမီးကို တာဝန်အရ ပြုစုနေရတဲ့ မိဘဆိုတာ ကမ္ဘာပေါ်မှာ လုံးဝ မရှိပါဘူး။

လေးနှစ်သားလေးက သူ့အဖေကို ဒီလို ပြန်ဖြေလိုက်ပါတယ်။
"သား၊ သစ်သားဇလုံးလေး လုပ်နေတာပါ။ ဖေဖေနဲ့ မေမေ အသက်ကြီးလာရင် အစာစားဖို့လေ"

"Wooden Bowl by Unknown Author" ကို နားလည်သလို ခံစားတင်ပြလိုက်ပါသည်။
နေမင်းညို

ဗေဒင်ဆရာတစ်ယောက်ကို
လိမ်လည်မှုနဲ့ တရားစွဲလို့ ရပါ့မလား။

ထီလက်မှတ်တစ်စောင်ဟာ
မပေါက်ရင် ပြန်လျော်ပါ့မယ်လို့
အာမခံချက် ရှိလို့လား။

စိတ်ကူးတွေကို
ဆင်ဆာဖြတ်ရင်
သင့်တော်ပါ့မလား။

မျှော်လင့်ချက်တွေကို
ယုတ္တိမရှိဘူးလို့ ဝေဖန်ရင်
တရားမျှတပါ့မလား။

ကျွန်တော့် နှလုံးသားဟာ
ဗေဒင်ဟောစာတမ်းလဲ မဟုတ်
ထီပေါက်စဉ်လဲ မဟုတ်
ကြော်ငြာသင်ပုန်းလဲ မဟုတ်
အိပ်မက်ပေါင်းချုပ်
စာတစ်အုပ်မျှသာ ဖြစ်ပါတယ်။

နေမင်းညို

(၁) Online ဖိုးပိုက်ဆံ အကုန်အကျသက်သာခြင်း

(၂) အပို့အကြိုကိစ္စ ဖြစ်သော ဖယ်ရီ မရှိခြင်း

(၃) အချော့ရသက်သာခြင်း စိတ်ပင်ပန်းဆင်းရဲမှုမှ ကင်းဝေးစေခြင်း

(၄) မုန့်ဖိုးအား လောက်ငှစွာ သုံးစွဲလို့ရခြင်း

(၅) အချိန်မရွေးနေရာမရွေး လွတ်လပ်စွာနေထိုင်နိင်ခြင်း

(၆) အစားမှန် အအိပ်မှန် အထမှန်ခြင်း နှင့် ကျန်းမာရေးကောင်းနေခြင်း

(၇) အိမ်မှ ဖုန်းဘေ ငွေနှုန်းများ သက်သာလာခြင်း

(၈) ပါးစပ်အားနံစေသော ဆေးလိပ် ၊ ကွမ်းယာ ၊ သေရည် ၊ ဒညင်းသီးများအား
အချိန်မရွေး စားသုံးလို့ရခြင်း

(၉) ရည်းစာမရှိ၍ သူငယ်ချင်းအား ရင်မဖွင့်ရသဖြင့် သူငယ်ချင်းဖြစ်သူက
နားညီးသက်သာသောကြောင့် သင့်အား အလိုက်အသင့် ဆက်ဆံခြင်း

(၁၀) ရည်းစားမရှိပါက ဘီယာတိုက်တဲ့ ပိုက်ပိုက် သက်သာစေခြင်း
(ဘီယာတိုက်ပြီး ရင်ဖွင့်တဲ့သူရှိလို့ပါ)

(၁၁) ရည်းစား၏ နားပူနားစာ ၊ အမိန့်များ ကင်းဝေးခြင်း တို့ဖြစ်ပါသည်။


လူငယ်များ၏ ရည်းစား ရှိခြင်းကောင်းကျိုး (၁၁) ချက်

(၁) လူအများကြား၌ ကြွားကြွားဝါ၀ါ နေနိုင်ခြင်း

(၂) ကိုယ်မရှိရင် သူပေး သူမရှိရင် ကိုယ်ပေး စွာနေနိုင်ခြင်း

(၃) ငှက်ပျောတုန်းဖက်သေစရာ မလိုခြင်း

(၄) ဟုတ်ဟုတ် မဟုတ်ဟုတ် လူရှိန်နေခြင်း

(၅) ကိုကို ၊ မောင် ၊ ချစ် ၊ မ ၊ မေ လို့ ယုယစွာ
စကားလုံးများအကန့်အသက်မရှိ ပိုင်ဆိုင်စေခြင်း

(၆) Web site ပေါ်တွင်ကဗျာ များသစ်လွင်နေခြင်း နှင့် လန်းဆန်းတက်ကြွနေခြင်း

(၇) လက်သည်းခြေသည်း ရှည်ခြင်းမှကင်းဝေးစေခြင်း နှင့် တစ်ကိုယ်ရေ
သန့်ရှင်းမှု ရှိခြင်း

(၈) ရည်းစားမရှိသူအား နှိမ်၍ မင်းမှာရောရည်းစားရှိလို့လားလို့ မေးလို့ရခြင်း

(၉) ဆောင်းတွင်းဖြစ်သည့်တိုင်အောင် အနွေးထည် ၀ယ်ရသည့် ပိုက်ပိုက် သက်သာစေခြင်း

(၁၀) ပိုက်ဆံချေးလို့ရခြင်း နှင့်
(၁၁) နောက်ဆုံးရုံတင် ရုပ်ရှင်ကားများ အဆက်မပြက် ကြည့်ရခြင်း တို့ပဲ ဖြစ်ပါသည်။

ပျော်ရွင်နိုင်ကျပါစေ..
နေမင်းညို

ပုံပြင်လေးတစ်ပုဒ်ကဲ့သို့ ဖတ်ကြည့်ပါ…

ကောင်မလေးက သူ့ကောင်လေးသူ့ကို ချစ်မချစ်သိချင်တယ်လေ..ဒါနဲ့ပဲ

ချစ်သူကောင်မလေးက သူ့ချစ်သူကောင်လေး ကိုမေးသတဲ့

ကောင်မလေး။ မောင် ကျွန်မကို လှတယ်လို့ ထင်လားဟင်…တဲ့

ကောင်လေး။ ဟင့်အင်း။

ကောင်မလေး။ မောင် ကျွန်မနဲ့ ထာဝရအတူနေချင်လားဟင် …

ကောင်လေး။ ဟင့်အင်း။

ကောင်မလေး။ တကယ်လို့များပေါ့နော်..ကျွန်မက မောင့်ကိုထားခဲ့ရင် ငိုမှာလားဟင်…

ကောင်လေးက ဖြေပြန်တယ်…ဟင့်အင်း တဲ့။

ကောင်မလေး…ဆက်မကြားနိုင်ရှာတော့ပါဘူး…

အဝေးကြီးကို ပြေးထွက်သွားလိုက်တယ်…သနားစရာကောင်းတဲ့ သူ့မျက်နှာလေးမှာ မျက်ရည်စတွေနဲ့ပေါ့….

ကောင်လေးက သူ့ကောင်မလေးရဲ့လက်ကို လှမ်းဆွဲတားလိုက်တယ်

ပြီးတော့ ပြောလိုက်တယ်

မင်းဟာစွဲမက်ဖွယ်ကောင်းလောက်အောင်မလှပပါဘူး.ဒါပေမယ့် ငါ့အတွက်တော့ ချစ်စရာကောင်းတဲ့ အေးမြတဲ့ အလှတရား ကိုမြတ်နိုးတယ်တဲ့

ငါမင်းနဲ့ အမြဲအတူမနေချင်ဘူး..ဒါပေမယ့် မင်းဟာငါ့အတွက်တော့ မရှိမဖြစ်လိုအပ်တယ်တဲ့

တကယ်လို့များမင်းထားသွားခဲ့ရင် ..ငါ့မျက်ရည်ကျဆင်းလာမှာမဟုတ်ဘူး…

ကိုယ်တစ်ခါထည်းသေသွားမှာ ..တဲ့။

ဒီချစ်စရာကောင်းတဲ့ ပုံပြင်လေးကို မင်းရဲ့ အချစ်ဆုံးချစ်သူ ..သူငယ်ချင်း တို့နဲ့ မျှဝေခံစားကြည့်ပါ
အားလုံးပဲချစ်နိုင်ကျပါစေ....
နေမင်းညို

ယောက်ျား တယောက်၏ ဆွဲဆောင်မူ

မိန်းကလေး တစ်ယောက်အပေါ် ယောက်ျားတစ်ယောက်၏ ဆွဲဆောင်မူက သူရဲ.
ရုပ်ရည်ချောမော ပြေပြစ်မူပေါ်မှာ ၁၀၀ ရာခိုင်နူန်း မမူတည်ပါဘူး။
မိန်းကလေးတွေနဲ. တွေတဲ့ အချိန်မှာဘာတွေလုပ်ရမယ်၊ ပြောရမယ် ဆိုတာကို
မသိခဲ့ရင်လဲ သင်ဟာ ဘယ်လောက် ချောမော ခန်.ငြားပါစေ မိန်းကလေး တွေ သင့်ကို
မခုံမင်တက်ပါဘူး။
အများသောအားဖြင့် ပေါ်ပြူလာဖြစ်သော ယောက်ျားများဟာ မင်းသားတစ်ယောက်လို
ချောမော နေတာ ခပ်ရှားရှားပါ။ ဒါပေမယ့် သူတို.တွေက အပြောကောင်းတယ်၊
ပေါင်းသင်းဆက်ဆံရေး ပြေပြစ်တယ် စသည့် နေရာများမှာ ကျွမ်းကျင်သူများ
ဖြစ်ကျပါတယ်။

အလိုက်သင့်နေတတ်ခြင်း
သင်ချစ်တဲ့ မိန်းကလေး တစ်ယောက်နဲ. ရုပ်ရှင်ကြည့်ဖို.ထွက်လာတယ်ဆိုပါစို. ။
သင်က ကားမောင်းနေတယ်၊ အခြေအနေပေးလို. ကားလမ်းပိတ် နေတယ်
ရှေ.ဆက်မောင်းလို.မရတော့ဘူး။ ထိုအချိန်က သင်က "ဟ ကားအစုတ်ပလုပ်တွေ ဘာလို.
ကိုယ်ဖာသာအိမ်မှာ မနေပဲ ကမြင်းကြောထပြီး လမ်းပေါ်တက်လာကျတာတုန်း၊
လမ်းအစုတ်ပလုပ်ရဲ. ဒီလောက်တောင် ကျဉ်းရသလား" အဲ့သလို ဗျစ်တောက် ဗျစ်တောက်
ပြောနေမလား။ ဒါဆို သင့်ဘေး က သင်ချစ်နေတဲ့ မိန်းကလေးက
သင့်ကိုဘယ်လိုထင်မလဲ။
အဲ့လိုဗျစ်တောက်ဗျစ်တောက်ပြောမနေပဲ သင်ချစ်တဲ့ ကောင်မလေးကို သင့်ရဲ.
အချစ်တွေ ဖွင့်ချလိုက်ပါလား။ ဖွင့်မချရဲသေးရင်လဲ ခဏနေကြည့်မယ့်
ရုပ်ရှင်အကြောင်း တွေပြောလို.ရသေးတယ်၊ အဲ့ဒါမှ မဟုတ်ရင် အပျင်းပြေ ရယ်စရာ
စကားလေးတွေ ပြောပေါ့။ ဒါဆို သူမ က သင့်ကို အခြေအနေ အချိန်အခါ လိုက်ပြီး
ပြောတတ်ဆိုတတ်တယ် ဆိုတဲ့ အမှတ်ပေးသွားပါလိမ့်မယ်။

အပြောချိုခြင်း
သင်ရဲ.ရုပ်ရည်ထက် ဆွဲဆောင်မူရှိတာ တခုရှိတယ်။ သင့်ရဲ.အပြောချိုချိုလေးတွေ
ကြောင့် သူမ က သင့်ကို အားထားရတဲ့ သူအနေဖြင့် သတ်မှတ်တတ်ပါတယ်။ သင့်ရဲ.
အသံတွေ တုန်နေမယ်၊ အက်နေမယ် ဆို၇င် သင့်၇ဲ. ရာဇ၀င်ဘယ်လောက်ကောင်းပါစေ။
သင့် ကို အထင်ကြီးစိတ် တွေ ပျက်ပြယ် စေနိုင်ပါတယ်။

ဦးဆောင်တတ်ခြင်း
သင်တို.နှစ်ယောက် စားသောက်ဆိုင်တွင် တခုခုစားမယ် လုပ်ချိန်မှာ။ ကောင်မလေး
က menu ကြည့်ပြီး တွေဝေနေတယ်ဆိုပါတော့။ ထိုအချိန်မှာ သင်က 'ဒါဟာ
စားကြည့်ပါလား၊ အရမ်းကောင်းတယ် နင်ကြိုက်လောက်တယ်။ ' စသဖြင့်
ဦးဆောင်မူလေးတွေလုပ်ပြလိုက်ပါတယ်။ သူမ ဘာစားမှန်း မသိဖြစ်နေတာကို
ထိုင်ကြည့်မနေနဲ.လေ။

မိန်းကလေးတိုင်းက သူတို.ရဲ. စိတ်ကူးထဲက မင်းသားလေး တွေနဲ.
တွေ.ဖို.စိတ်ကူးယဉ်တတ်ကျတယ်။ သင်က မင်းသားလေး မဖြစ်ခဲ့ရင်တောင် အထက်ပါ
အချက်လေးတွေနဲ. ကိုက်ညီအောင် နေတတ်ရင် မင်းသားလေး နဲ.တော. စရိုက်ခြင်း
နီးစပ်နေပါပြီ။

စိတ်ကူးထဲက မင်းသားလေးများ ဖြစ်နိုင်ကျပါစေဗျာ....
နေမင်းညို

တစ်ခါက ရှင်ဘုရင်တစ်ပါးဟာ ပန်းခြံထဲ ခြေစင်္ကြာဖြန့်နေတုန်း လှပတဲ့ မြွေလေးတစ်ကောင် စည်းရိုးနားက ဆူးခက်တွေကြားမှာ ငြိနေတာကို တွေ့လိုက်တယ်။ မြွေငယ်ကို ဘုရင်က ကယ်တင်လိုက်တယ်။

နောက်တစ်နေ့ ဘုရင်ကြီး ပန်းခြံထဲ လှည့်လည်နေတုန်း အ၀တ်အစား သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်တယ်။
"အသင်ဟာ ဘယ်သူလဲ..? ဘယ်နည်းနဲ့ နန်းတော်ထဲ ကျူးကျော်ဝင်ရောက်လာသလဲ"

"မထိတ်လန့်ပါနဲ့ အရှင်။ ကျွန်တော်မျိုးက နဂါးမင်းပါ။ ကျေးဇူးဆပ်ဖို့အတွက် ရောက်ရှိလာခြင်း ဖြစ်ပါတယ်"

"ဘာကျေးဇူးများလဲ"

"မနေ့က ကျွန်တော့်မျိုး သမီးလေး အရှင်ပန်းခြံထဲက ပန်းများကိုရှုစားရင်း စည်းရိုးမှာ ငြိနေခဲ့တယ်။ အရှင်ကယ်တင်ခဲ့လို့ သမီးတော်လေး နေလောင်ခြင်းမှာ လွှတ်ကင်းခဲ့ရတဲ့အတွက် ကျေးဇူးဆပ်ချင်ပါတယ်။ အရှင်လိုရာ ပြောပါ။ ကျွန်တော်မျိုး ကူညီဖို့အသင့်ပါ"

"အင်း...နန်းတော်မှာ အဖိုးတန်ပစ္စည်းတွေ အများအပြားရှိတယ်။ ဘာမှလိုလေသေး မရှိဘူးဆိုပေမဲ့ သတ္တ၀ါတို့ရဲ့ ဘာသာစကားကို အကျွန်ုပ်တတ်ချင်တယ်။ အကျွန်ုပ်က ကျေးငှက်တိရိစ္ဆာန်တွေကို ချစ်ခင်နှစ်သက်တယ်။ ဒါပေမဲ့ သူတို့ဘာတွေပြောနေမှန်း နားမလည်ခဲ့ဘူး"

"ဒါ မခက်ခဲပါဘူး အရှင်။ သူတို့ရဲ့ စကားကို နားလည်ချင်ရင် ဒီနေ့ကစပြီး သူတို့ရဲ့အသားကို မစားပါနဲ့။ သူ့အသားကိုစားပြီး သူ့စကားကို နားလည်တာမျိုးက မဖြစ်နိုင်ဘူး။ သက်သတ်လွတ်စားပြီး ခုနှစ်ရက်အတွင်း သူတို့စကားကို အရှင်နားလည်လာပါလိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စကို အရှင်လျှို့ဝှက်ထားရမယ်။ တစ်ယောက်ယောက်က သိသွားရင် အစွမ်းပြယ်သွားလိမ့်မယ်"

နဂါးမင်းက ပြောပြောဆိုဆို ပျောက်ကွယ်သွားတယ်။ ဘုရင်ကြီးက နဂါးမင်းပြောတဲ့အတိုင်း လိုက်နာခဲ့တယ်။ ခုနှစ်ရက်ရောက်တော့ ဘုရင်ကြီး စားပွဲတော်ခံနေတုန်း ပိုးဖလံနှစ်ကောင်ရဲ့ အသံကိုကြားလိုက်တယ်။

ပိုးဖလံတစ်ကောင်က "တော်... ဟိုကြမ်းပြင်မှာကျနေတဲ့ ထမင်းစေ့ကို သွားကောက်ပါလား" လို့ပြောတော့ နောက်ပိုးဖလံတစ်ကောင်က "စားချင်ရင် ကိုယ်တိုင်သွားကောက်ပါလား"

"ကျုပ်မပျံနိုင်လို့ တော့်ကို ကောက်ခိုင်းတာပေါ့။ အစကတော့ ချစ်ပါတယ်ဆို ခုတော့ ထမင်းတစ်စေ့ သွားကောက်ဖို့တောင် တော်မလုပ်နိုင်တော့ဘူးလား"

"အစားပဲရှိပြီ အလှုပ်မရှိလို့ ၀နေတာပေါ့။ ၀ိတ်လျှော့ပါဆိုတော့ မလျှော့ဘူး။ ဘုရင်နဲ့ မိဖုရားရှေ့မှာ ကျုပ်ကို ထမင်းသွားကောက်ခိုင်းတာ သေခိုင်းတာနဲ့အတူတူပဲ။ ဘာလဲ မင်းနောက်မီးလင်းနေလို့ ငါ့ကို သေကြောင်းကြံတာလား"

ပိုးဖလံနှစ်ကောင် အချီအချပြောနေတဲ့ စကားကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိတော့တယ်။ ရုတ်တရက် ထရယ်တဲ့ ဘုရင်ကို မိဖုရားက ဘာကြောင့်ရယ်တာလဲ မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြတယ်။

ထမင်းစားပြီး မိဖုရားနဲ့ ရေနွေးကြမ်းသောက်နေတုန်း အိမ်ခေါင်မိုးပေါ်က အိမ်မြှောင်နှစ်ကောင်ရဲ့ စကားပြောသံကို ဘုရင်က ကြားလိုက်မိပြန်တယ်။

"ဘေးဖယ် ရှင်မရေ.."

"ဒီလောက်ညဥ့်နက်နေပြီ ရှင်ဘယ်သွားမလို့လဲ။ ဘေးအိမ်က မုဆိုးမဆီ သွားမလို့လား"

"ဟာ.. ဒီမိန်းမ ငါဘယ်နှစ်ခါ ပြောရမလဲ။ ဘေးအိမ်ကနဲ့ ငါ ဘာမှမပတ်သက်ဘူး။ လူတကာကို မစွပ်စွဲနဲ့"

"အော်... ကျေးဇူးကန်းရဲ့.. ရှင်က သူ့ကို ကာဆီးကာဆီး လုပ်တာလား။ နေ့တိုင်းပဲ အဲဒီမိန်းမကြောင့် ကျုပ်တို့ စကားများရတယ်။ မပတ်သက်ရင် ဘာဖြစ်လို့ ခဏခဏ သွားနေရတာလဲ"

"ငါ ဘေးအိမ်ကို သွားတာမဟုတ်ဘူး။ မင်း ပူညံပူညံလုပ်လွန်းလို့ နားအေးပါးအေး အပြင်ထွက်ရှောင်မလို့.. ဖယ်စမ်းပါ"

"မဖယ်နိုင်ဘူး ရှင်ရေ... အစကတော့ ကျွန်မကို မခွဲမခွါဘဲ တစ်သက်လုံးချစ်မယ်ဆို။ အခုယူတာ တစ်လတောင် မရှိသေးဘူး။ ရှင်က ကျုပ်ကို ခွါချင်ပြီလား"

အိမ်မြှောင်နှစ်ကောင် လုံးရင်းဆန်ရင်း ခေါင်မိုးပေါ်က ပြုတ်ကျလာပြီး အမြီးတွေ ပြတ်ကုန်တယ်။ "တောက်.. ဒီတစ်လ အမြီးပြတ်တာ သုံးခါရှိပြီကွ" ဒေါနဲ့မောနဲ့ ပြောလိုက်တဲ့ အသံကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိပြန်တယ်။ မိဖုရားက မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြပြန်တယ်။

အဲဒီနေ့ကစပြီး ဘုရင်ဟာ ရုတ်တရက် ထထရယ်နေတတ်တယ်။ ကြုံရဖန်များလာတော့ မိဖုရားက "ဘုရင်ကြီး တစ်ခုခုကို လျှို့ဝှက်ထားပုံရတယ်။ ငါ့အသက်နဲ့ မခြိမ်းခြောက်ခဲ့ရင် သူပြောပြမှာ မဟုတ်ဘူး" ဆိုပြီး ဘုရင်ကြီးရယ်တဲ့ အကြောင်းရင်းကို မပြောပြရင် ကိုယ့်ကိုအဆုံးစီရင်မယ်လို့ မိဖုရားက ခြိမ်းခြောက်တော့တယ်။

ဘုရင်ကြီးက လျှို့ဝှက်ချက်ကို မပြောပြချင်တော့ "ခဏနေအုန်း.. ကျုပ်အပြင်ထွက်ပြီး စိတ်အပန်း ဖြေလိုက်အုန်းမယ်။ ပြန်လာရင် ပြောပြမယ်" ဆိုပြီး ထွက်ခဲ့တယ်။ နန်းတော်ရဲ့ တစ်နေရာ ဆိတ်ခြံကိုတွေ့တော့ ဆိတ်နှစ်ကောင် စကားပြောနေတာကို ဘုရင်ကြီးက ကြားမိတယ်။

"ကျွန်မမှာ ကိုယ်လေးလက်ဝန်နဲ့ ကျွန်မကို ချီပိုးစမ်းပါ"
"လမ်းလျှောက်နေရက် အကောင်းကြီးကနေ ကျုပ်ကို ဘာလို့ပိုးခိုင်းရတာလဲ"
"ရှင်မပိုးရင် ကျွန်မကိုယ်ကျွန်မ သတ်သေလိုက်မှာနော်"
"ရော်... ဘယ်နှယ့် အဲဒီလို တုံးအတဲ့အတွေးရှိရတာလဲ ရှင်မရယ်။ အဲဒီစကား ဘယ်က သင်ခဲ့တာလဲ ပြောစမ်း"

"ခုနားက ဘုရင်နဲ့ မိဖုရား ပြောနေတာကို ကြားလိုက်လို့ပါ။ မိဖုရားက ကိုယ့်ကိုယ် သတ်သေ မယ်ဆိုပြီး တောင်းဆိုတာကို ဘုရင်က ချက်ချင်းပဲ လိုက်လျှောခဲ့တယ်။ ကိုယ့်ကိုယ်သတ်သေတယ်ဆိုတာ လက်နက်ကောင်း တစ်မျိုးပဲ။ ဒါကြောင့် ရှင် ကျွန်မကို အရင်ကလို ချစ်သေးလား...? မချစ်ဘူးလားလို့ စမ်းကြည့်တာ"

"ဟား...ဟား.. မင်း အရမ်းတုံးအတာပဲ။ ကိုယ့်ကိုယ်အဆုံးစီရင်တယ်ဆိုတာ ကမ္ဘာပေါ်မှာရှိသမျှ အပြုအမှုထဲက ရယ်စရာအကောင်းဆုံးနဲ့ အတုံးဆုံး။ သတ္တ၀ါတွေထဲမှာ လူတွေကလွဲရင် ဘယ်သတ္တ၀ါကမှ ကိုယ့်ကိုယ် အဆုံးစီရင်တဲ့လမ်း မရွေးဘူး။ သတ္တ၀ါတိုင်းက ကိုယ့်အသက်ကို ကိုယ်ချစ်တယ်။ ကိုယ့်အသိနဲ့ ကိုယ်အသက်ရှင်တယ်။ ကိုယ့်ကိုယ်အဆုံးစီရင်တာကို တစ်ခြားလူက ကြားခံပြီး လာသေပေးလို့မရဘူး။ လူတွေလို ကိုယ့်ကိုယ်အဆုံးစီရင်ချင်သလား..? ကိုယ့်ကိုယ် ဆိတ်ပီသအောင် ကျင့်ကြံမလား..? ကြိုက်ရာလမ်းကို ရွေးပေးတော့"

ဆိတ်ဖို ပြောစကားကို နားထောင်ပြီး ဆိတ်မ ငြိမ်ကုတ်သွားတယ်။ ဘုရင်က သူတို့ပြောတဲ့ စကားကိုနားထောင်ပြီး "ငါဟာ တိုင်းပြည်ရဲ့ အရှင်သခင် ဘုရင်လို့သာပြောတယ်။ ငါ့ရဲ့ အသိဥာဏ်က ဆိတ်တစ်ကောင်ရဲ့ အသိဥာဏ်လောက် တောင် မရှိပါလား" လို့ တွေးမိပြီး မိဖုရားကို ပြောပြဖို့ နန်းတော်ထဲ ပြန်ခဲ့တယ်။

မိဖုရားကိုတွေ့တော့ ဘုရင်က"နှမတော်နဲ့ အတူနေချိန် မောင်တော်အမြဲရယ်ဖြစ်တာက ဟိုးအရင်က နှမတော်နဲ့အတူ ပျော်ပါးခဲ့တဲ့ အချိန်တွေကို ပြန်အောက်မေ့ သတိရမိလို့ပါ။ စားသောက်နေချိန်မှာလဲ သတိရတယ်။ အပန်းဖြေချိန်မှာလဲ သတိရတယ်။ အစဉ်အမြဲ သတိရနေလို့ပါပဲ နှမတော်"

"ဒါဆိုရင် ဘာဖြစ်လို့ အစကတည်းက မပြောတာလဲ"

"စိတ်ထဲမှာ ထားပြီး တမြေ့မြေ့နဲ့ အောက်မေ့နေရတာက ပိုချိုမြိန်တယ်လေ နှမတော်။ အမွှေးရနံ့တွေ ထည့်ထားတဲ့ ပုလင်းတစ်လုံးလိုပေါ့။ အဖုံးဖွင့်လိုက်ရင် ရနံ့တွေပြန့်လွှင့်ကုန်တယ်"

ဘုရင်ရဲ့ နားဝင်ချိုတဲ့ စကားကိုကြားတော့ မိဖုရားက ၀မ်းသာပီတိဖြစ်ရတယ်။ ဘုရင်က ရုတ်တရက် ပိုးဖလံနှစ်ကောင်ရဲ့ စကားကို ကြားလိုက်မိတယ်။

"လူတွေရဲ့ စကားချိုချို ပြောတတ်တဲ့ အကျင့်ကို အတုယူထားစမ်းပါ"
"ရှင်လဲကျွန်မကို အဲဒီလို စကားမျိုးပြောရင် ရှင့်ကိုကျွန်မ ရန်မရှာတော့ဘူး"
ဘုရင်ကြီး ရယ်လိုက်မိပြန်တယ်။


"နှစ်သက်တယ်"ဆိုတာ အချစ်ရဲ့ခပ်ဖျော့ဖျော့အရောင်လေး
"ချစ်တယ်"ဆိုတာ နှစ်သက်တာရဲ့ ခပ်ရင့်ရင့်အရောင်လေးပေါ့။

အချစ်တွေ အများကြီးရလိုက်လို့ ဘ၀ဟာ ပြီးပြည့်စုံသွားမှာ မဟုတ်ဘူး။
အချစ်တွေ အများကြီးပေးဆပ်လိုက်ရလို့ ဘ၀ဟာ ပိုတန်ဖိုးရှိသွားတာ။


လမ်းတစ်နေရာမှာ ဆုံကြတဲ့ ပုရွက်ဆိတ်လေး နှစ်ကောင်လိုပေါ့။ ကိုယ့်ခေါင်းပေါ်က အမွေးနဲ့ အချင်းချင်းထိတွေ့ နှုတ်ဆက်ကြပြီး ဆန်ကျင့်ဖက်ကို လမ်းခွဲလျှောက်ခဲ့ကြတယ်။ ဦးတည်ရာဖက်ကို တစ်ရွေ့ရွေ့ တွားသွားရင်း ကျယ်ပြန့်တဲ့ ဒီဟင်းလင်းပြင်ကြီးမှာ ခန္ဓာကိုယ်သေးငယ်တဲ့ ပုရွက်ဆိတ်နှစ်ကောင် ဘယ်နေရာမှာ ထပ်ပြန်ဆုံခွင့် ရကြမလဲ?

စကြ၀ဠာနဲ့ နှိုင်းယဉ်ကြည့်ရင် ကျွန်တော်တို့ လူဆိုတာ မျက်စိနဲ့တောင် မမြင်နိုင်တဲ့ အမှုန်လေးပါ။ ဘယ်နေရာ ဘယ်အချိန်မှာ ပုရွက်ဆိတ်လေးနှစ်ကောင်လို့ အချင်းချင်း ထိတွေ့ခွင့်ရနိုင်မလဲ..? နှုတ်ဆက်ခွင့်ရနိုင်မလဲ?

လူ့ဘ၀ထဲ တစ်ခါရောက်လာဖို့ လွယ်ကူပါသလား?
လူချင်းတစ်ခါလောက် ရင်းနှီးနှုတ်ဆက်ဖို့ လွယ်ကူပါသလား?
သူငယ်ချင်းလို့ အမည်တပ်ဖို့ လွယ်ကူပါသလား?
စကားလေး တစ်ခွန်းပါပဲ ....
"တန်ဖိုးထား မြတ်နိုးပါ"

တရုတ်စကားပုံ တစ်ခုက ဒီလိုပြောပါတယ်။
"ရှေးကံကြောင့် မိုင်ပေါင်းထောင်ချီ ဝေးနေကြသူတွေ တွေ့ဆုံရင်းနှီးခွင့် ရကြတယ်။ ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွားတာတောင် ရင်းနှီးခွင့် မရဘူး" တဲ့.....
ပျော်ရွင်ကျပါစေ...
နေမင်းညို

(၀း ၁း ၀)
ပန်းများ အသစ်တဖန်ပွင့်ဦးမည်ဆိုပါက
‘သူမ’ ရှိရာအရပ်သို့သာ မျက်နှာမူကြစေကုန်သတည်း

(၀း ၁း ၁)
‘ကိုယ့်ဆီ’ ဖွင့်ထားတဲ့တံခါးရွက်တို့မရှိ၊ ပိတ်ထားတဲ့ တံခါးရွက်တို့မရှိ…..
အဲဒီရှေ့မှာမှ နင်ဘာလို့လာရပ်ခဲ့သလဲကွယ်။
အခုဆို…. ကောင်းကင်ကိုမမြင်တော့ မြေပြင်ကိုမမြင်တော့
မိတ်ဆွေ၊ ရွှေမြို့တော်၊ ခေါ်သံ၊ ပြန်ချိန်၊ တိမ်လွှာ…. မမြင်တော့ မကြားတော့
မမြင်ရ မကြားရတော့….
နင်ကလွဲလို့ မမြင်တတ်တော့ဘူးကွယ်။

(၀း ၁း ၂)
ဘယ်လိုဒေသစံတော်ချိန်နဲ့မဆို နင့်ကိုသတိရ…. ထိထိရှရှလွမ်းတယ်
ကောင်မလေးရေ……
သနားသောအားဖြင့် နင့်ကိုယ်နင် ကိုယ့်အနားထပ်လာဖို့ သတိပေးပါ။

(၀း ၂း ၀)
ကျိန်စာဒုက္ခ ရောက်ရမည်ဆိုလျှင်ပင်
ခြေလှမ်းတို့အား သူမ၏ဆန့်ကျင်ဘက်သို့ ဦးတည်မည်မဟုတ်ချေ

(၀း ၂း ၁)
ယုံကြည်မှုကိုပဲကိုးကွယ်ပြီး ဆောင်ဓါးကိုလွယ်မိပါတယ်။
ခရီးလမ်းက ကြမ်းရှရင့်အိုနေပါစေ…..
လမ်းပြကြယ်တို့လင်းနေရုံနဲ့တင် ကိုယ့်အတွက်လုံလောက်ပါရဲ့
ပြုံးနေပါသလား…
နင် တကယ်ပဲ ပြုံးထားပါရဲ့လားကွယ်။

(၀း ၂း ၂)
‘နင့်အကြောင်း’ စာစီစာကုံးတွေ စာလုံးပေါင်းမမှားအောင်ရေးကြည့်ချင်တယ်
တွေးမိသမျှစိတ်ကူးတို့အတွက် အခါခါကြည်မွေ့မိ
ဘယ်နေ့ရယ်လို့တော့ အတိအကျမသိပါဘူး။
ဒါပေမယ့်….. မရောက်ရောက်အောင်လာခဲ့မယ်
ကိုယ့်ကို ခေါင်းစဉ်တစ်ခုခုတပ်ပေးပါကွယ်……..

(၀း ၃း ၀)
ခရီးဦးဆုမွန်တို့ မရှိဆိုစေ
ဝင်ခွင့်စကားကြားရသည်၌ ပျော်ပိုက်ရာ၏

(၀း ၃း ၁)
အငြင်းဝါကျတို့ ဆွံ့ ကန်းသွားပါ….
နင်က မီးတစ်စဖြစ်ရင် ကိုယ်ကမီးအိမ်တစ်လုံးဖြစ်ရမယ်
နင်က နွေရာသီဖြစ်ရင် ကိုယ်ကဥသြတစ်ကောင်ဖြစ်ရမယ်
အငြင်းစကား မကြားရတဲ့ကမ္ဘာဖြစ်စေတော့

(၀း ၃း ၂)
ကိုယ်တို့ လက်တစ်ကမ်းစာပဲဖြစ်ဖြစ် ချစ်ကြ
ဖြည်းဖြည်းချင်း တမ်းတမ်း မှန်းမှန်း လွမ်းကြရအောင်ကွယ်
တကယ်တော့ ကောင်မလေးရယ်…..
ရပ်တန့်နေတာထက်စာရင် ရွေ့လျားရခြင်းက ပိုကောင်းပါလိမ့်မယ်။

(၀း ၄း ၀)
လှိုင်းဒဏ်လေဒဏ် နူးညံ့ငြိမ်သက်သည်ရှိသော်
သက်တံ့ရောင်စဉ်တို့ တ၀ုန်းဖြိုးဖြိုး သက်ဝင်လှုပ်ရှားကြအံ့။ ။

နေမင်းညို

ကျွန်တော်ကောင်မလေး တစ်ယောက်ကိုရင်နှင့်အမျှ ချစ်မိသွားခဲ့တယ်။ ဒါပေမယ့်သူက ကျွန်တော့်ရဲ့ အချစ်ဦးလား ဆိုတော့ မဟုတ်ပါ...........။ သို့သော်ကျွန်တော်သည် အိုင်တွေ့တိုင်းခြေ ဆေးတတ်သည့်အမျိုးအစားတော့မဟုတ်..။ မှန်သည်ကိုဝန်ခံရလျှင် သူမ မတိုင်မီက မိန်းကလေး ၃ယောက် ကိုကျွန်တော် ချစ်ခဲ့ဖူးသည်...။ ပထမကောင်မလေး တုန်းက ခိုင်းနှိုင်းပြီးပြောမယ် ဆိုရင် ဥလို့တောင်ပြောလို့မရသေးတဲ့အရွယ်မှာပေါ့...........။ ဒုတိယကောင်မလေးတုန်း ကတော့ အကောင်ပေါက်စအရွယ်ပေါ့........။ တတိယကောင်မလေးကတော့ အပျံသင်ခါစအရွယ်မှာပေါ့........။ ခုကောင်မလေးကတော့ကျွန်တော် ရင့်ကျက်နေတဲ့အရွယ်လို့ပြောလို့မရပေမယ့် အရင်အချိန်ကထက်တော့ ရင့်ကျက်တန်သလောက် ရင့်ကျက်နေခဲ့ပါပြီ...........။ ရင်ခုန်သံကိုကိုယ်တိုင်ဆန်းစစ်နိုင်တဲ့ အရွယ်ရောက်နေပြီပေါ့ဗျာ။ အဲ့ဒါကြောင့်ကျွန်တော့် ရင်ခုန်သံကို ၅လ လောက် ဆန်းစစ်လိုက်ပြီးတဲ့ နောက် ဆုံးဖြတ်လိုက်တာ ကောင်မလေးကို ကျွန်တော် ချစ်သွားပြီလို့ပေါ့........။ ကျွန်တော်က ခံစားလွယ်တဲ့လူလေသူကြောင့်တော်တော်ကိုခံစားခဲ့ရတာပေါ့။ သူ့ကိုရင်နင့်အောင်ချစ်ခဲ့တယ်..... အသက်လိုမြတ်နိုးခဲ့တယ်........... ဥယျာဉ်မှူးက နှင်းဆီဖူးလေးတွေ ကိုယုယသလို ကျွန်တော် သူ့ကိုယုယချင်တယ်.....။ဒါပေမယ့် သူကကျွန်တော့်ကို ယုယခွင့်မှ မပေးခဲ့တာ.......။ ကျွန်တော်ကလည်း ခွင့်မှမတောင်းရဲပဲကိုး...........။ ဒီတော့လည်းလေ.......... အင်း... ထားပါတော့လေ........။ သူပျော်မယ်ဆိုရင် ကျွန်တော်ဘာပဲ လုပ်ရလုပ်ရဆိုတဲ့အထိပေါ့......။ ကျွန်တော့်ရူးသွပ်မှုကအဲ့လောက်တောင်......။ ဘာပဲဖြစ်ဖြစ်လေ သူ့ကိုတော့ကျွန်တော်အရမ်းချစ်ခဲ့မိတယ်ဗျာ......။ တစ်နေ့ ကျွန်တော်ချစ်တဲ့ အဲ့သည့်ကောင်မလေးကို ကျောင်းက ကန်တင်းအိုလေးတွေ ထဲမှာလိုက်ရှာနေမိတယ်.......။ ထွေထွေထူးထူး အကြောင်းအရာတော့ မရှိပါဘူး.........။ ကျောင်းမှာက လူတွေကလဲ အများကြီးနောက်ပြီး ကောင်မလေးတွေအားလုံးက ပုံစံတွေက ခပ်ဆင်ဆင်........။ ကျွန်တော်သူ့ကိုရှာရတာတော်တော်လေး ပင်ခေါင်းနောက်သွားခဲ့ရတယ်.........။ ဒါပေမယ့်ခေါင်းနောက်တာ ထက်ဆိုးတဲ့ မြင်ကွင်းတစ်ခုဗျာ...........။ မျက်လုံးတွေတောင်ကန်းသွားလိုက်ချင်တယ်......... ။ တကယ်ပြောတာပါ...........။ ကျွန်တော်ချစ်တဲ့ကောင်မလေး က ကောင်လေးတစ်ယောက်နဲ့ စကားတွေပြောနေတာများပြုံးလို့ ရွှင်လို့ သူ့နောက်စေ့မှာမျက်စိရှိမယ်ဆိုရင်တောင် ကျွန်တော့်ကို မြင်မှာ မဟုတ်ပါဘူးဗျာ.........။ အဲ့ကောင်လေးနဲ့ စကားတွေပြောနေတာ ပတ်ဝန်းကျင် ကိုတောင်သူ သတိရသေးရဲ့လားလို့ ကျွန်တော်တွေးလိုက်မိတယ်..........။ ကျွန်တော်နှလုံးသား တစ်စစီကွဲကြေ သွားတာ မနည်းပြန်လိုက်ကောက်ပြီး သိမ်းထားရတယ်.....။ မျှော်လင့်ချက်လေးနဲ့ပေါ့.....။ သူတို့ချစ်သူတွေ မဖြစ်လောက် သေးဘူးလို့လေ...။ ဒါပေမယ့် အမျိုးအမည်မသိတဲ့ ခံစားချက်ကတော်တော်ပြင်းတယ် ။ နှလုံးသားကိုကျင်စက်နဲ့ လာတို့နေ သလိုပင် တဆစ်ဆစ်နှင့်........။ ဒါပေမယ့်လဲလေ ကျန်စစ်သားထုံးနှလုံးမူပြီး သူ့အတွက်ကျွန်တော့် အချစ်ကို မြိုသိပ်ဖို့ဆုံးဖြတ်လိုက်တယ်...........။ ဒါပေမယ့်လဲမျှော်လင့်ချက်ဆိုတာထားလို့ကောင်းတယ်လေ.....။ အဲဒါနဲ့ပဲ မှိန်ပျပျလင်းနေတဲ့ မျှော်လင့်ချက်မီးအိမ်လေး ကိုင်ပြီး သူ့သူငယ်ချင်းကို သွားမေးလိုက်တယ်လေ.....။ ငါထင်သလို ဖြစ်မလာပါစေနဲ့လို့ ဆုတောင်းရင်းနဲ့ပေါ့.....။

“ဟိတ် သူနဲ့ ကောင်လေး ကကြိုက်နေကြပြီလား...............”

“ဟယ် ပေါက်တတ်ကရ ကြိုက်စရာလားဟဲ့...........”

သူ့ရဲ့ဖြေကြားချက်က ကျွန်တော့် မျှော်လင့်ချက်မီးအိမ်လေးကို လောင်စာထပ်ဖြည့်ပေးလိုက်သလို ပင်.....။ ကျွန်တော်ပျော်သွားမိသည်...........။ ဒါပေမယ့်လည်းတရားသဘောအတိုင်း ဖြစ်ပြီးပျက်မည်မှာ မလွဲပေ...။ ဘာပဲဖြစ်နေဖြစ်နေ ကျွန်တော်က ပုထူဇဉ်ပဲလေ.....။ ပျော်စရာရှိရင်ပျော်မိမှာပေါ့......။ ဒါပေမယ့်သိပ်မပျော်လိုက်ရပါဘူး..........။ ညနေရောက်တော့ သူ့အဆောင် ကိုကျွန်တော်သွားခဲ့တယ်.....။ သူ့ဆီက ငှားထားတဲ့ ရောင်စုံ pen လေးတွေပြန်ပေးဖို့ပေါ့.........။ အဓိကကတော့ သူ့မျက်နှာလေး မြင်ချင်လို့ပေါ့။ ကျွန်တော်ခေါ်တော့ သူထွက်လာပါသည် သို့သော်မျက်နှာကတော့ အရင်လိုမကြည်လင်.....။ ရာသီဥတု မကောင်းမှန်း ထိုအချိန်ကတည်း ကကျွန်တော်သိသင့်သည်...........။ မသိတာကကျွန်တော့်အမှား...။ ဘာပဲဖြစ်ဖြစ်ချစ်သူ ရှေ့ကွဲခဲ့ရတဲ့ကျွန်တော့်အဖြစ်က.........

“နင်ဘာဖြစ်တာလဲ မကြိုက်လို့လား......... ”ကျွန်တော်မေးလိုက်သည်.....။

“ဘာကိုလဲ......... ” သူမခပ်ပြတ်ပြတ်ပင်ပြန်ဖြေသည်.............။

ကျွန်တော်လည်းမှန်းချက်နှင့်နှမ်းထွက်မကိုက်သောကြောင့် နည်းနည်းလေးတော့ရိပ်မိလိုက်သည်။ ဥတု မကောင်းဘူး လို့ပေါ့ ...။ ဒါပေမယ့်လဲ.......

“ဟိုလေ .......ငါနင့် pen တွေငှားတာကိုလေ........”

“သြော်.... ”ဟုတစ်ချက်ပြောပြီးသူမတစ်ချက်ငြိမ်သွားသည်....။ တစ်ခုခု ကိုလေးလေးနက်နက်စဉ်းစားနေသလိုပဲ....။ ကျွန်တော့်စိတ်ထင်ပေါ့နော်....။ နောက်တော့သူကျွန်တော့်ကို တစ်ချက်စိုက်ကြည့်သည်...။ သူ့အကြည့်ကိုရင်မဆိုင်ရဲလို့ကျွန်တော်မျက်နှာလွှဲလိုက်မိသည်...။

“နင်နေ့လည်က ကိကိ ကိုမေးတဲ့အကြောင်း ငါအရမ်းစိတ်ဆိုးတယ်........ ” သူမဒေါသသံနှင့်ပြောသည်...။

“သြော်အဲ့ဒါကြောင့်လား အဲ့ဒါဆိုငါတောင်းပန်ပါတယ်........” .ကျွန်တော်လေးနက်စွာပြောလိုက်သည်.....။

သို့သော်သူ့တုံ့ပြန်သံက -"နင်အဲ့လိုမေးစရာလားနင်နဲ့ဘာဆိုင်လို့လဲ ငါအရမ်းဒေါသထွက်တယ်..... ..."
ကျွန်တော့်ခေါင်းကိုမိုးကြိုး၃ ကြိမ်လောက်ပစ်ချလိုက်သလိုပင်......။ ထူပူသွားသည်.........။ရုတ်တရတ် စကားမပြောနိုင်တော့...။ အင်အားမဲ့သွားသလိုပင်..........။ သို့သော်ရှိသမျှအင်အားနှင့်ပြောလိုက်သည်......

“နင်ငါ့နေရာကတစ်ချက်စဉ်းစားကြည့်ပေးပါ......။ ငါဘယ်လိုနေမလဲတွေးကြည့်လိုက်ပါ ...”

သူဆက်ပြောရန်ဟန်ပြင်လိုက်သော်လည်း သူမကလက်ဦးမှုရယူကာ ပြောလိုက်သည်....။

“နင်ရူးနေလား.......”

သို့သော်ကျွန်တော်ကအရှုံး မပေး...။ နောက်ဆုံးကျည်ဆန်ကိုပစ်လွှတ်လိုက်ရန်မောင်းတင်လိုက်သည်..။ အမှန်မှာတော့ဖွင့်ပြောလိုက်ရန်ပင်....။ “ငါ နင့်ကိုပြောစရာရှိတယ်....ငါ.....”စကားတောင်ဆုံးအောင်မပြော လိုက်ရပေ..။ သူတစ်ခွန်းတည်းပြောပြီးလှည့်ထွက်သွားသည်......။ သူ့ကြည့်ရသည်မှာလည်း အလွန်ဒေါသ ထွက်နေပုံပင်....။ ပြောသွားသည်က“ရပြီ....နင်ပြန်တော့” တဲ့..........။ကျွန်တော်ဘယ်လိုအင်အားနဲ့ အပြန်လမ်း ကို လှမ်းရမှာလဲ...။စဉ်းစားလို့ကိုမရ......။ထိုအချိန်တွင် ကိကိ ရောက်လာသောကြောင့်ကျွန်တော်အကူအညီ တောင်းလိုက်သည်....။တုန်ရီစွာနှင့်ကျွန်တော်ပြောလိုက်သည် က

“ငါ့ကို ကူပြီးဝိုင်းချော့ပေးပါဦးကွာ.......ငါတောင်းပန်ပါတယ်.......”ပြောရင်းကျွန်တော် ခေါင်းငိုက်စိုက် ကျသွားသည်။ အဲ့ဒီအချိန်ကစပြီးသတိလွတ်သွားတာ သတိပြန်ဝင်လာတော့ အဆောင်ရှေ့ကိုပင်ရောက်နေပေပြီ..။ကျွန်တော်ကခံစားလွယ်တော့သူ ကျွန်တော့်ကိုအရူးလို့ ပြောလိုက်လို့ရေးမိတဲ့ကဗျာက

အရူးတစ်ယောက်ထုတ်ခဲ့တဲ့မေးခွန်း

အရူးတွေပဲဖြေနိုင်လိမ့်မယ်.........။

အရူးတစ်ယောက်ရဲ့

အရူး ကဗျာတစ်ပုဒ်ကို

အရူးတွေပဲခံစားနိုင်လိမ့်မယ်...............။

ဟုတ်တယ်....

ဒါပေမယ့် ငါရေးတဲ့

အရူးကဗျာတွေကို

မင်းခံစားနိုင်လာပါလိမ့်မယ်........။

မင်းငါ့ကိုမရူးဘူးလို့

လက်ခံနိုင်လာတဲ့

တစ်နေ့ပေါ့................။

နောက်တစ်ပုဒ်ထပ်ရေးမိတယ်...........

ကျွန်တော်ကအရူးပဲ

သူ့ကိုမပျော်မြူးစေနိုင်ဘူး.....။

ရင်ထဲမှာစူးနစ်နေတဲ့ အချစ်ဆူး

ချစ်သူကမတူးဆွဘူး.......။

ကျွန်တော်နဲ့ တွေ့ရင်မဲ့သွားတတ်တဲ့

နှုတ်ခမ်းတစ်စုံ... .............

ကျွန်တော် ငုံနမ်းဖို့ မတန်မှန်းသိခဲ့ပါပြီ.......။

သူပျော်စေဖို့ ရည်စူးပေမယ့်

ထူးမလာတဲ့ ဘ၀ဇာတ်ကြောင်းမှာ

ရူးလာတဲ့ လူငယ်တစ်ယောက်

ရေနစ်နေတာ ဘယ်သူကယ်မှာလဲ.....။

သူ့ကိုအပျော်ဆုံးသူ ဖြစ်စေချင်လို့

သုံးမရတဲ့ ဦးနှောက်က စဉ်းစားလို့ရသမျှ

လုပ်ချခဲ့ပေမယ့် ပြသနာတွေဖြစ်နေခဲ့တာ

ကျွန်တော်မရည်ရွယ်ပါဘူးဗျာ...........။

သူ မချစ်လို့ အထီးကျန်သီချင်းကို

မတီးတတ်တဲ့ ဂစ်တာခေါက်လို့

လျှောက်ဆိုနေတာ သူသိစေချင်တယ်ဗျာ...........။

ကျွန်တော် သူ့ကိုသိပ်ချစ်တာရောပေါ့ ဗျာ..........။



သူကျွန်တော့်ကိုမချစ်ရင်နေပါဗျာ.......။ကျွန်တော့်ကိုတော့မ မုန်းစေချင်ဘူး.........။ သူ့အတွက်ဆို နှလုံးသားတစ်စုံ အသုံးခံလို့ ဆုံးရရင်လဲ ကျွန်တော် ကျေနပ်ပါတယ်ဗျာ..............။ ယုတ်စွအဆုံး အားလုံးပဲဗျာ ဘာပဲပေးဆပ်ရ ပေးဆပ်ရဗျာ.....။ သူကျေနပ်မယ် ပျော်မယ်ဆိုရင် ကျွန်တော်ကျေနပ်ပြီဗျာ...။ တကယ်ပါကောင်မလေးအတွက်ကျွန်တော်......................

-------------------------------------------------------xxxxxxxxxxxxxxxxxxxxxxxxxxxx-------------------------------------

အနာခံ သူပျော်စံဖို့ ငါကြံသော်လည်း အမှာတွေနဲ့ မသနားလေတော့ ထားခဲ့ပေါ့ကွာ......။နင်ပျော်မယ်ဆို ငါပဲ အနစ်အနာခံ ပြီး နေလိုက်တော့မယ်..........ကောင်မလေး....။ ဒါဟာ သူ့အတွက်ကျွန်တော် အလုပ်ပေးနိုင်ဆုံး အရာပဲ...။ သူနဲ့စကားမပြောဖြစ်တော့တဲ့နောက်ပိုင်းမှာ ကျွန်တော် စကားမတတ်တော့ပါ...။ ဆွံ့အသွားခဲ့ပါပြီ...။ ဘာပဲဖြစ်ဖြစ် နှင်းဆိဖူးလေး လေကြမ်းကြောင့်မကြွေစေချင်တာ ဥယျာဉ်မှုးရဲ့ လိုအင်ပါ...။

ဒီလိုနဲ့ပဲ အချိန်တွေကုန်လာတာပေါ့.....။

Don't distrub!The time cure the heart....တဲ့ တကယ်မှန်တယ်ဗျ အချိန်နဲ့အမျှ သူကျွန်တော့်ကိုစိတ်ပြေလာတယ် ။ သူကျွန်တော့်ကို စိတ်ပြေသွားတော့ ကျွန်တော် အားလုံးကို ကျေးဇူးတင်ချင် လာတယ်..။ အကြောင်းပြချက်တော့ မရှိဘူးဗျာ....။ ဘာပဲဖြစ်ဖြစ် ကျွန်တော် အရမ်းပျော်တယ်ဗျာ..။ တစ်နေ့တော့ သူနဲ့ကျွန်တော်အပြင်မှာတွေ့တယ်လေ....။အဲဒီမှာ ကောင်လေးနဲ့သူစကားပြောနေတယ်လေ.....။ဒီတစ်ခါတော့သူ့

ကိုသွားမမေးရဲတော့....။ ကောင်လေးကို သွားမေးလိုက်သည်...။ မင်း သူ့ကိုကြိုက်နေလား လို့ ကောင်မလေးရှေ့ မှာပင်မေးလိုက်မိသည်.....။တော်တော်တုံးသောကျွန်တော်ပင်...။ ထိုအခါကောင်မလေးမျက်နှာနီသွားပြီး “နင်တော်တော်....”စကားတောင်ဆက်မပြောတော့ဘဲပြေးထွက်သွားသည်.....။ သူမ ကားလမ်းကိုဖြတ်ပြေး သွားချိန်တွင် ကားတစ်စင်း လာသေည်....။ ကျွန်တော် ထိတ်လန့်သွားမိသည်....။ ကောင်မလေးနှင့် ကားတိုက်လုဆဲဆဲတွင် အဲ့သည့်နား ကျွန်တော် ဘယ်လိုရောက်သွားသည်မသိ ....။ ကောင်မလေးကို တွန်းထုတ်ပြီးသားဖြစ်သွာသည်........။ ကျွန်တော်ကတော့ ဒိုင်နာကားကြီးနှင့် မိတ်ဆက်သွားသည်.....။ ကျွန်တော့် မျက်စိထဲတွင်တော့ မှောင်မိုက်သွားပြီးပျိုးပျိုးပျက်ပျက်လင်းလက်နေသည့် ကြယ်များနှင့် လများ..။

ကောင်မလေးကိုနောက်ဆုံး အကြိမ်တောင် မမြင်လိုက်ရ..။ အသံတော့ကြားလိုက်ရသည်......။ သူမရဲ့ငိုသံကိုပါ..။ ကျွန်တော့်နောက်ဆုံးထွက်သက်ဖြင့်နောက်ဆုံး စကားပြောလိုက်သည်......။ နှင်းဆီဖူးလေးကြွေမှာစိုးလို့ ဟုပြောလိုက်ပြီးနောက်ဘာမှ မမြင်ရဘာမှမကြားရတော့.......။ ကျွန်တော့်လောကကြီးတိတ်ဆိတ်ခြင်း နှင့်အတူအမှောင်ထဲ မြင်နေရသည့်အဖြူရောင်စာသားများ “နှင်းဆီဖူးလေးကြွေမှာစိုး”တဲ့........။ ထင်းနေတာပဲ...။ ကျွန်တော်လည်းလိုက်ရွတ်ကြည့်မိသည်...“နှင်းဆီဖူးလေး ကြွေမှာစိုး”....... အသံထွက်မလာတော့ပါ......။ နှလုံးသွေးတို့ရပ်တန့်သွားလေပြီ......။

ပျော်ရွင်နိုင်ကျပါစေ...
နေမင်းညို

Sunday, December 7, 2008

ကိုလူလှတစ်ယောက် တစ်နေ့ကမှ ၀ယ်ထားသည့် ကားသစ်ကလေးကို တသသနှင့် အိမ်ရှေ့ကွက်လပ်ထဲ၌ ရေဆေးကာ သန့်ရှင်းရေးလုပ်နေစဉ် သူ၏ လေးနှစ်အရွယ်သားကလေး မောင်လှသည် အိမ်ထဲမှ ပြေးထွက်လာပြီး ကျောက်ခဲတစ်တုံး ကောက်ကိုင်ကာ မပြောဆိုနှင့် ကားဘေးတလျှောက် ဟိုခြစ်ဒီခြစ် ခြစ်လေသည်။

ကားအသစ်စက်စက်လေးကို ကြည့်မ၀ဖြစ်နေသည့် ကိုလူလှခမျာ သားဖြစ်သူ၏လုပ်ရပ်ကြောင့် ဒေါသအကြီးအကျယ်ထွက်ပြီး ဆော့လွန်းသည့်ကလေးလက်များကို နီးရာဖြင့် ကောက်ရိုက်လေသည်။ ကိုလူလှမှာ ဒေါသကြောင့် ရိုက်နေသော်လည်း သူ့လက်ထဲတွင် ကိုင်ထားသည့်အရာမှာ တုတ်ချောင်းမဟုတ်ဘဲ ဂွရှင် တချောင်းဖြစ်နေသည်ကို သတိမထားမိခဲ့ပေ။

မောင်လှလေး၏ လက်ချောင်းများမှာ ဂွရှင်ဖြင့် ကြိမ်ဖန်များစွာ ရိုက်နှက်ခံထားရသည်ဖြစ်ရာ အရိုးများကြေမွကုန်ပြီး ဆေးရုံတွင် လက်ချောင်းလေးများ အကုန်ဖြတ်တောက်ကုသရသည်အထိ အဖြစ်ဆိုးခဲ့လေသည်။

မောင်လှလေးက မျက်ရည်များစို့နေသော သနားစဖွယ်မျက်နှာငယ်လေးနှင့် ဖခင်ဖြစ်သူကိုကြည့်ပြီး “ဖေဖေ သားလက်ချောင်းလေးတွေ ဘယ်တော့ ပြန်ထွက်လာမှာလဲဟင်”ဟု မေးရာ ကိုလူလှမှာ ရင်ထဲတွင် ထိခိုက်လွန်းလှသောကြောင့် စကားပင် ပြန်မပြောနိုင်ဖြစ်နေခဲ့ရသည်။

ထိုနေ့ အိမ်ပြန်ရောက်သောအခါ ကားအသစ်ကို သားအတွက်ဒေါသဖြစ်ဖြစ်နှင့် အတန်ကြာ ကန်ကျောက်နေခဲ့သည်။ မောလောက်ပြီဆိုတော့မှ ကားဘေးမျက်ခင်းပြင်ပေါ်တွင် ခြေကုန်လက်ပန်းနှင့် ထိုင်ချလိုက်သည်။ ထိုင်နေလျက်နှင့် သားခြစ်ဆွဲထားသည့် ကားဘေးနေရာကို လှမ်းကြည့်လိုက်တော့မှ “အဖေ့ကို သားချစ်တယ်” ဆိုသည့် မောင်လှလေး ကျောက်ခဲဖြင့် ခြစ်ထားသည့်စာများကို အံ့သြဖွယ်ရာ တွေ့လိုက်ရလေသည်။

နောက်တစ်နေ့တွင် ကိုလူလှတစ်ယောက် မိမိကိုယ်မိမိ အဆုံးစီရင်သွားပြီဆိုသည့်သတင်း ထွက်ပေါ်လာလေတော့သည်။

နေမင်းညို

A .ဆိုတဲ့ ကောင်မလေးရယ်
B နဲ့ C ဆိုတဲ့ ကောင်လေး ၂ ယောက်ရဲ့ ပုံပြင်လေးပါ

စစတုန်းကတော့..A နဲ့ B က သူငယ်ချင်း....နှစ်ယောက်လုံး သံယောဇဉ် အရိပ်အယောင်ပြကြပါတယ်
ဒါပေမယ့် ..ဖွင့်မပြောဖူးကြဘူး...
ဒီလိုနဲ့ A က C ကို တွေ့တဲ့ အချိန်မှာ...သူတစ်ကယ်ချစ်တဲ့သူဆိုတာကို သိလိုက်တယ်.
A အတွက် အခက်အခဲ တစ်ခုရှိနေတယ်..အဲဒါက A ရဲ့ ကံကြမာကို စစ်ကြည့်မိလိုက်တယ်...အဲမှာ စတာပဲ
သူဟာ ပထမ ရည်းစားနဲ့ ဖူးစာမဆုံနိုင်ဖူးတဲ့....ဘယ်လောက်ချစ်ချစ် ကွဲနိုင်တယ်တဲ့
A ဟာ ဗေဒင်ဆိုတာကို ယုံတတ်တဲ့ လူစားမဟုတ်ပေမယ့် ....စိတ်ထဲမှာတော့ ထင့်သွားတယ်
တကယ်များ ဖြစ်လာခဲ့ရင်ပေါ့လေ ဆိုပီးတော့
အဲချိန်မှာ B က A ကို ဖွင့်ပြောလာတယ်...A ဆုံးဖြတ်ရခက်သွားတယ်..
အတွေးတစ်ခုလည်း ၀င်လာတယ်...B ကို အသုံးချလိုက်ရင်.........
သူ B ကို လည်း အသုံးမချ ချင်ဖူး...သူ ချစ်တဲ့ C နဲ့လည်း မဝေးချင်ဖူး

ကဲ..A ဆုံးဖြတ်ရ ခက်နေတယ်..ကူကြပါအုံးဗျာ.

(A ကို ဗေဒင် အစွဲအလမ်းကြီးတယ် မပြောပါနဲ့ ...တစ်ကယ် ချစ်တတ်လာရင် အသေးအဖွဲက အစ စိုးရိမ်တတ်လာတယ်ဆိုတာ .နားလည်ပေးစေချင်ပါတယ်)

ကူပီး စဉ်းစားပေးပါဗျာ..ကျေးဇူးတင်ပါတယ်ဗျာ
နေမင်းညို

" မင်္ဂလာပါရှင် "
ကျွန်တော်က ဘယ်လိုပဲ တုံးတိတိ စပီး နှုတ်ဆက်ပေမယ့် အဲဒီလို ယဉ်ကျေးစွာ ပြန်ပီးနှုတ်ဆက်တတ်တဲ့ ဒီကောင်မလေးကို ကျွန်တော်သံယောဇဉ်ဖြစ်မိတာကြာပါပီ....
ကျွန်တော်တို့နှစ်ယောက် စတင်တွေ့ဆုံရပုံက ဘာမှ မဆန်းကျယ်လှပါဘူး...ဖြစ်လေ့ဖြစ်ထ ရှိတဲ့အတိုင်း ကျွန်တော်တို့နှစ်ယောက် VZO မှာစတင်သိကျွမ်းကြပါတယ်....
ဒါပေမယ့် မကြာလှတဲ့ အချိန်လေးအတွင်းမှာပဲ ၀ါသနာနဲ့ အကျင့်စရိုက်တော်တော်များများတူလှတဲ့ ကျွန်တော်တို့နှစ်ယောက်ဟာ ငယ်သူငယ်ချင်းတွေလို ရင်းနှီးခဲ့ကြပါတယ်...
ကျွန်တော်တို့နှစ်ယောက် စတင်သိကျွမ်းတဲ့ အချိန်ကစပီး နေ့တိုင်းလိုလို ONLINE မှာ ဆုံဖြစ်ခဲ့ကြပါတယ်....ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက် CHAT တဲ့အခါတိုင်း...
ဘယ်တော့မှ ပျင်းတယ်လို့မရှိခဲ့ကြပါဘူး...ပြောဖြစ်တဲ့ အကြောင်းအရာတွေကလည်း ဘာမှမဆန်းကျယ်လှပါဘူး...သူက သူ့အိမ်ကသူချစ်တဲ့ကြောင်လေး နေမကောင်းတဲ့အကြောင်း...
သူတက်တဲ့ကျောင်းက သူငယ်ချင်းတွေအကြောင်း....သူကအပြင်မှာ စကားနည်းတဲ့အကြောင်း...သူ့ကို ကောင်လေးတယောက်က ဒီနေ့ရည်းစားစကား လိုက်ပြောတဲ့အကြောင်း...
သူက ညီအစ်ကို မောင်နှမ မရှိပဲ သူငယ်ချင်းလည်းနည်းတဲ့အတွက် သူ့ဘ၀က အထီးကျန်ဆန်တဲ့အကြောင်း....ဒီလိုပဲရောက်တတ်ရာရာ တွေပဲပြောဖြစ်တာများပါတယ်....
သူစကားပြောတဲ့အခါတိုင်း ကျွန်တော်က စိတ်ဝင်တစား နားထောင်ပေးတတ်ပါတယ်....
တခါတလေတော့လည်း ကျွန်တော်တို့နှစ်ယောက်က ကျွန်တော်တို့ ဥာဏ်မမှီလှတဲ့ PLATONIC LOVE အကြောင်း...လူတွေရဲ့ အကျင့်စာရိတ္တနဲ့ စိတ်နေသဘောထားအကြောင်း....
ဒါတွေကိုလည်း ကိုထင်ရာမြင်ရာ ပြောကြ၊ ငြင်းခုံတတ်ကြပါတယ်...
ဒီလို မထူးဆန်းလှတဲ့ အကြောင်းအရာ အဖြစ်အပျက်တွေ စုပေါင်းပီး ထူးဆန်းတဲ့ အကြောင်းအရာ အဖြစ်အပျက်တွေ ဖြစ်လာတတ်တာကိုတော့ လူတိုင်း ကြုံဖူးကြမှာပါ...
ကျွန်တော်တို့နှစ်ယောက် စတင်သိကျွမ်းချိန်ကစပီး နှစ်လလောက်ကြာတဲ့ တနေ့မှာ...မှတ်မှတ်ရရ အဲဒီနေ့က ဒီဇင်ဘာ တစ်ရက်နေ့ပါ...
ကျွန်တော် နေထိုင်တဲ့ အရပ်မှာ နှင်းတွေ ဖွေးဖွေး လှုပ်အောင် စကျတဲ့နေ့ပေါ့...
သူ ONLINE တက်လာတယ်ဆိုရင်ပဲ....
> ဟိုင်း...
>မင်္ဂလာပါရှင်
>ဆောင်း ကို အကိုပြောစရာ၇ှိတယ်...
>ဟုတ်ကဲ့... ပြောလေအကို...
>ဆောင်း ကိုအကို ချစ်နေမိပီ...
>...... ...... ...... .....
>ဆောင်း အကို့ကို စိတ်ဆိုးသွားပီလား....
>မဆိုးပါဘူး..အကို...
တနေ့နေ့မှာ အကိုဒီလိုပြောလာလိမ့်မယ်ဆိုတာ...
ဆောင်းသိပါတယ်...
ဒါပေမယ့် ဒီလိုနေ့ မျိုး ရောက်မလာပါစေနဲ့လို့ ဆောင်း က ဆုတောင်းနေရတာပါ....
ဘာဖြစ်လို့လည်း ဆိုတော့ အကို့ကို ဆောင်း ဘယ်တော့မှ ချစ်လာနိုင်မှာ မဟုတ်လို့ပဲ....
> ဆောင်း ဘယ်လိုပြောလိုက်တာလဲ...
အကို့မှာ မျှော်လင့်နိုင်တဲ့ အခွင့်အရေးတောင်မရှိတော့ဘူးလား...
> ဆောင်း ဘာမှ မပြောပါရစေနဲ့တော့ အကို...
အကို ဆောင်း ကို ခွင့်လွှတ်ပေးပါ..နားလည်ပေးပါလို့ပဲ ပြောပါရစေ...
>..... ..... .... ..... .... .....
သူ အဲဒီလိုပြောပီး OUT သွားလိုက်တာလေ....
အဲဒီတုန်းက သူပြောတဲ့ စကားတွေက ကျွန်တော့်ဘ၀အတွက် နောက်ဆုံးပဲဆိုတာ ကျွန်တော် အချိန်အတော်ကြာမှ သိခွင့်ရခဲ့တာပါ...
ကျွန်တော် ဟာ နေ့တိုင်း သူ့ကို ONLINE မှာ မျှော်နေပေမယ့် အဲဒီနေ့က စပီး သူပေါ်မလာတော့ပါဘူး...
ကျွန်တော် နေ့တိုင်း သူ့ဆီကို MESSAGE တွေ၊ EMAIL တွေပို့ပေမယ့် သူ့ဆီက ဘာတုန့်ပြန်မှုမှ ရောက်မလာခဲ့ဘူးလေ...
ကျွန်တော်ဟာ နေ့စဉ်နေ့တိုင်း ကျွန်တော်လုပ်ရမယ့် အလုပ်ပီးတာနဲ့ COMPUTER ရှေ့မှာထိုင်ပီး သူ့ကို မျှော်နေမိပါတယ်....
ONLINE က သူငယ်ချင်း အသစ်တယောက်နဲ့ တွေ့တဲ့အခါတိုင်း သူ့ရဲ့ သူငယ်ချင်းတွေထဲမှာ " ဆောင်းကြာဖြူ ' ဆိုတဲ့ NICK နဲ့ သူငယ်ချင်းတယောက်ရှိလားလို့...
ကျွန်တော်မေး ခဲ့မိတယ်....အရင်က သိကျွမ်းခဲ့တဲ့ သူငယ်ချင်းတွေကလည်း သူတို့က နှုတ်ဆက်တဲ့အခါတိုင်း ကျွန်တော်က စိတ်မပါလက်မပါ ပြန်ပြောတာများလာတော့.....
ကျွန်တော့် ကို ဘယ်သူကမှ နှုတ်မဆက်ကြတော့ဘူးလေ....အထီးကျန်ဆန်တဲ့ ကျွန်တော့် ဘ၀ကို အကောင်းဆုံးစိတ်ချမ်းသာမှု ပေးနိုင်တယ်လို့ ထင်ခဲ့တဲ့....
ONLINE ကလည်း သူမရှိတော့တဲ့ နေ့ကစပီး ကျွန်တော့အတွက် ဘာမှ အသုံးမ၀င်တော့ဘူးလေ....
သူဘာကြောင့် ဒီလိုလုပ်သွားရတာလည်း ဆိုတဲ့ အတွေးနဲ့ပဲ ကျွန်တော်ဟာ အိပ်မပျော်တဲ့ ညပေါင်းများစွာကို ကျော်ဖြတ်ပီး နွေ၊မိုး၊ဆောင်း ရာသီအလီလီကို ကုန်လွန်စေခဲ့ပါတယ်....
ဆောင်းတွင်းကာလ ရောက်ပီဆိုရင် နှင်းတွေကိုချစ်တတ်တဲ့ သူ့အကြောင်းကို တွေးပီး ကျွန်တော်ဟာ နှင်းတောထဲမှာ အကြိမ်များစွာ လမ်းလျှောက်ခဲ့ဖူးပါတယ်.....
ဒီလိုနဲ့ သုံးနှစ်ဆိုတဲ့ အချိန်ကာလကို ကျော်လွန်ပီး တဲ့တရက်မှာ.... အဲဒီနေ့က ဒီဇင်ဘာ တစ်ရက်နေ့ပေါ့...
ကျွန်တော် Gtalk ကို ဖွင့်လိုက်တယ်ဆို၇င်ပဲ ဆောင်းဆီက MAIL တစ်စောင်ေ၇ာက်နေတာတွေ့လိုက်ရတယ်....
ကျွန်တော် ကပျာကယာ ဖွင့်ပီးဖတ်ကြည့်လိုက်တော့....

အကို
ဆောင်းကို ခွင့်လွှတ်ပါလို့ တောင်းပန်ရင်း ဒီ mail ကို ပို့လိုက်ပါတယ်...
အကို ဘယ်လောက်ထိ ခံစားနေရမယ်ဆိုတာ ဆောင်း သိပါတယ်...
ဒီနေ့ဟာ အကိုနဲ့ ဆောင်း တို့နှစ်ယောက် ခွဲခွာ ခဲ့ကြတာ သုံးနှစ်မြောက်တဲ့နေ့ပေါ့...
အကို မမေ့နိုင်သလို နှင်းလည်း မမေ့နိုင်ပါဘူး....
တကယ်တော့ ဘ၀ ဆိုတာ ကိုဖြစ်ချင်တာ မဖြစ်ရပဲ မဖြစ်ချင်တာတွေ ဖြစ်နေရတဲ့ သံသရာကြီးပါ အကို...
အကိုဘယ်လောက်ခံစားရတယ်ဆိုတာ ဆောင်း သိပေမယ့်....
ဆောင်း ဘယ်လောက်ခံစားရတယ်ဆိုတာ အကို မသိခဲ့ဘူးနော်...
အကိုနေ့တိုင်းပို့တဲ့ message နဲ့ mail တွေကို ဖတ်ပီး...
computer ရှေ့မှာ အကြိမ်များစွာ ငိုခဲ့ရတာကို အကို မသိနိုင်ပါဘူးလေ...
နောက်တပါတ်ဆိုရင် ဆောင်း လက်ထပ်ရတော့မယ် အကို...
အကို ဆောင်း ကိုချစ်ပါတယ်လို့ ဖွင့်မပြောခင် အချိန်ကတည်းက...
ဆောင်း ဟာ သူနဲ့ နှစ်ဖက်မိဘတွေရဲံ့ သဘောတူညီမှုနဲ့ စေ့စပ်ထားခဲ့တာပါ...
အချစ်မပါတဲ့ အိမ်ထောင်ရေးဟာ အဆင်ပြေနိုင်လား ဆိုတာ ဆောင်း မသိဘူး...
ဒါပေမယ့် မိဘရဲ့ စကားကို ငယ်ငယ်လေးကတည်းက နားထောင်လာတဲ့အတိုင်း...
ဆောင်း မငြင်း ဆန်နိုင်တာတော့ အမှန်ပါပဲ....
အကို့ကို ဆောင်း ချစ်ပါတယ်....
ဒီစကားကို အမြဲတမ်း ရင်ထဲမှာပဲ သိမ်းထားမယ်လို့ ဆုံးဖြတ်ထားပေမယ့်....
အကို တသက်လုံး ခံစားနေရမှာကို မကြည့်ရက်လို့ ဆောင်း ပြောလိုက်ရတာပါ......
. တကယ်တော့ ဘ၀ ဆိုတာ ကိုဖြစ်ချင်တာ မဖြစ်ရပဲ မဖြစ်ချင်တာတွေ ဖြစ်နေရတဲ့ သံသရာကြီးပါ အကို..
ဆောင်း ကို မေ့လိုက်ပါတော့.....
အကိုတယောက်ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းရင်း ထာဝရ နှုတ်ဆက်ခဲ့ပါတယ်....

ဒီ mail ကိုဖတ်ရင်း ကျွန်တော့်ရင်ထဲမှာ ၀မ်းသာကြည်နူးမှုနဲ့ ကြေကွဲ ဆို့နင့်မှုကို တပြိုင်နက် ခံစားရပါတယ်....
ဒါပေမယ့် ကျွန်တော် ကျေနပ်ဝမ်းသာမိတာတော့ အမှန်ပါပဲ....
အချစ်ဆိုတာ ပိုင်ဆိုင်ရယူရမှ ပြည့်စုံတယ်လို့ ကျွန်တော်ဘယ်တုန်းကမှ တွေးမထားခဲ့ပါဘူး...
ပန်းဆိုတာ ကြိုးနဲ့သီပီး ခေါင်းပေါ်မှာ ပန်ထားရင်ပဲဖြစ်ဖြစ်...တော်ဝင် သဇင် ပန်းပဲဖြစ်ဖြစ်....
တန်ဖိုးမရှိဘူးလို့ လူတွေ သတ်မှတ်ချင်ကြတဲ့ ခံပွင့် ပဲဖြစ်ဖြစ် .... သူ့ဂုဏ် နဲ့ သူရှိပါတယ်....
အချစ်ဆိုတာလည်း ဒီလိုပါပဲ...ပိုင်ဆိုင်ရယူနိုင်မှု ရှိရင်ပဲဖြစ်ဖြစ်... လက်လွှတ်ဆုံးရှုံးလိုက်ရတာပဲဖြစ်ဖြစ်....
ဆုံဆည်းခွင့် ရသည်ပဲဖြစ်ဖြစ် ၊ မရသည်ပဲဖြစ်ဖြစ် တယောက်နဲ့တယောက်ချစ်နေကြရင် ပြည့်စုံတယ်လို့ ကျွန်တော်ထင်တယ်လေ....
အဲဒီနေ့ကစပီး ကျွန်တော် online မသုံးတော့ပါဘူး...
ကျွန်တော့်လိုပဲ online ကို ဘယ်တော့မှ သုံးမှာမဟုတ်တော့တဲ့ ကောင်မလေး တယောက်ရှိတယ်ဆိုတာတော့ သိကြမှာပါ...
တကယ်လို့ အချစ်ကို ၁၅၀၀ အချစ်၊ ၅၂၈ အချစ်၊ platonic love စသဖြင့်ပေါ့လေ အမျိုးအမည် ခွဲခြားလို့ရတယ်ဆိုရင်...
ကျွန်တော်တို့နှစ်ယောက်ရဲ့ အချစ်ကို interlove လို့ သတ်မှတ်ပေးကြပါခင်မျာ...
ရင်တွင်းမှာပဲဖြစ်ပီး ရင်တွင်းမှာ ပဲ အမြဲသိမ်းထားရမယ့် အချစ် လို့ဆိုချင်ဆို....
internet ကိုအကြောင်းပြုပီး ဖြစ်တည်လာတဲ့ အချစ် လို့ သတ်မှတ်ချင် သတ်မှတ်....
ကျေးဇူးပြုပီး interlove လို့သတ်မှတ်ပေးကြပါခင်မျာ..........

ဒီအဖြစ်လေးကတော့ ကျွန်တော်သူငယ်ချင်းတစ်ယောက်ရဲ့ အဖြစ်အပျက်လေးပါ... ကျွန်တော် အရမ်းကြိုက်လို့ ကျွန်တော် ၏ ဘလော့လေးမှာ တင်ပေးလိုက်ခြင်းဖြစ်ပါတရ်.... အားလုံးပဲ ကြိုက်ကျမရ်လို့မျှော်လင့်ပါတရ် ....
နေမင်းညို

ဟဲလို----သြော်

နေကောင်းလားတဲ့....

သတိရလို့ ဖုန်းဆက်တဲ့ငါ့ကို သူ့ရဲ့တုံ့ပြန်တဲ့စကား>

အဆင်ပြေပါစေတဲ့....

ရေမြေခြားနေတဲ့ငါ့အတွက် သူ့ရဲ့ဆုတောင်း>

ကြိုးစားပါတဲ့.....

ငါ့ဘ၀အောင်မြင်မူအတွက် သူရဲ့တိုက်တွန်းချက်>

----------

ထူဆန်းလိုက်တဲ့ သူ့ရဲ့စကားတွေ

ဟိုးတုန်းကဆို ဖုန်းဆက်တိုင်း

လွမ်းတဲ့အကြောင်းပြောမဆုံး

အခုတော့.........

ငါဘာဆက်ပြောရမှာလဲ?

့သူ့ရဲ့ပြောင်းလဲသွားတဲ့စကားလုံးများကြားမှာ

ငါတစ်ခဏအသက်ရှုဖို့မေ့သွားတယ်.......

----------

ဟုတ်ပါတယ် ငါထွက်သွားခဲ့တာပါ

ဒါပေမယ့် ထားသွားခဲ့တာမဟုတ်ပါဘူး

ငါ့နှလုံးသားကျန်နေခဲ့တာ နင်သိပါတယ်

ငါ့ဘ၀အတွက်မို့ နင်နားလည်ပါ.........

-------

နင်မရှိတဲ့ မြန်မာပြည်က

အရာရာပြောင်းလဲသွားပြီတဲ့..

ရည်ရွယ်ချက်တစ်ခုအတွက် သူ့ရဲ့နိဒါန်း>

ငါတောင်မှ နင့်အတွက်အချစ်တွေကို

သံယောဇဉ်အဖြစ် ပြောင်းလဲခဲ့ပြီလေ

ငါနင့်အတွက် သူငယ်ချင်းကောင်းတစ်ယောက်အဖြစ်

အမြဲရပ်တည်နေမှာပါတဲ့...

-----------

သူ့ရဲ့ဒီစကားအဆုံးမှာ

လူတစ်ယောက်ရဲ့ နှလုံးသားတစ်ခု

သေဆုံးသွားခဲ့ပါတယ်.....

ရက်စက်လိုက်တာဆိုတဲ့အသိတစ်ခုနဲ့

အတားဆီးမဲ့မျက်ရည်တွေ...

ကျကွဲသွားတဲ့ဖုန်းလေးတစ်လုံး...

ရေရွှတ်သံတစ်ခု-

---"ရင်မှာအချစ်ဦး နင်ပြောဖူးတယ်

ဘယ်တော့မှမမေ့ဘူး နင်ပြောဖူးတယ်

အခုတော့လည်း နှလုံးသားကို သတ်လို့သွားတယ်

လုပ်ရက်လိုက်တာ ချစ်ရသူရယ်"-------

ကောင်လေး - ငါတို့ တွေအတွက်တော့ လောကကြီးကအထီးကျန်စရာကောင်းလိုက်တာနော်။
ကောင်မလေး -ဟုတ်တယ်နော်....တစ်ခြားသူငယ်ချင်းတွေမှာ ချစ်သူတွေကိုယ်စီရနေပြီ....။ တို့ အုပ်စုမှာ တို့ ၂ယောက်ဘဲ အထီးကျန်ပြီးကျန်ခဲ့တာ...။ ဒီပြင်လူတွေမှာလည်းချစ်သူကိုယ်စီနဲ့ ..။ ငါတို့ ဘ၀ကအထီးကျန်လိုက်တာ..။

ကောင်လေး - ငါတော့ဘာလုပ်ရမယ်မှန်းတောင်မသိတော့ပါဘူးကွာ...။
ကောင်မလေး - ဒီလိုလုပ်ပါလား..ငါတို့ game တစ်ခုကစားရအောင်...။

ကောင်လေး - ဘာ game လဲ..။
ကောင်မလေး -ငါနင့်ကောင်မလေးအနေနဲ့ ရက် ၃၀ နေမေးမယ်..နင်လဲငါ့ကောင်လေးအနေနဲ့ ပေါ့...ဘယ်လိုလဲ..။
ကောင်လေး - ဒီအကြံမဆိုးဘူး..။နောက်ရက်တွေမှာလဲ ငါ့မှာဘာမှထူးထူးခြားခြားလုပ်စရာမရှိဘူး...။ သဘောတူတယ်ကွာ..။

ပထမနေ့ -သူတို့ ၂ယောက် အချစ်ရုပ်ရှင်တူတူ သွားကြည့်ပြီးပျော်ရွင်ခဲ့ကြတယ်..။
၎ ရက်မြောက်နေ့ - သူတို့ တွေကမ်းခြေကိုပျော်ပွဲစားထွက်ခဲ့ကြတယ်...။ သာယာတဲ့အချိန်လေးတစ်ခုသူတို့ ရခဲ့ကြတယ်ေလေ..။

၁၂ရက်မြောက်နေ့  -ကောင်လေးကကောင်မလေးကို Circusပွဲခေါ်သွားတယ်ဗျ..မြင်းရိုင်းတစ်ကောင်ဖျော်ဖြေတဲ့အလှည့်ကျတော့ ကောင်မလေးကရုတ်တရက်လန့် ပြီးကောင်လေးလက်နဲ့ ..ဘေးကလူကြီးလက်မှားကိုင်မိလို့ နှစ်ယောက်လုံး ရယ်ကြရသေးတယ်ဗျ..။

၁၄ရက်မြောက်နေ့ - သူတို့ လျှောက်လည်ရင်းလမ်းဘေးက ဗေဒင်ဟောတဲ့အမယ်အိုကြီးကိုတွေ့ တော့ သူတို့ ရှေ့ရေး ၀င်မေးခဲ့သေးတယ်ဗျ..။ အမယ်အိုကြီးက.."ကလေးတို့ ..ကလေးတို့ ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို..အလကားဖြုန်းတီးမပစ်မိစေနဲ့ ..နှစ်ယောက်အတူတူချစ်ချစ်ခင်ခင် ပျော်ပျော်ရွင်ရွင်နေကြပါ"....တဲ့..။ အမယ်အို ကြီးရဲ့ မျက်ဝန်းတွေမှာမျက်ရည်တွေစို့ နေတာကိုတော့ ကောင်လေးနဲ့ ကောင်မလေး သတိမထားမိလိုက်ဘူးတဲ့..။


ရက် ၂၀မြောက်နေ့ - သာယာတဲ့ညနေခင်းလေးမှာ ကောင်မလေးကကောင်လေးကို တောင်ပေါ်အပန်းဖြေစခန်းခေါ်သွားတယ်..။ ရုတ်တရက်..ကြယ်ကြွေသွားတာ သူတို့ တွေ့ လိုက်တယ်..။ ကောင်မလေး နှုတ်ကတစ်စုံတစ်ခုကို တိုးတိုးရေရွတ်လိုက်တယ်...။ ကောင်လေးတော့မကြားလိုက်ဘူးတဲ့ဗျာ..။
၂၈ရက်မြောက်နေ့ - သူတို့ နှစ်ယောက် bus အတူတူစီးကြတယ်..။တစ်နေရာရာကပြန်လာတာပေါ့ဗျာ..။ သိတဲ့အတိုင်း လမ်းကြမ်းတော့ကားကခုန်နေတာပေါ့..။ အဲဒီမှာ ကောင်မလေးကကောင်လေးကိုမတော်တဆနမ်းမိသွားတယ်..။ ပထမအနမ်းပေါ့ဗျာ..။

၂၉ရက်မြောက်နေ့ ည ၁၁နာရီ ၃၇မိနစ်... ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက် သူတို့ ဒီ game ကို ပထမဆုံး ကစားဖို့ စ ဆုံးဖြတ်ခဲ့တဲ့ပန်းခြံလေးမှာထိုင်နေကြတယ်..။ မနက်ဖြန်ကသူတို့ game ရဲ့နောက်ဆုံးနေ့လေ..။
ကောင်လေး - ကိုယ်နည်းနည်းပင်ပန်းနေတယ်ကောင်မလေး..။ မင်းတစ်ခုခုသောက်ချင်ရင်မှာလိုက်လေ..။ကိုယ်အအေးသွားဝယ်မလို့ ..။
ကောင်မလေး- ဒါဆို Apple juice ၀ယ်ခဲ့ပေးပါလား..။ thank you နော်..။
ကောင်လေး- ရပါတယ်..။ ကိုယ့်ကိုစောင့်နေနော်...။

မိနစ်၂၀လောက်ကြာတော့ကောင်မလေးဆီ သူစိမ်းတယောက် အပြေးရောက်လာတယ်...။
သူစိမ်း.. -ညီမက ကောင်လေး ရဲ့သူငယ်ချင်းလား....။
ကောင်မလေး..- ဟုတ်ကဲ့..။ ဘာဖြစ်လို့ လဲဟင်..။
သူစိမ်း..- အရက်သမားတစ်ယောက်မောင်းလာတဲ့ကားက ကောင်လေးကိုတိုက်မိလို့ ကောင်လေးဆေရုံမှာ..အရေးပေါ်ခန်းထဲမှာခွဲစိတ်ခံ နေရတယ်ဗျာ...အဲဒါ..........
သူစိမ်းဆက်ပြောတဲ့စကားတွေကောင်မလေး မကြားနိုင်တော့ပါ..ဆေးရုံကိုပဲအမြန်လိုက်သွားမိတော့တယ်....။

ည၁၁နာရီ ၅၇မိနစ်.... ဆရာဝန် အရေးပေါ်ခန်းထဲက မျက်နှာမကောင်းဘဲ ထွက်လာပြီးကောင်မလေး လက်ထဲကို Apple juice လေးနဲ့ စာတစောင် ကမ်းပေးလိုက်တယ်...။
ဆရာဝန်က၀မ်းနည်းတဲ့အသံနဲ့ ...ဒါကျနော်တို့ကောင်လေးရဲ့အိတ်ထဲကရတာပါ... တဲ့.....
ကောင်မလေးကသွေးတွေပေနေတဲ့စာကို တုန်တုန်ရင်ရင်နဲ့ ဖွင့်ဖတ်လိုက်တာပေါ့..။ စာထဲမှာရေးထားတာကတော့........
"ကောင်မလေး..ပြီးခဲ့တဲ့ရက်တွေအတွင်းမှာ မင်းဘယ်လောက်ချစ်စရာကောင်းတယ်ဆိုတာ ကိုယ်သိခဲ့ရတယ်.. ဒီ game လေးကစားနေချိန်မှာဘဲ မင်းကိုကိုယ် အရမ်းအရမ်းချစ်မိသွားပြီကွာ...။မကြာခင်ဒီ game လေးပြီးတော့မယ်နော်..။ gameလေးပြီးသွား ပေမယ့် မင်းကိုယ့်ရဲ့ချစ်သူအဖြစ် ဆက်ရှိနေပေးပါလားနော်...။ ဘ၀တစ်လျှောက်လုံးစာအတွက်ချစ်သူပေါ့...။ အရမ်းချစ်တယ်ကောင်မလေးရယ်....။......"

ကောင်မလေးက စာရွက်လေးကို တင်းတင်းဆုတ်ကိုင်ရင်း ၀မ်းနည်းပက်လက်ငိုပါတော့တယ်....။

"ကောင်လေးရယ်...မသေပါနဲ့ နော်...မသေပါနဲ့ ... တို့ လည်းမင်းကို အရမ်းချစ်ပါတယ်..။ တို့ တွေတောင်ပေါ်သွားတဲ့နေ့ကိုမှတ်မိသေးလားဟင်...။ ကြယ်ကြွေတာမြင်လိုက်ရတဲ့နေ့ လေ..။အဲဒီတုန်းကကြယ်ကြွေတုန်း..တို့ မင်းနဲ့ ဒီgame လေးပြီးလည်း ထာဝရအတူနေနိုင်ပါစေလို့ ဆုတောင်းခဲ့တယ်သိလား.....၊ ကျေးဇူးပြုပြီးတို့ ကိုမထားခဲ့ပါနဲ့ နော်...။ကောင်လေး မင်းကိုတို့ချစ်တယ်သိလား...တို့ ကိုခွဲသွားလို့ မဖြစ်ဘူးနော်....။"

နာရီလက်တံလေး ၁၂ကိုရောက်သွားတယ်.... ရက် ၃၀ ပြည့်တဲ့အချိန်ပေါ့.........။ ကောင်လေးရဲ့နှလုံးခုန်နှုန်း ထာဝရ ရပ်တန့်သွားခဲ့တယ်......

......................................................................................................................................
ဒီပုံပြင်လေး ဖတ်ပြီးသွားရင်တော့ သူငယ်ချင်းတိုလည်း ကိုယ်ချစ်တဲ့သူ ကို ချစ်တဲ့အကြောင်းခုဘဲဖွင့်ပြော လိုက်ပါ... အရမ်းနောက်မကျသွားခင်ပေါ့.........။

ပျော်ရွင်မှုတွေပိုင်ဆိုင်နိုင်ကျပါစေဗျာ....
နေမင်းညို

Tuesday, December 2, 2008

ကျွန်တော့် မျက်လုံးတောင် ကျွန်တော် မယုံနိုင်လောက်အောင် ဖြစ်သွားရပါတယ်....။ မ ကို ချိန်း တဲ့ အခိျန်ဟာ မနက်ပိုင်းမှာပါ..။ ဒါပေမယ့် ကျွန်တော် mail ထဲမှာ ရေးထားတာက ည (၁၂) နာရီ တိတိပါဘဲ...။ ကျွန်တော်သေချာစဉ်းစားပါတယ်..။ကျွန်တော် မှားများသွားလားလို့ .....။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပါ..။ ဘာပဲ ဖြစ်ဖြစ်ပါလေ ကျွန်တော်ပို့ တဲ့ စာရောက်သွားပြီ ဘဲ...။ ဘယ်လို မှမတတ်နိုင်တဲ့ ကိစ္စ ပါ...။ ည (၁၂) နာရီ ကို ဘဲ ထပ်စောင့် ရတော့မှာပါ..။ ကျွန်တော် မ နဲ့ တွေ့ ရင် မေးမယ့် စကားတွေ ကို ကြိုတင် စဉ်းစားထာပါတယ်..။ ဒါမှပဲ ကျွန်တော်မေးမိ မှာပါ..။ သူငယ်ချင်းကို တိုင်ပင်ကြည့် တယ် ... သူကလဲ ထောက်ခံတယ်လေ..။ လုပ်သင့်တယ်လို့ ပေါ့..။ ကျွန်တော်မေ့မေ့ ပြောက်ပြောက် ထားလိုက်ပါပြီ...။ အမှောင် ကြီးစိုး လာမယ့်အချိန်ကို စောင့် ရင်းနဲ့ ...............။
ည ဖက်ရောက်တော့ သူ ငယ်ချင်းက အိမ်ကို စောကြီးရောက်လာပါတယ်..။ကျွန်တော်နဲ့ တူတူ TV ကြည့်နေတယ်လေ...။ TV အစီအစဉ်
တွေပြီးတော့ နာရီ က (၁၁) နာရီထိုးနေပြီ..။ ကျွန်တော်အ၀တ်အစားလဲလိုက်တယ်..။ သူငယ်ချင်းနဲ့ အတူ ကားလေးစီးပြီးတော့သွားခဲ့ တယ်။ ကောင်းကင်ကြီးက လည်းကြည်လင်နေ လို့ ...............။ အရာအားလုံးဟာ သူဟာနဲ့ သူ နေသားတကျ ဖြစ်နေပါတယ်.. ။ ကျွန်တော့်
အလိုက်သိတဲ့ သူငယ်ချင်း က တော့ ကားထဲ မှာပဲ သီးချင်းနားထောင်နေတာပေါ့......။ လက်ပတ်နာ၇ီ ကို တမင်ထားခဲ့ တာပါ.................။
အချိန်တွေကို မသိချင်တော့ပါဘူး.။ကျွန်တော့် မျက်လုံးထဲ မှာကောင်းကင်ပေါ်က ကြယ်တွေ အစုလိုက် ကြွေ ကျနေသလိုပါဘဲ.....။
မ နဲ့ တွေ ခဲ့ တာတွေ ပြောခဲ့ တဲ့ စကားတွေ မ နဲ့ ပတ်သက်တဲ့ အရာတွေ အားလုံးကို ပြန်စဉ်းစားနေမိပါတယ်..။ အချိန်တွေ ဘယ်လောက်
ကုန်သွားမှန်း တော့မသိလိုက်ပါဘူး....။ IBC ဘက်ကနေ ညဥ့် ငှက်တအုပ် ပျံသွား မှ ပဲ ကျွန်တော်သတိရမိတော့တယ်......။ ခုံတန်းပေါ်က
ထ ဖို့ ကြိုးစားလိုက်တဲ့  အချိန်မှာ ကျွန်တော် ရဲ့ အမြင်အာရုံတွေေ၀၀ါးသွားသလို ပါဘဲ.......။ ကျွန်တော်ကိုယ့် ကို မထိန်းနိုင်တော့ ပါဘူး..။
ခုံတန်း ပေါ်ကို ပြန်လည် ကျသွား မိတယ်..။ တနေကုန် ကိုယ်တွေ ပှုပြီးဖျားနေတာတွေ ရော ည ရဲ့ အေးစက်တဲ့ အချိန်တွေကြောင့် ကျွန်တော် အရမ်းအားနည်းနေပါပြီ....။ ကျွန်တော့် နှလုံးခုံသံကို ကျွန်တော် ပြန်ကြားနေရပါတယ်...။ အရာအားလုံးကို ကျွန်တော် သတိမရတော့ ပါဘူး..။ မျက်လုံးတွေထဲမှာ ပေါ်နေတာ မ ရဲ့  ပုံရိပ်တွေပါ.....ဘဲ.။ အဲ့ဒါတွေကို တွေ့ လိုက်ရင် ဝေဒနာတွေ အားလုံး ဟာပျောက်ကင်းသွား တာပါ...။ ကျွန်တော်လောကကြီးနဲ့  အဆက်အသွယ်ပြတ်သွား ပြီလေ....။ အချိန်တွေတော်တော် ကြာ သွားပြီလို့ ထင်
ရပေမယ့်  နားထည်းမှာ မောင် လို့ ခေါ်တဲ့ အမ အသံ ကို ကြားလိုက်ရပါတယ်...။ ကျွန်တော် အားယူပြီးထလိုက် မိတယ် ။ ကျွန်တော် တကိုယ်လုံးပေါ့ပါးနေသလို ပါဘဲ.......။ ကျွန်တော်သိပ်ချစ်ရတဲ့  မ ကျွန်တော် ဆီကို ပြေးလာနေပါပြီ.......။ ကျွန်တော် မ ဆီကို ပြေးခဲ့ မိတယ်..။ မ ကို ရင် ခွင်ထဲ မှာထွေး ပွေ့ မိတာနဲ့ နှုတ်ဖျားက နေပြောလိုက်တယ်လေ.....။ ”မ” ကျွန်တော့် ကို မထားခဲ့ ပါနဲ့ တော့နော်..။ကျွန်တော် မ နဲ့ မဝေးချင်တော့ဘူး...။ ”မ” လည်း မောင်နဲ့ တစ်သက်လုံးအတူတူ နေ ဖို့ ထွက်လာခဲ့ တာ .................။
ကျွန်တော်အရမ်း ၀မ်းသာသွားပါတာပေါ့...။ ကျွန်တော် အဖြစ်ချင်ဆုံး ဆန္ဒ ပဲလေ....။ ကျွန်တော် မ နဲ့ တခါထဲ လိုက်သွားဖို့ ဆုံးဖြတ်
လိုက်ပါတယ်....။ သူငယ်ချင်း............. ကျွန်တော်ကို မတွေ့ ရင်ရော .. သူအိမ်ကို ဘယ်လို ပြောမလဲ......။ ဒီအချိန်မှာ မ လောက် အရေးကြီးတာ မရှိတော့ ပါဘူး....။ ကျွန်တော် ဘာကို မှာ မ လက်ကို ဆွဲ ပြီးတော့အဝေးဆုံးကို ထွက်သွားတော့မယ်...။ ဒါ ကျွန်တော် ဆုံးဖြတ်ချက် ပါ.........။ ကန်ဘောင်ထက်ကို ကြည့်လိုက်ရင် အားလုံးသားရာနေပါတယ်........။ ဒါပေမယ့်  ကျွန်တော် ထိုင်ခဲ့ တဲ့ ခုံတန်းပေါ်မှာ လူတယောက် အိပ်ပျော်နေတာကို တွေ့ လိုက်တယ်... ။ ကျွန်တော် သွားပြီး သတိပေးမယ် လို့ ခြေလှမ်းလိုက်တဲ့ အချိန် မှာ
ကျွန်တော် သူငယ်ချင်းကန်ဘောင်ပေါ်တတ်လာတာကို တွေ့ လိုက်ရတယ် .....။ ကျွန်တော် ကို သူတာမှာပါ....။ ကျွန်တော်သိနေတယ်..........။ကျွန်တော် ခြေလှမ်းကို ပြောင်းလိုက်တယ်...။ မ နဲ့ အတူ ကျွန်တော် ထွက်သွားတော့ မှာပါ အေးချမ်းတဲ့ ကမ္ဘာသစ်ဆီကို ပေါ့........................ကန်ရေပြင်ကြီးကို နှုတ်ဆက်လိုက်ပါတယ်...............။




ကန်ဘောင်ပေါ်တွင်လူငယ်တဦးသေဆုံးခြင်း

သက်ဆိုင်ရာ မှ စစ်ဆေးချက်အရ နှလုံးသွေးရပ်ကာသေးဆုံးနေခြင်းဖြစ်ကြောင်း....................


ကန်ဘောင်နားကို ည(၁၂) နာ၇ီလောက် ရောက်မိတဲ့ အခါ ကန်ဘောင်ပေါ်မှာ စုံတွဲ လေး တစ်တွဲ လမ်းရှောက်နေတာကိုတွေ့ ရင် သွားမနှောက် ရှက်ပါနဲ့  ကောင်လေးကို လဲ သူ ဒီ လောက ကြီးမှာမရှိတော့ဘူးဆိုတာကို အသိမပေးလိုက်ပါနဲ့  သူတို့ ချစ်သူနှစ်ဦး ပျော်ပျော်ရွှင်ရွှင်နဲ့ ချစ်နေကြပါစေ......................................................

သင်ရော ဒီလိုမျိုးတွေဖြစ်လာခဲ့ရင်ဘရ်လိုလုပ်မလည်း ..... ?????
နေမင်းညို

လောကမှာမျှော်လင့်နေရင်ပိုပြီး စောင့်စားရတတ်တာကို ကျွန်တော်ယုံကြည်ရပါပြီ...။ (၁၂)နာရီထိုးဖို့ မျှော်လင့်နေရတာ တစ်ဘ၀စာ
နီးပါး လို့ ထင်နေရပါတယ်..။ကျွန်တော်ရဲ့ အချိန်တွေကို အကုန်မြန်အောင် လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက အိပ်စက်ခြင်းပါဘဲ။
ကျွန်တော့်  နည်းလမ်းမှန်တယ်လို့ ဆိုရမှာပါ..။ သတိတရနဲ့  ပြန်နိုးတဲ့ အခါ နာရီကို ကြည့်မိတော့ (၁၂)နာရီထိုးတော့မှာပါ..။ကျွန်တော်
ဗိုက်တွေတအားစားနေပါပြီ..။ တနေကုန်ဇွတ်မှိတ်ပြီးအိပ်ထားတာကြောင့် ခေါင်းတွေလဲ ကိုက်ခဲ နေပြီလေ..။ကော်ဖီတခွက် သောက်ဖို့ စိတ်ကူး မိလိုက်တယ်..။ကော်ဖီဖျော်နေ တုန်း မ ရောက်လာမှာကို လဲ စိုးရိမ်နေတယ်..။ ကျွန်တော် မသောက်ဖြစ်တော့ပါဘူး..။ ကွန်ပြူတာ
ရှေ့မှာဘဲ ထိုင်လိုက်မိတယ်..။ Online ပေါ်မှာ တယောက်မှ မရှိပါဘူး..။ ဒါပေမယ့် (၁၂) နာရီ ကမထိုး သေးဘူးလေ..။ ကျွန်တော် ယုံကြည်နေတယ် မ လာမယ်ဆိုတာကို ပေါ့..။ တခြား ဆိုဒ်တွေကို လိုက်ကြည့်နေခဲ့တယ်..။ ဘယ်လောက်ကြာသွားမှန်း ကျွန်တော်
မသိလိုက်ပါဘူး..။ မ ရဲ့ စာတန်းလေးဝင်လာမှကျွန်တော်သတိရမိတယ်...။” မောင် နေမကောင်းဘူးလား” ..။ ညာလို့ လဲ ရမှာမှဟုတ်တာ..။
“ဟုတ်တယ်“ လို့ ကျွန်တော်ပြန်ဖြေလိုက်တယ်..။ နေမကောင်းတာကို ဘာလို့ အနားမယူတာလဲ .......။ နေမကောင်းတာပျောက်ချင်လို့ စောင့်နေတာပါ မ ရယ်..။ မ ကို ရော သတိရလို့ လား.............။ ကျွန်တော် မညာပါဘူး..။ အချိန်တိုင်း မဟုတ်ပေမယ့် ... လောကကြီးကို မြင်နေတဲ့ ကျွန်တော်မျက်လုံးတွေ မှိတ်လိုက်တိုင်းမှာ အ မြဲသတိရနေပါတယ်..။ ”မ” ကျေနပ်ပါတယ် ကွာ..။ မောင် နေကောင်းအောင်
နေနော်..။.........မဖြစ်နိုင်ပေမယ့်  မ ကို ကတိတခုတော့ပေးပါလား............။ ဘယ်တော့ မှ နေမကောင်းမဖြစ်တော့ပါဘူးလို့ လေ.......။
ကျွန်တော်အတတ်နိုင်ဆုံးကြိုးစားပါ့မယ်လို့ ကတိပေးလိုက်တယ်..။ မ နှုတ်ဆက်ပြီးတော့ပျောက်သွားပြီးလေ..။ကျွန်တော် ဘာဆက်လုပ်
ရမလဲ .......။ ဒီအတိုင်းဆက်သွားနေလို့ လဲ မဖြစ်တော့ဘူး.......။ တခုခု ကို ဆုံးဖြတ်ရတော့မှာပါ..။ ကျွန်တော် တစ်ညလုံး မအိပ်ဘဲ စဉ်းစားနေမိတယ်လေ..။“မ“ နဲ့ တွေ့  ပြီးတော့ မ ကို မေးရမှာပေါ့ ကျွန်တော် ကို ဘယ်လို သိနေတာလဲ .. ကျွန်တော် ပြောချင်တာတွေ ကို ဘာလို့ ကြိုသိနေတာလဲ ကျွန်တော့်  စိတ်ထဲ မှာ မရှင်းတာတွေ အားလုံးကို မေးရတော့မှာပါ ..။ နောက်ဆုံးတော့  ”မ” နဲ့ တွေ့ ဖို့ ကို ကျွန်တော်ဆုံးဖြတ်လိုက်ပြီး ”မ”ဆီကို mail တစ်စောင်ပို လိုက်တယ်..။ Mail ထဲ မှာ ကန်ဘောင်ပေါ် မှာ မနဲ့  ထပ်တွေ့ ဖို့ ကျွန်တော် ချိန်းလိုက်တာပါ..။ဒါပေမယ့် မိုးမရွာတဲ့ မနက်စောစော အချိန်တွေ မှာပါ...။ ပြီးတော့ကျွန်တော် ပြန်အိပ်ခဲ့ တယ် ..။ နေမင်း ကြီးထွက်ပေါ် ခါနီးနေပါပြီ..။ကျွန်တော် နိုးတော့ တော်တော် နေမြင့်နေပါပြီလေ..။ ကျွန်တော်ကိုယ်လက် သန့် စင်ပြီးတော့ ကော်ဖီတခွက် သောက်ရင်း
ကွန်ပြူတာရှေ့ကို ရောက်တယ်..။ ကျွန်တော် “ မ“ ဆီကို ပို့ လိုက်တဲ့  mail ရောက် ပ မလားလို့  စိတ်ပူနေတာပါ..။ ကျွန်တော်စစ်ကြည့်လိုက်တော့ “မ“ ဆီကို ရောက်သွားပါပြီ..။ ကျွန်တော်စိတ်ချလက်ချ နဲ့  ကွန်ပြူတာရှေ့ကနေ ထ လိုက်ပြီး အခန်းတံခါး ဆီကို ကျွန်တော်ရောက်လာခဲ့ ပါတယ် ..။ တံခါးဖွင့် ရင်းနဲ့ ကျွန်တော်သတိတခု ရလိုက်လို့  ကွန်ပြူတာဆီကို ပြေးသွားတဲ့ အခါ....................။ ကျွန်တော်အံသြလွန်းလို့ လက်ထဲ က ကော်ဖီခွက် တောင် လွတ် ကြသွားပါတယ်.....။
”မ” ဆီ ပို့ ထားတဲ့  Mail မှာ................................................။

နေ့ အချိန်မှာသာမိုးတွေရွာပြီးရင် မြင်နိုင်တဲ့ ရောင်စုံသက်တန့် တခုကို အခုညမှာ တွေ့ လိုက်သလိုပါဘဲ.။မျက်ဝန်းတွေကသာ ပြုံးပြ
နေတဲ့မရဲ့ မျက်နှာ မှာအပြစ်ပြောစရာဘာတချက်မှရျိမနေပါဘူး.။ မ ရဲ့ အကြည့်တစ်ချက်နဲ့ တင်ရင်ထဲနွေးထွေးသွားလိုက်တာများဗျာ ခပ်ပြင်းပြင်း ၀ိုင်ချို တခွက်ကို သောက်လိုက်ရသလိုက်ရသလို ပါဘဲ.။ “ချမ်းနေပြီလားမောင်လေး“ဆို တဲ့ စကားနဲ့ အတူကျွန်တော်အနားကို
ရောက်လာတဲ့  မ ရဲ့  ကိုယ်သင်းနံက ကန်ဘောင်လှေခါးရင်းကိုပြုတ်ကျသွားလောက်အောင် သင်းပျံနေတယ်ဆိုရင် မူးမေ့ပြီးသတိလစ်မ
သွားတာကို ကျေးဇူးတင်ရမှာပါ.။သေချာပါတယ် မ ရဲ့ တွေးထွေးနေတဲ့ လက်ကလေးတွေနဲ့ သာဆွဲမထားရင် ကျွန်တော်ကန်ဘောင်လှေခါး
ခြေရင်းမှာ ခွေခွေလေး ဖြစ်နေလောက်ပါပြီ.။ကန်ဘောင်ပေါ်ကို မ က ဆွဲခေါ်သွားတယ်လေ.။ကျွန်တော်အဲ့ ဒီအချိန်ထိ စကားတခွန်းမှကိုမ
ပြောနိုင်သေးပါဘူး.။ မ ကို ဘဲ ကြည့်နေမိတယ်.။ IBC ဘက်ကို လမ်းပြန်လျှောက်လာကြတယ်.။ကျွန်တော်သတိမရှိသလို ဖြစ်နေပေမယ့်
မ နဲ့ တွေရင်ပြောမယ်ဆို တဲ့ စကားတခွန်းက ရင်ထဲကနေအလိုလို ထွက်သွားတယ်.။“မ ကျွန်တော်ကိုချစ်လား“.။ “မ“ တစ်ချက်ပြုံးပြီးပြော
တယ်.။ “ပြန်တဲ့ အခါမှပြောမယ် မောင်လေး“.။ ကျွန်တော်ခေါင်းညိတ်လိုက်ပါတယ်.။ မ က ဆက်ပြောတယ်.။ IBC ကိုလက်ညိုးထိုးရင်း“မ“
က အဲ့ ဒီမှာနေတာလေ“ ပြီးတော့ အင်းလျားကန်ကြီးလှပုံတွေ ၊ ချစ်သူစုံတွဲလေးတွေရဲ့ ချစ်ကြည်နူးပုံတွေကို ပေါ့.။ဒီလိုနဲ့  IBC နားကို ရောက်လာပါပြီ.။ မ ကလမ်းလျှောက်တာကို ရပ်လိုက်ပြီးတော့ ကျွန်တော့် မျက်နှာချင်းဆိုင်မှာ လာရပ်တယ်.။“မောင်လေးမျက်လုံးမှိတ်ထား“
ငြင်းဆန်ခြင်း မေးမြန်းခြင်း ကင်းစွာနဲ့ မျက်လုံးတွေကို မှိတ်လိုက်မိပြီးသားပါ.။ နား နား မှာ တိုးတိုးလေးကပ်ပြောလိုက်တဲ့  မ ရဲ့ စကားသံလေးတခွန်း “အသည်းနင့်အောင်ချစ်တယ်“ ပြီးတော့ ပါးတစ်ဖက်ပေါ်ကအနမ်းလေးတပွင့် ၊ သွားတော့မယ်ဆိုတဲ့ မ ရဲ့ နှုတ်ဆက်
စကား၊ ပျော်ရွင်မှုနဲ့ ဝမ်းနည်းမှု တွေတစ်ပြိုင်ထဲ ဖြစ်ပေါ်လာပြီး ၊ ကျွန်တော်မျက်ဝန်းထဲ က ထွက်ကျလာတဲ့ အရာတခု ၊ ပျော်ရွှင်မှုကြောင့်
လားဝမ်းနည်းမှုကြောင့်လားမသိတဲ့ မျက်ရည်တွေပါ.။နောက်ကနေ ခေါ်လိုက်တဲ့ အသံတခု ကျွန်တော် သူငယ်ချင်းလိုက်လာပါပြီ.။သူစိတ်ပူ
နေမှာပါ ကျွန်တော်..။ မင်းငို နေလား???.။ကျွန်တော်ခေါင်းခါပြလိုက်တယ်.။မိုးရေတွေကိုပဲ ကျေးဇူးတင်နေမိတယ်.။ မ နဲ့ ဆုံဖို့ အတွက်ရော
ကျွန်တော် ငို နေတာကို ဖုံးကွယ်ပေးတဲ့ အတွက်ရောပေါ့.။အိမ်ပြန်ရောက်တဲ့ အထိ ကျွန်တော်ဘာစကားမှမပြောဖြစ်ပါဘူး သူငယ်ချင်း ကို.။
ကားပေါ်က ဆင်းမှ သူကိုကျေးဇူးတင်ကြောင်းပြောမိတယ်.။ အခန်းထဲကို အိမ်ကလူတွေမသိအောင်ခိုးဝင်ပြီး အ၀တ်အစားတွေ လဲလိုက်
ပါတယ်.။ဒါပေမယ့် မ ကိုင်ဆွဲခဲ့ တဲ့ လက်တဖက် ကို တော့ ကျွန်တော် ရေတောင်မသုတ်ခဲ့ ပါဘူး.။အဲ့ဒီလက်တစ်ဖက်ကို ပါးလေးနဲ့ အပ်ပြီး
ကျွန်တော်အိပ်စက်ခဲ့ ပါတယ်.။ထူးဆန်းတာကအိမ်မက် ထဲကို မ ရောက်မလာခဲ့ ပါဘူး.။နောက်နေ့ မနက်မှာ ကျွန်တော်ကိုယ်တွေတအား
ပူပြီးဖျားနေပါပြီ.။ခေါင်းတွေ အရမ်းမူးပြီး အိပ်ရာထဲ က ထမရအောင်ပါဘဲ.။အိမ်က လုပ်ပေးတဲ့ စားစရာတွေ ကို ဘာမှစားမ၀င်ဘူးဖြစ်
နေတယ်.။ကျွန်တော် မျှော်လင့်နေတာက မ နဲ့ တွေ့ ရမဲ့  ည (၁၂) နာရီ ကိုပါဘဲ...................။

ကျွန်တော်လန့် နိုးလာခဲ့ တယ် ။ကျွန်တော်တနေကုန်စောင့်နေတဲ့ အချိန်ရောက်ပြီပေါ့ ။ကွန်ပြူတာမှာစာကြောင်းတွေတက်လာတယ် ။ သူပါပဲ ။ပျော်ရွှင်မှုတွေရောက်လာခဲ့တယ်လေ ။ကြောက်ရွံထိတ်လန့် ခြင်းတွေနဲ့ အတူပေါ့ ။ကျွန်တော်ကိုမေးလာပါတယ် ။“သူနဲ့ အတူစကားပြောနိုင်မလား“ ။ “ဟုတ်ကဲ့“လို့ ပြောလိုက်တယ်.။ကျွန်တော်စိတ်ထဲမှာ သိချင်နေတာတွေကို တခုခြင်းဖြေနေတယ်.။ကျွန်တော်သူကိုမမေးပါဘူး.။မေးစရာလဲမလိုဘူးလို့ ထင်တယ်.။အားလုံးကို သူသိနေမှာပါ.။ကျွန်တော်မကြောက်တော့
ပါဘူးသူ့ ကို.။ဒီလိုနဲ့  ည(၁၂)နာရီရောက်တိုင်းကျွန်တော်နဲ့ သူ Online ပေါ်မှာ တွေ့ နေတတ်တယ်။သူနဲ့ စကားတွေအများကြီးပြောတယ်.။
ပြီးတော့အိမ်မက်ထဲမှာတွေ့ ကြတယ်.။သူကို မေးကြည့် ဖူးတယ် ။ “လောကမှာဘာအဖြစ်ချင်ဆုံးလဲ လို့ “.။ အဖြေ က “မင်းမှာမရှိတဲ့ မင်းရဲ့ နံရိုးလေးတချောင်းဖြစ်ချင်တယ်“ တဲ့ .။ကျွန်တော်တို့ Online ပေါ်မှာဘဲ ချစ်သူတွေဖြစ်ခဲ့တယ်.။အိမ်မက်ထဲ မှာ ဘဲ ချိန်းတွေ့ ခဲ့ ကြတယ်.။
နှောက်ယှက်မဲ့ လူတွေမရှိဘဲနဲ့ ပေါ့.။ကြာလာတော့ကျွန်တော်အားမရတော့ဘူး.။အိမ်မက်ထဲ မှာတွေရတာကို ။ အပြင်မှာတွေချင်ကြောင်းသူ
ကို ပြောမိလိုက်တော့ “အချိန်မကျသေးဘူးမောင်လေးရယ် တနေ့ နေ့ တော့ တွေ ရမှာပေါ့“.။ အဲ့ဒီတနေ့ နေ့ ကိုဘဲကျွန်တော်မျှော်နေရမှာ
ပေါ့.။မ နဲ့ ချစ်သူတွေဖြစ်ပြီးကတဲ က သူငယ်ချင်းတွေနဲ့ လဲ စကားသိပ်မပြောတော့ဘူး.။ဖြစ်နိုင်ရင် နေမင်းကြီးကိုတောင် ကွယ်ပျောက်သွား
စေချင်ပြီ.။လင်းထိန် နေတဲ့ မနက်ခင်းတွေကို ကျွန်တော်မုန်းတတ်နေပြီလေ.။မှောင်မိုက်ခြင်းတွေနဲ့ ပြည့်နေတဲ့ ညမှာဘဲကျွန်တော်ချစ်တဲ့ မနဲ့ တွေ့ ချင်နေမိတယ်.။ မ နဲ့ တွေရမဲ့ ရက်တွေကို စောင့်ရင်းအချိန်တွေကုန်မှန်းမသိကုန်လာခဲ့တယ်.။ကျွန်တော်ရဲ့ ရူးသွပ်မှုလို့ ဆိုရမှာပေါ့.။
လူတွေဟာချစ်မိပြီဆိုရင်အစွန်းရောက်သွားတတ်တယ်ဆိုတာကိုကျွန်တော်တဖြည်းဖြည်းနားလည်လာမိတယ်.။ကျွန်တော်မျှော်လင့်တဲ့ မ နဲ့ တွေရမယ့် ရက်ကိုရောက်လာပါပြီ.။မ နဲ့ တွေဖို့ ကအချိန်တန်ပြီပေါ့.။ဘ၀မှာအပျော်ဆုံးဆို တဲ့ နေ့ တွေကို ရောက်လာခဲ့ပြီပေါ့.။ဒါပေမယ့် မ နဲ့ တွေ့ ရမဲ့ အချိန်တွေကစဉ်းစားစရာဖြစ်လာတယ်.။ ည(၁၂) နာရီ IBC ရှေ့က ကန်ဘောင်ပေါ်ကိုလာခဲ့ ပါ ။ ဒါပေမယ့် မိုးတွေရွာနေမှလို့ ပြောလာတယ်.။အဲ့ဒီ မေး ကရောက်နေပြီလေ ကျွန်တော်ဆီကို ။ ဖြစ်ချင်ပြီဆို ရင် ဘယ်လောက်တောင်းဆိုဆို ဖြစ်မလားခဲ့ ပါဘူး.။ မိုးမရွာတာ(၁) ပတ်ရှိခဲ့ပြီ .။ မေး ရပြီးကတည်းကပါ.။(၁) ပတ်ပြည့်တဲ့ နေ့ မှာတော့ ဆုတောင်းတွေပြည့်ခဲ့ပါပြီ .။မိုးတွေသည်းသည်းမည်း
မည်းကိုရွာနေခဲ့ ပြီလေ..........................။
အခင်ဆုံးသူငယ်ချင်းကို ဖုန်းဆက်ပြီးခေါ်လိုက်တယ်.။ပြီးတော့ကန်ဘောင်ကို နှစ်ယောက်သားကားလေးနဲ့ ထွက်လာခဲ့ တယ်.။မိုးတွေ
အရမ်းကိုသည်းနေပါတယ်.။သူငယ်ချင်းကဖြောင်းဖြပါတယ်.။သိကြားမင်းဆင်းတာတောင်ကျွန်တော်ကို တားလို့ မရမှန်းသိတော့ မဖြစ်သင့်တာမဖြစ်ရအောင်လိုက်လာပေးခဲ့ တယ်.။ကျွန်တော်ကန်ဘောင်ကိုရောက်တော့ (၁၂) နာရီအတိပါဘဲ.။သူငယ်ချင်းကိုကားပေါ်
မှာဘဲစောင့်ခိုင်းပြီးကျွန်တော်တယောက်ထဲ ကန်ဘောင်ပေါ်ကို တက်လာခဲ့ တယ်.။အဲ့ဒီအချိန်များကန်ဘောင်အောက်ကနေလူတ
ယောက်များမြင်သွားရင်ဘယ်လိုထင်မလဲမသိဘူး.။ လမ်းဆုံးတဲ့ အထိကျွန်တော်တယောက်ယောက်ကို များတွေ့ မလားဆိုတဲ့ မျှော်လင့်ချက်ရှာနေလိုက်တာ ကန်ဘောင်လမ်းလေးဆုံးသာသွာတယ် မတွေ့ ခဲ့ပါဘူး.။ချမ်းလဲ အရမ်းချမ်းနေပြီ.။ ကျွန်တော်ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်.။ရင်ထဲမှာတော့ပြောမပြနိင်တဲ့ ကြေကွဲ ၀မ်းနည်းမှုတွေနဲ့ ပေါ့.။ဘ၀ မှာ ဘယ်အရာကိုမှ မပိုင်ဆိုင်တော့သလို ခံစားနေရတယ် လေ.။ကန်ဘောင်လှေခါးထစ်လေးတွေရဲ့ လှောင်ရယ်သံတွေကို နားထောင်ရင်းနဲ့ တဖြည်းဖြည်းဆင်းလာမိတယ်.။
လှေခါးထစ်လေးတွေတစ်ဝက်အရောက်မှာ လှောင်ရယ်သံလေးတွေ တိတ်သွားတယ်.။ အဲ့ဒီတိတ်သွားတဲ့ အသံတွေနောက်ကနေ ကြားနေကြ အသံလေးတစ်သ.ံ။ သေချာပါတယ်.။ အမြဲကြားနေချင်တဲ့ အသံလေး.။ “မောင်လေး“ ဆို တဲ့ ခေါ်သံ.။ ရင်ထဲအသည်းထဲက
နေစွဲလန်းနေတဲ့ မ ရဲ့ ခေါ်သံ.။ လောကမှာ အရာအားလုံးကို မေ့ချင်မေ့သွားမယ်.။ ကျွန်တော် လှည့်ကြည့်လိုက်မိတယ်ကန်ဘောင်ပေါ်ကို
.........။အရမ်းလှတဲ့ ဒေါက်ဖိနပ်လေးတစုံကို ၀တ်ဆင်ထားတဲ့ သွယ်လျှတဲ့ ခြေတံလေးတွေ.။ ကျွန်တော်တဖြည်းဖြည်းမော့ကြည့်လိုက်မိ
တယ်.။ဆံနွယ်လေးတွေကလေ မှာဝဲနေလိုက်တာများဗျာ တကယ်ပါ ပြောမပြတတ်အောင်လှနေပါတယ်.။ကျွန်တော်ဆက်မကြည့်ရဲ့ တော့ဘူး မ ရဲ့ မျက်နှာကို .။ စိတ်ထဲမှာတခုခုကိုကြောက်လန့် နေတယ်.။ဒုတိယတစ်ခေါက်ထပ်ခေါ်သံကြားရတယ်.။ကျွန်တော်အရဲ့ စွန့် ပြီးမော့ကြည့် လိုက်တယ် မ ရဲ့ မျက်နှာကို ................................။

ဒီဇာတ်လမ်းလေးကတော့ ကျွန်တော် အင်တာနက်ပေါ်လျှောက်သွားရင်းနဲ့ သူငယ်ချင်းတစ်ယောက်ရေးထားတာ
တွေ့လို့ သူငယ်ချင်းများ ဖတ်ရှုနိုင်အောင် ကျွန်တော် ဘလော့လေးမှာ ပြန်လည်တင်ပြခြင်းဖြစ်ပါတရ်... ဇာတ်လမ်းလေးက စိတ်ဝင်စားစရာကောင်းလို့ သူငယ်ချင်းများ ကြိုက်ကျလိမ့်မရ်လို့ မျှော်လင်ပါတရ်...ကဲ ဇာတ်လမ်းလေးကို စလိုက်ရအောင်နော်....

လွန်ခဲ့ တဲ့ (၂)နှစ်လောက်ကလို့ ထင်ပါတယ်။အိမ်ကို ညီလေးတယောက်ရောက်လာခဲ့တယ် ။ “အကို “ အင်တာနက်သုံးတတ်လား“တဲ့။
ရှင်းပါတယ်အဖြေကတော့လုံးဝမသုံးဖူးဘူးလို့ ပြောလိုက်တယ်။ ဇတ်လမ်းက အဲ့ ဒီမှာစတာဘဲ။ အင်တာနက်သုံးတတ်အောင်သင်ပေးတဲ့ ညီကို စိတ်ဆိုးမိတယ်။ စပြီးသုံးတဲ့ အချိန် လူတွေနဲ့ အပြင်မှာစကားမပြောတဲ့ ကျွန်တော့်အတွက်တော့တကယ်ကို ပျော်စရာဖြစ်ခဲ့တယ်။
ကိုယ်ပြောတဲ့ စကားကိုအရေးတယူနဲ့ ပြန်ဖြေတဲ့အခါအရမ်းပျော်ခဲ့ရတာပေါ့ ။ ဒီလိုနဲ့ အိမ်မှာပါ အင်တာနက်တပ်ရတဲ့ အထိစွဲလမ်းခဲ့တယ်။
စသုံးပြီး (၁)နှစ်လောက်ကြာတော့အွန်လိုင်းကို တော်တော်ကျွမ်းကျင်ခဲ့ ပြီပေါ့...................။
တနေ့ ....။ မှတ်မှတ်ရရမိုးတွေအရမ်း၇ွာနေတဲ့ ည ။လေတွေကလဲ မညှာမတာတိုက်ခတ်နေတဲ့ ညမှာ အိပ်မရတာနဲ့  အွန်လိုင်းပေါ်တတ်ခဲ့ တယ် ။
တွေထားတာတော့ဒီအချိန်ဆို ဘယ်သူမှာလဲရှိမှာမဟုတ်ဘူးပေါ့ ။ G talk ကို ဖွင့်လိုက်တာနဲ့ လိပ်စာတခု က ၀င်နေတယ်။ နာမည် က........
Midnightangle တဲ့ ....။ နာမည်ကို စိတ်ဝင်စားတာနဲ့ ဘဲ လက်ခံလိုက်တယ် .။ သူက စပြီးမေးလာတယ်..။ “အိပ်ငိုက်နေလားတဲ့ “ ။ မငိုက်ပါဘူးလို့ တော့ဖြေလိုက်တယ် .။နောက်ထပ် စာတကြောင်းပေါ်လာတယ် “ဒီအချိန်ထိဘာလို့ ချစ်သူမရှိသေးတာလဲ“ ။ ကျွန်တောအံသြသွားတယ် ။ သူဘယ်လိုများသိနေသလဲလို့ ပေါ့ စိတ်ထဲ မှာစဥ်းစားလိုက်မိတယ် ။ အဲ့ဒီအချိန်မှာဘဲ စာကြောင်းထက်ပေါ်လာတယ် .။ “မင်းအကြောင်းတွေအားလုံးကို ငါမသိတမရှိဘူးတဲ့ “။ ကျွန်တော်ဒေါသထွက်သွားတယ် ။သူငယ်ချင်းတယောက်ယောက်နောက်နေတယ်ပေါ့ ။ မော်နီတာမှာစာတကြောင်းထက်ပေးလာတယ်။ ”ငါဟာမင်းသူငယ်ချင်းမဟုတ်ဘူး“
ကျွန်တော်အရမ်းကို ထိတ်လန့် သွားပါတယ် ။ ဒါဟာတိုက်ဆိုင်မှုတွေမဟုတ်ပါဘူး ။ ကျွန်တော်စိတ်ထဲမှာ ဖြစ်နေတာတွေကို သူသိနေတယ်။
“မင်းကို ဘာမှမလုပ်ပါဘူး“......။ ကျွန်တော်ကွန်ပြူတာကို ပိတ်လိုက်ချင်ပြီ ။ ဒါပေမယ့် လက်ကဘယ်လို မှကို မပိတ်နိုင်ဘူးဖြစ်နေတယ် ။
Typing တွေကထက်တက်နေတုန်းဘဲ ။ ကျွန်တော် ဆက်မဖတ်ရဲ တော့ဘူး ။ ဘယ်လိုလုပ်ရမလဲ စဉ်းစားတယ် ။ အိမ်ကလူတွေကို ဘဲ သွားနှိုးရမလားပေါ့ ။ နောက်တော့ အရဲ စွန့် ပြီးကြည့်လိုက်တယ် ။ “မင်းနဲ့ စကားပြောချင်လို့ ပါ ။ ဖြစ်နိုင်ရင်ပေါ့ ။ မင်းအရမ်းကြောက်နေရင်
ငါထွက်သွားပါတော့မယ် ။ စိတ်အနှောက်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ် “ ....။ ကျွန်တော့်ကွန်ပြူတာကို ပိတ်လိုက်တယ် ။ ပြီးတော့အိပ်ရာပေါ်ကို ပြေးပြီးတော့တကိုယ်လုံးကို စောင်းခြုံနေလိုက်တယ် ။ အိပ်ပျော်ဖို့ ကို ကြိုးစားတာပေါ့ .။ တော်တော်နဲ့ အိပ်လို မရပါဘူး ။ အဲ့ ဒီညမှာဘဲ အိပ်မက်တခု မက်ခဲ့ တယ် ။ အိပ်မက်ထဲမှာ မိန်းကလေးတယောက် ။ကျွန်တော်ထက်တော့အသက်ကြီးမယ်
ထင်တယ် .။ ဆံပင်ရှည်နဲ့ အဝေးကနေ ကျွန်တော်ကိုကြည့်နေတယ် ။ ပြီးတော့ လှည့်ထွက်သွားတယ် ။ ကျွန်တော်လှမ်းခေါ်မိလိုက်တယ်
လို့ တော့ ထင်တယ် .။ အဲ့ဒီမှာ အိပ်ရာ ကလန့် နိုးသွားတာပေါ့ ။ မနက်မိုးလင်းတော့ ကျွန်တော်စဉ်းစားတယ် ဘယ်သူကို ပြောပြရမလဲ လို ပေါ့ ။ ပြောရင်လဲ ကျွန်တော်ကို ဘဲ အရူးလို ထင်မှာ လေ။ ကျွန်တော်ဘယ်သူမှမပြောဖို့ ဆုံဖြတ်လိုက်တယ် ။ ည(၁၂) ရောက်ဖို့ ကို တနေကုန်စောင့်နေရတော့တာပေါ့ .။ညရောက်တော့ စောစောလေးအိပ်ခဲ့ တယ် ။ ကွန်ပြူတာတော့ ဖွင့်ထားခဲ တယ်။
ဒါပေမယ့်သူလာမှလာပမလား..။ ကျွန်တော်မနေ့ က သူကို နှင်ထုတ်ခဲ့ တာကို.....။ နာရီနိုးစက်ကနေ (၁၂) ထိုးကြောင်းကို ထောက်ခံ တဲ့ အသံပြုလာပြီ....................................

တစ်နေ့မှာ အသည်းကွဲသူတစ်ဦးဟာ ပန်းခြံမှာထိုင်ပြီး ငိုနေခဲ့တယ်။ ဒါကို "ဆိုကရေးတီး"ကတွေ့တော့ "ဘာဖြစ်လို့ ဒီလောက် ၀မ်းနည်းပက်လက် ငိုကြွေးနေသလဲ" လို့ မေးလိုက်တယ်။

အသည်းကွဲသူက "ကျွန်တော့်ချစ်သူ ကျွန်တော့်ကိုထားသွားလို့ အရမ်းခံစားရနေတယ်" လို့ ပြန်ဖြေတယ်။ သူ့အဖြေကို ကြားတာနဲ့ ဆိုကရေးတီးက တဟားဟား အော်ရယ်ပြီး "မင်း တော်တော်တုံးတယ်" လို့ ပြန်ပြောလိုက်တယ်။

အသည်းကွဲသူက ကိုယ့်အဖြစ်ကို လှောင်ရယ်နေတဲ့ ဆိုကရေးတီးကို ဒေါသဖြစ်ပြီး "ခင်ဗျား ဘာရယ်တာလဲ.. ကျွန်တော်ဒီလောက်ခံစားနေရတာကို မနှစ်သိမ့်တဲ့အပြင် ရယ်နေရသလား" လို့ ပြောတော့ "မင်းတော်တော်တုံးတယ်။ ဒါကို မင်းဝမ်းနည်းနေစရာ မလိုဘူး။ ၀မ်းနည်းရမှာက မင်းကို ထားသွားခဲ့တဲ့လူကွ.. မင်းကို မချစ်တဲ့ လူတစ်ယောက်ကိုပဲ မင်းဆုံးရှုံးသွားတာ.. သူက သူ့ကိုချစ်တဲ့ လူတစ်ယောက်ကို ဆုံးရှုံးတဲ့အပြင် လူတစ်ယောက်ကိုချစ်တဲ့ စွမ်းရည်တွေပါ ကျသွားတာ" လို့ ဆိုကရေးတီးက ပြန်ဖြေခဲ့တယ်။

ပျော်ရွင်နိုင်ပါစေ....
နေမင်းညို

မိန်းမငယ်လေး တစ်ယောက်ဟာ ပြတင်းပေါက်ဘောင်ကို မှီပြီး ပြတင်းပေါက်အပြင်က ခွေးတစ်ကောင်ကို လူတွေ မြေမြုပ်သင်္ဂြိုလ်နေတာကို ကြည့်ပြီး ငိုကြွေးနေခဲ့တယ်။ ဒါကို အဘိုးကမြင်တော့ "မြေးလေး.. ပြတင်းပေါက် အဖွင့်မှားနေပြီ" ဆိုပြီး သူ့ကို တစ်ခြား ပြတင်းပေါက်တစ်ပေါက် ဖွင့်ပေးလိုက်တယ်။ အဲဒီပြတင်းပေါက် အပြင်မှာက လှပတဲ့ နှင်းဆီခင်းကြီးရှိတယ်။ မိန်းမငယ်က နှင်းဆီပန်းခင်းကို ကြည့်ပြီး စိတ်ရွှင်လန်းလာခဲ့တယ်။

ကျရှုံးခြင်းဘေးက ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်ပါ။ မျှော်လင့်ချက်လင်းရောင်ကို သင်တွေ့ကောင်း တွေ့ပါလိမ့်မယ်။

ပျော်ရွင်မှုတွေပိုင်ဆိုင်နိုင်ပါစေ....
နေမင်းညို

အမြန်ရထားပေါ်က အဘိုးအိုတစ်ဦးရဲ့ ဖိနပ်အသစ်တစ်ဖက်က ရထားအောက်ကို မတော်တဆ ပြုတ်ကျသွားခဲ့တယ်။ ဖိနပ်အသစ်မို့ ဒီအဖြစ်ကို မြင်တဲ့လူတွေက အဘိုးအိုအစား နှမြောနေကြတယ်။ ဒါပေမယ့် အဘိုးအိုက ကျန်ခဲ့တဲ့ နောက်ဖိနပ်တစ်ဖက်ကို ပြတင်းပေါက်ကနေ ပစ်ထုတ်လိုက်တယ်။ အဘိုးအိုရဲ့ အပြုအမှုကို မြင်တဲ့လူတွေက အံ့သြပြီး မေးတော့

"ကျန်ခဲ့တဲ့ဖိနပ် တစ်ဖက်က ဘယ်လောက်ပဲ အဖိုးတန်ပါစေ အဘိုးအတွက် အသုံးမဝင်တော့ဘူး။ ဖိနပ်တစ်ရံလုံးကို တစ်စုံတစ်ယောက်က ကောက်ရခဲ့ရင် သူ့အတွက် အသုံးဝင်နိုင်တယ်လေ" လို့ အဘိုးအိုက ပြန်ဖြေခဲ့တယ်။

ထက်မြက်သူဟာ လက်လွတ်တတ်ရမယ်၊ အရှုံးထဲကနေ သင်ခန်းစာ ယူတတ်ရမယ်။

အောင်မြင်မှုတွေပိုင်ဆိုင်နိုင်ပါစေ...
နေမင်းညို

မိုးရွာပြီးခါစ ပင့်ကူတစ်ကောင်ဟာ မိုးမိပြီး စုတ်ပြဲသွားတဲ့ ပင့်ကူအိမ်အမျှင်ကနေ စိုရွှဲနေတဲ့နံရံပေါ် တွယ်တက်ဖို့ ကြိုးစားခဲ့တယ်။
မိုးစိုနေတဲ့အတွက် ပင့်ကူဟာ အမြင့်တစ်နေရာကို ရောက်တာနဲ့ ပြန်ပြုတ်ကျလာတယ်။ ပင့်ကူဟာ အကြိမ်ကြိမ် ကြိုးစားပြီး တက်ခဲ့ပေမယ့် အကြိမ်ကြိမ် ပြန်ပြုတ်ကျခဲ့ရတယ်။

ပင့်ကူရဲ့ အဖြစ်အပျက်ကို လူ ၃ယောက်က တွေ့ခဲ့ကြပြီး ပထမလူက "ဟင်း.. ငါ့အဖြစ်ကလည်း ပင့်ကူနဲ့ အတူတူပါပဲလား? ပင်ပင်ပန်းပန်း လုပ်ခဲ့ပေမယ့် ဘာမှ အကျိုးမရခဲ့ဘူး" လို့ ပြောပြီး သက်ပြင်းအခါခါ ချခဲ့တယ်။ အဲဒီနောက် ပထမလူရဲ့နေ့ရက်တွေဟာ စိတ်ဓာတ်ကျခြင်း တွေနဲ့ပဲ ပြည့်နေခဲ့တယ်။

ဒုတိယလူက "ဒီပင့်ကူ တော်တော် တုံးပါလား? ဘေးက ခြောက်နေတဲ့ နံရံကနေ ပတ်ပြီးတက်သွားလို့လည်း ရရက်သားနဲ့၊ ပင့်ကူလို ငါ တုံးလို့ မဖြစ်ဘူး" လို့ တွေးမိတယ်။ အဲဒီနောက် သူဟာ စဉ်းစားဆင်ခြင်တတ်ပြီး ထက်မြက်လာခဲ့တယ်။

တတိယလူက " အဖန်ဖန်ပြုတ်ကျပေမယ့် အထက်ကိုရောက်ဖို့ ဒီပင့်ကူ ဇွဲမလျှော့ခဲ့ဘူး" ဆိုပြီး သူဟာ ဘာလုပ်လုပ် ပင့်ကူလို ဇွဲလုံ့လ၊ တောင့်ခံအားတွေ ကောင်းခဲ့တယ်။

အောင်မြင်မှုကို လိုလားသူဟာ ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် အောင်မြင်မှု အစွမ်းကို ရှာဖွေတတ်ရတယ်။

ဒီပုံပြင်လေးကို ဖတ်ပီးသကာလ သူငယ်ချင်းတို့ရဲ့ ဘ၀မှာ အကျိုးထူးလေးများဖြစ်ခဲ့ရင် ၀မ်းသာမိပါတရ်...
နေမင်းညို

"ကိုယ်ချင်းလည်းမစာဘူး...သူတို့တုန်းကတော့ နေချင်သလိုနေပြီး...ငါတို့ကျမှ ဟိုလိုမနေနဲ့.... ဒီလိုမနေနဲ့...ဟိုလိုလေးလုပ်ကြည့်ပါလား...ဒီလိုလုပ်တာမှားတယ်...တော်တော်ကိုကိုယ်ချင်းမစာကြတဲ့ လူကြီးတွေပဲ.........." "ဒီအရွယ်မှာ ရည်းစားမထားရဘူးနော်"......သူတို့တုန်းကတော့ ထားခဲ့ကြတယ်... ကျွန်တော်တို့ကျမှ မထားနဲ့တဲ့ဗျာ...."မပျင်းကြနဲ့...ပျင်းရင်ပညာမရဘူး..."...သူတို့လည်း ကျွန်တော်တို့ အရွယ်တုန်းက ပျင်းခဲ့ကြတာပဲ မဟုတ်လား... "ပိုက်ဆံစုကြ...မဖြုန်းကြနဲ့"... တော်တော်အပြောကောင်းတယ်...
သူတို့ပိုက်ဆံမစုခဲ့ကြလို့...ငွေတွေကိုဖြုန်းတီးခဲ့ကြလို့ ကျွန်တော်တို့ ဒီလိုနေနေကြရတာမဟုတ်ဘူးလား... "အရက်မသောက်နဲ့ ငါ့သား"...အဖေ့ပါးစပ်မှာ အရက်နံ့တွေနဲ့...ကျွန်တော့်ကိုလာပြီး ဆုံးမနေတယ်... "ဆေးလိပ်သောက်တာမကောင်းဘူး"....သူ့အိတ်ထောင်ထဲမှာ စီးကရက်ဘူးကြီးနဲ့ ဆေးလိပ်မကောင်းကြောင်း တရားလာပြီးဟောနေတယ်...ရယ်စရာကောင်းလိုက်တာ...လာလာချည်သေး...လူကြီးတွေက လူငယ်တွေကို ဆုံးမကြတယ်...လူငယ်တွေရဲ့ ရင်ထဲမှာ "စောဒက"တွေ အများကြီးပဲ...လူကြီးတွေရဲ့ဆုံးမစကားကို တစ်ဖက်သက် ပြောတယ်လို့ မြင်ကြတယ်...ကိုယ်ချင်းမစာဘူးလို့လည်း ခံစားကြတယ်... သူတို့လုပ်ချင်ရာလုပ်ခဲ့ပြီးမှ ငါတို့အလှည့်မှာ လုပ်ချင်ရာ လုပ်ခွင့်မပေးဘူး...မတရားဘူး...ဒီလိုလူငယ်တွေအတွက် ကျွန်တော်ကြားဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်လောက် ပြောပြပါရစေ... တစ်ခါတုန်းကပေါ့...တွင်းတစ်ခုရဲ့နှုတ်ခမ်းဝမှာ လူတွေဝိုင်းအုံပြီး တွင်းထဲကိုစိုက်ပြီး ကြည့်နေကြတယ်..."ဟာ...တွင်းထဲမှာ လက်လက် လက်လက်နဲ့... ရွှေတွေဖြစ်မယ်ကွ"..... "မဟုတ်ဘူး..ပတ္တမြားခဲတွေနေမှာပါ"..."ငါကတော့ စိန်ရောင်တွေ တောက်နေတယ်ထင်တာပဲ" ..."မဟုတ်ဘူးကွ ရှေးဟောင်း ရွှေငွေပစ္စည်းတွေနေမှာ".....တွင်းနှုတ်ခမ်းဝမှာ ၀ိုင်းအုံပြီ ကြည့်နေကြတဲ့ လူတွေအားလုံးဟာ တစ်ယောက်တစ်ပေါက် ပြောနေကြတယ်...အားလုံးဟာလည်း "လောဘ" မျက်လုံးတွေနဲ့ပေါ့....အဲဒီအချိန်မှာ လူတစ်ယောက်က ပြောပြောဆိုဆို တွင်းထဲကို ခုန်ဆင်းမယ်လုပ်တယ်..."ဟိတ်ကောင်...မင်းမဆင်းနဲ့ ငါအရင်ဆင်းမယ် ငါအရင်ရောက်တာကွ" "ဘယ်ရမလဲ...ဒီလိုဆိုရင် ငါအရင်ဆင်းရမှာကွ"... "ဒီတွင်းပေါက်ဝကို မင်းထက်ငါအရင်ရောက်တာလေ" ဘာမပြောညာမပြောနဲ့ လူတစ်ယောက်ဟာ တွင်းထဲကို "၀ုန်းကနဲ" ခုန်ဆင်းလိုက်ပါတော့တယ်.. တွင်းအောက်ခြေကိုလည်းရောက်ရော...လင်းလက်နေတဲ့ အရာတွေဟာ ရွှေတွေလည်းမဟုတ်ဘူး... ပတ္တမြားတွေလည်းမဟုတ်ဘူး...စိန်တွေလည်းမဟုတ်ဘူး..."မြွေပွေး"တွေရဲ့ "မျက်လုံး"တွေ အရောင်တောက်နေတာသာဖြစ်တယ်...တွင်းအပေါ်ကို အော်ပြီးပြောလိုက်တယ်... "ဟိတ်ကောင်တွေ.. ဆင်းမလာကြနဲ့ ရွှေတွေ စိန်တွေ မဟုတ်ဘူးကွ ...မြွေပွေးတွေရဲ့ မျက်လုံးတွေ... အဲဒီအရောင်တွေကို ငါတို့က စိန် တွေထင်နေတာ... တွင်းနှုတ်ခမ်းဝက လူတွေက မယုံကြဘူး... ဒီကောင်တစ်ယောက်တည်း လိုချင်လို့ လိမ်ပြောတာပဲဖြစ်မယ်... နောက်တစ်ယောက်ထပ်ခုန်ချလိုက်တယ်... "ဟုတ်တယ်ဟေ့...ဆင်းမလာကြနဲ့ စိန်တွေမဟုတ်ဘူး... မြွေပွေးတွေရဲ့မျက်လုံးတွေကွ သူတို့အရောင်တွေကို ငါတို့က ရတနာတွေလို့ထင်နေတာ...
"တွင်းနှုတ်ခမ်းဝက လူတွေအားလုံးဟာ တွင်းထဲကလူတွေပြောတဲ့စကားကို မယုံကြဘူး... ဒီနှစ်ကောင် အပိုင်စီးချင်လို့ လိမ်ပြီးတော့ ပြောတယ်လို့ပဲထင်နေကြတယ်...ဒီလိုနဲ့...တစ်ယောက်ပြီး တစ်ယောက်ခုန်ဆင်းလိုက်ကြတာ...တွင်းနှုတ်ခမ်းဝကလူတွေအကုန်တွင်းထဲမှာ သေကုန်ကြတော့တယ်... လူကြီးဆိုတာ.....မြွေတွေရဲ့ အရောင်တောက်နေတဲ့မျက်လုံးတွေကို "စိန်" မှတ်ပြီး တွင်းအနက်ထဲကို ခုန်ဆင်းခဲ့ဖူးတဲ့သူတွေ...ဒါကြောင့် ခုန်မဆင်းနဲ့လို့ပြောတာ...
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

လူငယ် လူလတ် လူကြီးကို ဘယ်လို အဓိပ္ပါယ် သတ်မှတ်သင့်သလဲ....ကျွန်တော်ကတော့ ဒီလိုအဓိပ္ပါယ်ဖွင့်ချင်တယ်ဗျာ.... (၁)အမှားများစွာဖြင့် နောင်တနဲ့နေထိုင်သူများကို လူကြိးများဟုခေါ်သည်...
(၂)အမှားများဖြင့် ပျော်ရွှင်နေသူကို လူလတ်ဟုခေါ်သည်... (၃)အမှားများကို လိုက်လံရှာဖွေ၍ မှားဖို့ကြိုးစားနေသူများအား လူငယ်ဟုခေါ်သည်...တဲ့......

ဒါဆိုရင် သူငယ်ချင်းတို့ကရော ...? (၁? ၂? ၃?)

ပျော်ရွင်မှုတွေပိုင်ဆိုင်နိုင်ပါစေ....
နေမင်းညို

Saturday, November 29, 2008

ဒီလိုအဖြစ်လေးတစ်ခု ရှိခဲ့ဖူးပါတယ်။ တစ်ခါက လူတစ်ဦးမှာ လိမ္မာပြီး
သခင်စကားနားထောင်တဲ့ ခွေးကလေးတစ်ကောင်ရှိတယ်။ တစ်နေ့မှာ ခွေးကလေးကို
ဘေးအိမ်ခွေးကြီးက ကိုက်ပစ်လိုက်တယ်။ ထိခိုက်ဒဏ်ရာ ရသွားတဲ့ ခွေးကလေးကို သခင်က
ဆေးထည့်ပေးဖို့ ပွေ့အချီမှာ မမျှော်လင့်ဘဲ လက်ကို လှမ်းကိုက်ခံလိုက်ရတယ်။ သခင်က
စိတ်မဆိုးတဲ့အပြင် "ကျွန်တော့်ကို လှမ်းကိုက်တာ သူဒဏ်ရာ ရထားလို့ပါ" လို့
ပြောခဲ့တယ်။

ဒါဟာ ဒဏ်ရာရနေတဲ့ ခွေးတစ်ကောင်ရဲ့ ပင်ကိုယ်တုန့်ပြန်မှုဖြစ်တယ်။ သခင်ကို
လှမ်းကိုက်တာက မုန်းလို့မဟုတ်ဘဲ ဒဏ်ရာရနေတဲ့ ကိုယ့်ကို နောက်ထပ်အနာတရ
မဖြစ်အောင် ကာကွယ်လိုက်တာပဲဖြစ်တယ်။ ဒါကို သခင်က နားမလည်ခဲ့ရင် သခင့်ကိုတောင်
ကိုက်တဲ့ခွေးဆိုပြီး ခွေးကလေးအပေါ် စိတ်ဆိုးဒေါသ ထွက်မိလိမ့်မယ်။
စိတ်ဆိုးဒေါသရဲ့ နောက်ကွယ်မှာ ဒဏ်ရာရနေတဲ့ ခွေးကလေးကို သခင်က တစ်ခုခုထပ်
လုပ်မိမှာ အမှန်ပါပဲ။

နောက်အဖြစ်တစ်ခုက ဒီလိုဆိုပါတယ်။

ရုံးဆင်းပြန်လာတဲ့ ဖခင်တစ်ဦးဟာ အိမ်ထဲဝင်လိုက်တာနဲ့ ဧည့်ခန်းတစ်ခုလုံးကို
ကစားစရာတွေနဲ့ ရှုပ်ပွအောင် ဆော့ကစားနေတဲ့ သားကိုတွေ့လိုက်တယ်။ ဖခင်ဟာ သားကို
ဘာအကျိုးအကြောင်းမှ ပြောမနေဘဲ ဒေါသတကြီး သားကို ဆူတော့တယ်။ ထက်မြက်တဲ့သားက
ဘာမှပြန်မပြောဘဲ ပစ္စည်းတွေကိုသိမ်း လက်ကို စင်ကြယ်အောင် ဆေးပြီးမှ ဖခင်ကို
ပွေ့ဖက်ပြီး "ဖေဖေ... ဒီနေ့အလုပ်မှာ ဘဝင်မကျတာတွေ ဖေဖေကြုံခဲ့ရတယ် မဟုတ်လား?"
လို့ မေးလိုက်တယ်။

လိမ္မာတဲ့သားက ဖခင်ဒေါသထွက်ရတာဟာ သူတစ်ယောက်တည်းကြောင့် မဟုတ်ဘဲ ဖခင်စိတ်ထဲမှာ
နဂိုကတည်း တစ်ခုခု ထိခိုက်ခံထားရလို့၊ မကျေနပ်လို့ ဆိုတာကို သဘောပေါက်
နားလည်လိုက်တယ်။

ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာလည်း ဒီလိုအဖြစ်မျိုးတွေ မကြာခဏ
ကြုံဖူးကြမယ်ထင်ပါတယ်။ ဥပမာ...

ကျောင်းဆင်းပြန်လာတဲ့ ကလေးငယ်တစ်ယောက် ဒေါသတကြီးနဲ့ လွယ်အိတ်ကို ခုံပေါ်
ပစ်တင်လိုက်တယ်။ "ဘာဖြစ်လာသလဲ?" လို့ သူ့ကိုမေးရင် "မေမေနဲ့ မဆိုင်ပါဘူး၊ ဟာ...
သိပ်ရှုပ်တာပဲ" စတာတွေနဲ့ ကိုယ့်ကို ပြန်အော်တတ်သလိုမျိုး

" ဒီည ဘာဟင်းစားချင်သလဲ" လို့ ကြင်ကြင်နာနာနဲ့ မေးလာတဲ့ ဇနီးကို လင်ယောက်ျားက
"မင်းနဲ့ငါ ယူတာ ဒီလောက်ကြာနေပြီ။ ငါဘာကြိုက်တယ်ဆိုတာ မင်းမသိဘူးလားကွ" လို့
ပြန်အော်တတ်သလိုမျိုး

ဧည့်ခန်းမှာ ကလေးငယ်ကို ပွေ့ပြီး မျက်နှာရှစ်ခေါက်ချိုးနဲ့ ထိုင်နေတဲ့ ဇနီးကို
ရုံးဆင်းပြန်လာတဲ့ လင်ယောက်ျားက "နေမကောင်းလို့လား?" လို့ ဂရုတစိုက်နဲ့
မေးတဲ့အမေးကို "ရှင် ဘာဖြစ်လို့ အခုမှ ပြန်လာရသလဲ?" လို့ အော်ငေါက်သလိုမျိုး

အထက်က အဖြစ်အပျက်မျိုးတွေမှာ ဂရုတစိုက်မေးတဲ့ကိုယ့်ကို ပြန်အော်တယ်ဆိုပြီး
ကျွန်တော်တို့လည်း စိတ်ဆိုးဒေါသထွက်ကြမှာပဲ။ အဲဒီနောက် အပြန်အလှန် အော်ဟစ်တာ၊
ကျိန်ဆဲတာတွေ ဖြစ်လာတော့မယ်။ ဒါမှမဟုတ် မခေါ်မပြောတဲ့ သွေးအေးစစ်ပွဲတွေ
စတော့မယ်။

တကယ်လို့ သူငါ့ကို ပြန်အော်တာ အပြင်မှာ၊ တစ်နေရာရာမှာ သူဘဝင်မကျခဲ့လို့၊
ထိခိုက်ခဲ့လို့၊ စိတ်ဒဏ်ရာရခဲ့လို့၊ အနိုင်ကျင့်ခံခဲ့ရလို့လို့ ဖြေတွေးခဲ့ရင်
ပြဿနာတစ်ခုက ရိုးရိုးရှင်းရှင်းနဲ့ ပြီးသွားနိုင်ပါတယ်။

စိတ်ဒဏ်ရာရနေတဲ့ လူတစ်ယောက်ကို ကျွန်တော်တို့ ဘယ်လိုဆက်ဆံမလဲ? သူဟာ
တစ်ခြားသူရဲ့နားလည်မှု၊ လက်ခံနိုင်မှုတွေကို လိုအပ်နေသူဖြစ်တယ်။

ဒေါသတကြီးနဲ့ လွယ်အိတ်ကို ခုံပေါ်ပစ်တင်တဲ့ ကလေးငယ်ကို "သား ကျောင်းမှာ
တစ်ခုခုဖြစ်ခဲ့ပြီမဟုတ်လား.. လာ..လာ.. ဘာတွေဖြစ်ခဲ့လဲ မေမေ့ကိုပြောပြ"

ဒေါသထွက်တဲ့ လင်ယောက်ျားကို ဇနီးက "ဘာတွေ မကျေမနပ်ဖြစ်နေတာလဲ? ကျွန်မကလွဲရင်
ရှင့်ကို စိတ်ဆိုးအောင် ဘယ်သူလုပ်နိုင်သလဲ?"

မျက်နှာရှစ်ခေါက်ချိုးနဲ့ ဇနီးကို "တစ်နေ့ကုန် ကလေးထိန်းနေရတာ ပင်ပန်းနေပြီလား?
အိမ်အလုပ်တစ်ခုခု ကိုယ်ဘာများကူညီရမလဲ?" စတဲ့စကားတွေက စိတ်ဆိုးဒေါသထွက်နေသူရဲ့
စိတ်ကို အနည်းအများတော့ ပြောင်းလဲစေမှာ အမှန်ပါပဲ။ တစ်ပါးသူရဲ့ နားလည်မှု၊
လက်ခံမှုကိုရရှိပြီးနောက် ဒေါသတကြီး ထွက်ဆိုခဲ့မိတဲ့ သူတို့စကားတွေအတွက် သူတို့
အားတုန့်အားနာ ဖြစ်နေမိမှာ သေချာပါတယ်။
အားလုံးပဲအဆင်ပြေ ချစ်ခင်နိုင်ကျပါစေဗျာ....
နေမင်းညို

လောကကြီး၏ လိုအပ်မှုကြောင့် ဘုရားသခင်သည် ယောက်ျားကို ဖန်ဆင်းသည်။
ယောက်ျား၏ လိုအပ်မှုကြောင့် ဘုရားသခင်သည် မိန်းမကို ဖန်ဆင်းသည်။

ယောက်ျားလေးက မိန်းကလေးကို ချစ်မိလျှင် ကဗျာများရေးဖွဲ့ တတ်၏။
မိန်းကလေးက ယောက်ျားလေးကို ချစ်မိလျှင် စိတ်ကူးယဉ် အိပ်မက်မက်တတ်၏။

မိန်းကလေး၏ အကောင်းဆုံး ကိုယ်ပိုင် အရည်အချင်းမှာ ချွဲနွဲ့ခြင်းဖြစ်ပြီး
ယောက်ျားလေး၏ အရည်အချင်းမှာ လိမ်ညာခြင်း ဖြစ်သည်။

မိန်းကလေးအတွက် ကံကောင်းခြင်းမှာ "သူ ငါ့ကို တကယ်ချစ်ရှာသည်"ဟု
ယုံကြည်ခြင်းဖြစ်ပြီး ယောက်ျားလေးအတွက် ကံကောင်းခြင်းမှာ "သူ့ကို ချစ်ရတာ
ထိုက်တန်သည်" ဟု ထင်မြင်ခြင်း ဖြစ်သည်။

မိန်းကလေးတွင် ပြေပြစ်သော ရုပ်ရည်ရှိသင့်ပြီး ယောက်ျားလေးတွင်
ပြည့်စုံသော ဓနဥစ္စာရှိသင့်သည်။

မိန်းကလေးက ယောက်ျားလေးကို နမ်းခြင်းသည် စိတ်ကြည်နူးမှုဖြစ်ပြီး
ယောက်ျားလေးက မိန်းကလေးကို နမ်းခြင်းသည် တဏှာ ဖြစ်သည်။

မိန်းကလေးများ ထွက်ပေါက်ရှာလျှင် အိမ်ထောင် ပြုတတ်ကြပြီး
ယောက်ျားလေးများ ထွက်ပေါက်ရှာလျှင် ကွာရှင်းတတ်ကြသည်။

ပါးနပ်ထက်မြက်သော မိန်းကလေးများက သူ့ချစ်ကိုရှာပြီး အိမ်ထောင်ပြုတတ်ကြ၏။
တုံးအသော မိန်းကလေးများက ကိုယ့်ချစ်ကိုရှာပြီး အိမ်ထောင် ပြုတတ်ကြသည်။

ရည်းစားဖြစ်ချိန်တွင် ယောက်ျားလေးများသည် မိန်းကလေးများကို ကြင်နာတတ်ပြီး
အိမ်ထောင်ပြုပြီးချိန်တွင် ရက်စက်တတ်ကြသည်။

မိန်းမငယ်များသည် မျက်လုံးဖြင့် ယောက်ျားများကို ညို့စား တတ်ပြီး
မိန်းမကြီးများသည် မျက်ရည်များဖြင့် လှည့်စားတတ်သည်။

မိန်းကလေးများအတွက် ကျမ်းကျိန်ဆိုသော ယောက်ျားသည် ရယ်စရာကောင်း၍ ဥစ္စာ
ပစ္စည်းအရှာ တော်သော ယောက်ျားသည် ချစ်စရာကောင်းသည်။

ယောက်ျားလေးက ကွာရှင်းဖို့ စကားကမ်းလှမ်းခြင်းသည် မိန်းမကို
စိတ်ကုန်လာခြင်းဖြစ်ပြီး မိန်းကလေးက ကွာရှင်းဖို့ စကား ကမ်းလှမ်းခြင်းသည်
ယောက်ျားက သူ့ကိုမချစ်မှန်း သိလာခြင်းဖြစ်သည်။

မိန်းကလေးများ ယောက်ျားမယူဘဲ အပျိုကြီးအဖြစ် နေလျှင် နာတာရှည် ရှိသည်ဟု
ထင်ကြပြီး ယောက်ျားလေးများ မိန်းမ မယူဘဲ လူပျိုကြီး အဖြစ်နေလျှင်
စီးပွားလုပ်ငန်း ဖြင့် မအားလပ်ဟု ထင်ကြသည်။ (တကယ်တမ်း
ဆိုရလျှင်.....မိန်းကလေးများ အပျိုကြီး ဖြစ်နေခြင်းသည်
ယောက်ျားကောင်းများ မရှိသောကြောင့်ဖြစ်ပြီး ယောက်ျားလေးများ လူပျိုကြီး
ဖြစ်နေခြင်းသည် မိန်းကလေးများက ပြန်မချစ်သောကြောင့်ဖြစ်သည်။ )

မိန်းကလေးများသည် လောင်းကြေးကို အချစ်တွင် ပုံအပ်တတ်ကြပြီး
ယောက်ျားလေးများသည် လောင်းကြေးကို လက်ထပ်ခြင်းတွင် ပုံအပ်တတ်ကြသည်။

မိန်းကလေးများသည် မပြေလည်သော အိမ်ထောင်ရေးကို ခံနိုင်ရည်ရှိသော်လည်း
မပြေလည်သော အချစ်ရေးတွင် ခံနိုင်ရည် မရှိကြ။

ယောက်ျားလေးများသည် မပြေလည်သော အချစ်ရေးကို ခံနိုင်ရည် ရှိသော်လည်း
မပြေလည်သော အိမ်ထောင်ရေးကို ကိုယ်လွတ်ရုန်းချင်ကြသည်။

မိန်းကလေးများ လွမ်းဆွေးအားငယ်နေလျှင် ၀မ်းနည်းစရာ အချစ်ဇာတ်လမ်း
ရှိခဲ့ဖူးသောကြောင့်ဖြစ်ပြီး ယောက်ျားလေးများ စိတ်ပျက် စိတ်ညစ်နေလျှင်
အဆင်မပြေသော အိမ်ထောင်ရေးကြောင့်ဖြစ်သည်။

မိန်းကလေးများ နောက်အိမ်ထောင် ပြုခြင်းသည် မှားယွင်းမှုကို ရှာခြင်းဖြစ်ပြီး
ယောကျာ်းလေးများ နောက်အိမ်ထောင်ပြုခြင်းသည် ကံစမ်းခြင်းသာ ဖြစ်သည်။

မိန်းကလေးများက သူသည် ထိုယောက်ျားလေး၏ နောက်ဆုံးတယောက်အဖြင့်
မျှော်လင့်တတ်ကြပြီး ယောက်ျားလေးများက သူသည် ထိုမိန်းကလေး၏
ပထမဆုံးတစ်ယောက်အဖြင့် မျှော်လင့်တတ်ကြသည်။

မိမိထက် များစွာ ငယ်ရွယ်သော မိန်းမတယောက်ကို လက်ထပ်ယူထားသည့် အသက် ၉၃ နှစ်အရွယ်ရှိ အဘိုးအိုတယောက်သည် သူ၏ ဆရာဝန်ထံ ရောက်လာပြီး သူတို့ကလေးရတော့မည့်အကြာာင်း ပြောပြလေသည်။
ထိုအခါ ဆရာဝန်က ပြန်ပြောပြသည်။
'ကျွန်တော် ပုံပြင်ကလေးတပုဒ် ပြောပါရစေ၊ တခါတုန်းက အလွန်သတိမေ့တတ်တဲ့ လူတယောက်ဟာ အမဲလိုက်ထွက်ပါတယ်၊ သေနတ်ကို ယူရမယ့်အစား ထီးတလက်ပဲ ယူသွားပါတယ်၊ တောထဲမှာ ဗြုန်းခနဲ ခြင်္သေ့တကောင်နဲ့ ပက်ပင်းတိုးမိတော့ သူက လက်ထဲမှာပါတဲ့ ထီးနဲ့ ထိုးချိန်လိုက်ပြီး ပစ်ချလိုက်တယ်တဲ့၊ အဲဒီမှာ ခြင်္သေ့ကြီးလည်း တုန်းခနဲ လဲကျသေဆုံးသွားပါရော'
'ဟာ မဟုတ်တာကွ၊ လုံးဝကို မဖြစ်နိုင်ဘူး၊ တယောက်ယောက်က ဝင်ပြီး ပစ်လိုက်လို့ နေမှာပေါ့'
'အခုလဲ ဒီအတိုင်းပါပဲခင်ဗျား'

အေးချမ်းတဲ့ မြို့လေးတစ်မြို့မှာ တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့
ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွါ တစ်တွဲတွဲပဲ နေ့တိုင်း
ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။ သူတို့က
မြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။

ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန်
ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ ငြိမ်သက်စွာ
လဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီး
သူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး
ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ တဖြေးဖြေး
ကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင်
ခမ်းလုနီးနေပြီ။ ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေး
လက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။

ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့
ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီး
မျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။ ဘုရားသခင်က ကောင်လေးကို " ကောင်မလေးရဲ့
အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား" လို့ မေးတယ်။ ကောင်လေးက
တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။

"ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင် ပုစဉ်းဘ၀နဲ့
သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က မေးပြန်တယ်။
ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။

မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။
ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။ လူနာခန်းထဲ ၀င်ကြည့်တော့
ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။
သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့
ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။
နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။ ကောင်လေး
ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့
ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။
ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။

ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။
ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေကုန်တယ်။ ပုစဉ်း
ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့
ပုခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့
ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့
ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ်
ထပျံလာခဲ့တယ်။

မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့
ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့
သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကို
သူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တ၀က်တပျက်မှာ
အရပ်တန့်ခံလိုက်ရတယ်။

လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊
ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊
သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘ၀က အရင်လို
ပျော်ရွှင်ချမ်းမြေ့ နေပြီဖြစ်တဲ့အကြောင်း ပြောသံတွေကို
ပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။ ဆရာဝန်ကောင်လေးနဲ့
ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမဲ့
တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏသွားနားတာကလွဲလို့ သူဘာမှ
မတတ်နိုင်ခဲ့ဘူး။

ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာ
ခါတိုင်းနွေထက် ပိုရှည်လျှားနေတယ်လို့ ထင်မိတယ်။ ကောင်မလေးနားမှာ
ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။
ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကို
အသက်ရှုကျပ်စေတယ်။

သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏ
သွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို ဆရာဝန်ကောင်လေးက
တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့
ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။ ပုစဉ်းရင်ကွဲတစ်ကောင်က
သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီး ကြည်နှုးနေတဲ့
သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကို
လုံးဝ သတိမေ့သွားခဲ့ပြီလေ။

သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာ
ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ
သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့
ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။
ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီး
နမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေ
စီးကျလာခဲ့တယ်။

"အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။
"နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။
"မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းက
ခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။
တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာက
ပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှ
မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့
ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်"

သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား....?
သင်ကော ပုစဉ်းလေးတစ်ကောင် ဖြစ်ခဲ့ဖူးသလား......?

ဟိုးရှေးရှေးတုန်းကပေါ့.......................
တစ်ခ်ါတုန်းက လူငယ်လေးတစ်ယောက်ဟာ အရာရာကိုဖန်ဆင်းနိုင်တဲ့ ဖန်ဆင်းရှင်နဲ့ တွေ့ဆုံခဲ့တယ်
ဖန်ဆင်းရှင်က "မင်းက ကံထူးတဲ့ သူမို့လို့ ငါနဲ့တွေ့ဆုံခဲ့ပြီ။ အဲ့ဒီတော့ မင်းကိုငါက ဆုသုံးခု
တောင်းခွင့် ပေးမယ်။ မင်းလိုရာကိုဆုတောင်းတော့။"
အဲ့ဒီတော့ လူငယ်လေးက မဆိုင်းမတွဘဲ ပထမဆုကို တောင်းလိုက်တယ်။
"ကျွန်တော့်ကို ချစ်သူရဲ့ အနီးဆုံး နေရာမှာနေခွင့်ပေးပါ"
ဖန်ဆင်းရှင်က"ကောင်းပြီ ဒုတိယ ဆုတောင်းကိုပြော"
ဒီတစ်ခါ လူငယ်ပြောလိုက်တာက"ကျွန်တော့ကိုချစ်သူရဲ့ အဝေးဆုံးမှာ နေခွင့်ပေးပါ။"
ဖန်ဆင်းရှင်က မျက်မှောင်ကျူတ်သွားပြီး မေးလိုက်တယ်။
"မောင်မင်းက ချစ်သူနဲ့ နီးလိုက်ဝေးလိုက်နဲ့ ဆိုတော့ ငါက ဘာကိုဖြည့်ဆီးပေးရမှာလဲ"
အဲ့ဒီတော့ လူငယ်လေးက ပြန်ပြောတယ်။
"ဒီလိုပါ ကျွန်တော့်ချစ်သူက ကျွန်တော့်ကို အလိုရှိတဲ့အခါ သူ့ရဲ့ အနီးဆုံးမှာ ခစားပြီးတော့
သူ့ကို ကူညီအားပေးချင်ပါတယ်၊အဲ့ဒါကြောင့် အနီးဆုံးမှာ နေချင်တယ်လို့ ဆုတောင်းတာပါ။
သူကျွန်တော့်ကို မမြင်ချင်တဲ့ အခါကျရင်လည်း သူမမြင်အောင်လို့ အဝေးဆုံးမှာ နေချင်တာပါ၊ "
အဲ့ဒီတော့ ဖန်ဆင်းရှင်က "ကောင်းပြီ ။မောင်မင်း သင့်ရဲ့တတိယဆုတောင်းကို တောင်းပေတော့။"
လူငယ်က ခဏ စဉ်းစားလိုက်ပြီး "ကျွန်တော့အတွက် ချစ်သူက လိုအပ်တဲ့အချိန် အနီးအနားမှာရှိနေပြီး
သူမကျွန်တော့်ကို မမြင်ချင်တဲ့အချိန် အဝေးဆုံးမှာ ရှိနေမယ်ဆိုရင် တတိယဆုတောင်းဆိုတာ
ဘယ်တော့မှ မလိုအပ်တော့ပါဘူး" တဲ့၊
ကဲ.........သူငယ်ချင်းတို့ကော တတိယဆုတောင်းရှိအုန်းမလား.....

တခါက အိမ်ရှင်မတဦးသည် အိမ်ရှေ့တွင် မုတ်ဆိတ်ဖြူနှင့် အဘိုးအိုသုံးဦး
ထိုင်နေသည်ကို တွေ့လိုက်မိသည်။ ထိုအဘိုးအိုများကို သူမသိပေ။

"အဘိုးတို့ကို ကျွန်မ မသိဘူး။ဒါပေမဲ့ အဘိုးတို့ ဆာနေလောက်မယ်ထင်တယ်။
အိမ်ထဲဝင်ပြီး တခုခု သုံးဆောင်ပါဦးလား" ဟု သူမ လောကွတ်ပြုသည်။

"အိမ်ရှင်ယောက်ျားရှိနေလား" အဘိုးအိုက မေးသည်။

"မရှိဘူး...အပြင်သွားလိုက်တယ်"
"ဒါဆို အဘိုးတို့ အိမ်ထဲကို ၀င်လို့မရသေးဘူး"

ညနေ လင်ယောက်ျား ပြန်လာသောအခါ အိမ်ရှင်မက အကြောင်းစုံကို ပြောပြလိုက်သည်။
"ကိုယ်အိမ်ရောက်နေပြီပဲ...သူတို့ကို ပြန်သွားဖိတ်လိုက်ပါဦး"

အိမ်ရှင်မက အဘိုးအို သုံးဦးအား အိမ်ထဲဝင်ခဲ့ဖို့ ဖိတ်ခေါ်ပြန်သည်။
"အဘိုးတို့ သုံးယောက်စလုံး အိမ်တအိမ်ထဲကို ပြိုင်တူဝင်လို့ မရဘူး"
"ဘာဖြစ်လို့လဲ...အဘိုး" အိမ်ရှင်မက တအံတသြနှင့် မေးသည်။
"သူ့နာမည်က ဓနဥစ္စာတဲ့" အဘိုးအိုတဦးက အခြားတဦးကို ထိုးပြပြီးပြောသည်။
ဆက်၍ "သူကတော့ အောင်မြင်ခြင်း၊ အဘိုးက ချစ်ခြင်းမေတ္တာ၊ အိမ်ထဲကို
ဘယ်သူအရင် ၀င်ရမလဲဆိုတာ တူမလေးယောက်ျားနဲ့ အရင်
သွားတိုင်ပင်ကြည့်လိုက်ဦး"

အိမ်ရှင်မမှာ အိမ်ထဲဝင်ပြီး လင်ယောက်ျားကို အကြောင်းစုံ ပြောပြပြန်သည်။
"အော်.. ဒီလိုကိုး... ဒါဆိုရင် ဓနဥစ္စာကို အရင်ဆုံးဖိတ်လိုက်ရအောင်"

"ဘာဖြစ်လို့ အောင်မြင်ခြင်းကို အရင်မဖိတ်တာလဲ" အိမ်ရှင်မက အတွန့်တက်သည်။

"ချစ်ခြင်းမေတ္တာကို အရင်ဆုံး ဖိတ်လိုက်ရင် မကောင်းဘူးလား"
ထောင့်တနေရာတွင် ထိုင်ပြီး သူတို့ပြောသော စကားကို နားထောင်နေသည့်
ချွေးမဖြစ်သူက အကြံပြုသည်။

"အင်း....ကောင်းတယ်။ ချစ်ခြင်းမေတ္တာကို အရင်ဖိတ်မယ်" ချွေးမ၏ အကြံကို
သူတို့ထောက်ခံလိုက်ကြသည်။ "ချစ်ခြင်းမေတ္တာကို အရင်ဖိတ်ပါတယ်။ အိမ်ထဲကို
ကြွပါ" အိမ်ရှင်မက ဖိတ်ခေါ်လိုက်သည်။ ချစ်ခြင်းမေတ္တာဟုသော အဘိုးအိုက
အိမ်ထဲဝင်သည်နှင့် ကျန်အဘိုးအို နှစ်ဦးက လိုက်ဝင်လာသည်။

" သုံးယောက်လုံး ပြိုင်တူဝင်လို့ မရဘူးဆို ကျွန်မက သူ့ကိုပဲ
အရင်ဖိတ်လိုက်တာ။ အဘိုးတို့က ဘာလို့ လိုက်ဝင်လာရသလဲ"

"တကယ်လို့ တူမက ဥစ္စာဓန သို့မဟုတ် အောင်မြင်မူကို အရင်ဖိတ်ရင်
ကျန်တဲ့နှစ်ဦးက လိုက်ဝင်လို့မရဘူး။ ချစ်ခြင်းမေတ္တာကို အရင်ဖိတ်မယ်ဆိုရင်
သူဘယ်ကိုသွားသွား ကျန်တဲ့နှစ်ဦးက လိုက်ကိုလိုက်ရတယ်။ ဘယ်နေရာမှာဖြစ်ဖြစ်
ချစ်ခြင်းမေတ္တာဆိုတာ ရှိရင် ဥစ္စာဓနနဲ့ အောင်မြင်မူ ဆိုတာလည်း ရှိမှာပဲ"
အဘိုးအို တဦးက ရှင်းပြသည်။

သူတို့နေရာမှာ သင်သာဆိုရင် ဘယ်သူ့ကို အရင်ဆုံးဖိတ်မလဲ.....

ကောင်မလေး နှင့် ကောင်လေး တို့သည် လမ်းပေါ်တွင် ၁နာရီမိုင်၁၀၀နှုန်း ဖြင့် ဆိုင်ကယ်စီးလာကြသည်...

ကောင်မလေး ။ဖြည်းဖြည်းမောင်းပါဟာ ငါကြောက်လာပြီ၊
ကောင်လေး ။ ပျော်စရာကောင်းပါတယ်၊
ကောင်မလေး ။မကောင်းပါဘူး ငါတကယ်ကြောက်လာပြီ၊
ကောင်လေး ။အဲဒါဆိုရင် ငါကိုချစ်တယ် လို့ပြော၊
ကောင်မလေး ။အင်း ငါ နင့်ကို ချစ်တယ်။ အရှိန်ရှော့တော့နော်၊
ကောင်လေး ။အခု ငါ့ကို နောက် ကနေ ခပ်တင်းတင်း ဖက်ထားပေး
ကောင်မလေးက နောက်မှ ကြင်နာမှု များဖြင့်ဖက်လိုက် သည်။
ကောင်လေး ။ နင် ငါ့ဦးထုပ် ကို ယူဆောင်း လိုက်ပါလား၊ ငါ အဲဒီဟာ ကြီး ဆောင်းရတာ ယားလာပြီ...


နောက်နေ့သတင်းစာထဲတွင် မော်တော်ဆိုက်ကယ်တစ်စီး ဘရိတ်မကောင်းမှု ကြောင့် အဆောက်အဦထဲ သို့ဝင် တိုက်မိကြောင်း၊ ထိုဆိုက်ကယ်ပေါ်တွင် လူနှစ်ဦး ပါရှိကြောင်း၊ သို့သော် တစ်ဦး သာ အသက်ရှင် ကျန်ရှိ ကြောင်း ပါ လာသည်။

အမှန်မှာ လမ်းတစ်ဝက်ကတည်းက ကောင်လေးသည် ဘရိတ်ပေါက်နေသည် ကို သိပေသည်၊ သို့သော်
သူ့ကောင်မလေး အားမသိစေချင်ခဲ့၊ ထို့အပြင် ကောင်မလေး ထံမှ ချစ်တယ် ဟူသော စကား နှင့် ယုယ မှု များကို နောက်ဆုံးအကြိမ်ခံယူ သွားကာ မိမိသေခဲ့လျှင်ပင်ကောင်မလေး အသက်ရှင်နိုင်ရန်ု ကောင်မလေး အား သူ့ဦးထုပ်ကို ဆောင်းစေခဲ့သည်။

အကယ်၍သင့်ဘဝတွင် ဤမျှ လောက်ချစ်ရမည့်သူ ရှိပါက ဤစာကို ပို့ပါ...
ဤစာကို သင့်၏ ခင်မင်သော သူငယ်ချင်းများအား ပို့ခြင်း အားဖြင့် သူတို့အား သင်တကယ်ခင်မင်ကြောင်းပြပါ။

ပို့ပြီးပါက သင်ချစ်ခင်မြတ်နိုးရသော၊ တစ်စုံတစ်ယောက်သောသူနှင့် သင်ဖြစ်လိုသောဆန္ဒကို ဆုတောင်းပါ။

သင်ပို့သောသူငယ်ချင်းများလေလေ
သင်၏ဆုတောင်းမြန်မြန်ပြည့်ပေမည်။

တစ်ခါက သင်ခန်းတခုမှာ ဆရာက ကျောင်းသားတွေကို ပြောတယ်။
၅၀ဒေါ်လာတန်ကို လိုချင်တဲ့လူတွေ လက်ထောင်လို့ပြောလိုက်တယ်။
အားလုံးနည်းပါး ထောင်ကျတယ်.။
အလကားပေးမှာနော်လို့ထပ်ပြောလိုက်တယ်။ ကျောင်းသားတွေကလည်း
လိုချင်ကြတာပေါ့ အဲဒီလိုပြောပြီး
ဟုတ်ပြီ ကဲမပေးခင် တခုလောက်လုပ်ပါရစေ ...
ပြောပြောဆိုဆိုနဲ့ ငွေကို လုံးချေလိုက်တယ်။ ပြီးတော့မေးလိုက်ပြန်တယ်။
ကဲ တွန့်ကြေသွားပြီ
လိုချင်တဲ့လူရှိသေးလား..ကျောင်းသားတွေလည်း ဆက်ပြီးလက်ထောင်ကျတယ် ။
ကောင်းပြီဒါဆို ဟောသလို ထပ်လုပ်မယ်ကွာ .....စကားအဆုံးမှာ
သူ့ဖိနပ်နဲ့ ကြမ်းပြင်ပေါ်ကို နင်းချေလိုက်တယ်။ အဲ့ဒီအခါမှာတော့ ၅၀တန်လေးက
နွမ်းရုံမက ဘူး ညစ်ပတ်သွားပါတယ် ။
ကဲလိုချင် ကြသေးလား အရေအတွက်က လျော့မသွားပါဘူး။
ပိုတောင်တိုးနေသေးတယ် ။
အဲ့ဒီအခါမှာ ဆရာက ပြောလိုက်တယ် ဒါဟာ အင်မတန့်ကို
အဖိုးတန်တဲ့ သင်ခန်းစာပါပဲ။ သည်၅၀တန်လေးကို ဆရာဘာပဲ လုပ်လုပ် မင်းတို့
လိုချင်ကြတယ်နော် ။ ဘာလို့လဲ ဆရာဘာပဲလုပ်လိုက်လုပ်လိုက် ၅၀တန်ရဲ့
တန်ဖိုးက လျော့မသွားလို့ပါပဲ ......
ဆရာတို့ ဘ၀မှာလည်း ကိုယ်တိုင်ချမိသွားတဲ့
ဆုံးဖြတ်ချက်တွေကြောင့် ဖြစ်ဖြစ်၊ အခြေနေအမျိုးမျိုးကြောင့်ပဲ ဖြစ်ဖြစ်
အကြိမ်ပေါင်းများစွာ အချေခံကြရပါလိမ့်မယ်။ အဲ့လိုအချိန်မျိုးတွေမှာ
ဆရာတို့တွေဟာ ကိုယ့်ကိုကိုယ်စိတ်ပျက်ပြီး တန်ဖိုးမရှိတဲ့သူလို့
တွေးမိတဲ့အခါတွေလည်း ရှိပါတယ်...
ဒါပေမယ့် တပည့်တို့ ဘာတွေပဲဖြစ်ဖြစ် ဘာတွေပဲဖြစ်လာဖြစ်လာ
တစ်ဦးချင်းစီ ရဲ့ ကိုယ်ပိုင်တန်ဖိုးကတော့ လျော့ကျသွားမှာ မဟုတ်ပါဘူး
ညစ်ပေနေတာပဲဖြစ်ဖြစ်၊ သန့်ရှင်းနေတာပဲဖြစ်ဖြစ်
တွန့်ကြေနေလို့ ပဲ နေနေ ကော့ပျံပြီးပဲရှိရှိ လူဟာလူပါပဲ။ ဘ၀ရဲ့တန်ဖိုးကို
ဘာတွေလုပ်တယ် ဘာတွေသိတယ် ဘာတွေပိုင်တယ် ဆိုတာတွေနဲ့ ဆုံးဖြတ်ပေးနေတာ
မဟုတ်ပါဘူး။ ကိုယ့်တန်ဖိုးကို သိနေတဲ့ လူတွေအတွက်တော့
ကိုဟာအမြဲတန်ဖိုးရှိနေမှာပဲ။ ။

" ဘာကိုကြည့်ကြည့်နှစ်ခုဖြစ်နေလို့ဆရာ၊အမြန်ဆုံးပျောက်အောင်ကုပေးစမ်းပါ "
" ယူပစ်လိုက်သလိုတော့မပျောက်နိုင်ဘူးလေ၊မျက်စဉ်းခတ်၊စားဆေးစား၊တစ်ပတ်ဆယ်ရက်တော့ကြာမှာပေါ့ "
" မြန်မှဖြစ်မယ်ဆရာ၊ကျွန်တော်နှစ်ခု နှစ်ခု မြင်နေရတဲ့အတွက်အကြောက်လွန်ပြီးဒုက်ခရောက်မှာကြောင့်ပါ။ အိမ်မှာယောက်ခမကြီးရောက်နေလို့ "

" ဆရာ..ကျွန်မမှာဘာအားနည်းချက်ရှိလို့လဲ၊ ကျွန်မယောကျာ်းက မင်းကိုငါတော်တော်စိတ်ပျက်နေပြီ။ မင်းဆရာဝန်နဲ့ပြကြည့်ဖို့သင့်တယ်လို့ပြောပြောနေလို့"
" ခင်ဗျားမှာပြုပြင်သင့်တာသုံးခုရှိတယ်"
" ပြောပါဆရာ"
" ပထမပြုပြင်ရမှာကခင်ဗျားရဲ့body ပဲ။ပေါင်၅၀လောက်ထိလျှော့ချဖို့လိုတယ်။ဒုတိယပြုပြင်ရမှာကအပေါစားမိတ်ကပ်တွေကိုအလွန်အကျွန်လိမ်းပြီး၊အပေါစားနှုတ်ခမ်းနီကိုထူပိန်းနေ အောင်မဆိုးပါနဲ့။တတိယပြုပြင်ရမှာက အဓိကအားနည်းနေတဲ့ ခင်ဗျားရဲ့မျက်စိပဲ။ဆရာဝန်ရဲ့အခန်းကဟိုဘက်အခန်း။ကျွန်တော်ကပန်းချီဆရာပါ"

လူတစ်ယောက်ဟာ ဟိုတယ်တစ်ခုမှာ

အခန်းယူပြီး သူ့အခန်းထဲကို ၀င်တော့ အခန်းထဲမှာ ကွန်ပြူတာတစ်လုံးတွေ့တာနဲ့
သူအတော်ဝမ်းသာသွားတယ်။

ဒီတော့ သူ့မိန်းမဆီကို လှမ်းပြီး သတင်းပို့မှပဲဆိုပြီး
အီးမေးလ်တစ်စောင်ပို့လိုက်တယ်။

ဒါပေမယ့် သူ အီးမေးလ်လိပ်စာ မှားရေးလိုက်တာကို သူကိုယ်တိုင်တောင်မသိလိုက်ဘူး။

အဲဒီအီးမေးကို ပို့လိုက်မိ ပြီလေ။

အဲဒီအချိန် ....

ရန်ကုန်မြို့ရဲ့ တစ်နေရာမှာ မုဆိုးမတစ်ယောက်ဟာ သူ့ယောက်ျားရဲ့အသုဘ
ပို့ရာကနေ ပြန်ရောက်လာပြီး သူ့ကွန်ပြူတာမှာ အီးမေးလ်စစ်ဖို့
ပြင်ဆင်နေတယ်။ နိုင်ငံရပ်ခြားရောက်နေကြတဲ့ ဆွေမျိုးမိတ်ဆွေ
သူငယ်ချင်းတွေရဲ့ အားပေးစကားလေးတွေ ကြားရမလားလို့ အီးမေးလ်ကို
စစ်လိုက်တယ်။ ခဏအကြာမှာ အောင်မလေး လို့အော်တဲ့အသံကြားရလို့ သူ့သားက
အပြေးလေးဝင်လာတော့

အမေလုပ်တဲ့လူက ကြမ်းပြင်မှာ ပက်လက်လန်ပြီး မေ့နေပြီ။

ဒါနဲ့ ကွန်ပြူတာကို ကြည့်လိုက်တော့ မော်နီတာ စကရင်မှာ ပေါ်နေတာက


သို့ ... ချစ်ဇနီး
အကြောင်းအရာ ။ ။ ကိုယ်ရောက်ပါပြီ
နေ့စွဲ ။ ။ ၂၁ ရက် အောက်တိုဘာလ ၂၀၀၇
မင်း ကိုယ့်ဆီက သတင်းကြားရရင် အတော်အံ့သြသွားမယ်ဆိုတာ ကိုယ်သိနေတယ်။
သူတို့ဆီမှာလည်း ကွန်ပြူတာရှိတယ်ကွ။ ကိုယ်ချစ်တဲ့သူတွေဆီကို
အီးမေးလ်ပို့ဖို့ ခွင့်ပြုထားတယ်လေ။ အခုပဲရောက်တယ်။ နေစရာလည်း
အဆင်ပြေပါတယ်။ မင်း မနက်ဖြန်လာရင် အဆင်ပြေအောင်
ကိုယ်အားလုံးစီစဉ်ပြီးပါပြီ။ ကိုယ်ကိုယ်တိုင် မင်းကိုလာကြိုပါ့မယ်။
မနက်ဖြန် တွေ့ကြတာပေါ့။
မင်းကိုချစ်တဲ့
မောင်....
Please wait for me.

Thanks,

အချစ်ဆိုတာကို အတိအကျ မသိပဲနဲ့ `ငါ မင်းကို ချစ်တယ်´ လို့ ပြောနေကြတဲ့ လူတွေ အားလုံးအတွက် စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်။

ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။ ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။

မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။

ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။
ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။

မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။

လူတိုင်း လိုလားအပ်တဲ့ အရာတစ်ခုမို့ သူ့ကို မင်းအနားမှာ ရှိစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ ပိုင်ဆိုင်ချင်စိတ်ပါ။

သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ ဆုပ်ကိုင်ထားလို့ မင်း သူ့အနားမှာ ရှိနေတာလား။
ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။

အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ မထိခိုက်စေချင်လို့ မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။

သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို ပုံအပ်လိုက်ချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ။

သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။

အတွေးထဲမှာ နေ့တိုင်းလိုလို သူ့တစ်ယောက်တည်းပဲ ရှိနေတယ်လို့ မင်း သူ့ကိုပြောသလား။
ဒါ အချစ် မဟုတ်ဘူး။ လိမ်နေတာ။

သူ့အတွက် ကိုယ့်ကြိုက်တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ၀န်မလေးဘူး မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ပေးကမ်း စွန့်ကြဲ ရဲတဲ့ စိတ်ဓါတ်ပါ။

သူ ၀မ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။
ဒါမှ အချစ်လေ။

သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား။
အဲဒါ အချစ်လေ။

မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ မြင်နိုင်ရဲ့လား။
ဒါမှ အချစ်လေ။

ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့ နှစ်ယောက်ကို လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။
ဒါဆို အချစ်လေ။

သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။
အဲဒါ အချစ်ပါ။

တခြားသူတွေကို စွဲဆောင်ဖို့ ကြိုးစားပေမယ့် သူ့ကိုပဲ အကြောင်းပြချက်မရှိဘဲ သစ္စာရှိရှိနဲ့ အတူ လက်တွဲနေသလား။
ဒါဆို အချစ်လေ။

မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့ မင်းရဲ့ ဘ၀ကို သူ့ကို ပေးဖို့ ၀န်မလေးဘူးလေ။
ဒါဟာ အချစ်ပဲပေါ့။

Friday, November 28, 2008

ချစ်သူသက်တမ်းခြောက်လပြည့်မို အရင်နေ့တွေထက်ပိုပြီး သတိရနေမိမှာ စိုးတာကြောင့် စုငယ် အိပ်ရာစောစော
ဝင်ခဲ့ပေမရ် အခုတော့ မနက်မိုးလင်းခဲပါပြီ။ ဘရ်တတ်နိုင်မလဲနော်။ မည်သူမပြု မိမိမှုပေါ့။ စစ်သား တစ်ယောက်ရဲ့
ဘ၀ကို ချစ်သူတစ်ယောက်အနေနဲ့ စုငယ်နားလည်းပေးရမရ်။ စစ်သားတစ်ယောက်ရဲ ပါရမီဖြည့်ဘက်အဖြစ် ဂုဏ်ယူတတ်အောင် စုငယ်လေကျင့်ထားရမရ်။ အေးအတူ ပူအမျှ ခံစားနိုင်အောင် စုငယ် အားမွေးထားရမရ်။ ဒါပေမရ့် စုငယ်ရရ် ... အဲဒီအတွက် ချစ်သူမျက်နှာလေးကိုတော့ အားအင်အဖြစ် မြင်စမ်းချင်ပါရဲ့။
ညက အိပ်ရေးပျက်ထားတာကြောင့် ရုံးမသွားခင် ဘီစစ်တစ်လုံး သောက်လိုက်ပြီး ထမင်းချိုင့်ကိုဆွဲလို့ အိမ်ပေါ်က ဆင်းလိုက်တရ်။ အိပ်အ၀အရောက် နားထဲကို ကလင် ...ကလင် ဆိုပြီး မြည်လာတဲ့ ဖုန်းသံကြောင့် ခြေလှမ်းတွေ တုံကနဲ့ ရပ်သွားပြီး နားစွင့်လိုက်မိတရ်း။
"စုငယ်ရေ..... သမီးဖုန်းလာတရ်... မသွားနဲ့ဦး.....။"
မေမေအသံကို ကြားတော့ အပြေးတစ်ပိုင်း အိမ်ပေါ်ကို ပြေးတတ်ခဲ့မိတရ်။ ခုနက မူးချင်ချင်ဖြစ်နေတာတွေ ဘရ်ရောက်သွားပါလိမ့် ။ ပြီးတော့ ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ပဲ ဖုန်းကို ကသုတ်ကရက် ကောက်ကိုင်လိုက်
တရ်။
"ဟဲလို.... ဟဲလို"
"xxxxxxxxxxxxx-"
"မောင်ရရ် ...ဘရ်ရောက်နေတာလဲဟင် ... စုငယ်ကို အကြာကြီး မပစ်ထားပါနဲ့တော့၊ မောင်ကို တွေချင်တရ်..."
ပြောရင်းနဲ့ စုငယ်မထိန်းနိုင်တော့ပဲ ငိုချလိုက်မိပါတရ်။ စိတ်ထဲမှာ တင်းထားသမျှ ချစ်သူအသံ ကြားရတဲ့အခါ
အားကိုးစိတ်နဲ့ အတူ ၀မ်းနည်းသွားတတ်တာ မိန်းကလေးတွေရဲ့ မသိစိတ်မှာ ရှိနေတတ်တဲ့ အားငယ်မှုတစ်ခုပါပဲ
ဒါပေမရ့် ဒီတစ်ခါကြားရတဲ့ ဖုန်းသံဟာ စုငယ်အတွက်တော့ မင်္ဂလာသတင်းတစ်ခုပါ။ သူတပ်ပြောင်းရမရ်တဲ့
လေ။ အရင်လို အဝေးကြီးမှာ မနေရတော့ဘူးတဲ့။ မဟသိပ္ပံဘွဲအထိ ပညာသင်သွားခဲ့ရပြီး ပြန်လာခဲ့ရတဲ့ အတွက်
ပြင်ဦးလွင် စစ်တက္ကသိုလ်မှာ နည်းပြအဖြစ်နဲ့ ပြောင်းလဲ တာဝန်ထမ်းဆောင်ရမရ်တဲ့ ။ တစ်လောကလုံးမေ့သွား
လောက်အောင် စုငရ်ပျော်ပါတရ်။ ချစ်သူရ်။ ဘာပဲဖြစ်ဖြစ် အရင်လို ဝေးကွာနေမှာ မဟုတ်တော့တာတော့ သေချာပါတရ်။ သူခွင့်မရလည်း ဘာအရေးလဲနော်။ စုငယ်လိုက်သွားမှာပေါ့။ ယောကျာ်းတစ်ယောက်နောက်ကို
ကောက်ကောက်ပါအောင် မနေနိုင်မထိုင်နိုင်နဲ့ လိုက်သွားမှာမျိုးတော့ မဟုတ်ဘူးပေါ့။ စုငယ်ချစ်သူဟာ နှစ်ဆယ့်
လေးနာရီး တာဝန်ချိန်အပြည်ရှိနေတဲ့ စစ်သား တစ်ယောက်လေး။ ပျော်ရာမနေသာတဲ့ မင်းခယောကျာ်းတစ်
ယောက်ကို ချစ်ခဲ့တဲ့အတွက် ချစ်သူအနားမှာ နေနိုင်ဖို့ကြိုးစားရခြင်းတစ်ခုရရ်သာ။
ချစ်သူသာ အနားမှာရှိရင် ဘာတွေပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ မိန်းကလေးတစ်ယောက်အတွက် လုံခြုံပြီးသားပါ။ ချစ်သူအနားမှာသာ နေခွင့်ရမရ်ဆိုရင် ဆူးခင်းလမ်း မပြောနဲ့ မိုင်းတောထဲလည်း လျှောက်ရဲပါတရ်။ ကျည်ဆံ
တွေကြားလည်း ဖြတ်ရဲပါတရ်။ ဗုံးဆံတွေကြားလည်း ချစ်သူလက်ကို တွဲလို့ ရဲရဲ့ကြီး ဖြတ်ရဲပါတရ်။
ချစ်သူရဲ့ ချစ်ခြင်းမေတ္တာတစ်ခုတည်းသာ မိန်းကလေးတစ်ယောက်အတွက် အရာရာကို ကျော်ဖြတ်ရဲ့တဲ့ အားအင် သတ္တိပါ ချစ်သူရရ်။ ခွဲနေရတဲ့ အချိန်တွေမှာ ဘရ်လောက်လွမ်းရတရ်၊ ဆွေးရတရ်၊ ရင်မောရတရ်၊ အားငယ်ရတရ် ဆိုတာတွေကိုတော့ တွေတော့မှပဲ ရင်ခွင်ထဲမှာ ခေါင်းလေးဝှေ့လို့ အတိုးချပြီး ချွဲချွဲနွဲ့နွဲ့ ပြောပြ
ချင်တရ် ချစ်သူမောင် စစ်သားကြီးရရ်.............................................................. ။ ။


နေမင်းညို
(၂၉.၁၁.၂၀၀၈) မနက်(၄း၃၁)