Wednesday, November 5, 2008

စုငယ် ဘာမှ ဆက်မမေါ်ရသေးခင် မေမေပြန်ရောက် လာတာနဲ့ စကားစပြတ်ပြီး အိမ်ထဲ ၀င်လာခဲ့တရ်...။ မေမေကတော့ သူ့ကို စိတ်တိုင်းကျ သဇင်ခက်လေးတွေ ဖြတ်ပေးနေလေရဲ့..။ စုငယ်မြင်ဖူးတဲ့ စစ်သားတွေထဲ မှာတော့ သူကိုကြည့်ရတာ တော်တော်နုပုံ ရတယ်.. ။ ပုံစံက ဖြူဖြူ သန့်သန့်လေးနဲ့ ။ စစ်သားတဲ့ .. ဘယ်လို စစ်သားပါလိမ့်နော်....။ စစ်သားတစ်ယောက်ကို ရုပ်ရှင်တွေထဲမှာက လွဲလို့ အနီးကပ် မြင်ဖူးတာဆိုလို့ ဒါဟာ ပထမဆုံး အကြိမ်ပါပဲ။ ဒီလောက်နုတဲ့ သူက စစ်သားတဲ့ ။ အပြောအဆိုကလည်း နူးညံ့ပါ့။ အရပ်အမောင်းကတော့ ကျားကျားလျားလျားပုံပဲ ။ သူ....ဘယ်လိုလူလဲ ။ ။
ချစ်ငုငယ်ဆိုတဲ့ အင်ဂျင်နီယာမလေး တစ်ယောက် တစ်သက်လုံး စာကြမ်းပိုးလုပ်ခဲ့တာ ယောက်ျား တစ်ယောက်ကို ဒီတစ်ခါလောက် ဘယ်တုန်းကမှ စိတ်မ၀င်စားခဲ့ဖူးပါဘူး ... ။ယောက်ျား တစ်ယောက်အပြင် သူကများ သူကိုယ်သူ စစ်သားတဲလေ့။ စစ်သားဆို့တဲ့ လူကလည်း စုငယ် မြင်လိုက် ရင်တော့ စက်ဘီးတစ်စီးနဲ့ လျှောက်သွားနေတာ ချည်းပဲ ။ ဘယ်လိုပါလိမ့် ။ ဟင်း... မတွေးတော့တာပဲ ကောင်းပါတရ်။ သူများအကြောင်း တွေးရတာ အကုသိုလ် ကလည်းများပါတရ်။
သဇင်ပန်းလာဝယ်တဲ့ နေ့ကစလို့ စုငယ်နဲ့ သူ တစ်ယောက်နဲ့ တစ်ယောက် ပိုပြီး ခင်မင်ခဲ့ကြတရ်။ နှစ်ရက် သုံးရက် လောက် စုငယ် ရုံးပြန်ချိန်မှာ လမ်းမှာတွေ့တွေ့ နေရတတ်တော့ ခင်လည်းခင်လာတဲ့အခါ ဆုံလို့ပြုံးပြ နှုတ်ဆက် တာမျိုး မဟုတ်ပဲ စုငယ်အိမ်အထိပါ သူလိုက်ပို့တတ်လာခဲ့တရ် ။ ဘယ်ဘ၀က ရေစက်ရယ်တော့ စုငယ် မပြောတတ် ပေမရ့် စုငယ် သူကိုခင်ပါတရ်။ ငယ်ပေါင်းကြီးဖော်လိုကို စိတ်ထဲက ခံစားခဲရတရ် ။ သူအနားမှာ ရှိနေရင် စုငယ် စိတ်ထဲမှာ ပျော်နေမိတရ်။ ဒါပေမရ့် စုငယ်အနားမှာ သူကြာကြာ မနေခဲနိုင်ပါဘူး။ နှစ်ပတ်လောက်ကြာပြီးတဲ့ တစ်ညနေ့မှာ စုငယ်ကို အိမ်အပြန်လိုက်ပို့တဲ့ အခါ စကားတစ်ခုကို သူပြောခဲ့တရ်။
"စုငယ်... ခဏလောက် စကားအေးအေး ဆေးဆေး ပြောလို့ ရမလားဟင်..."
"ပြောလေ ကိုခိုင်မြဲရဲ့ ...ထူးထူးဆန်းဆန်း"
သူမျက်နှာကို သေချာကြည့်တော့ ပါးစပ်က မပွင့် တစ်ပွင့်၊ အမှားလုပ်ထားတဲ့ ကလေးငယ်လို ထိတ်လန်းခြင်းနဲ့ စုငယ်ရှေ့မှာ ရပ်နေတဲ့ သူကို အားမရစွာနဲ့ စုငယ် ကပဲ စမေးမိတရ်။ ဟင်း...စစ်သားတဲ့နော်၊ ဘယ်လိုပါလိမ့်....
"ကိုခိုင်မြဲ ...ရှင် ဘာပြောမလိုလဲဟင်။ ဘာဖြစ်လို့လဲ။"
"ကျွန်တော် တပ်ကို ပြန်ရတော့မရ် စုငယ် ...အဲဒါပြောမလိုပါ"
"ဟင်...."
စုငယ်နားထဲမှာ မိုးကြိုး ပစ်လိုက်သလိုပါပဲ။ စုငယ် အဆင်သင့် မဖြစ်သေးဘူးလေ။ ဒီလိုစကားမျိုး ကြားရမရ့်လို့ သိနေခဲ့ပေမရ့် ဒီလောက် မြန်မြန်ကြီး မဖြစ်နိုင်ဘူးလိုပဲ ထင်ခဲ့မိတာ .. ။ သူအိမ်ကိုပြန်လာတာကလည်း နှစ်ပတ်ပဲ ရှိသေးတာတဲ့။ ဘယ်လိုဖြစ်လို့ပါလိမ်။ စုငယ် ဘာမှ နားမလည်ပါဘူး။ စုငယ်ကတော့ သူကိုမသွားစေ
ချင်သေးတာတော့ အမုန်ပါပဲ။
"ဘာလို့လဲဟင် ... အရေးကြီးလို့ ပြန်ခေါ်တာလား...။ဟုတ်လား။ ဘယ်တော့ ပြန်ရမှာလဲ။"
သိချင်ဇောနဲပ အမောတကော မေးမိတရ်။
"မဟုတ်ဘူးစုငယ် ...။ကျွန်တော်တို့ ဘ၀ကို စုငယ် နားလည်မှာ မဟုတ်ပါဘူး။ စုငယ်က ကျွန်တော်ကိုခင်နေ
ဆိုတာ လူကိုခင်နေတာပါ။ တကရ်တော့ စစ်သားကို ချစ်တဲ့သူ ရှိတရ် ၊ မုန်းတဲ့ သူရှိတရ်။ ကျွန်တော်ကြုံဘူး သလောက်ကတော့ မုန်းတဲ့သူပိုများမယ်ထင်တရ်။ ကျွန်တော်ကလည်း စစ်သားပဲ ။ စုငယ် မုန်းချင်လည်း မုန်းခဲ့မှာပါ .. ။ဒါကြောင်လည်း ကျွန်တော့် အကြောင်းကို စစ်သားဆိုတာက လွဲလို့ ဘာမှ မပြောပြခဲ့မိတာပါ။ ဒါပေမရ့် အခုတော့ ကျွန်တော် မပြောမဖြစ် ပြောပြပါ့မရ် စုငယ် ။ စုငယ် စိတ်ဝင်စားမရ် ဆိုရင်ပေါ့။"
စကားတွေအရှည်ကြီးပြောနေတဲ့ သူကို စုငယ် ဘာကြောင့်မှန်းမသိ ၊ သနားနေမိတရ်။
"ပြောပါ ကိုခိုင်မြဲရရ်... စုငယ် စိတ်ဝင်စားပါတရ်။ စစ်သားကို မုန်းတရ် ဆိုပေမရ့် လူနဲ့ပဲ ဆိုင်ပါတရ် ။ စစ်သားတိုင်း မုန်းစရာ မကောင်းသလို မုန်းစရာ ကောင်းတဲပ သူတွေတိုင်းဟာလည်း စစ်သားမဟုတ်ကြပါဘူး လူတစ်ယောက်ရဲ့ အခြေခံ စိတ်သဘောထားနဲ့သာ ဆိုင်ပါတရ် ။ စစ်သားထဲမှာလည်း စိတ်သဘောထား ပြည့်ဝတဲ့သူတွေ ရှိနိုင်မှာပါ ။ အဲဒီလူ ဘာဖြစ်တရ် ဆိုတာထက် အဲ့ဒီလူရဲ့စိတ်က ဘယ်လိုရှိတရ် ဆိုတာကို သာ စုငယ်စိတ်ဝင်စားပါတရ်။"
"ကျေးဇူးတင်ပါတရ် စုငယ် ။ တကရ်တော့ ကျွန်တော်က သေနတ်ထက် စာအုပ်တွေနဲ့ပဲ ရင်းနှီးတဲ့ စစ်သားပါ။ ကျွန်တော် မြန်မာပြည်ကို ပြန်ရောက်တာ တစ်လတောင်မရှိသေးပါဘူး။ သုံးနှစ်လောက် ပညာတော်သင်သွားပြီး ပြန်လာတဲ့ စစ်သားတစ်ယောက် ၊ မိဘအိမ်ကို နှစ်ပတ်ခွင့်ပြန်ခဲ့တရ် ။ အခု ကျွန်တော်
ပြန်ရတော့မရ် စုငယ် ။"
"ကိုခိုင်မြဲ ကရော... ပြန်ချင်လိုလား....."
"ဗျာ ...ဘယ်လိုမေးလိုက်တာလဲ စုငယ်ရရ် ။ပြန်ချင်တရ် ၊ မပြန်ချင်ဘူးဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်ခွင့် ရှိတဲ့ အရာမှ မဟုတ်တာ ။ ပြန်ချင်ချင်၊ မပြန်ချင်ချင် ကျွန်တော်ပြန်ရမှာပါ။ မနက်ဖြန်မနက် ပြန်တော့မရ့်။ အဲဒါ ကျွန်တော် စုငယ်ကို နှုတ်ဆက်ပါတရ် ။ ကျွန်တော် ဘယ်တော့မှ အိမ်ကို ပြန်ရဦးမရ် ဆိုတာ မပြောနိုင်တဲ့ အတွက် ကံဆုံရင် ပြန်တွေ့ရဦးမှာပါလိုပဲ ပြောပါရစေ။ မထင်မှတ်ပဲ တွေ့ဆုံခဲ့ရတဲ့ ချစ်စုငယ်ဆိုတဲ့ မိန်းကလေး
ကိုတော့ ကျွန်တော် နှလုံးသားထဲမှာ စွဲစွဲ မြဲမြဲ မှတ်သွားပါရစေ။ကိုရ့်ကိုရ်ကိုတောင် မပိုင်တဲ့ စစ်သားတစ်ယောက်မို့ ကျွန်တော် ဘာမှမတောင်းဆိုချင်ပါဘူး ။ ကျွန်တော် နှုတ်ဆက်ခဲ့ပါတရ်။ ။"
ဆို့နင့်တဲ့ အသံ နဲ့ ကြေကွဲတဲ့ မျက်ဝန်းဝေ ... စုငယ် ဘယ်လို ခံစားနိုင်မှာလဲ ..။ စစ်သားဘ၀ဆိုတာ စုငယ် ကောင်းကောင်း နားမလည်ပါဘူး။ ဒါပေမရ့် သူကိုတော့ စုငယ် သံယောဇဉ် တွရ် မိပါတရ် ။ သနားမိတရ်။ ပြောပြော ဆိုဆို စက်ဘီးစီးပြီး သွားတော့မရ့်သူ့ကို စုငယ် ဟုန့်လိုက်တရ်။
"ကိုခိုင်မြဲ ... ခဏ"
သူနားမလည်စွာ ပြန်ကြည့်တဲ့ အခါ မြင်မိမှာပါ ... စုငယ် မျက်ဝန်းက မျက်ရည်စတွေကိုလေ....။
"ရှင့်လိပ်စာ အပြည် အစုံကို စုငယ်ကို ပေးထားခဲ့လို့ မရဘူးလားဟင် ။စုငယ် စာရေးပါ့မရ်။ ဖုန်းဆက်လို့ရရင်
လည်း ဖုန်းဆက်မရ် လေ.. နော်။"
သူမမျှော်လင်ထားတဲ့ စကားမိုလိုလား တော့ မသိ။ ကြောင်သွားပြီးမှ ဘောပင်ကို ထုတ်ပြီး စုငယ် မှတ်စုစာအုပ်
လေး ထဲမှာ သေသေသပ်သပ် ရေးချပေးခဲ့ရဲ့။
ဗိုလ်ကြီး ခိုင်မြဲ
ကြည်း ၃၇xxx
ခ.မ.ရ (xxx)
ရှမ်းပြည်တောင်ပိုင်း
မိုင်းနော်မြို့။
" အဲ့ဒါ ကျွန်တော် လိပ်စာ အပြည့်အစုံပါပဲ စုငယ် ။ ဖုန်းတော့ ဆက်လို့ မရဘူး ။ ကျွန်တော် အလျဉ်းသင့်တဲ့အခါ
စုငယ်ဆီကို ဖုန်းဆက်ပါပမရ် ။ စာကတော့ ရောက်တဲ့အခါလည်း ရောက်တရ် ။ တစ်ချို့လည်း ပျောက်တတ်တရ်။ သွားမရ်နော် စုငယ် ။ ကံမကုန်ရင် ပြန်ဆုံမှာပါ။ ။"
နှုတ်ဆက် ထွက်ခွာသွားတဲ့ သူကျောပြင်ကို ကြည့်ရင်း စုငယ် တစ်ယောက် တွေဝေစွာ ကျန်ခဲ့တော တရ်။ သံယောဇဉ်ရရ်....ဘာကြောင်များ အချိန် တိုတိုလေးမှာ ငြိတွရ်ခဲ့ရတာလဲ။ ဘာကြောင့်များ ကိုယ့်အနားမှာ အမြဲ
မရှိနေနိုင်မရ့် သူကို သံယောဇဉ် တွရ်ရတာလဲ ။ စုငယ် ဘာမှ မတွေးတတ်ဘူး။ ရှင်းလည်း မရှင်းပြတတ်ဘူး။ စစ်သားဆိုတာလည်း စုငယ်ခေါင်းထဲမှာ မရှိဘူး ။ စုငယ် တစ်ခုပဲ သိတရ် ။ အဲဒါက စုငယ် သူ့ကို အမုန်တကရ်
သံယောဇဉ် တွရ်သွားမိတရ်။ စုငယ်အနားမှာ သူ့ကို အမြဲ ရှိနေစေချင်တာ အရိုးသားဆုံး စိတ်ကလေး တစ်ခုပါပဲ ပြန်ဆုံနိုင်ဖို့ စုငယ် မျှော်လင့်နေပါတရ် ကိုခိုင်မြဲ ရရ်....။ ။

0 Comments:

Post a Comment