Saturday, November 29, 2008

ဒီလိုအဖြစ်လေးတစ်ခု ရှိခဲ့ဖူးပါတယ်။ တစ်ခါက လူတစ်ဦးမှာ လိမ္မာပြီး
သခင်စကားနားထောင်တဲ့ ခွေးကလေးတစ်ကောင်ရှိတယ်။ တစ်နေ့မှာ ခွေးကလေးကို
ဘေးအိမ်ခွေးကြီးက ကိုက်ပစ်လိုက်တယ်။ ထိခိုက်ဒဏ်ရာ ရသွားတဲ့ ခွေးကလေးကို သခင်က
ဆေးထည့်ပေးဖို့ ပွေ့အချီမှာ မမျှော်လင့်ဘဲ လက်ကို လှမ်းကိုက်ခံလိုက်ရတယ်။ သခင်က
စိတ်မဆိုးတဲ့အပြင် "ကျွန်တော့်ကို လှမ်းကိုက်တာ သူဒဏ်ရာ ရထားလို့ပါ" လို့
ပြောခဲ့တယ်။

ဒါဟာ ဒဏ်ရာရနေတဲ့ ခွေးတစ်ကောင်ရဲ့ ပင်ကိုယ်တုန့်ပြန်မှုဖြစ်တယ်။ သခင်ကို
လှမ်းကိုက်တာက မုန်းလို့မဟုတ်ဘဲ ဒဏ်ရာရနေတဲ့ ကိုယ့်ကို နောက်ထပ်အနာတရ
မဖြစ်အောင် ကာကွယ်လိုက်တာပဲဖြစ်တယ်။ ဒါကို သခင်က နားမလည်ခဲ့ရင် သခင့်ကိုတောင်
ကိုက်တဲ့ခွေးဆိုပြီး ခွေးကလေးအပေါ် စိတ်ဆိုးဒေါသ ထွက်မိလိမ့်မယ်။
စိတ်ဆိုးဒေါသရဲ့ နောက်ကွယ်မှာ ဒဏ်ရာရနေတဲ့ ခွေးကလေးကို သခင်က တစ်ခုခုထပ်
လုပ်မိမှာ အမှန်ပါပဲ။

နောက်အဖြစ်တစ်ခုက ဒီလိုဆိုပါတယ်။

ရုံးဆင်းပြန်လာတဲ့ ဖခင်တစ်ဦးဟာ အိမ်ထဲဝင်လိုက်တာနဲ့ ဧည့်ခန်းတစ်ခုလုံးကို
ကစားစရာတွေနဲ့ ရှုပ်ပွအောင် ဆော့ကစားနေတဲ့ သားကိုတွေ့လိုက်တယ်။ ဖခင်ဟာ သားကို
ဘာအကျိုးအကြောင်းမှ ပြောမနေဘဲ ဒေါသတကြီး သားကို ဆူတော့တယ်။ ထက်မြက်တဲ့သားက
ဘာမှပြန်မပြောဘဲ ပစ္စည်းတွေကိုသိမ်း လက်ကို စင်ကြယ်အောင် ဆေးပြီးမှ ဖခင်ကို
ပွေ့ဖက်ပြီး "ဖေဖေ... ဒီနေ့အလုပ်မှာ ဘဝင်မကျတာတွေ ဖေဖေကြုံခဲ့ရတယ် မဟုတ်လား?"
လို့ မေးလိုက်တယ်။

လိမ္မာတဲ့သားက ဖခင်ဒေါသထွက်ရတာဟာ သူတစ်ယောက်တည်းကြောင့် မဟုတ်ဘဲ ဖခင်စိတ်ထဲမှာ
နဂိုကတည်း တစ်ခုခု ထိခိုက်ခံထားရလို့၊ မကျေနပ်လို့ ဆိုတာကို သဘောပေါက်
နားလည်လိုက်တယ်။

ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာလည်း ဒီလိုအဖြစ်မျိုးတွေ မကြာခဏ
ကြုံဖူးကြမယ်ထင်ပါတယ်။ ဥပမာ...

ကျောင်းဆင်းပြန်လာတဲ့ ကလေးငယ်တစ်ယောက် ဒေါသတကြီးနဲ့ လွယ်အိတ်ကို ခုံပေါ်
ပစ်တင်လိုက်တယ်။ "ဘာဖြစ်လာသလဲ?" လို့ သူ့ကိုမေးရင် "မေမေနဲ့ မဆိုင်ပါဘူး၊ ဟာ...
သိပ်ရှုပ်တာပဲ" စတာတွေနဲ့ ကိုယ့်ကို ပြန်အော်တတ်သလိုမျိုး

" ဒီည ဘာဟင်းစားချင်သလဲ" လို့ ကြင်ကြင်နာနာနဲ့ မေးလာတဲ့ ဇနီးကို လင်ယောက်ျားက
"မင်းနဲ့ငါ ယူတာ ဒီလောက်ကြာနေပြီ။ ငါဘာကြိုက်တယ်ဆိုတာ မင်းမသိဘူးလားကွ" လို့
ပြန်အော်တတ်သလိုမျိုး

ဧည့်ခန်းမှာ ကလေးငယ်ကို ပွေ့ပြီး မျက်နှာရှစ်ခေါက်ချိုးနဲ့ ထိုင်နေတဲ့ ဇနီးကို
ရုံးဆင်းပြန်လာတဲ့ လင်ယောက်ျားက "နေမကောင်းလို့လား?" လို့ ဂရုတစိုက်နဲ့
မေးတဲ့အမေးကို "ရှင် ဘာဖြစ်လို့ အခုမှ ပြန်လာရသလဲ?" လို့ အော်ငေါက်သလိုမျိုး

အထက်က အဖြစ်အပျက်မျိုးတွေမှာ ဂရုတစိုက်မေးတဲ့ကိုယ့်ကို ပြန်အော်တယ်ဆိုပြီး
ကျွန်တော်တို့လည်း စိတ်ဆိုးဒေါသထွက်ကြမှာပဲ။ အဲဒီနောက် အပြန်အလှန် အော်ဟစ်တာ၊
ကျိန်ဆဲတာတွေ ဖြစ်လာတော့မယ်။ ဒါမှမဟုတ် မခေါ်မပြောတဲ့ သွေးအေးစစ်ပွဲတွေ
စတော့မယ်။

တကယ်လို့ သူငါ့ကို ပြန်အော်တာ အပြင်မှာ၊ တစ်နေရာရာမှာ သူဘဝင်မကျခဲ့လို့၊
ထိခိုက်ခဲ့လို့၊ စိတ်ဒဏ်ရာရခဲ့လို့၊ အနိုင်ကျင့်ခံခဲ့ရလို့လို့ ဖြေတွေးခဲ့ရင်
ပြဿနာတစ်ခုက ရိုးရိုးရှင်းရှင်းနဲ့ ပြီးသွားနိုင်ပါတယ်။

စိတ်ဒဏ်ရာရနေတဲ့ လူတစ်ယောက်ကို ကျွန်တော်တို့ ဘယ်လိုဆက်ဆံမလဲ? သူဟာ
တစ်ခြားသူရဲ့နားလည်မှု၊ လက်ခံနိုင်မှုတွေကို လိုအပ်နေသူဖြစ်တယ်။

ဒေါသတကြီးနဲ့ လွယ်အိတ်ကို ခုံပေါ်ပစ်တင်တဲ့ ကလေးငယ်ကို "သား ကျောင်းမှာ
တစ်ခုခုဖြစ်ခဲ့ပြီမဟုတ်လား.. လာ..လာ.. ဘာတွေဖြစ်ခဲ့လဲ မေမေ့ကိုပြောပြ"

ဒေါသထွက်တဲ့ လင်ယောက်ျားကို ဇနီးက "ဘာတွေ မကျေမနပ်ဖြစ်နေတာလဲ? ကျွန်မကလွဲရင်
ရှင့်ကို စိတ်ဆိုးအောင် ဘယ်သူလုပ်နိုင်သလဲ?"

မျက်နှာရှစ်ခေါက်ချိုးနဲ့ ဇနီးကို "တစ်နေ့ကုန် ကလေးထိန်းနေရတာ ပင်ပန်းနေပြီလား?
အိမ်အလုပ်တစ်ခုခု ကိုယ်ဘာများကူညီရမလဲ?" စတဲ့စကားတွေက စိတ်ဆိုးဒေါသထွက်နေသူရဲ့
စိတ်ကို အနည်းအများတော့ ပြောင်းလဲစေမှာ အမှန်ပါပဲ။ တစ်ပါးသူရဲ့ နားလည်မှု၊
လက်ခံမှုကိုရရှိပြီးနောက် ဒေါသတကြီး ထွက်ဆိုခဲ့မိတဲ့ သူတို့စကားတွေအတွက် သူတို့
အားတုန့်အားနာ ဖြစ်နေမိမှာ သေချာပါတယ်။
အားလုံးပဲအဆင်ပြေ ချစ်ခင်နိုင်ကျပါစေဗျာ....
နေမင်းညို

လောကကြီး၏ လိုအပ်မှုကြောင့် ဘုရားသခင်သည် ယောက်ျားကို ဖန်ဆင်းသည်။
ယောက်ျား၏ လိုအပ်မှုကြောင့် ဘုရားသခင်သည် မိန်းမကို ဖန်ဆင်းသည်။

ယောက်ျားလေးက မိန်းကလေးကို ချစ်မိလျှင် ကဗျာများရေးဖွဲ့ တတ်၏။
မိန်းကလေးက ယောက်ျားလေးကို ချစ်မိလျှင် စိတ်ကူးယဉ် အိပ်မက်မက်တတ်၏။

မိန်းကလေး၏ အကောင်းဆုံး ကိုယ်ပိုင် အရည်အချင်းမှာ ချွဲနွဲ့ခြင်းဖြစ်ပြီး
ယောက်ျားလေး၏ အရည်အချင်းမှာ လိမ်ညာခြင်း ဖြစ်သည်။

မိန်းကလေးအတွက် ကံကောင်းခြင်းမှာ "သူ ငါ့ကို တကယ်ချစ်ရှာသည်"ဟု
ယုံကြည်ခြင်းဖြစ်ပြီး ယောက်ျားလေးအတွက် ကံကောင်းခြင်းမှာ "သူ့ကို ချစ်ရတာ
ထိုက်တန်သည်" ဟု ထင်မြင်ခြင်း ဖြစ်သည်။

မိန်းကလေးတွင် ပြေပြစ်သော ရုပ်ရည်ရှိသင့်ပြီး ယောက်ျားလေးတွင်
ပြည့်စုံသော ဓနဥစ္စာရှိသင့်သည်။

မိန်းကလေးက ယောက်ျားလေးကို နမ်းခြင်းသည် စိတ်ကြည်နူးမှုဖြစ်ပြီး
ယောက်ျားလေးက မိန်းကလေးကို နမ်းခြင်းသည် တဏှာ ဖြစ်သည်။

မိန်းကလေးများ ထွက်ပေါက်ရှာလျှင် အိမ်ထောင် ပြုတတ်ကြပြီး
ယောက်ျားလေးများ ထွက်ပေါက်ရှာလျှင် ကွာရှင်းတတ်ကြသည်။

ပါးနပ်ထက်မြက်သော မိန်းကလေးများက သူ့ချစ်ကိုရှာပြီး အိမ်ထောင်ပြုတတ်ကြ၏။
တုံးအသော မိန်းကလေးများက ကိုယ့်ချစ်ကိုရှာပြီး အိမ်ထောင် ပြုတတ်ကြသည်။

ရည်းစားဖြစ်ချိန်တွင် ယောက်ျားလေးများသည် မိန်းကလေးများကို ကြင်နာတတ်ပြီး
အိမ်ထောင်ပြုပြီးချိန်တွင် ရက်စက်တတ်ကြသည်။

မိန်းမငယ်များသည် မျက်လုံးဖြင့် ယောက်ျားများကို ညို့စား တတ်ပြီး
မိန်းမကြီးများသည် မျက်ရည်များဖြင့် လှည့်စားတတ်သည်။

မိန်းကလေးများအတွက် ကျမ်းကျိန်ဆိုသော ယောက်ျားသည် ရယ်စရာကောင်း၍ ဥစ္စာ
ပစ္စည်းအရှာ တော်သော ယောက်ျားသည် ချစ်စရာကောင်းသည်။

ယောက်ျားလေးက ကွာရှင်းဖို့ စကားကမ်းလှမ်းခြင်းသည် မိန်းမကို
စိတ်ကုန်လာခြင်းဖြစ်ပြီး မိန်းကလေးက ကွာရှင်းဖို့ စကား ကမ်းလှမ်းခြင်းသည်
ယောက်ျားက သူ့ကိုမချစ်မှန်း သိလာခြင်းဖြစ်သည်။

မိန်းကလေးများ ယောက်ျားမယူဘဲ အပျိုကြီးအဖြစ် နေလျှင် နာတာရှည် ရှိသည်ဟု
ထင်ကြပြီး ယောက်ျားလေးများ မိန်းမ မယူဘဲ လူပျိုကြီး အဖြစ်နေလျှင်
စီးပွားလုပ်ငန်း ဖြင့် မအားလပ်ဟု ထင်ကြသည်။ (တကယ်တမ်း
ဆိုရလျှင်.....မိန်းကလေးများ အပျိုကြီး ဖြစ်နေခြင်းသည်
ယောက်ျားကောင်းများ မရှိသောကြောင့်ဖြစ်ပြီး ယောက်ျားလေးများ လူပျိုကြီး
ဖြစ်နေခြင်းသည် မိန်းကလေးများက ပြန်မချစ်သောကြောင့်ဖြစ်သည်။ )

မိန်းကလေးများသည် လောင်းကြေးကို အချစ်တွင် ပုံအပ်တတ်ကြပြီး
ယောက်ျားလေးများသည် လောင်းကြေးကို လက်ထပ်ခြင်းတွင် ပုံအပ်တတ်ကြသည်။

မိန်းကလေးများသည် မပြေလည်သော အိမ်ထောင်ရေးကို ခံနိုင်ရည်ရှိသော်လည်း
မပြေလည်သော အချစ်ရေးတွင် ခံနိုင်ရည် မရှိကြ။

ယောက်ျားလေးများသည် မပြေလည်သော အချစ်ရေးကို ခံနိုင်ရည် ရှိသော်လည်း
မပြေလည်သော အိမ်ထောင်ရေးကို ကိုယ်လွတ်ရုန်းချင်ကြသည်။

မိန်းကလေးများ လွမ်းဆွေးအားငယ်နေလျှင် ၀မ်းနည်းစရာ အချစ်ဇာတ်လမ်း
ရှိခဲ့ဖူးသောကြောင့်ဖြစ်ပြီး ယောက်ျားလေးများ စိတ်ပျက် စိတ်ညစ်နေလျှင်
အဆင်မပြေသော အိမ်ထောင်ရေးကြောင့်ဖြစ်သည်။

မိန်းကလေးများ နောက်အိမ်ထောင် ပြုခြင်းသည် မှားယွင်းမှုကို ရှာခြင်းဖြစ်ပြီး
ယောကျာ်းလေးများ နောက်အိမ်ထောင်ပြုခြင်းသည် ကံစမ်းခြင်းသာ ဖြစ်သည်။

မိန်းကလေးများက သူသည် ထိုယောက်ျားလေး၏ နောက်ဆုံးတယောက်အဖြင့်
မျှော်လင့်တတ်ကြပြီး ယောက်ျားလေးများက သူသည် ထိုမိန်းကလေး၏
ပထမဆုံးတစ်ယောက်အဖြင့် မျှော်လင့်တတ်ကြသည်။

မိမိထက် များစွာ ငယ်ရွယ်သော မိန်းမတယောက်ကို လက်ထပ်ယူထားသည့် အသက် ၉၃ နှစ်အရွယ်ရှိ အဘိုးအိုတယောက်သည် သူ၏ ဆရာဝန်ထံ ရောက်လာပြီး သူတို့ကလေးရတော့မည့်အကြာာင်း ပြောပြလေသည်။
ထိုအခါ ဆရာဝန်က ပြန်ပြောပြသည်။
'ကျွန်တော် ပုံပြင်ကလေးတပုဒ် ပြောပါရစေ၊ တခါတုန်းက အလွန်သတိမေ့တတ်တဲ့ လူတယောက်ဟာ အမဲလိုက်ထွက်ပါတယ်၊ သေနတ်ကို ယူရမယ့်အစား ထီးတလက်ပဲ ယူသွားပါတယ်၊ တောထဲမှာ ဗြုန်းခနဲ ခြင်္သေ့တကောင်နဲ့ ပက်ပင်းတိုးမိတော့ သူက လက်ထဲမှာပါတဲ့ ထီးနဲ့ ထိုးချိန်လိုက်ပြီး ပစ်ချလိုက်တယ်တဲ့၊ အဲဒီမှာ ခြင်္သေ့ကြီးလည်း တုန်းခနဲ လဲကျသေဆုံးသွားပါရော'
'ဟာ မဟုတ်တာကွ၊ လုံးဝကို မဖြစ်နိုင်ဘူး၊ တယောက်ယောက်က ဝင်ပြီး ပစ်လိုက်လို့ နေမှာပေါ့'
'အခုလဲ ဒီအတိုင်းပါပဲခင်ဗျား'

အေးချမ်းတဲ့ မြို့လေးတစ်မြို့မှာ တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့
ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွါ တစ်တွဲတွဲပဲ နေ့တိုင်း
ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။ သူတို့က
မြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။

ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန်
ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ ငြိမ်သက်စွာ
လဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီး
သူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး
ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ တဖြေးဖြေး
ကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင်
ခမ်းလုနီးနေပြီ။ ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေး
လက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။

ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့
ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီး
မျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။ ဘုရားသခင်က ကောင်လေးကို " ကောင်မလေးရဲ့
အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား" လို့ မေးတယ်။ ကောင်လေးက
တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။

"ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင် ပုစဉ်းဘ၀နဲ့
သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က မေးပြန်တယ်။
ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။

မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။
ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။ လူနာခန်းထဲ ၀င်ကြည့်တော့
ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။
သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့
ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။
နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။ ကောင်လေး
ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့
ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။
ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။

ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။
ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေကုန်တယ်။ ပုစဉ်း
ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့
ပုခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့
ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့
ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ်
ထပျံလာခဲ့တယ်။

မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့
ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့
သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကို
သူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တ၀က်တပျက်မှာ
အရပ်တန့်ခံလိုက်ရတယ်။

လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊
ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊
သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘ၀က အရင်လို
ပျော်ရွှင်ချမ်းမြေ့ နေပြီဖြစ်တဲ့အကြောင်း ပြောသံတွေကို
ပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။ ဆရာဝန်ကောင်လေးနဲ့
ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမဲ့
တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏသွားနားတာကလွဲလို့ သူဘာမှ
မတတ်နိုင်ခဲ့ဘူး။

ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာ
ခါတိုင်းနွေထက် ပိုရှည်လျှားနေတယ်လို့ ထင်မိတယ်။ ကောင်မလေးနားမှာ
ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။
ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကို
အသက်ရှုကျပ်စေတယ်။

သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏ
သွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို ဆရာဝန်ကောင်လေးက
တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့
ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။ ပုစဉ်းရင်ကွဲတစ်ကောင်က
သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီး ကြည်နှုးနေတဲ့
သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကို
လုံးဝ သတိမေ့သွားခဲ့ပြီလေ။

သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာ
ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ
သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့
ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။
ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီး
နမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေ
စီးကျလာခဲ့တယ်။

"အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။
"နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။
"မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းက
ခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။
တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာက
ပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှ
မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့
ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်"

သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား....?
သင်ကော ပုစဉ်းလေးတစ်ကောင် ဖြစ်ခဲ့ဖူးသလား......?

ဟိုးရှေးရှေးတုန်းကပေါ့.......................
တစ်ခ်ါတုန်းက လူငယ်လေးတစ်ယောက်ဟာ အရာရာကိုဖန်ဆင်းနိုင်တဲ့ ဖန်ဆင်းရှင်နဲ့ တွေ့ဆုံခဲ့တယ်
ဖန်ဆင်းရှင်က "မင်းက ကံထူးတဲ့ သူမို့လို့ ငါနဲ့တွေ့ဆုံခဲ့ပြီ။ အဲ့ဒီတော့ မင်းကိုငါက ဆုသုံးခု
တောင်းခွင့် ပေးမယ်။ မင်းလိုရာကိုဆုတောင်းတော့။"
အဲ့ဒီတော့ လူငယ်လေးက မဆိုင်းမတွဘဲ ပထမဆုကို တောင်းလိုက်တယ်။
"ကျွန်တော့်ကို ချစ်သူရဲ့ အနီးဆုံး နေရာမှာနေခွင့်ပေးပါ"
ဖန်ဆင်းရှင်က"ကောင်းပြီ ဒုတိယ ဆုတောင်းကိုပြော"
ဒီတစ်ခါ လူငယ်ပြောလိုက်တာက"ကျွန်တော့ကိုချစ်သူရဲ့ အဝေးဆုံးမှာ နေခွင့်ပေးပါ။"
ဖန်ဆင်းရှင်က မျက်မှောင်ကျူတ်သွားပြီး မေးလိုက်တယ်။
"မောင်မင်းက ချစ်သူနဲ့ နီးလိုက်ဝေးလိုက်နဲ့ ဆိုတော့ ငါက ဘာကိုဖြည့်ဆီးပေးရမှာလဲ"
အဲ့ဒီတော့ လူငယ်လေးက ပြန်ပြောတယ်။
"ဒီလိုပါ ကျွန်တော့်ချစ်သူက ကျွန်တော့်ကို အလိုရှိတဲ့အခါ သူ့ရဲ့ အနီးဆုံးမှာ ခစားပြီးတော့
သူ့ကို ကူညီအားပေးချင်ပါတယ်၊အဲ့ဒါကြောင့် အနီးဆုံးမှာ နေချင်တယ်လို့ ဆုတောင်းတာပါ။
သူကျွန်တော့်ကို မမြင်ချင်တဲ့ အခါကျရင်လည်း သူမမြင်အောင်လို့ အဝေးဆုံးမှာ နေချင်တာပါ၊ "
အဲ့ဒီတော့ ဖန်ဆင်းရှင်က "ကောင်းပြီ ။မောင်မင်း သင့်ရဲ့တတိယဆုတောင်းကို တောင်းပေတော့။"
လူငယ်က ခဏ စဉ်းစားလိုက်ပြီး "ကျွန်တော့အတွက် ချစ်သူက လိုအပ်တဲ့အချိန် အနီးအနားမှာရှိနေပြီး
သူမကျွန်တော့်ကို မမြင်ချင်တဲ့အချိန် အဝေးဆုံးမှာ ရှိနေမယ်ဆိုရင် တတိယဆုတောင်းဆိုတာ
ဘယ်တော့မှ မလိုအပ်တော့ပါဘူး" တဲ့၊
ကဲ.........သူငယ်ချင်းတို့ကော တတိယဆုတောင်းရှိအုန်းမလား.....

တခါက အိမ်ရှင်မတဦးသည် အိမ်ရှေ့တွင် မုတ်ဆိတ်ဖြူနှင့် အဘိုးအိုသုံးဦး
ထိုင်နေသည်ကို တွေ့လိုက်မိသည်။ ထိုအဘိုးအိုများကို သူမသိပေ။

"အဘိုးတို့ကို ကျွန်မ မသိဘူး။ဒါပေမဲ့ အဘိုးတို့ ဆာနေလောက်မယ်ထင်တယ်။
အိမ်ထဲဝင်ပြီး တခုခု သုံးဆောင်ပါဦးလား" ဟု သူမ လောကွတ်ပြုသည်။

"အိမ်ရှင်ယောက်ျားရှိနေလား" အဘိုးအိုက မေးသည်။

"မရှိဘူး...အပြင်သွားလိုက်တယ်"
"ဒါဆို အဘိုးတို့ အိမ်ထဲကို ၀င်လို့မရသေးဘူး"

ညနေ လင်ယောက်ျား ပြန်လာသောအခါ အိမ်ရှင်မက အကြောင်းစုံကို ပြောပြလိုက်သည်။
"ကိုယ်အိမ်ရောက်နေပြီပဲ...သူတို့ကို ပြန်သွားဖိတ်လိုက်ပါဦး"

အိမ်ရှင်မက အဘိုးအို သုံးဦးအား အိမ်ထဲဝင်ခဲ့ဖို့ ဖိတ်ခေါ်ပြန်သည်။
"အဘိုးတို့ သုံးယောက်စလုံး အိမ်တအိမ်ထဲကို ပြိုင်တူဝင်လို့ မရဘူး"
"ဘာဖြစ်လို့လဲ...အဘိုး" အိမ်ရှင်မက တအံတသြနှင့် မေးသည်။
"သူ့နာမည်က ဓနဥစ္စာတဲ့" အဘိုးအိုတဦးက အခြားတဦးကို ထိုးပြပြီးပြောသည်။
ဆက်၍ "သူကတော့ အောင်မြင်ခြင်း၊ အဘိုးက ချစ်ခြင်းမေတ္တာ၊ အိမ်ထဲကို
ဘယ်သူအရင် ၀င်ရမလဲဆိုတာ တူမလေးယောက်ျားနဲ့ အရင်
သွားတိုင်ပင်ကြည့်လိုက်ဦး"

အိမ်ရှင်မမှာ အိမ်ထဲဝင်ပြီး လင်ယောက်ျားကို အကြောင်းစုံ ပြောပြပြန်သည်။
"အော်.. ဒီလိုကိုး... ဒါဆိုရင် ဓနဥစ္စာကို အရင်ဆုံးဖိတ်လိုက်ရအောင်"

"ဘာဖြစ်လို့ အောင်မြင်ခြင်းကို အရင်မဖိတ်တာလဲ" အိမ်ရှင်မက အတွန့်တက်သည်။

"ချစ်ခြင်းမေတ္တာကို အရင်ဆုံး ဖိတ်လိုက်ရင် မကောင်းဘူးလား"
ထောင့်တနေရာတွင် ထိုင်ပြီး သူတို့ပြောသော စကားကို နားထောင်နေသည့်
ချွေးမဖြစ်သူက အကြံပြုသည်။

"အင်း....ကောင်းတယ်။ ချစ်ခြင်းမေတ္တာကို အရင်ဖိတ်မယ်" ချွေးမ၏ အကြံကို
သူတို့ထောက်ခံလိုက်ကြသည်။ "ချစ်ခြင်းမေတ္တာကို အရင်ဖိတ်ပါတယ်။ အိမ်ထဲကို
ကြွပါ" အိမ်ရှင်မက ဖိတ်ခေါ်လိုက်သည်။ ချစ်ခြင်းမေတ္တာဟုသော အဘိုးအိုက
အိမ်ထဲဝင်သည်နှင့် ကျန်အဘိုးအို နှစ်ဦးက လိုက်ဝင်လာသည်။

" သုံးယောက်လုံး ပြိုင်တူဝင်လို့ မရဘူးဆို ကျွန်မက သူ့ကိုပဲ
အရင်ဖိတ်လိုက်တာ။ အဘိုးတို့က ဘာလို့ လိုက်ဝင်လာရသလဲ"

"တကယ်လို့ တူမက ဥစ္စာဓန သို့မဟုတ် အောင်မြင်မူကို အရင်ဖိတ်ရင်
ကျန်တဲ့နှစ်ဦးက လိုက်ဝင်လို့မရဘူး။ ချစ်ခြင်းမေတ္တာကို အရင်ဖိတ်မယ်ဆိုရင်
သူဘယ်ကိုသွားသွား ကျန်တဲ့နှစ်ဦးက လိုက်ကိုလိုက်ရတယ်။ ဘယ်နေရာမှာဖြစ်ဖြစ်
ချစ်ခြင်းမေတ္တာဆိုတာ ရှိရင် ဥစ္စာဓနနဲ့ အောင်မြင်မူ ဆိုတာလည်း ရှိမှာပဲ"
အဘိုးအို တဦးက ရှင်းပြသည်။

သူတို့နေရာမှာ သင်သာဆိုရင် ဘယ်သူ့ကို အရင်ဆုံးဖိတ်မလဲ.....

ကောင်မလေး နှင့် ကောင်လေး တို့သည် လမ်းပေါ်တွင် ၁နာရီမိုင်၁၀၀နှုန်း ဖြင့် ဆိုင်ကယ်စီးလာကြသည်...

ကောင်မလေး ။ဖြည်းဖြည်းမောင်းပါဟာ ငါကြောက်လာပြီ၊
ကောင်လေး ။ ပျော်စရာကောင်းပါတယ်၊
ကောင်မလေး ။မကောင်းပါဘူး ငါတကယ်ကြောက်လာပြီ၊
ကောင်လေး ။အဲဒါဆိုရင် ငါကိုချစ်တယ် လို့ပြော၊
ကောင်မလေး ။အင်း ငါ နင့်ကို ချစ်တယ်။ အရှိန်ရှော့တော့နော်၊
ကောင်လေး ။အခု ငါ့ကို နောက် ကနေ ခပ်တင်းတင်း ဖက်ထားပေး
ကောင်မလေးက နောက်မှ ကြင်နာမှု များဖြင့်ဖက်လိုက် သည်။
ကောင်လေး ။ နင် ငါ့ဦးထုပ် ကို ယူဆောင်း လိုက်ပါလား၊ ငါ အဲဒီဟာ ကြီး ဆောင်းရတာ ယားလာပြီ...


နောက်နေ့သတင်းစာထဲတွင် မော်တော်ဆိုက်ကယ်တစ်စီး ဘရိတ်မကောင်းမှု ကြောင့် အဆောက်အဦထဲ သို့ဝင် တိုက်မိကြောင်း၊ ထိုဆိုက်ကယ်ပေါ်တွင် လူနှစ်ဦး ပါရှိကြောင်း၊ သို့သော် တစ်ဦး သာ အသက်ရှင် ကျန်ရှိ ကြောင်း ပါ လာသည်။

အမှန်မှာ လမ်းတစ်ဝက်ကတည်းက ကောင်လေးသည် ဘရိတ်ပေါက်နေသည် ကို သိပေသည်၊ သို့သော်
သူ့ကောင်မလေး အားမသိစေချင်ခဲ့၊ ထို့အပြင် ကောင်မလေး ထံမှ ချစ်တယ် ဟူသော စကား နှင့် ယုယ မှု များကို နောက်ဆုံးအကြိမ်ခံယူ သွားကာ မိမိသေခဲ့လျှင်ပင်ကောင်မလေး အသက်ရှင်နိုင်ရန်ု ကောင်မလေး အား သူ့ဦးထုပ်ကို ဆောင်းစေခဲ့သည်။

အကယ်၍သင့်ဘဝတွင် ဤမျှ လောက်ချစ်ရမည့်သူ ရှိပါက ဤစာကို ပို့ပါ...
ဤစာကို သင့်၏ ခင်မင်သော သူငယ်ချင်းများအား ပို့ခြင်း အားဖြင့် သူတို့အား သင်တကယ်ခင်မင်ကြောင်းပြပါ။

ပို့ပြီးပါက သင်ချစ်ခင်မြတ်နိုးရသော၊ တစ်စုံတစ်ယောက်သောသူနှင့် သင်ဖြစ်လိုသောဆန္ဒကို ဆုတောင်းပါ။

သင်ပို့သောသူငယ်ချင်းများလေလေ
သင်၏ဆုတောင်းမြန်မြန်ပြည့်ပေမည်။

တစ်ခါက သင်ခန်းတခုမှာ ဆရာက ကျောင်းသားတွေကို ပြောတယ်။
၅၀ဒေါ်လာတန်ကို လိုချင်တဲ့လူတွေ လက်ထောင်လို့ပြောလိုက်တယ်။
အားလုံးနည်းပါး ထောင်ကျတယ်.။
အလကားပေးမှာနော်လို့ထပ်ပြောလိုက်တယ်။ ကျောင်းသားတွေကလည်း
လိုချင်ကြတာပေါ့ အဲဒီလိုပြောပြီး
ဟုတ်ပြီ ကဲမပေးခင် တခုလောက်လုပ်ပါရစေ ...
ပြောပြောဆိုဆိုနဲ့ ငွေကို လုံးချေလိုက်တယ်။ ပြီးတော့မေးလိုက်ပြန်တယ်။
ကဲ တွန့်ကြေသွားပြီ
လိုချင်တဲ့လူရှိသေးလား..ကျောင်းသားတွေလည်း ဆက်ပြီးလက်ထောင်ကျတယ် ။
ကောင်းပြီဒါဆို ဟောသလို ထပ်လုပ်မယ်ကွာ .....စကားအဆုံးမှာ
သူ့ဖိနပ်နဲ့ ကြမ်းပြင်ပေါ်ကို နင်းချေလိုက်တယ်။ အဲ့ဒီအခါမှာတော့ ၅၀တန်လေးက
နွမ်းရုံမက ဘူး ညစ်ပတ်သွားပါတယ် ။
ကဲလိုချင် ကြသေးလား အရေအတွက်က လျော့မသွားပါဘူး။
ပိုတောင်တိုးနေသေးတယ် ။
အဲ့ဒီအခါမှာ ဆရာက ပြောလိုက်တယ် ဒါဟာ အင်မတန့်ကို
အဖိုးတန်တဲ့ သင်ခန်းစာပါပဲ။ သည်၅၀တန်လေးကို ဆရာဘာပဲ လုပ်လုပ် မင်းတို့
လိုချင်ကြတယ်နော် ။ ဘာလို့လဲ ဆရာဘာပဲလုပ်လိုက်လုပ်လိုက် ၅၀တန်ရဲ့
တန်ဖိုးက လျော့မသွားလို့ပါပဲ ......
ဆရာတို့ ဘ၀မှာလည်း ကိုယ်တိုင်ချမိသွားတဲ့
ဆုံးဖြတ်ချက်တွေကြောင့် ဖြစ်ဖြစ်၊ အခြေနေအမျိုးမျိုးကြောင့်ပဲ ဖြစ်ဖြစ်
အကြိမ်ပေါင်းများစွာ အချေခံကြရပါလိမ့်မယ်။ အဲ့လိုအချိန်မျိုးတွေမှာ
ဆရာတို့တွေဟာ ကိုယ့်ကိုကိုယ်စိတ်ပျက်ပြီး တန်ဖိုးမရှိတဲ့သူလို့
တွေးမိတဲ့အခါတွေလည်း ရှိပါတယ်...
ဒါပေမယ့် တပည့်တို့ ဘာတွေပဲဖြစ်ဖြစ် ဘာတွေပဲဖြစ်လာဖြစ်လာ
တစ်ဦးချင်းစီ ရဲ့ ကိုယ်ပိုင်တန်ဖိုးကတော့ လျော့ကျသွားမှာ မဟုတ်ပါဘူး
ညစ်ပေနေတာပဲဖြစ်ဖြစ်၊ သန့်ရှင်းနေတာပဲဖြစ်ဖြစ်
တွန့်ကြေနေလို့ ပဲ နေနေ ကော့ပျံပြီးပဲရှိရှိ လူဟာလူပါပဲ။ ဘ၀ရဲ့တန်ဖိုးကို
ဘာတွေလုပ်တယ် ဘာတွေသိတယ် ဘာတွေပိုင်တယ် ဆိုတာတွေနဲ့ ဆုံးဖြတ်ပေးနေတာ
မဟုတ်ပါဘူး။ ကိုယ့်တန်ဖိုးကို သိနေတဲ့ လူတွေအတွက်တော့
ကိုဟာအမြဲတန်ဖိုးရှိနေမှာပဲ။ ။

" ဘာကိုကြည့်ကြည့်နှစ်ခုဖြစ်နေလို့ဆရာ၊အမြန်ဆုံးပျောက်အောင်ကုပေးစမ်းပါ "
" ယူပစ်လိုက်သလိုတော့မပျောက်နိုင်ဘူးလေ၊မျက်စဉ်းခတ်၊စားဆေးစား၊တစ်ပတ်ဆယ်ရက်တော့ကြာမှာပေါ့ "
" မြန်မှဖြစ်မယ်ဆရာ၊ကျွန်တော်နှစ်ခု နှစ်ခု မြင်နေရတဲ့အတွက်အကြောက်လွန်ပြီးဒုက်ခရောက်မှာကြောင့်ပါ။ အိမ်မှာယောက်ခမကြီးရောက်နေလို့ "

" ဆရာ..ကျွန်မမှာဘာအားနည်းချက်ရှိလို့လဲ၊ ကျွန်မယောကျာ်းက မင်းကိုငါတော်တော်စိတ်ပျက်နေပြီ။ မင်းဆရာဝန်နဲ့ပြကြည့်ဖို့သင့်တယ်လို့ပြောပြောနေလို့"
" ခင်ဗျားမှာပြုပြင်သင့်တာသုံးခုရှိတယ်"
" ပြောပါဆရာ"
" ပထမပြုပြင်ရမှာကခင်ဗျားရဲ့body ပဲ။ပေါင်၅၀လောက်ထိလျှော့ချဖို့လိုတယ်။ဒုတိယပြုပြင်ရမှာကအပေါစားမိတ်ကပ်တွေကိုအလွန်အကျွန်လိမ်းပြီး၊အပေါစားနှုတ်ခမ်းနီကိုထူပိန်းနေ အောင်မဆိုးပါနဲ့။တတိယပြုပြင်ရမှာက အဓိကအားနည်းနေတဲ့ ခင်ဗျားရဲ့မျက်စိပဲ။ဆရာဝန်ရဲ့အခန်းကဟိုဘက်အခန်း။ကျွန်တော်ကပန်းချီဆရာပါ"

လူတစ်ယောက်ဟာ ဟိုတယ်တစ်ခုမှာ

အခန်းယူပြီး သူ့အခန်းထဲကို ၀င်တော့ အခန်းထဲမှာ ကွန်ပြူတာတစ်လုံးတွေ့တာနဲ့
သူအတော်ဝမ်းသာသွားတယ်။

ဒီတော့ သူ့မိန်းမဆီကို လှမ်းပြီး သတင်းပို့မှပဲဆိုပြီး
အီးမေးလ်တစ်စောင်ပို့လိုက်တယ်။

ဒါပေမယ့် သူ အီးမေးလ်လိပ်စာ မှားရေးလိုက်တာကို သူကိုယ်တိုင်တောင်မသိလိုက်ဘူး။

အဲဒီအီးမေးကို ပို့လိုက်မိ ပြီလေ။

အဲဒီအချိန် ....

ရန်ကုန်မြို့ရဲ့ တစ်နေရာမှာ မုဆိုးမတစ်ယောက်ဟာ သူ့ယောက်ျားရဲ့အသုဘ
ပို့ရာကနေ ပြန်ရောက်လာပြီး သူ့ကွန်ပြူတာမှာ အီးမေးလ်စစ်ဖို့
ပြင်ဆင်နေတယ်။ နိုင်ငံရပ်ခြားရောက်နေကြတဲ့ ဆွေမျိုးမိတ်ဆွေ
သူငယ်ချင်းတွေရဲ့ အားပေးစကားလေးတွေ ကြားရမလားလို့ အီးမေးလ်ကို
စစ်လိုက်တယ်။ ခဏအကြာမှာ အောင်မလေး လို့အော်တဲ့အသံကြားရလို့ သူ့သားက
အပြေးလေးဝင်လာတော့

အမေလုပ်တဲ့လူက ကြမ်းပြင်မှာ ပက်လက်လန်ပြီး မေ့နေပြီ။

ဒါနဲ့ ကွန်ပြူတာကို ကြည့်လိုက်တော့ မော်နီတာ စကရင်မှာ ပေါ်နေတာက


သို့ ... ချစ်ဇနီး
အကြောင်းအရာ ။ ။ ကိုယ်ရောက်ပါပြီ
နေ့စွဲ ။ ။ ၂၁ ရက် အောက်တိုဘာလ ၂၀၀၇
မင်း ကိုယ့်ဆီက သတင်းကြားရရင် အတော်အံ့သြသွားမယ်ဆိုတာ ကိုယ်သိနေတယ်။
သူတို့ဆီမှာလည်း ကွန်ပြူတာရှိတယ်ကွ။ ကိုယ်ချစ်တဲ့သူတွေဆီကို
အီးမေးလ်ပို့ဖို့ ခွင့်ပြုထားတယ်လေ။ အခုပဲရောက်တယ်။ နေစရာလည်း
အဆင်ပြေပါတယ်။ မင်း မနက်ဖြန်လာရင် အဆင်ပြေအောင်
ကိုယ်အားလုံးစီစဉ်ပြီးပါပြီ။ ကိုယ်ကိုယ်တိုင် မင်းကိုလာကြိုပါ့မယ်။
မနက်ဖြန် တွေ့ကြတာပေါ့။
မင်းကိုချစ်တဲ့
မောင်....
Please wait for me.

Thanks,

အချစ်ဆိုတာကို အတိအကျ မသိပဲနဲ့ `ငါ မင်းကို ချစ်တယ်´ လို့ ပြောနေကြတဲ့ လူတွေ အားလုံးအတွက် စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်။

ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။ ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။

မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။

ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။
ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။

မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။

လူတိုင်း လိုလားအပ်တဲ့ အရာတစ်ခုမို့ သူ့ကို မင်းအနားမှာ ရှိစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ ပိုင်ဆိုင်ချင်စိတ်ပါ။

သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ ဆုပ်ကိုင်ထားလို့ မင်း သူ့အနားမှာ ရှိနေတာလား။
ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။

အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ မထိခိုက်စေချင်လို့ မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။

သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို ပုံအပ်လိုက်ချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ။

သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။

အတွေးထဲမှာ နေ့တိုင်းလိုလို သူ့တစ်ယောက်တည်းပဲ ရှိနေတယ်လို့ မင်း သူ့ကိုပြောသလား။
ဒါ အချစ် မဟုတ်ဘူး။ လိမ်နေတာ။

သူ့အတွက် ကိုယ့်ကြိုက်တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ၀န်မလေးဘူး မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ပေးကမ်း စွန့်ကြဲ ရဲတဲ့ စိတ်ဓါတ်ပါ။

သူ ၀မ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။
ဒါမှ အချစ်လေ။

သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား။
အဲဒါ အချစ်လေ။

မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ မြင်နိုင်ရဲ့လား။
ဒါမှ အချစ်လေ။

ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့ နှစ်ယောက်ကို လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။
ဒါဆို အချစ်လေ။

သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။
အဲဒါ အချစ်ပါ။

တခြားသူတွေကို စွဲဆောင်ဖို့ ကြိုးစားပေမယ့် သူ့ကိုပဲ အကြောင်းပြချက်မရှိဘဲ သစ္စာရှိရှိနဲ့ အတူ လက်တွဲနေသလား။
ဒါဆို အချစ်လေ။

မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့ မင်းရဲ့ ဘ၀ကို သူ့ကို ပေးဖို့ ၀န်မလေးဘူးလေ။
ဒါဟာ အချစ်ပဲပေါ့။

Friday, November 28, 2008

ချစ်သူသက်တမ်းခြောက်လပြည့်မို အရင်နေ့တွေထက်ပိုပြီး သတိရနေမိမှာ စိုးတာကြောင့် စုငယ် အိပ်ရာစောစော
ဝင်ခဲ့ပေမရ် အခုတော့ မနက်မိုးလင်းခဲပါပြီ။ ဘရ်တတ်နိုင်မလဲနော်။ မည်သူမပြု မိမိမှုပေါ့။ စစ်သား တစ်ယောက်ရဲ့
ဘ၀ကို ချစ်သူတစ်ယောက်အနေနဲ့ စုငယ်နားလည်းပေးရမရ်။ စစ်သားတစ်ယောက်ရဲ ပါရမီဖြည့်ဘက်အဖြစ် ဂုဏ်ယူတတ်အောင် စုငယ်လေကျင့်ထားရမရ်။ အေးအတူ ပူအမျှ ခံစားနိုင်အောင် စုငယ် အားမွေးထားရမရ်။ ဒါပေမရ့် စုငယ်ရရ် ... အဲဒီအတွက် ချစ်သူမျက်နှာလေးကိုတော့ အားအင်အဖြစ် မြင်စမ်းချင်ပါရဲ့။
ညက အိပ်ရေးပျက်ထားတာကြောင့် ရုံးမသွားခင် ဘီစစ်တစ်လုံး သောက်လိုက်ပြီး ထမင်းချိုင့်ကိုဆွဲလို့ အိမ်ပေါ်က ဆင်းလိုက်တရ်။ အိပ်အ၀အရောက် နားထဲကို ကလင် ...ကလင် ဆိုပြီး မြည်လာတဲ့ ဖုန်းသံကြောင့် ခြေလှမ်းတွေ တုံကနဲ့ ရပ်သွားပြီး နားစွင့်လိုက်မိတရ်း။
"စုငယ်ရေ..... သမီးဖုန်းလာတရ်... မသွားနဲ့ဦး.....။"
မေမေအသံကို ကြားတော့ အပြေးတစ်ပိုင်း အိမ်ပေါ်ကို ပြေးတတ်ခဲ့မိတရ်။ ခုနက မူးချင်ချင်ဖြစ်နေတာတွေ ဘရ်ရောက်သွားပါလိမ့် ။ ပြီးတော့ ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ပဲ ဖုန်းကို ကသုတ်ကရက် ကောက်ကိုင်လိုက်
တရ်။
"ဟဲလို.... ဟဲလို"
"xxxxxxxxxxxxx-"
"မောင်ရရ် ...ဘရ်ရောက်နေတာလဲဟင် ... စုငယ်ကို အကြာကြီး မပစ်ထားပါနဲ့တော့၊ မောင်ကို တွေချင်တရ်..."
ပြောရင်းနဲ့ စုငယ်မထိန်းနိုင်တော့ပဲ ငိုချလိုက်မိပါတရ်။ စိတ်ထဲမှာ တင်းထားသမျှ ချစ်သူအသံ ကြားရတဲ့အခါ
အားကိုးစိတ်နဲ့ အတူ ၀မ်းနည်းသွားတတ်တာ မိန်းကလေးတွေရဲ့ မသိစိတ်မှာ ရှိနေတတ်တဲ့ အားငယ်မှုတစ်ခုပါပဲ
ဒါပေမရ့် ဒီတစ်ခါကြားရတဲ့ ဖုန်းသံဟာ စုငယ်အတွက်တော့ မင်္ဂလာသတင်းတစ်ခုပါ။ သူတပ်ပြောင်းရမရ်တဲ့
လေ။ အရင်လို အဝေးကြီးမှာ မနေရတော့ဘူးတဲ့။ မဟသိပ္ပံဘွဲအထိ ပညာသင်သွားခဲ့ရပြီး ပြန်လာခဲ့ရတဲ့ အတွက်
ပြင်ဦးလွင် စစ်တက္ကသိုလ်မှာ နည်းပြအဖြစ်နဲ့ ပြောင်းလဲ တာဝန်ထမ်းဆောင်ရမရ်တဲ့ ။ တစ်လောကလုံးမေ့သွား
လောက်အောင် စုငရ်ပျော်ပါတရ်။ ချစ်သူရ်။ ဘာပဲဖြစ်ဖြစ် အရင်လို ဝေးကွာနေမှာ မဟုတ်တော့တာတော့ သေချာပါတရ်။ သူခွင့်မရလည်း ဘာအရေးလဲနော်။ စုငယ်လိုက်သွားမှာပေါ့။ ယောကျာ်းတစ်ယောက်နောက်ကို
ကောက်ကောက်ပါအောင် မနေနိုင်မထိုင်နိုင်နဲ့ လိုက်သွားမှာမျိုးတော့ မဟုတ်ဘူးပေါ့။ စုငယ်ချစ်သူဟာ နှစ်ဆယ့်
လေးနာရီး တာဝန်ချိန်အပြည်ရှိနေတဲ့ စစ်သား တစ်ယောက်လေး။ ပျော်ရာမနေသာတဲ့ မင်းခယောကျာ်းတစ်
ယောက်ကို ချစ်ခဲ့တဲ့အတွက် ချစ်သူအနားမှာ နေနိုင်ဖို့ကြိုးစားရခြင်းတစ်ခုရရ်သာ။
ချစ်သူသာ အနားမှာရှိရင် ဘာတွေပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ မိန်းကလေးတစ်ယောက်အတွက် လုံခြုံပြီးသားပါ။ ချစ်သူအနားမှာသာ နေခွင့်ရမရ်ဆိုရင် ဆူးခင်းလမ်း မပြောနဲ့ မိုင်းတောထဲလည်း လျှောက်ရဲပါတရ်။ ကျည်ဆံ
တွေကြားလည်း ဖြတ်ရဲပါတရ်။ ဗုံးဆံတွေကြားလည်း ချစ်သူလက်ကို တွဲလို့ ရဲရဲ့ကြီး ဖြတ်ရဲပါတရ်။
ချစ်သူရဲ့ ချစ်ခြင်းမေတ္တာတစ်ခုတည်းသာ မိန်းကလေးတစ်ယောက်အတွက် အရာရာကို ကျော်ဖြတ်ရဲ့တဲ့ အားအင် သတ္တိပါ ချစ်သူရရ်။ ခွဲနေရတဲ့ အချိန်တွေမှာ ဘရ်လောက်လွမ်းရတရ်၊ ဆွေးရတရ်၊ ရင်မောရတရ်၊ အားငယ်ရတရ် ဆိုတာတွေကိုတော့ တွေတော့မှပဲ ရင်ခွင်ထဲမှာ ခေါင်းလေးဝှေ့လို့ အတိုးချပြီး ချွဲချွဲနွဲ့နွဲ့ ပြောပြ
ချင်တရ် ချစ်သူမောင် စစ်သားကြီးရရ်.............................................................. ။ ။


နေမင်းညို
(၂၉.၁၁.၂၀၀၈) မနက်(၄း၃၁)

ရက်တွေကို လက်ချိုးရေ တော့ သူပြန်သွားတာ ဒီနေ့ဆိုရင် တစ်ပတ်ရှိပြီလို့ စုငယ်တွေးမိတရ် ...။ နေ့တိုင်း ရုံးက ပြန်ချိန်မှာ ကိုယ့်ဘေး က လိုက်ပါနေတတ်တဲ့ သူကို စုငယ် သတိရနေမိတရ်။ ဖုန်းသံကြားလိုက်တိုင်း သူများ ဖုန်းဆက်နေမလားလို့ စုငယ် မျှော်လင့်မိပါတရ် ။ စုငယ် အဖြစ်က ရရ်ရမလို ငိုရမလို ပါပဲ။မိန်းကလေးတစ်ယောက်ကို ခွဲခွာဖို့ ပြောတဲ့ အချိန်မှာ တစ်ခါတည်း ချစ်ခွင့်ပန်ခဲ့တဲ့ အဖြစ်အပျက်။ ကိုယ်က ပြန်ချစ်ချင်ရင်တောင် သူကိုလိုက်ရှာပြီး အဖြေပေးရမလို။ ဒါတောင် သူက ဘာမှ မတောင်းဆိုရဲပါဘူးလို့ ဆိုသေးတရ်။ သူများ တကာ တွေမိန်းကလေးတစ်ယောက်ကို ချစ်ပြီဆိုရင် အဲဒီမိန်းကလေးကို မျက်စိအောက်က အပျောက်မခံပဲ ကြိုးစား ပမ်းစား အဖြေရဖို့ ကြိုးစားကြတာ တွေဖူးပါရဲ့။ ရုပ်ရှင်တွေစာအုပ်တွေမှာလည်း ဖတ်ဖူးပါရဲ့။ အခုဟာက သမရိုးကျနဲ့တော့ နဲနဲ လွဲနေပြီလို စုငယ် အောက့်မေမိတရ်။ ဘယ်တတ်နိုင်မလဲ။ ချစ်မိတာကိုး ။ သူကမှ ဆက်သွယ်လို့မရရင်
တော့ ၊ကိုယ်ကပဲ ဆက်သွရ် ရတော့မှာပေါ့လို့ ဖြေတွေးတွေးရတရ်လေ။

ဒီလိုနဲ့ နှစ်ပတ်လောက်ကြာတော့ စုငယ် စိတ်ကိုတင်းပြီး စာတစ်စောင်ရေးဖြစ်တရ်။ ဘာပဲ ဖြစ်ဖြစ် သူ့ဆီကို တော့ ဒီစာလေး ရောက်လောက်မှာပါလို့ မျှော်လင့်မိပါတရ်။ ပြန်စာကိုလည်း စောင့်ရတာမောပါပေါ့။ တစ်ပတ်
စောင့်တရ်။ ခရီးကဝေးလွန်းတော့ ကြာနေတာနေမှာပေါ့လို့ ထင်ရတရ်။ နှစ်ပတ်နေတော့လည်း မျှော်ရတဲ့သူ သာမောတရ် ။ အဆိုတော် ထားဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်လိုပေါ့ ။ စာချွန်တော် မောင်ကြီး ရှင် မေ့စာပါရဲလားလို့
မေးရမှာတောင် မရှက်နိုင်ပေါင်ရှင် ဆိုတာမျိုးလေ။ စာပို့သမား အိမ်ရှေ့ ကဖြတ်တိုင်း ကိုယ်နံမည်များ ခေါ်မ
လားလို့ လည်တဆန့်ဆန့်နဲ ။ ကြာတော့ အိမ်က လူတွေတောင် စုငယ်တစ်ယောက် ဘရ် ကစားများ မျှော်နေသ
လဲလို့ စိတ်ဝင်စားကြပြီလေ။ ယောက်ျားကြိုက်တော့ ဆိုက်ဆိုက်လာတဲ့ ၊ မိန်းမကြိုက်တော့ မျှောက်လိုက်တာတဲ့။
တတ်နိုင်ဘူးလေ။ မျှော်ရမှာပဲ။
တစ်ရက်တော့ ရုံးက အပြန် စာတိုက်ပုံးထဲမှာ စုငယ် နာမည်နဲ့ စာလေး တစ်စောင်တွေ့တော့ ထခုန်မိမတတ်
ပျော်လိုက်သည့်ဖြစ်ခြင်း။ အမောတကော ဖောက်ဖတ်ရတရ်။ စာထဲမှာတော့ စုငယ်ကို သူအမြဲ သတိရနေတဲ့ အ
ကြောင်းတွေပေါ့။ စုငယ်ရေးလိုက်တဲ့စာ က သူ့ဆီကို သုံးပတ်လောက်နေမှ ရောက်တရ်တဲ့လေ။ သူမအားတာရရ် ပြန်စာကြာတာရရ် ပေါင်းလိုက်ရင် ...စာတစ်စောင် နဲ့ တစ်စောင်ကြားမှာ နှစ်လလောက်တော့ အနည်းဆုံးကြာနိုင်တရ်။ စုငယ်စိတ်ပျက်မိတရ်။ သူများတွေများ ကိုယ်ချစ်နေတဲ့ မိန်းကလေး တစ်ယောက်ဆီမှာ
အမှတ်တွေရဖို့ ၂၄ နာရီ ဂရုတစိုက်နဲပ အရိပ်လို နေကြတာ။ သူမှာတော့ အမြဲတမ်း လွမ်းနေပါတရ် ဆိုတဲ့စာ
လေး တောင် နှစ်လလောက် နေမှ တစ်ခါရောက်ဖို့ တောင် မလွယ်။ နီနီရယ် ဘာကြောင်များ သူလိုလူကို ရွေးချယ်မိပါလိမ့်နော်။
အချစ်ဆိုတာ ဝေးလေလေ ပိုချစ်လေလေဆိုပေမရ့် ဒီလိုဝေးနေတာမျိုး တော့လည်း စုငယ်စိတ်ညစ်တရ်။ စုငယ်
လည်း မိန်းကလေး တစ်ယောက်ပါ။ ကိုယ်ကို ချစ်ခွင့် ပန်ထားတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ဂရုစိုက်မှု အလိုက်
သိတတ်မှုတွေတော့ စုငယ်လိုချင်မိတရ်ဆိုတာ ၀န်ခံပါတရ်။ သူများတွေ ရုံးဆင်းတဲ့အခါ ချစ်သူက ရုံးလက်ကိုင်
ခြင်းလေးကို လာဆွဲပေးတတ်တာကို မြင်ရင် စုငယ် လည်း အဲဒီလို ဂရုစိုက်မှုမျိုး လိုချင်မိတရ်။ နေမကောင်းလို့ သူများချစ်သူတွေ ရုံးကိုဖုန်းတွေ ဆက်ပြီး နေကောင်းရဲ့လား ၊ ဆေးသောက်ပြီးပြီလား ဘာစားပြီးပြီးလည်း လဲ အဲ့ဒီလို ယုယတာမျိုးကို စုငယ်အးကျတရ်။ တစ်နေရာကို သွားရလို့ ချစ်သူက အဖော်လိုက်ပေးတဲ့ အခါတိုင်း သူတို့လို အဖော်ဆိုတာကို စုငယ် တောင်တတရ်။ အရေးအကြောင်းရှိလို့ တိုင်ပင်ဖော်တိုင်ပင်ဖက် လိုအပ်လာ
တိုင်း စုငယ် သူ့ကို သတိရတရ်။ အခုကျတော့ စုငယ် တစ်ယောက်တည်း။ ။
စစ်သား တစ်ယောက်ကို ချစ်မိခြင်းရဲ့ အစမှာ ကတည်းက သာမာန်မိန်းကလေး တစ်ယောက်ထက် ပေးဆပ်ရမှု၊
သည်းခံခွင်လွှတ်မှု ၊ နားလည်မှုတွေ လိုအပ်တရ် ဆိုတာကို စုငယ် နားလည်ခဲ့တရ်။ ဒါပေမဲ့ ချစ်တဲ့သူအတွက် ဆိုရင် စုငယ် နားလည်ပေးနိုင်မရ်လို့ မျှော်လင့်မိလို့ စာသုံးစောင်မြောက်မှာ ချစ်တုံ့ပြန်ခဲမိတရ်။ မမြင်ကွရ်ရာမှာ
သူဘာတွေလုပ်နေမလဲ ကိုရ် မသိနိုင်ပေမရ့် ချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ ယုံကြည်ခဲ့တရ်။ ချစ်သူဘ၀မှာ ပျော်ရွှင်
မှုဆိုတာ စုငယ် အတွက်တော့ စာလုံးလေးတွေပါပဲ။ ချစ်သူအသံကို ကြားချင်လွန်းရင်တောင်သူဖုန်း ဆက်ပါမှ ကိုယ်က ကြားရတဲ့ အဖြစ် ။ တစ်ခါတလေစဉ်းစားမိတရ်။ ဘ၀တစ်သက်လုံး လက်တွဲရမရ့် ချစ်သူဆိုတာ တစ်
ယောက်နဲ့ တစ်ယောက် အေးအတူ ပူအမျှတဲ ။ စစ်သားတစ်ယောက်ရဲ့ ချစ်သူ စုငယ် ဘ၀ကရော.......။ ။
အရေးအကြောင်းဆိုရင် ချစ်သူဆိုတာ ဘရ်ရောက်လို့ ဘရ်ပျောက်နေမှန်းမသိ။ သင်တန်းတွေပဲ တက်နေရသလား၊ ရှေတန်းပဲထွက်သွားပြီလား။ ဘာတွေဖြစ်နေလို့ ဖြစ်နေမှန်းမသိရတဲ့ဘ၀။ ဘရ်နေ့ ဘရ်ရက် ဖုန်းဆက်မရ်လိုလည်း အတိအကျမပြောနိုင်။ အဆင်ပြေသလိုပေါ့စုငယ်ရ်၊ ဘာမှကြိုပြောလို့မရလို့ပါ ဆိုတာနဲ့ပဲ နားလည်ပေးလိုက်ရတရ်လေ။ ရုံးကပြန်လာရင် စုငယ်ဖုန်း လာသေးလားလို့ အိမ်ကလူတွေကို မေးရတာ လည်း ရှက်တောင်ရှက်ပါတရ်။ တစ်ခါတစ်လေတော့ အဒေါ်အပျိုကြီးတွေက ပြောတတ်သေးတရ်။ ညည်းကသာ ဖုန်းလာလားလို့ မျှော်နေတာပါအေ။ ညည်းလူကဖြင့် တစ်လနေလို့ တစ်ခါတောင် ဆက်တာ မဟုတ်ဖူးတဲ့။ စုငယ်ဘရ်လို ရှင်းပြရမလဲ။ ကိုရ်ကတော့ ချစ်သူမို့ အပြစ်မမြင်ပေမရ့်၊ နားလည်ပေမရ့် ပတ်ဝန်းကျင်ဆိုတာ သမရိုးကျပါပဲ ချစ်သူရရ်။
စစ်သားချစ်သူဆိုတာကို ဘရ်သူကနားလည်ပေးနိုင်မှာလဲ။ ပတ်ဝန်းကျင်က ဘရ်လိုပြောပြော ချစ်သူသာ ကိုယ့်အပေါ်မှာ သစ္စာရှိရှိ ချစ်နေတရ်၊ သတိတရ ရှိနေတရ်ဆိုရင် ဘေးပယောဂတွေကို စုငယ် ရင်ဆိုင်ရဲပါတရ်လေ။ တစ်ခါတစ်လေ မန္တလေးသွားမရ်လို့ ပြောသွားပြီး တောင်ကြီးရောက်ရင် ရောက်သွားတတ်တာ။ အမိန့်ပဲလေ။ မင်းခယောက်ျား၊ ကမ်းနားသစ်ပင်။ ထားရာနေ စေရာသွားပါတဲ့။ ချစ်သူဆိုပြီး သူ့လက်ကလေး တွေတောင် ကိုင်ဖူးဖို့မပြောနဲ့၊ ချစ်သူအသား ဖြူနေလား ၊ မည်းနေလားတောင် စုငယ်သေချာမမြင်ရသေးတဲ့ဘ၀ပါ။ ချစ်မိမှတော့ သက်ဆုံးတိုင်ပေါ့ ချစ်သူရရ်။ စစ်သားချစ်သူမို့ ပေဖူးကို ဆီမလူးနိုင်ပါလို့ပဲပြောပြီး ဂုဏ်ယူတတ်အောင်ပဲ လေ့ကျင့်ထားလိုက်ပါတော့မရ်။
တကယ်တော့လည်း စုငယ် သူ့ကို သနားမိတရ်။ သူတို့ခမျာလည်း ယောကျာ်းတွေထဲက ယောက်ျားပါပဲ။ သူများ
တွေလို ချစ်သူဘ၀ ပျော်ချင်မှာပေါ့။ ချစ်သူလက်ကိုတွဲပြီး အရပ်ရှစ်မျက်နှာ နေရာအနှံ့ လည်ချင်ရှာမှာပေါ့။ ကိုယ့်ချစ်သူအပေါ် ယုယကြင်နာမှုတွေ အပြည့်အ၀ ပေးချင်ရှာမှာပေါ့။ ဒီလို ယုယမှုတွေ မပေးနိုင်တဲ့ အတွက် မိန်းကလေးတစ်ယောက် စိတ်ပျက်ပြီး စွန့်ခွာသွားမှာကိုလည်း စိတ်ပူနေရှာပြန်တရ်။ သူ့ထက်စာရင် ပြည့်စုံမှုတွေ
ပေးနိုင်မရ့်သူကို မရွေးချရ်လိုက်ပါနဲ့လို့ မတားရက်ပေမရ့် ထားသွားပါလိုလည်း မစွန့်လွှတ်ရက်ဖူးတဲ့လေ။ ချစ်နိုင်
တာခြင်း တူပေမရ့် ပေးဆပ်နိုင်တာခြင်း ကွာခြားတဲ့အခါ အနည်းနဲ့အများတော့ ခံစားကြရတာပါပဲ။ ဒါပေမရ့် စုငယ်ချစ်သူဟာ စစ်သားပါ။ နှစ်ဆယ့်လေးနာရီ တာဝန်အပြည့်ရှိနေတဲ့ သူတစ်ယောက်မို့ သူများလို့ ချစ်သူအ
တွက် အချိန်များများ မပေးနိုင်တာကို စုငယ်နားလည်တတ်ပါရ်။ စစ်သားနှလုံးသားလည်း ချစ်တတ်ပါသေးတရ်။ အခွင့်အရေးဆိုတာ မရသေးလို့ပါ စုငယ်ရရ့်လို့ နှစ်သိမ့်တတ်တဲ့ ချစ်သူကို သနားနေမိတရ်။ အဲ့ဒီအတွက်လည်း
ကိုယ့်ကိုယ်ကို စိတ်မာအောင် လေကျင့်ရမရ်လို့ စုငယ်သိတတ်ခဲ့တရ်။
သူများတွေလို ချစ်သူရင်ခွင်မှာ ပါးအပ်ပြီး ငိုနေဖို့ စုငယ်မှာ အခွင့်အရေး မရှိသလောက် နည်းပါးတရ်လေ။ ချစ်သူရင်ခွင်မှာ ချွဲနွဲနေဖို့၊ ချစ်သူပုခုံးကိုမှီပြီး ငိုရှိုက်နေဖို့ ချစ်သူရဲ့ပုခုံးမှာ တာဝန်ဆိုတာကြီးက စုငယ်ရှေ့မှာ အမြဲတမ်း အရင်ရောက်နေခဲ့တရ်။ သူများတကာတွေ ချစ်သူသက်တမ်း ၊ တစ်နှစ်ပြည့်တို ၊ နှစ်နှစ်ပြည်တို့မှာ တူတူတွဲပြီး အမှတ်တရ တွေဆုံတတ်ကြပေမရ့် စုငယ်ချစ်သူကတော့ စုငယ်ဘရ်နေ့က သူကိုအဖြေပေးခဲ့လဲ ဆိုတာတောင် အမှတ်ရပါ့မလားမသိ။ တစ်လပြည့်လည်း စုငယ်တစ်ယောက်တည်း။ ခြောက်လပြည့်လည်း စုငယ် တစ်ယောက်တည်းပါပဲ။ စစ်သားချစ်သူ အသည်းနုပေမရ့် စိတ်တော့မာမှ ရတော့မပေါ့။
တပ်မှာနေရင်လည်း နေထိုင်ကောင်းပါရဲ့လား။ အလုပ်တွေပဲ များနေလားလို့ စိတ်ပူပြီး စုငယ်တစ်ယောက်မနေ
တတ်မထိုင်တတ်ဖြစ်ရတရ်။ ရှေတန်းသွားတရ်လို့ သတင်းကြားမိရင်လည်း စိတ်ပူရပြန်တရ်၊ ဘုရားမှာဆုတောင်း
ရတာလည်း သူများတောင် အမြင်ကတ်ပါတရ်။ သူတို့မှ မခံစားဖူးတာနော်။ ဘရ်နားလည်ကြမလဲ။ ယတြာတွေ
ချေရတာလည်း စုံလိုပါပဲ။ စုငယ်ရင်ထဲက အပူကို ဘရ်သူမှ မသိနိုင်ကြဖူးလေ။ သည်းတရ်၊ ကဲတရ်လို ပြောခံရ
တဲ့အခါ စုငယ်ရှိရက်နဲ့ စုငယ်ချစ်သူဟာ ဘရ်သူလဲ ဆိုတာတောင် ထုတ်ပြစရာ လူက ဘရ်နားက သွားဆွဲခေါ်ရာ
လို့ ခေါ်ရမှန်း မသိတဲ့အခါ ယောကျာ်းတစ်ယောက်က ခဏတာ အပျော်တွဲခဲ့ပြီး ခြေရာဖျောက်ခံ နေရတဲ့ မိန်းက
လေးတစ်ယောက်လိုလည်း မြင်ကောင်းမြင်ကြတရ်။ သူဆီက စာမလား ၊ သတင်းမကြားတာ ကြာနေလို့ ကိုယ်က
စိတ်ပူပြီး စုံစမ်းမိရင်လည်း မိန်ကလေး တစ်ယောက်က အရာရှိတစ်ယောက်ကို ကောက်ကောက်ပါအောင် လိုက်နေရသလိုလည်း ပြောခံကောင်းခံရရဲ့။ သြော်... စစ်သားချစ်သူလေး အစက ဒီလိုတွေ မသိခဲ့ပါဘူး ချစ်သူ
ရရ်။ စုငယ်သိတာ သူ့ကို ချစ်ရတာ တစ်ခုတည်းပါပဲ။ သူ့ကို ချစ်တာတစ်ခုတည်းအတွက် အစစ အရာရာ စုငယ်
ပေးဆပ်ထားရပြီ။
ချစ်သူသက်တမ်း ခြောက်လတဲ့။ ဝေးရတဲ့ ရက်တွေ ကြာရှည်တော့ နီးချင်ပြီ ချစ်သူရရ်။ လွမ်းရတရ်။ ဆွေးရတရ်။
အားငယ်တရ်၊ မိန်းကလေးတစ်ယောက်အတွက် ကိုယ့်ချစ်သူကိုသာ အားကိုးချင်တာ သဘာဝပါပဲ။ ချစ်သူအနား
မှာ ဘရ်တော့မှ နေခွင့်ရနိုင်မလဲ။ ချစ်သူအနားမှာ ချစ်သူကို ပြုစုယုယရင်း ကြင်နာမှုတွေကို ပေးချင်ပါရဲ့။ ချစ်သူ
ရဲ့ ချစ်ခင်ယုယမှုတွေကို ရိုးသားစွာ တောင့်တမိပါရဲ့။ ချစ်သူရင်ခွင်မှာ ကလေးလေး တစ်ယောက်လို မှေးစက်
ချင်ပါရဲ့။ ဘရ်တော့များမှ ဒီအခွင့် အရေးကို ရနိုင်ပါမလဲ။ ။

Wednesday, November 5, 2008

စုငယ် ဘာမှ ဆက်မမေါ်ရသေးခင် မေမေပြန်ရောက် လာတာနဲ့ စကားစပြတ်ပြီး အိမ်ထဲ ၀င်လာခဲ့တရ်...။ မေမေကတော့ သူ့ကို စိတ်တိုင်းကျ သဇင်ခက်လေးတွေ ဖြတ်ပေးနေလေရဲ့..။ စုငယ်မြင်ဖူးတဲ့ စစ်သားတွေထဲ မှာတော့ သူကိုကြည့်ရတာ တော်တော်နုပုံ ရတယ်.. ။ ပုံစံက ဖြူဖြူ သန့်သန့်လေးနဲ့ ။ စစ်သားတဲ့ .. ဘယ်လို စစ်သားပါလိမ့်နော်....။ စစ်သားတစ်ယောက်ကို ရုပ်ရှင်တွေထဲမှာက လွဲလို့ အနီးကပ် မြင်ဖူးတာဆိုလို့ ဒါဟာ ပထမဆုံး အကြိမ်ပါပဲ။ ဒီလောက်နုတဲ့ သူက စစ်သားတဲ့ ။ အပြောအဆိုကလည်း နူးညံ့ပါ့။ အရပ်အမောင်းကတော့ ကျားကျားလျားလျားပုံပဲ ။ သူ....ဘယ်လိုလူလဲ ။ ။
ချစ်ငုငယ်ဆိုတဲ့ အင်ဂျင်နီယာမလေး တစ်ယောက် တစ်သက်လုံး စာကြမ်းပိုးလုပ်ခဲ့တာ ယောက်ျား တစ်ယောက်ကို ဒီတစ်ခါလောက် ဘယ်တုန်းကမှ စိတ်မ၀င်စားခဲ့ဖူးပါဘူး ... ။ယောက်ျား တစ်ယောက်အပြင် သူကများ သူကိုယ်သူ စစ်သားတဲလေ့။ စစ်သားဆို့တဲ့ လူကလည်း စုငယ် မြင်လိုက် ရင်တော့ စက်ဘီးတစ်စီးနဲ့ လျှောက်သွားနေတာ ချည်းပဲ ။ ဘယ်လိုပါလိမ့် ။ ဟင်း... မတွေးတော့တာပဲ ကောင်းပါတရ်။ သူများအကြောင်း တွေးရတာ အကုသိုလ် ကလည်းများပါတရ်။
သဇင်ပန်းလာဝယ်တဲ့ နေ့ကစလို့ စုငယ်နဲ့ သူ တစ်ယောက်နဲ့ တစ်ယောက် ပိုပြီး ခင်မင်ခဲ့ကြတရ်။ နှစ်ရက် သုံးရက် လောက် စုငယ် ရုံးပြန်ချိန်မှာ လမ်းမှာတွေ့တွေ့ နေရတတ်တော့ ခင်လည်းခင်လာတဲ့အခါ ဆုံလို့ပြုံးပြ နှုတ်ဆက် တာမျိုး မဟုတ်ပဲ စုငယ်အိမ်အထိပါ သူလိုက်ပို့တတ်လာခဲ့တရ် ။ ဘယ်ဘ၀က ရေစက်ရယ်တော့ စုငယ် မပြောတတ် ပေမရ့် စုငယ် သူကိုခင်ပါတရ်။ ငယ်ပေါင်းကြီးဖော်လိုကို စိတ်ထဲက ခံစားခဲရတရ် ။ သူအနားမှာ ရှိနေရင် စုငယ် စိတ်ထဲမှာ ပျော်နေမိတရ်။ ဒါပေမရ့် စုငယ်အနားမှာ သူကြာကြာ မနေခဲနိုင်ပါဘူး။ နှစ်ပတ်လောက်ကြာပြီးတဲ့ တစ်ညနေ့မှာ စုငယ်ကို အိမ်အပြန်လိုက်ပို့တဲ့ အခါ စကားတစ်ခုကို သူပြောခဲ့တရ်။
"စုငယ်... ခဏလောက် စကားအေးအေး ဆေးဆေး ပြောလို့ ရမလားဟင်..."
"ပြောလေ ကိုခိုင်မြဲရဲ့ ...ထူးထူးဆန်းဆန်း"
သူမျက်နှာကို သေချာကြည့်တော့ ပါးစပ်က မပွင့် တစ်ပွင့်၊ အမှားလုပ်ထားတဲ့ ကလေးငယ်လို ထိတ်လန်းခြင်းနဲ့ စုငယ်ရှေ့မှာ ရပ်နေတဲ့ သူကို အားမရစွာနဲ့ စုငယ် ကပဲ စမေးမိတရ်။ ဟင်း...စစ်သားတဲ့နော်၊ ဘယ်လိုပါလိမ့်....
"ကိုခိုင်မြဲ ...ရှင် ဘာပြောမလိုလဲဟင်။ ဘာဖြစ်လို့လဲ။"
"ကျွန်တော် တပ်ကို ပြန်ရတော့မရ် စုငယ် ...အဲဒါပြောမလိုပါ"
"ဟင်...."
စုငယ်နားထဲမှာ မိုးကြိုး ပစ်လိုက်သလိုပါပဲ။ စုငယ် အဆင်သင့် မဖြစ်သေးဘူးလေ။ ဒီလိုစကားမျိုး ကြားရမရ့်လို့ သိနေခဲ့ပေမရ့် ဒီလောက် မြန်မြန်ကြီး မဖြစ်နိုင်ဘူးလိုပဲ ထင်ခဲ့မိတာ .. ။ သူအိမ်ကိုပြန်လာတာကလည်း နှစ်ပတ်ပဲ ရှိသေးတာတဲ့။ ဘယ်လိုဖြစ်လို့ပါလိမ်။ စုငယ် ဘာမှ နားမလည်ပါဘူး။ စုငယ်ကတော့ သူကိုမသွားစေ
ချင်သေးတာတော့ အမုန်ပါပဲ။
"ဘာလို့လဲဟင် ... အရေးကြီးလို့ ပြန်ခေါ်တာလား...။ဟုတ်လား။ ဘယ်တော့ ပြန်ရမှာလဲ။"
သိချင်ဇောနဲပ အမောတကော မေးမိတရ်။
"မဟုတ်ဘူးစုငယ် ...။ကျွန်တော်တို့ ဘ၀ကို စုငယ် နားလည်မှာ မဟုတ်ပါဘူး။ စုငယ်က ကျွန်တော်ကိုခင်နေ
ဆိုတာ လူကိုခင်နေတာပါ။ တကရ်တော့ စစ်သားကို ချစ်တဲ့သူ ရှိတရ် ၊ မုန်းတဲ့ သူရှိတရ်။ ကျွန်တော်ကြုံဘူး သလောက်ကတော့ မုန်းတဲ့သူပိုများမယ်ထင်တရ်။ ကျွန်တော်ကလည်း စစ်သားပဲ ။ စုငယ် မုန်းချင်လည်း မုန်းခဲ့မှာပါ .. ။ဒါကြောင်လည်း ကျွန်တော့် အကြောင်းကို စစ်သားဆိုတာက လွဲလို့ ဘာမှ မပြောပြခဲ့မိတာပါ။ ဒါပေမရ့် အခုတော့ ကျွန်တော် မပြောမဖြစ် ပြောပြပါ့မရ် စုငယ် ။ စုငယ် စိတ်ဝင်စားမရ် ဆိုရင်ပေါ့။"
စကားတွေအရှည်ကြီးပြောနေတဲ့ သူကို စုငယ် ဘာကြောင့်မှန်းမသိ ၊ သနားနေမိတရ်။
"ပြောပါ ကိုခိုင်မြဲရရ်... စုငယ် စိတ်ဝင်စားပါတရ်။ စစ်သားကို မုန်းတရ် ဆိုပေမရ့် လူနဲ့ပဲ ဆိုင်ပါတရ် ။ စစ်သားတိုင်း မုန်းစရာ မကောင်းသလို မုန်းစရာ ကောင်းတဲပ သူတွေတိုင်းဟာလည်း စစ်သားမဟုတ်ကြပါဘူး လူတစ်ယောက်ရဲ့ အခြေခံ စိတ်သဘောထားနဲ့သာ ဆိုင်ပါတရ် ။ စစ်သားထဲမှာလည်း စိတ်သဘောထား ပြည့်ဝတဲ့သူတွေ ရှိနိုင်မှာပါ ။ အဲဒီလူ ဘာဖြစ်တရ် ဆိုတာထက် အဲ့ဒီလူရဲ့စိတ်က ဘယ်လိုရှိတရ် ဆိုတာကို သာ စုငယ်စိတ်ဝင်စားပါတရ်။"
"ကျေးဇူးတင်ပါတရ် စုငယ် ။ တကရ်တော့ ကျွန်တော်က သေနတ်ထက် စာအုပ်တွေနဲ့ပဲ ရင်းနှီးတဲ့ စစ်သားပါ။ ကျွန်တော် မြန်မာပြည်ကို ပြန်ရောက်တာ တစ်လတောင်မရှိသေးပါဘူး။ သုံးနှစ်လောက် ပညာတော်သင်သွားပြီး ပြန်လာတဲ့ စစ်သားတစ်ယောက် ၊ မိဘအိမ်ကို နှစ်ပတ်ခွင့်ပြန်ခဲ့တရ် ။ အခု ကျွန်တော်
ပြန်ရတော့မရ် စုငယ် ။"
"ကိုခိုင်မြဲ ကရော... ပြန်ချင်လိုလား....."
"ဗျာ ...ဘယ်လိုမေးလိုက်တာလဲ စုငယ်ရရ် ။ပြန်ချင်တရ် ၊ မပြန်ချင်ဘူးဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်ခွင့် ရှိတဲ့ အရာမှ မဟုတ်တာ ။ ပြန်ချင်ချင်၊ မပြန်ချင်ချင် ကျွန်တော်ပြန်ရမှာပါ။ မနက်ဖြန်မနက် ပြန်တော့မရ့်။ အဲဒါ ကျွန်တော် စုငယ်ကို နှုတ်ဆက်ပါတရ် ။ ကျွန်တော် ဘယ်တော့မှ အိမ်ကို ပြန်ရဦးမရ် ဆိုတာ မပြောနိုင်တဲ့ အတွက် ကံဆုံရင် ပြန်တွေ့ရဦးမှာပါလိုပဲ ပြောပါရစေ။ မထင်မှတ်ပဲ တွေ့ဆုံခဲ့ရတဲ့ ချစ်စုငယ်ဆိုတဲ့ မိန်းကလေး
ကိုတော့ ကျွန်တော် နှလုံးသားထဲမှာ စွဲစွဲ မြဲမြဲ မှတ်သွားပါရစေ။ကိုရ့်ကိုရ်ကိုတောင် မပိုင်တဲ့ စစ်သားတစ်ယောက်မို့ ကျွန်တော် ဘာမှမတောင်းဆိုချင်ပါဘူး ။ ကျွန်တော် နှုတ်ဆက်ခဲ့ပါတရ်။ ။"
ဆို့နင့်တဲ့ အသံ နဲ့ ကြေကွဲတဲ့ မျက်ဝန်းဝေ ... စုငယ် ဘယ်လို ခံစားနိုင်မှာလဲ ..။ စစ်သားဘ၀ဆိုတာ စုငယ် ကောင်းကောင်း နားမလည်ပါဘူး။ ဒါပေမရ့် သူကိုတော့ စုငယ် သံယောဇဉ် တွရ် မိပါတရ် ။ သနားမိတရ်။ ပြောပြော ဆိုဆို စက်ဘီးစီးပြီး သွားတော့မရ့်သူ့ကို စုငယ် ဟုန့်လိုက်တရ်။
"ကိုခိုင်မြဲ ... ခဏ"
သူနားမလည်စွာ ပြန်ကြည့်တဲ့ အခါ မြင်မိမှာပါ ... စုငယ် မျက်ဝန်းက မျက်ရည်စတွေကိုလေ....။
"ရှင့်လိပ်စာ အပြည် အစုံကို စုငယ်ကို ပေးထားခဲ့လို့ မရဘူးလားဟင် ။စုငယ် စာရေးပါ့မရ်။ ဖုန်းဆက်လို့ရရင်
လည်း ဖုန်းဆက်မရ် လေ.. နော်။"
သူမမျှော်လင်ထားတဲ့ စကားမိုလိုလား တော့ မသိ။ ကြောင်သွားပြီးမှ ဘောပင်ကို ထုတ်ပြီး စုငယ် မှတ်စုစာအုပ်
လေး ထဲမှာ သေသေသပ်သပ် ရေးချပေးခဲ့ရဲ့။
ဗိုလ်ကြီး ခိုင်မြဲ
ကြည်း ၃၇xxx
ခ.မ.ရ (xxx)
ရှမ်းပြည်တောင်ပိုင်း
မိုင်းနော်မြို့။
" အဲ့ဒါ ကျွန်တော် လိပ်စာ အပြည့်အစုံပါပဲ စုငယ် ။ ဖုန်းတော့ ဆက်လို့ မရဘူး ။ ကျွန်တော် အလျဉ်းသင့်တဲ့အခါ
စုငယ်ဆီကို ဖုန်းဆက်ပါပမရ် ။ စာကတော့ ရောက်တဲ့အခါလည်း ရောက်တရ် ။ တစ်ချို့လည်း ပျောက်တတ်တရ်။ သွားမရ်နော် စုငယ် ။ ကံမကုန်ရင် ပြန်ဆုံမှာပါ။ ။"
နှုတ်ဆက် ထွက်ခွာသွားတဲ့ သူကျောပြင်ကို ကြည့်ရင်း စုငယ် တစ်ယောက် တွေဝေစွာ ကျန်ခဲ့တော တရ်။ သံယောဇဉ်ရရ်....ဘာကြောင်များ အချိန် တိုတိုလေးမှာ ငြိတွရ်ခဲ့ရတာလဲ။ ဘာကြောင့်များ ကိုယ့်အနားမှာ အမြဲ
မရှိနေနိုင်မရ့် သူကို သံယောဇဉ် တွရ်ရတာလဲ ။ စုငယ် ဘာမှ မတွေးတတ်ဘူး။ ရှင်းလည်း မရှင်းပြတတ်ဘူး။ စစ်သားဆိုတာလည်း စုငယ်ခေါင်းထဲမှာ မရှိဘူး ။ စုငယ် တစ်ခုပဲ သိတရ် ။ အဲဒါက စုငယ် သူ့ကို အမုန်တကရ်
သံယောဇဉ် တွရ်သွားမိတရ်။ စုငယ်အနားမှာ သူ့ကို အမြဲ ရှိနေစေချင်တာ အရိုးသားဆုံး စိတ်ကလေး တစ်ခုပါပဲ ပြန်ဆုံနိုင်ဖို့ စုငယ် မျှော်လင့်နေပါတရ် ကိုခိုင်မြဲ ရရ်....။ ။