Tuesday, September 23, 2008

"ဘာကိစ္စများလဲရှင့်"
စုငယ် အမေးကိုဖြေဖို့ မျက်လုံးလှန်အကြည့်မှာ... သူလဲ အံ့သြသွားမယ် ထင်ပါတယ်။ ခဏကြာ မှင်သက်နေပြီးမှ ရယ်ပြီး စကားပြန်ပြောတော့တယ်။ ။

"ဟာ ... စုငယ် မဟုတ်လား...။ ကျွန်တော် ခိုင်မြဲလေ။ မနေ့က စက်ဘီးနဲ့ တိုက်မိမလို ဖြတ်တာ။ တိုက်ဆိုင်လိုက်တာဗျာ..။ ကျွန်တော်က ဟိုဘက်ရပ်ကွက်မှာ နေတာပါ...။ မေမေက သဇင်ပန်းလိုချင်တာ ၊ ဒီအိမ်မှာရတယ်ဆို ပြီး... ညွှန်တဲ့သူက ညွှန်တာနဲ့ ကျွန်တော်လည်း ... မနက်စောစော စက်ဘီးစီးပြီး အပြန် ၀င်မေးကြည်တာပါ...။ဟိုလေ...ဟုတ်ရော ဟုတ်ရဲလား မသိဘူးနော်...ကျွန်တော် အိမ်များမှားသလားဟင်...."ကိုယ်တော်ချောကတော့ .. လုပ်ပြန်ပါပြီ...။ သူပြောချင်ရာကို ပြောပြီးမှ
အားနာတဲ့...ပုံစံနဲ့ အိမ်မှားသလားတဲ့ ....။ စောစောစီးစီး အိပ်ချင်မူးတူးနဲ့ ... စုငယ်တောင် မျက်လုံးကျယ်သွားတယ်...။

"မှားတော့ မမှားဘူး....ဒီအိမ်က သဇင်ပန်းဝယ်ချင်ရင် ရောင်းတယ်ဆိုတာတော့ .. ဟုတ်တယ်...ဒါပေမယ့် .. အခုတော့...
မရဘူး...။ အိမ်မှာ ..မေမေမရှိဘူး..။ စုငယ်မေမေက ပန်းပင်တွေကို ကိုယ်တိုင်ပဲ ကိုင်တွယ်ပါတယ်..။ ဘယ်သူမှ
ပေးကိုင်လေ့မရှိပါဘူး....။ လက်ဆိပ်တတ်မှာစိုးလို့ပါ...အဲ့ဒါကြောင် စောင့်လို့ရရင်စောင့်ပါ...။ ခဏနေရင်တော့ ပြန်လာလိမ့်မယ်...။ မစောင့်နိုင်ရင်လည်း... ညနေမှဖြစ်ဖြစ်လာခဲ့ပေါ့.... မေမေ့ကို ပြောထားပေးပါ့မယ်..."

စုငယ်လည်း ဘယ်ရမလဲ...။ ပြောချင်ရာတွေ တရစပ်ပြောလိုက်တာပေါ့...။ ဒီတော့မှ... သူလည်း ဟုတ်ကဲ့ စောင့်ပါ့မယ် ဆိုပြီး .. ငြိမ်သွားတော့တယ်...။ သူရှိနေတော့ ... စုငယ် ပြန်အိပ်လို့မရတဲ့ အတွက် စိတ်တော့ ကသိက
အောက် ဖြစ်ရတယ်...။ ဒါပေမယ့် မတတ်နိုင်ဘူးလေ..။ ဧည့်ခံရမှာက ကိုယ့်တာဝန်ဖြစ်နေပြီ။ ဒီတော့လည်း.. မျက်နှာသစ်ဖို့
ခဏလို့ပြောပြီး... သူကိုခြံထဲမှာ ထားခဲ့ပြီး... အိမ်နောက်ထဲ မြန်မြန်ဝင်ခဲမိတယ်...။စုငယ်ပြန်လာတော့ သူကပန်းပင်တွေ
ကြားထဲမှာ...။ သူကိုကြည့်လိုက်ရင်တော့ အမြဲပြုံးနေတာပါပဲ...။သေချာစကား ပြောမိတော့လည်း... သူက သဘောကောင်း
သား။ စကားပြောပြီး နည်းနည်းအရှိန်ရလာတော့ ... စုငယ်လည်း မိန်းကလေးသဘာဝ စပ်စုမိတာပေါ့....။

"ကိုခိုင်မြဲ က အရင် ကဘယ်မှာနေတာလဲ... စုငယ် တို့ ဒီအိမ်ကိုပြောင်းလာတာ တစ်နှစ်ကျော်ပဲရှိသေးတယ်...။ကိုခိုင်မြဲနဲ့ တစ်ခါမှ မဆုံဖြစ်ဖူးနော်... အခုမှဆုံတာ...."

စုငယ်က စကားစပေးလိုက်တယ်...။

"သြော်....ဟုတ်တယ် စုငယ်...ကျွန်တော် ဖေဖေနဲ့မေမေကတော့ ... ဒီမှာနေတာကြာပါပြီ...။ကျွန်တော်ကတော့ အခုမှပဲ အိမ်ပြန်ရတယ်ဆိုပါတော့ဗျာ... ဟဲ ဟဲ..."

ရယ်ကျဲကျဲနဲ့ သူအမူအရာက တစ်ခုခုကို ထိန်ချန်ထားသလိုလို...။ စုငယ်လည်း သိချင်စိတ် တော်တော်ပေါက်သွားတော့ ဆက်မေးမိတယ်....။

"ဟင်...ကိုခိုင်မြဲက အရင်က မိဘနဲ့ အတူမနေလိုလား... ဒါဆို ဘယ်မှာနေတာလဲဟင်...."

"ကျွန်တော်က တပ်ထဲမှာ .. နေတာပေါ့.. စုငယ်ရယ်...ကျွန်တော်က စစ်သားလေ...တစ်နှစ်နေလို့မှ အိမ်ကိုတစ်ခါပြန် ...မရောက်နိုင်တဲ့ စစ်သားဘ၀ပါဗျာ...."

"သြော်...ရှင်ကစစ်သားကိုး...."

Monday, September 22, 2008

အဲ့ဒီနေ့ညနေက... စုငယ်တစ်ယောက် ..အရင်နေ့တွေကလိုပဲ ..စာအုပ်ဆိုင်မှာ...စာအုပ်သွားငှားပြီး...ပြန်အလာ.. လမ်းလေးခွဆုံတစ်နေရာကို .. ရောက်တော့ ..ညာဘက်လမ်းမကြီးကနေ....ချိုးကွေ့လာတဲ့ ကားတစ်စီးကို ...လန့်ပြီး..ရှောင်မလို့ ...ဘယ်ဘက်ကို...ပြေးကပ်လိုက်တဲ့အခါမှာ ..မထင်မှတ်ပဲ.. အနောက်ကပါလာတဲ့ ..စက်ဘီးနဲ့တိုက်မိ မလိုဖြစ်သွားခဲ့တယ်...။ တော်သေးတာပေါ့..။စက်ဘီးက ဘရိတ်အုပ်တာမြန်လို့..။ မဟုတ်ရင်အဲဒီနေ့က စုငယ်
ဆေးခန်းရောက်မှာ သေချာပါတယ်...။ လန့်ကလည်းလန့်၊ ရှက်ကလည်းရှက်နဲ့...စက်ဘီးစီးလာတဲ့...သူကိုလည်း...ပြန်ရန်တွေ့
မိသေးတယ်...။ ။

"စက်ဘီးကို ဘယ်လိုစီးနေတာလဲ...။ လူတစ်ယောက်လုံးကို မမြင်ဘူးလား...။တိုက်မိရင်တော့ ...ရှင်မလွယ်ဘူးမှတ်..."

"မတော်လို့ပါကွာ...။မင်းဒီဘက်ကို ပြေးကပ်မယ်လို့ ကိုယ်မထင်လို့ပါ...။ ထိခိုက်မိတယ်ဆိုရင် ..ဆောရီးပါနော်..။ လမင်းကော
လျှောက်နိုင်ရဲ့လား...။ လိုက်ပို့ပေးရမလား... အားမနာပါနဲ့ ...။ကျွန်တော်က ခင်တတ်ပါတယ်..."

စုငယ်က ရန်တွေ့ပေမယ် သူကတော့ ..အေးဆေးတည်ငြိမ်စွာပဲ... ဖျောင်းဖျပြောဆိုခဲ့တယ်....။ ကိုယ်ကလည်းမှားနေတာ
ရယ်..၊ ဘာမှလည်း ထိခိုက်သွားတာ မဟုတ်လို့ စုငယ်လည်း ..ပြန်ပြီးကျေအေးလိုက်ရတာပေါ့...။ ။

"ရပါတယ်... ဘာမှထိသွားတာမှ မဟုတ်တာ... စုငယ်ကို့ဟာကိုယ် ပြန်လို့ရပါတယ်...သွားလိုက်ပါဦးမယ်နော်..."

"သြော်.. ဟုတ်ကဲ့ ...နာမည်က စုငယ်တဲ့လား....ကျွန်တော်မှတ်ထားလိုက်မယ်နော်....ကျွန်တော် နာမည်က ခိုင်မြဲပါ..
နောက်လဲတွေ့ရင် ခေါ်နိုင်ပါတယ် ခင်ဗျ..."

ဘာမှတောင် မပြောရသေးဘူး... သူဟာသူ ပြောချင်ရာ ပြောပြီး .. မိတ်ဆက်နေတဲ့ သူကို ဘာမှ ပြန်မပြောမိတော့ပဲ ..ပြုံးပြလို့သာ... ထွက်လာခဲ့မိတယ်.... ။ သူပုံစံက အသက်တော့ သိပ်ကြီးလှသေးပုံ ..မပေါ်ဘူး...။ စုငယ်နဲ့ ရွယ်တူ...
လောက်ပဲ ရှိမယ် ထင်ပါရဲ့....။ပုံစံကတော့ ရည်ရည်မွန်မွန်လေးပါပဲ..။ စုငယ် အိပ်ပြန်ရောက်တဲ့ အထိ သူရဲ့ အပြုံးကို မျက်လုံးထဲ မှာ စွဲလာခဲ့တယ်...။ခိုင်မြဲတဲ့လား...။တကယ်ပဲ ... သူရဲ့ အပြုံးဟာ ငြိမ်းချမ်းစေပါတယ်...။တစ်ခါကြည်မိရုံနဲ့
မျက်လုံးထဲမှာ စွဲသွားစေတဲ့ သူရဲ့ အပြစ်ကင်းတဲ့ အပြုံး... သိမ်မွေ့တဲ့ အမူအရာ...နူးညံတဲ့ စကားသံတွေကို စုငယ်ဆိုတဲ့...
ကောင်မလေးတစ်ယောက် မှတ်မှတ်ရရတော့ ရှိခဲ့တယ်ဆိုတာတော့ ၀န်ခံမိပါတယ်....။ ။

အိမ်ပြန်ရောက်တော့လည်း...ခုနက ဖြစ်ပျက်လာတာတွေကို မေ့ပြီး... ငှားလာတဲ့ စာအုပ်ကို ..စိတ်ဝင်တစား ဖတ်မိတယ်...ပုညခင်ရဲ့ ချစ်သူရှိတဲ့မိန်းမတဲ့...။ ချစ်သူရှိတဲ့ မိန်းမတစ်ယောက်ရဲ့ ချစ်သူနဲ့ပတ်သတ်ပြီး စိတ်ထဲက ခံစားရတဲ့
ခံစားချက်တွေ... ဖြစ်တတ်တဲ့ သဘာဝတွေကို အခြေခံထားတဲ့ ..ဇာတ်လမ်းလေးပေါ့... ။ ဇာတ်လမ်းလေး မှာမျောပါပြီး...
အိပ်ပျော်သွားလိုက်တာ .. နိုးတဲ့အခါ နာရီကို ကြည်မိတော့ .. မနက် ၇း၃၀နာရီ တောင်ရှိပါပေါ့...။ အိပ်ရာထဲ..က ထလို့..
မီးဖိုချောင်ထဲမှာ.. မေမေများရှိနေမလားလို့ ရှာတော့လည်း .. တစ်အိမ်လုံး ဘယ်သူမှမတွေ့...။ဒါဆိုရင်တော့ သေချာပါပြီ...။
ဆောင်းတွင်း မနက်စောစော ..လမ်းလျှောက်ထွက်ကြတာ... ပြန်မရောက်ကြသေးတာ... ဖြစ်မှာပေါ့လို့တွေးပြီး... ချမ်းချမ်းနဲ့ ပြန်အိပ်ဖို့ ... အိပ်ရာထဲကို ပြန်အ၀င်... အိမ်ရှေ့က လူခေါ်ခေါင်းလောင်း မြည်သံကြားလို့ ... ထွက်ကြည့်မိတဲ့အခါ... စုငယ် မျက်လုံးလေးတွေဝိုင်းစက်သွားရတယ်လေ....။ ။

Sunday, September 21, 2008

ဒီဝတ္ထုလေးသည်ရေမြေရပ်ခြားမှာသွာရောက်ပညာသင်ကြားနေသော
တပ်မတော်သားတစ်ယောက်၏အချစ်ကိုရည်ညွှန်းရေးဖွဲထားခြင်းဖြစ်ပါသည်...
မည်သူကိုမှလည်းမရည်ရွယ်...အကြောင်းတစ်စုံတစ်ရာတိုင်ဆိုင်မှုများရှိခဲ့ရင်...
အမှားအယွင်းများပါရှိခဲရင်...ကျွန်တော်၏စိတ်ကူးရင်သက်သက်..
ပေါ့လျော့မှုများသာဖြစ်ပါကြောင်း...
လေးစားစွာဖြင့်....
နေမင်းညို


ချစ်တာတွေ ပြောကာပြမယ်....

ချောက်....ချက်....ချောက်...ချက်...
တိတ်ဆိတ်လွန်းနေတဲ့ ညအချိန်မှာ နာရီလက်တံ ရွေ့သံလေးက နားထဲကို ထိုးဖောက်ဝင်ရောက်လာပါတယ်။
အိပ်ရာပေါ်မှာ လူးလွန့်နေရင်းက မနေသာတော့ပဲ... နာရီကိုထကြည်တော့ မနက်၁း၃၀ ရှိပြီ။ ချစ်စုငယ် အိပ်ယာဝင်ခဲ့တာ
ည ၉း၀၀ နာရီကတည်းကပါ....။ဒါပေမယ့် အခုထိအိပ်မပျော်နိုင်သေးဘူး...။တစ်အိမ်လုံးလည်း အိပ်ကုန်ကြပြီ....။
အထူးသဖြင့် ဒီနေ့လိုရက်မျိုးမှာ .... ညအချိန်တွေကို ဖြတ်သန်းရမှာကြောက်လို့ စောစော အိပ်ရာဝင်ပါတယ်ဆိုမှ....
အိပ်လို့ကမရ...။ ဘယ်လိုလုပ်ရပါ့မလဲ...။အိပ်ဆေးသောက်လို့လည်း မဖြစ်ပြန်ဘူး....။ မနက်မနိုးပဲနေရင် ရုံးချိန် မမီပဲနေဦးမယ်...။ မောပန်းသောစိတ်နဲ့အတူ လေးတွဲ့သော သက်ပြင်းတစ်ချက်ကို ရှိုက်မိတယ်..။ ရှေ့ဆက်ပြီး ဘာတွေဖြစ်လာ
ဦးမှာလဲ.......။

ကိုရယ်.....စုငယ်ကို လာကြည့်လှည်ပါဦး....

သူ... သူပါလား... အိပ်မက်ထဲက ရုပ်ပုံလွှာလေး... အသားအနည်းငယ် ညိုသည်မှလွဲ၍
ကျွန်မ အသိစိတ်ထဲက ရုပ်ပုံလေး၊ ကျွန်မနှင့် ရင်းနှီးသော ရုပ်ပုံလေး။
ခန္ဓာကိုယ် အနည်းငယ် ဖွံ့ဖြိုးသည်ကလွဲ၍ အိပ်မက်ထဲက ရုပ်ပုံနှင့်
တစ်ထပ်တည်း။ ကျွန်မရှေ့တွင် သူထိုင်ချလိုက်သည်။

"ဆောရီးပဲနော်.. တော်တော်လေး ကျန်းမာဖို့အတွက် အချိန်ယူနေရလို့ပါ။ လုံးဝ
နေကောင်းသွားပြီဆိုမှ ကျွန်တော် လာတွေ့ရဲတယ်လေ"

ကျွန်မ အံ့သြ၀မ်းသာပြီး ဘာပြန်ပြောရမှန်း မသိတော့။ မျက်လုံးအိမ်ထဲတွင်
မျက်ရည်များဖြင့် ပြည့်လျှံနေခဲ့သည်။ ကျွန်မကိုယ်ကို ထောင်မတ်ပေးရင်း
ကျွန်မမပါးကို ညင်သာစွာ သူပွတ်သပ်လိုက်သည်။

"ကျွန်တော် ထင်တဲ့အတိုင်းပဲ ပါးပြင်တွေက နူးညံ့နေတယ်"
"ကျွန်တော့်ကိုယ့်ကျွန်တော် ပြန်မိတ်ဆက်ပေးပါရစေ"

သူရယ်ရင်း လက်ကို ကမ်းပေးသည်။ ရယ်နေပုံက အပြစ်ကင်းသော
ကလေးလေးတစ်ယောက်နှင့် တူနေသည်။

"ကျွန်တော့်နာမည် နေဒွေးဇော်ပါ။ တွေ့ရတာ ၀မ်းသာပါတယ်"
"တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်မ မိဆိုးပါ"

ကျွန်မပြန်ကမ်းလိုက်သော လက်ကို ကြင်နာစွာ သူဆုတ်ကိုင်ထားလိုက်သည်။
"မိဆိုး ကျွန်တော်နဲ့ တစ်သက်လုံး လက်တွဲသွားနိုင်မလား"
ကျွန်မ ခေါင်းကို သွင်သွင်ငုံ့လိုက်မိသည်။

နွေဦး၏ လေရူးနှင့်အတူ ကျွန်မရှေ့သို့ သူရောက်လာခဲ့သည်။ ရွက်ကြွေများ
ဖြန့်ခင်းထားသော အ၀ါရောင်လမ်းလေးပေါ်တွင် သူနှင့်ကျွန်မ ပထမဆုံးအကြိမ်
တွေ့ဆုံကြသည်။

ပြီးပါပြီ

နာရီလက်တံများ တစ်စက္ကန့်ပြီး တစ်စက္ကန့် ရွေ့နေသည်။ ကွန်ပျူတာ
ဖန်သားပြင်ပေါ်တွင် သူ၏ စာများ ထပ်ပေါ်မလာတော့။ ကျွန်မ ထိုင်ခုံပေါ်တွင်
ထိုင်ရင်း အားရပါးရ ငိုလိုက်မိသည်။ အိပ်မက်ထဲက သူ့ပုံရိပ်ကို
စွဲစွဲမြဲမြဲ မှတ်ထားရန် ကိုယ့်ကိုယ် သတိပေးလိုက်မိသည်။ သူသည်
အချိန်မရွေး ကျွန်မရှေ့တွင် ပေါ်လာနိုင်သည်။ ထိုအချိန်ရောက်လျှင်
အလှပဆုံးပြုံးလျှက် သူ့ကို နွေးထွေးစွာ ကျွန်မကြိုမည်။ သူမလာမှန်း
သိနေလျှက်နှင့် ညသန်းခေါင် ၁၂နာရီရောက်တိုင်း ကျွန်မ online ပေါ်သို့
တက်ပြီး သူ့ကိုရှာမြဲ... သူ၏ message များကို မျှော်နေမြဲပင်။ ကျွန်မ၏
အပြုအမှုများသည် စိတ္တဇဆန်ကောင်း ဆန်နေလိမ့်မည်။

၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀


ပြက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ကြွေကျကုန်သည်။
လူသွားလူလာများကြားတွင် သူ့ကို ကျွန်မ လိုက်ရှာနေမိသည်။
ကျွန်မကိုတွေ့လျှင် ကျွန်မနှင့် ပတ်သက်ခဲ့ဖူးသမျှ သူ
မှတ်မိနေမည်ဆိုသည်ကို ကျွန်မ ယုံကြည်နေမိသည်။ ကျောင်းဝင်းထဲရှိ
သစ်ရွက်များပင် နွေဦးလေနှင့်အတူ မြူးတူးပျော်ပါးနေကြကုန်ပြီ။ မကြာမီ
နွေရာသီ ကျောင်းပိတ်ရက် ရောက်တော့မည်။ လေရှုးတစ်ချက်အဝှေ့ ကျွန်မလက်ထဲက
စာရွက်များ ပြန့်ကျဲကုန်သည်။ ထိုစာရွက်စာတမ်းများ မရှိလျှင် စာမေးပွဲတွင်
ကျွန်မ ဒုက္ခလှလှလေး တွေ့ဦးမည်။ စာရွက်များကို ကျွန်မ ကပျာကယာ
လိုက်ကောက်လိုက်သည်။ ကျွန်မနှင့်အတူ စာရွက်များကို လိုက်ကောက်နေသော
အရိပ်တစ်ခုကို တွေ့လိုက်မိသည်။ စာရွက်များကို ကောက်ရင်း ကျွန်မ
ဘေးနားတွင် ခြေအစံကို ရပ်လိုက်သည်။

"ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်လေ"

ကျွန်မရင် ဒိန်းခနဲ ခုန်သွားမိသည်။ ခပ်သြသြနှင့် နူးညံ့သော ထိုအသံမှာ
ကျွန်မနှင့် မရင်းနှီးပေမယ့် ထိုလူပြောလိုက်သော စကားမှာ midnight
ပြောတတ်သော စကားနှင့် တစ်ထပ်တည်း။ ကျွန်မ အထိန့်အလန့်
မော့ကြည့်လိုက်မိသည်။

"ရှင်ရဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်သေးတယ်။ ဒါပေမဲ့ အခုမဟုတ်သေးဘူး။
တကယ့် လူတစ်ယောက်အဖြင့်နဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်တယ်"

"ကျွန်တော်ရဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ ပြောနေတာလား"
"ဟုတ်တယ်"

"၀င်သွားပြီးနောက်ပိုင်း ခင်ဗျားနဲ့ ပတ်သက်သမျှ ကျွန်တော်
သတိမရတော့မှာကို မကြောက်ဘူးလား"
"ဒီလိုပဲ ဖြစ်တတ်သလား..ကျွန်မကို မေ့သွားမှာလား" ကျွန်မစိတ်ပူစွာ ပြောလိုက်မိသည်။

"အသေအချာတော့ မသိဘူး။ တစ်ချို့မေ့တတ်တယ်။ တစ်ချို့ မမေ့တတ်ဘူး။
ခံနိုင်ရည်အားကို ကြည့်ရဦးမယ်လေ"

ပြန်သွားပြီး သူ သတိမရခဲ့လို့ ကျွန်မကို လာမရှာနိုင်ချင်နေပါစေ။
ကျွန်မကြောင့် သူသည် ခိုကိုးရာမဲ့ ၀ိညာဉ်တစ်ကောင်တော့ မဖြစ်စေချင်ပါ။

"ပြန်သွားပါ။ ရှင် ကျွန်မကို မမေ့ဘူးလို့ ကျွန်မ ယုံကြည်တယ်။
လူစင်စစ်တစ်ယောက်အဖြင့်နဲ့ ကျွန်မရှေ့မှာ ထိုင်ပြီး ရှင်နဲ့
မေအကြောင်းပြောပြတာကို ကျွန်မ ကြားချင်သေးတယ်"

မျက်စိကိုမှိတ် သူ့ပုံရိပ်ကို မြင်ယောင် ခံစားရင်း ကျွန်မ ပြောလိုက်သည်။

"ခင်ဗျား စကားကို ကျွန်တော် နားထောင်မယ်။ ကျွန်တော့် ခန္ဓာကိုယ်ထဲ
ပြန်ဝင်မယ်။ ကျွန်တော့် ပြန်အလာကို စောင့်နေမလား"

"ကျွန်မ စောင့်နေမယ်။ တစ်သက်လုံး စောင့်နေမယ်။ ကျွန်မကို
မေ့ခဲ့မယ်ဆိုရင်တောင် ရှင်သတိရပြီး ကျွန်မကို ပြန်မှတ်မိလာတဲ့အထိ
စောင့်နေမယ်"

ကျွန်မပြောရင်း ရင်နင့်မိသည်။ မျက်ရည်များက အတားအဆီးမဲ့စွာ
စီးဆင်းလာပြန်သည်။ သူ ကျွန်မအနားက ပျောက်ကွယ်သွားတော့မယ်ဆိုတာ
ရာခိုင်နှုန်း တစ်ဝက်က သေချာနေပြီ။ ရင်ထဲ စူးနေအောင် နာကျင်လာမိသည်။

"ခင်ဗျားပါးကို ကျွန်တော် နမ်းလိုက်တယ်။ ကိုယ့်ကိုယ် ကောင်းကောင်း
ဂရုစိုက်နော်။ ကျွန်တော်သွားပြီ။ ကျွန်တော့်ပြန်အလာကို စောင့်နေပါနော်"

"ဘာဖြစ်လို့ ကျွန်မကိုမှ ရွေးချယ်ခဲ့ရတာလဲ"

"... ကျွန်တော် စောင့်ကြည့်နေတာ ကြာပြီ။ ခင်ဗျားနဲ့ chatting
မလုပ်ခင်ကတည်းက ခင်ဗျားအခန်းထဲမှာ ကျွန်တော်ရှိနေခဲ့တယ်"

တစ္ဆေတစ်ကောင် ကျွန်မ အခန်းထဲတွင် အစောကြီးကတည်းက ရှိနေသည်ကို ကျွန်မ
မသိခဲ့ပါလား.. ကျွန်မ၏ နေ့စဉ် အပြုအမှုများကို
သူစောင့်ကြည့်နေခဲ့ပါလား...။ ထိုသို့ တွေးမိလိုက်စဉ် ကျွန်မပါးနှစ်ဘက်
အပူကြောင့် ရှိန်းခနဲ ဖြစ်သွားသည်။

"ဟား...ဟား.. ခင်ဗျား ဘာတွေးနေလဲ ကျွန်တော်သိတယ်။ ကျွန်တော် အဲဒီလောက်
အောက်တန်း မကျပါဘူးဗျာ"

ကျွန်မပါးနှစ်ဘက် နီမြန်းသွားသည်ကို ကြည့်ပြီး ကျွန်မ၏အတွေးကို သူသိနေခဲ့သည်။
"တစ်ခြားလူမသိအောင် စောင့်ကြည့်တဲ့ အပြုအမှုတွေဟာ မတရားဘူးဆိုတာ ရှင်မသိဘူးလား"

"တရားတယ်၊ မတရားဘူးဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ ၀ိညာဉ်တွေက
ဒီလိုပဲ လျှောက်သွားနေတတ်တယ်လေ။ ခင်ဗျားနဲ့ ခင်ပြီးတဲ့နောက်ပိုင်း
ကျွန်တော် အချိန်သတ်မှတ်ပြီး လာခဲ့တယ်။ တစ်ချိန်လုံး
ကျွန်တော်စောင့်ကြည့် မနေတော့ပါဘူး"

"နေပါဦး..... နေ့လည်အချိန်တွေမှာ ရှင်ဘာလုပ်နေလဲ"

"နေ့လည်.. နေ့လည်ဆိုရင် လေးထောင့်အခန်းထဲမှာ ထားထားတဲ့ ခန္ဓာကိုယ်ထဲ
ကျွန်တော်ဝင်နေရတယ်လေ။ ညအချိန်လို လွတ်လွတ်လပ်လပ် ထွက်လာခွင့်မရဘူး"

ကျွန်မ မျက်လုံးများ ပြူးသွားမိသည်။
လေးထောင့်အခန်း......... ခန္ဓာကိုယ်....

"နေ.. နေပါဦး... လူတွေက ရှင့်ကို မသင်္ဂြိုလ်ကြသေးဘူးလား"
"ကျွန်တော်ရဲ့ ခန္ဓာကိုယ်က ဆေးရုံမှာပဲ ရှိနေသေးတယ်။ မေ့မြောနေဆဲမို့
သူတို့က လက်မလွတ်ချင်ကြသေးဘူးနဲ့ တူတယ်"

သူ...သူ... အသက်ရှင်နေဆဲပါလား..။ ၀ိညာဉ်ကသာ လျှောက်သွားနေခြင်းဖြစ်သည်။
ဆေးရုံတွင် လဲလျောင်းနေသော ခန္ဓာကိုယ်မှာ ၀ိညာဉ်မဲ့သော ခန္ဓာကိုယ်ဖြစ်မည်။

"ရှင်ဘာဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်ထဲ မပြန်တာလဲ... လူလုပ်ရမှာ
တော်တော်စိတ်ကုန်သွားပြီလား"

"ကျွန်တော် ပြန်သွားရင် ခင်ဗျားကို ကျွန်တော် မမြင်ရတော့ဘူး။
ကျွန်တော့်ကို မေ့သွားမှာ စိုးတယ်"

သူ့စကားကို ကြားပြီး ကျွန်မ စိတ်မကောင်းဖြစ်သွားမိသည်။ သူ၏စိတ်ထဲတွင်
ကျွန်မ ရှိနေခဲ့ပြီလား... လူသားတစ်ယောက်အနေနှင့် သူ၏ပိုက်ထွေးမှုကို
ကျွန်မခံယူချင်သေးသည်။ လူတစ်ဖန်ပြန်လုပ်ဖို့ သူ့မှာ အခွင့်အရေးတွေ
ရှိနေသေးသည်။ ကျွန်မကို မြင်နိုင်ဖို့အတွက် ထိုအခွင့်အရေးကို သူ
လက်လွတ်တော့မလား။ ကျွန်မ မျက်စိထောင့်စွန်းက မျက်ရည်များ အတားအဆီးမဲ့
စီးကျလာသည်။

"မငို.. မငိုပါနဲ့။ ကျွန်တော် ဘာအမှားများ ပြောမိပါလိမ့်
(ကျွန်တော်မျက်ရည်တွေကို သုတ်ဖို့ ကြိုးစားနေတယ်)"

ထိုစာကြောင်းကို ကြည့်ပြီး ကျွန်မ အသံထွက် ရယ်လိုက်မိသည်။ တစ္ဆေတစ်ကောင်က
ကျွန်မကို နှစ်သိမ့်နေပါလား..။ စီးကျလာသော မျက်ရည်များကို ကပျာကယာ
သုတ်ပေးနေသည့် သူ့ကို ကျွန်မမြင်ယောင်ကြည့်မိသည်။

"နည်းနည်းတော့ ကြောက်မိပါတယ်"
ကျွန်မ စာပြန်မရိုက်ဘဲ ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသာ
ကျွန်မအခန်းထဲတွင် ရှိနေခဲ့လျှင် ကျွန်မပြောသမျှ သူကြားနိုင်လိမ့်မည်ဟု
ကျွန်မထင်သည်။ ယခု အဖြစ်အပျက်မှာ တစ်ယောက်ယောက်က နောက်ပြောင်နေသည်ဟု
ကျွန်မ မျှော်လင့်ချင်သေးသည်။

"ခင်ဗျား အရင်က ကျွန်တော့်ကို မကြောက်ပါဘူး။ ကျွန်တော် စိတ်မကောင်းဘူးဗျာ"
"အရင်တုန်းက တစ်ယောက်ယောက်က နောက်ပြောင်နေတယ်လို့ ကျွန်မထင်ခဲ့တယ်လေ။
တကယ့်သရဲဖြစ်မယ်မှန်း တွေးမထားမိဘူး"
"အခု ခင်ဗျား သိပြီလေ။ ကျွန်တော်နဲ့ ဆက်စကားပြောနေဦးမလား"
"အင်း... ပြောမယ်။ ကျွန်မသိချင်တာတွေ မေးရဦးမယ်" ကျွန်မ အသက်ကို
ပြင်းပြင်းလေး ရှူသွင်းလိုက်မိသည်။
"မေနဲ့ ရှင့်အကြောင်းကို အစအဆုံး ပြောပြနိုင်မလား"

"မေဟာ ကဝေမတစ်ယောက်ပါ။ လှည့်စားတတ်တဲ့ ကဝေမ... ကျွန်တော်နဲ့ချစ်သူတွေ
မဖြစ်ခင်ကတည်းက သူ့မှာ လက်ထပ်ရမဲ့သူရှိပြီးသား.. အင်တာနက်မှာ
ကျွန်တော်နဲ့ ချစ်တယ်ဆိုတာကလည်း သူ့အတွက် အပျင်းပြေဖို့ သက်သက်ပဲ။
ကျွန်တော့်ကို အရုပ်တစ်ရုပ်လို သူသဘောထားခဲ့တယ်။ ကျွန်တော့်ရဲ့
ခံစားချက်ကို သူအမျိုးမျိုး လှည့်စားခဲ့တယ်"

"ရှင် ဘယ်လိုလုပ်သိလိုက်တာလဲ"

"သူနဲ့တွေ့နိုင်ဖို့ ကျွန်တော် အမျိုးမျိုး ကြိုးစားခဲ့တယ်။
အကြိမ်ကြိမ်လည်း တောင်းဆိုခဲ့တယ်။ သူ့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့
ကျွန်တော်တွေ့နိုင်အောင် ကြိုးစားမယ်လို့လည်း ပြောခဲ့တယ်။
ထူးထူးဆန်းဆန်းပဲ ကျွန်တော့်ကို သူတွေ့မယ်လို့ ခွင့်ပြုခဲ့တယ်။
သူနဲ့တွေ့ရမဲ့ရက်မှာ ကျွန်တော်စိတ်အရမ်းလှုပ်ရှားခဲ့
တယ်။ သူ့ကို တွေ့တာနဲ့
သူမှန်း ကျွန်တော်မှတ်မိနေခဲ့တယ်။ သူအရမ်းလှတယ်။ ဓာတ်ပုံထဲကထက်တောင်
လှတယ်"

ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ တက်လာသော စာများကို ဖတ်ရင်း
ကျွန်မမျက်တောင်ခတ်ဖို့ မေ့နေခဲ့သည်။

"ခင်ဗျားကြည့်ရတာ သက်သာသေးပုံ မပေါ်ဘူး သွားအိပ်လိုက်ပါလား"

"ဟင့်အင်း... ကျွန်မ မေးဖို့ မေးခွန်းတွေ ကျန်နေသေးတယ်" ကျွန်မ
ခေါင်းရမ်းရင်း ပြောလိုက်မိသည်။

"ခင်ဗျားရဲ့ လက်ကို ကျွန်တော် ကိုင်နေတယ်... ခံစားလို့ရလား"
မမျှော်လင့်သော စာကြောင်းကြောင့် ကျွန်မယောင်ရမ်းပြီး လက်ကို
ကြည့်လိုက်မိသည်။ ကျွန်မ ခံစားလို့ မရခဲ့...သို့သော် နွေးထွေးသော
လက်တစ်စုံက ကျွန်မလက်ကို ဆုတ်ကိုင်းထားသည်ဟု ကျွန်မမြင်ယောင်ကြည့်မိသည်။

"ခင်ဗျား ကြည့်ရတာ အားမရှိဘူးဗျာ။ ကျွန်တော် စိုးရိမ်တယ်။ မေးချင်တဲ့
မေးခွန်းတွေ နောက်ညမှ မေးပါလား... အနားယူလိုက်နော်"

စာကြောင်းလေး တစ်ကြောင်းသာဖြစ်ခဲ့သော်လည်း ကြင်နာသော သူ့စကားများကို
ကျွန်မခံစားမိသည်။

"ကျွန်မ တစ်ခုမေးပြီးရင် သွားအိပ်မှာပါ"
ကျွန်မ အရဲစွန့်ပြီး ကျွန်မ အသိချင်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်မိသည်။

မနက်နိုးလာသည့် အချိန်တွင် ကျွန်မ အပူချိန်တက်နေသည်။ တစ်ကိုယ်လုံး
ပျော့ခွေနေပြီး လမ်းလျှောက်ဖို့ရန် အင်အားပင် မရှိတော့။ ညတုန်းက
အဖြစ်အပျက်ကို ပြန်စဉ်းစားမိသည်။ သူသည် နေ့ခင်းတွင် ကျွန်မဘေးတွင်
ရှိနေမည် မဟုတ်ဟု ထင်မိသည်။ တစ္ဆေသရဲများသည် အလင်းရောင်ကို ကြောက်ကြသည်
မဟုတ်ပါလား..။ ကျွန်မ ကုတင်ပေါ်မှ အားယူထလိုက်သည်။ ကော်ဖီဖျော်ရန်
ရေနွေးတည်နေရင်း ညက သူပြောခဲ့သော စကားကို ပြန်သတိရမိသည်။

"ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.. ခင်ဗျား ဖျားနေပြီ"
ကော်ဖီကို ကျွန်မ ဆက်မဖျော်မိတော့။ ညတုန်းက မြင်ခဲ့ဖူးသော သူ့ပုံရိပ်ကို
ကျွန်မမြင်ယောင်မိသည်။ သူသာ တစ္ဆေမဟုတ်ခဲ့လျှင် မိန်းကလေးများ
ဝိုင်းဝိုင်းလည်နေသော ရုပ်ရှည်ရှိသူဖြစ်သည်။ သူ၏ခံစားချက်များကို
နားထောင်ပြီး သူ့အပေါ် ကျွန်မ သနားမှုတွေ ပိုသွားပြီလား...သူ့ကို ကျွန်မ
ချစ်မိသွားပြီမလား.. တစ္ဆေတစ်ကောင်ကို ကျွန်မချစ်မိသွားပြီလား... ဘယ်လောက်
စိတ္တဇဆန်တဲ့ အပြုအမှုလဲနော်...

သူပြောပြဖူးသော သူ့အကြောင်းများကို ကျွန်မပြန်စဉ်းစားမိသည်။ သူ့အပေါ် မေ"
ဆက်ဆံရေးကျဲလာခဲ့သည် ဆိုသည့်အထိပဲ ကျွန်မသိခဲ့သည်။ သူ့လို
ရုပ်ရည်ချောမောသည့် လူကို မေ" ဘာကြောင့်များ ငြင်းဆန်ခဲ့သလဲ..
ကျွန်မသိချင်လာမိသည်။ သူဘာကြောင့် ကိုယ့်ကိုယ် အဆုံးစီရင်ခဲ့လဲ...
"အင်တာနက်ကို မုန်းတယ်.. မိန်းမတွေကိုမုန်းတယ်" ဟုပြောပြီး ဘာကြောင့်
ထိုအကြောင်းများကို အင်တာနက်ပေါ်က ကျွန်မအား ပြောပြနေသလဲ..
ကျွန်မသိချင်စိတ် ပိုပြင်းပြလာခဲ့သည်။

ညအမှောင်ထု၏ တဖြေးဖြေး ၀င်ရောက်လာမှုက ကျွန်မစိတ်ကို ပိုလှုပ်ရှားစေခဲ့သည်။
သိချင်စိတ်များကြောင့် ည ၁၁နာရီ မိနစ် ၅၀တွင် ကျွန်မ အခန်းမီးများကို
ဖွင့်ပြီး ကွန်ပျူတာရှေ့တွင် ထိုင်နေမိသည်။ မည်မျှပင် သတ္တိရှိသည်ထားဦး
တစ္ဆေတစ်ကောင်နှင့် အမှောင်ထဲတွင် ကျွန်မ ထိုင်ရဲမည်မဟုတ်။
ကိုယ်ရောင်ဖျောက်ထားသော တစ္ဆေတစ်ကောင်ကို ကျွန်မ မမြင်မတွေ့နိုင်မှန်း
သိနေသော်လည်း တံခါးပေါက်ဘက်သို့ ကျွန်မ မကြာခဏ လှည့်ကြည့်နေမိသည်။ သူ့ကို
ကျွန်မစောင့်နေကြောင်း သူ့အား သိစေချင်သေးသည်။

ည ၁၂ နာရီ ၀၁ မိနစ်... နံရံပေါ်တွင် ချိတ်ဆွဲထားသော နာရီလက်တံ၏
တစ်ချောက်ချောက် အသံမှလွဲ၍ တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ ဒီည
သူလာပါဦးမလား...။မနေ့ညက ကျွန်မ အပြုအမှုကြောင့် ဒီည သူထပ်လာပါ ဦးမလား...

"တစ်ခန်းလုံး မီးတွေ ထိန်နေအောင် ဖွင့်ထားတာ ကျွန်တော့်ကို ကြောက်သွားပြီလား"
သူလာပါပြီ.... ကျွန်မ ၀မ်းသာသွားမိသည်။ သူ့ကိုမေးဖို့ မေးခွန်းတွေ
ကျွန်မမှာ အများကြီးရှိသေးသည် မဟုတ်ပါလား..။

အိပ်ပျော်ပြီး သိပ်မကြာလိုက် စိတ်ထဲတွင် တကယ့်အဖြစ်လိုလို အိပ်မက်လိုလို
ယောက်ျားလေးတစ်ယောက် ကျွန်မအခန်းထဲသို့ ၀င်လာသည်ဟု ခံစားမိသည်။
ကျွန်မထထိုင်ဖို့ ကြိုးစားသော်လည်း ဘယ်လိုမှ ထမရခဲ့။ ထိုယောက်ျားလေးမှာ
အပြာနုရောင် ည၀တ်အင်္ကျီကို ၀တ်ဆင်ထားသည်။ ရုပ်ရည်မှာ သန့်ပြန့်နေသော်လည်း
မျက်နှာမှာ သွေးဆုတ်ပြီး ဖြူရော်နေသည်။ အကြည့်မှာ နူးညံ့သိမ်မွေ့သည်။
ကျွန်မ ကုတင်နားသို့ ချည်းကပ်လာပြီး ကျွန်မ၏ဆံပင်များကို ပွတ်သပ်နေသည်။
ထို့နောက် ကျွန်မမျက်နှာကို ညင်သာစွာ ပတ်သပ်ပေးပြီး
"ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ" ဟုပြောပြီး ပျောက်ကွယ်သွားသည်။
ကျွန်မမျက်စိကို အားယူဖွင့်လိုက်မိသည်။ နာရီကို ကြည့်လိုက်တော့ ည ၁၂နာရီ
၁၀မိနစ်။ ကျွန်မ ကုတင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာကို
အလျှင်အမြန်ဖွင့်လိုက်သည်။ လိုင်းချိတ်နေချိန်တွင် ထိုအဖြစ်အပျက်မှာ
တကယ်လား၊ အိပ်မက်လား ဆိုသည်ကို ကျွန်မ တွေးနေမိသည်။
အိပ်မက်ဖြစ်သည်ထားဦး.. ဘာကြောင့် ထိုလူ့ ရုပ်ရှည်ကို ကျွန်မကောင်းကောင်း
မှတ်မိနေပါလိမ့်။ ကျွန်မ ဝေခွဲမရဖြစ်နေချိန်တွင် ဖန်သားပြင်ပေါ်တွင်
စာတစ်ကြောင်းပေါ်လာသည်။

"ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"
ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အိပ်မက်ထဲက စကားနှင့် တစ်ထပ်တည်းပါလား...
စာကြောင်းရေးပို့လိုက်သူမှာ ကျွန်မနှင့် ညတိုင်း chatting လုပ်နေသော
သူ့ကိုယ်သူ တစ္ဆေသရဲပါဟု ပြောသော midnight.... ကျွန်မ အသက်ရှူဖို့
ခေတ္တမေ့နေခဲ့ပြီး ကွန်ပျူတာ ဖန်သားပေါ်က စာကိုသာ မျက်တောင်မခတ်
ကြည့်နေမိသည်။ သူဟာ ကျွန်မလို လူစင်စစ်တစ်ယောက်ဖြစ်ကြောင်း
ကျွန်မကိုယ်ကျွန်မ အသိပေးနေမိသည်။

"တစ်ယောက်ထဲနေရင် အစာတွေကို ပုံမှန်စားရမယ်လေ"
ကျွန်မ ပြန်မပြောသည်ကို သူသတိထားမိပုံ မရ။ သူပြောချင်တာကို ပြောနေသည်။
"ရှင်အခု ဘယ်မှာလဲ... ကျွန်မ အခန်းထဲမှာပဲလား.. ဟုတ်တယ် မဟုတ်လား" ကျွန်မ
ထိန့်လန့်စွာ မေးလိုက်သည်။
"ခင်ဗျား ဘယ်လို အဖြေမျိုးကို လိုချင်လဲ"
"တိကျတဲ့ အဖြေမှန်ကို ကျွန်မလိုချင်တယ်"
"ခင်ဗျား ခရမ်းနုရောင် ည၀တ်အင်္ကျီကို ၀တ်ထားတယ်။ အင်္ကျီအောက်မှာ
အိတ်ကပ်လေးနှစ်ခုပါတယ်။ အိတ်ကပ်ပေါ်မှာ လိပ်ပြာပုံဖဲပြားလေးပါတယ်။
စားပွဲခုံပေါ်မှာ ခင်ဗျားသောက်နေကျ ကော်ဖီခွက်လေး တင်ထားတယ်။ ဒီညတော့
ခွက်ထဲမှာ ကော်ဖီ ရှိမနေဘူး။ ခင်ဗျား အိပ်ပျော်သွားလို့
ကော်ဖီမဖျော်ရသေးဘူး။ ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.... ခင်ဗျား
ဖျားနေပြီ"

ဖန်သားပေါ်က ဆက်တိုက်ပေါ်လာသော စာများကို ဖတ်ရင်း ကျွန်မနှလုံးသွေးများပင်
ရပ်တန့်သွားပြီလားဟု ထင်မိသည်။ ကျွန်မဘာမှ ပြန်မပြောနိုင်တော့...
ကွန်ပျူတာ ပါဝါခလုတ်ကို အမြန်ဆုံးပိတ်ပြီး ကုတင်ပေါ်သို့ ခုန်တက်ကာ
စောင်ကို ခေါင်းမြီးခြုံထားလိုက်သည်။ ကျွန်မဘေးတွင် သူရှိနေသည်။ ကျွန်မ
အခန်းထဲတွင် တကယ်ရှိနေခဲ့လို့လည်း ကျွန်မ၏ ၀တ်စားဆင်ယင်မှုတွေ၊
ကျွန်မ၏အကျင့်တွေကို သူသိနေခဲ့ခြင်းဖြစ်သည်။ ညတိုင်း online ပေါ်သို့
ပုံမှန်တက်ပြီး သူ့ကိုစောင့်နေတတ်သော ကျွန်မ၏ တုံးအအ အပြုအမှုများကို
သူအရင်ကတည်းက စောင့်ကြည့်နေပုံရသည်။ သူစောင့်ကြည့်နေသည်
ဆိုသည့်အတွေးနှင့် ကြောက်စိတ်ကြောင့် ကျွန်မတစ်ကိုယ်လုံး စောင်ထဲတွင်
တုန်နေမိသည်။ မည်မျှကြာကြာ တုန်လှုပ်နေမိသည် မသိ။ ညနေက သောက်ထားသော
ဆေးအရှိန်ကြောင့် ကျွန်မ တဖြေးဖြေး အိပ်ပျော်သွားသည်။ မှုန်ဝါးဝါး ကျွန်မ၏
မသိစိတ်ထဲတွင် သူသည် ကုတင်ဘေးတွင် ထိုင်ရင်း ကျွန်မအား ကရုဏာသက်စွာ
ကြည့်နေသည်။ နောက်တွင် ကျွန်မ နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်သွားတော့သည်။

"ကျွန်တော် မေ့ကို ချစ်တယ်.... ကျွန်တော်ရဲ့ အင်တာနက်ချစ်သူ လုပ်နိုင်မလား"
"အင်တာနက် ချစ်သူအတွက် ဘာကောင်းကျိုးရှိလဲ"
"ကျွန်တော့်မှာ မေကိုပေးဖို့အတွက် အချစ်တွေ အပြည့်ရှိပါတယ်"
"အချစ်... အဟား... မေမှာ ပေါလွန်းလို့ကွယ်"
"ဒါဆို မေလိုချင်တာ ကျွန်တော်အကုန်ပေးမယ်"
"အသက် ယူမယ်ဆိုရင် ပေးနိုင်မလား"
"ကောင်းပြီလေ"

မေ"၏အချစ်ကို ရဖို့အတွက် အရာရာကို သူစွန့်လွတ်ရဲခဲ့သည်။ မေ"၏ စကားလုံး
ချိုချိုလေးများကြား သူမိန်းမော သာယာနေခဲ့မိသည်။ ကြာတော့ အင်တာနက်ထဲတွင်
ပြောရသည်ကို သူ အားမရတော့။ မေ"ကို အပြင်လောကတွင် သူတွေ့ချင်လာသည်။
လူကိုယ်တိုင်တွေ့ပြီး မေ"ကို ပွေ့ဖက်နမ်းရှုပ်ချင်မိသည်။ မေ" ကိုအပြင်တွင်
တွေ့ရန်၊ ဖုန်းဆက်ခွင့် ပေးရန် သူတောင်းဆိုမိသည်။ မေ"က တောင်းဆိုမှုတွေ
များလွန်းနေပြီဖြစ်ကြောင်း၊ တွေ့ခွင့်မပေးနိုင်ကြောင်း အပြင်းအထန်
ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် သူ့အပေါ် မေ"၏ဆက်ဆံမှုများက
အေးစက်လာခဲ့သည်။ မေ"ပို့လာသော စာကြောင်းများကို ဖတ်ခြင်းဖြင့်
သူ့အပေါ်တွင် မေ"စိတ်ကုန်လာပြီဖြစ်ကြောင်း သိသာနေသည်။

ညတိုင်း သန်းခေါင်ယံအချိန်တွင် သူသည် အချိန်တိကျစွာ onlineပေါ်သို့
ရောက်လာပြီး သူနှင့်မေ"၏ ပုံပြင်ကို ကျွန်မအား ပြောပြတတ်သည်။ တစ်ခါတရံ
သူ၏လုပ်ရပ်များကို ကျွန်မ မထောက်ခံမိသော်လည်း ညတိုင်း online တက်ပြီး
သူပြောသော ပုံပြင်ကို နားထောင်သည့်အလုပ်မှာ ကျွန်မအတွက် မလုပ်မဖြစ်
အလုပ်တစ်ခု ဖြစ်လာခဲ့သည်။

"ဘာဖြစ်လို့ မီးမဖွင့်တာလဲ... အလင်းပြန်နေတာ မျက်စိပျက်မယ်နော်"
"ဘာပြောချင်တာလဲ.. ကျွန်မကို ထိုင်ကြည့်နေပြန်ပြီလို့ ခြောက်လှန့်ချင်တာလား"
"ကျွန်တော် တကယ်ထိုင်ကြည့်နေတယ်လေ... ဘာလဲ မယုံသေးဘူးလား"

ကျွန်မ ဘာပြန်ပြောရမှန်း မသိတော့။ တစ်ခါတလေ ကျွန်မကိုယ်တိုင်ပင် အနားတွင်
သူရှိနေသည်ဟု ယုံမှား သံသယ၀င်မိတတ်သည်။ ၀ိညာဉ်၏ သံလိုက်ဓာတ်နှင့်
အင်တာနက်၏ သံလိုက်လှိုင်းများ တစ်ခါတရံ ဆွဲငင်တတ်သည်ဟု သူငယ်ချင်းများက
ပြောဖူးသော်လည်း ကျွန်မ အယုံအကြည် မရှိခဲ့။ ထူးဆန်းသည်မှာ သူ့ကို
ကျွန်မနည်းနည်းမှ ကြောက်မနေခြင်းပင်ဖြစ်သည်။

"ခင်ဗျားက ထူးခြားတယ်"
"ဘာဖြစ်လို့လဲ"
"ခင်ဗျား ကျွန်တော့်ကို မကြောက်လို့ ကျွန်တော်က သရဲဆိုတာ တကယ်မယုံလို့လား"
"ကျွန်မ တစ္ဆေသရဲတွေ အယုံအကြည် မရှိဘူး"
သူပြောသမျှကို နားထောင်ပြီး မနက်မိုးလင်းမှ ကျွန်မအိပ်ယာဝင်ဖြစ်သည်။
မနက်ပိုင်းတွင် နေမြင့်မှ ထတတ်သော အကျင့်ကြောင့် ကျွန်မ၏
အတန်းချိန်များကို ညနေပိုင်းတွင်သာ ရွေးထားသည်။ ဒီနေ့အတန်းဆင်းချိန်တွင်
ကျွန်မခေါင်းတွေ လေးလံပြီး ကိုယ်လက်မအီမသာ ဖြစ်နေသည်။ အိမ်အရောက်
ဆေးသောက်ပြီး midnight online ပေါ်သို့ တက်လာချိန်မှ ထတော့မည်ဟု
စိတ်ကူးနှင့် ကျွန်မအိပ်လိုက်သည်။

ဒီလိုနှင့် စာတွေ အပြန်အလှန်ပို့ကြရင်း သူနှင့် ကျွန်မ online သူငယ်ချင်း
ဖြစ်သွားကြသည်။ သူသည် သူ့ကိုယ်သူ တစ္ဆေတစ်ကောင်အဖြင့် သတ်မှတ်ထားသော
ယောကျာ်းလေးတစ်ယောက် ဖြစ်သည်။ သူသည် ညတိုင်း သန်းခေါင်ယံအချိန်တွင်
တိကျစွာonline ပေါ်သို့ ရောက်လာတတ်သည်။ ထိုအပြုအမှုများကြောင့် သူ့ကို
အံ့သြထိန့်လန့်စွာ ကျွန်မပိုစိတ်ဝင်စားမိသည်။ တစ္ဆေသရဲ အင်တာနက်
သုံးပါ့မလား... ဒါဟာ တိုက်ဆိုင်တဲ့ နောင်ပြောင်မှု တစ်ခုပဲဖြစ်မည်ဟု
ကျွန်မ ဖြေသိမ့်မိသည်။ သူသည် အရင်ကတည်းက ကျွန်မ၏ရုပ်ရည်ကို
မြင်ဖူးထားသည့်အလား ဘယ်တော့မှ ကျွန်မ၏ ပုံပန်းသဏ္ဍာန်ကို မမေးဖူးခဲ့။
တစ်ခါတရံ သူသည် ကျွန်မဘေးတွင်ရှိနေခဲ့ပြီး ကျွန်မကို ထိုင်ကြည့်နေသည်ဟု
ခြောက်တတ်သေးသည်။

"ကျွန်မ အခုဘာလုပ်နေလဲ"
တစ်ခါတရံ နောက်ပြောင်ပြီး သူ့ကို ကျွန်မမေးဖူးသည်။ ခဏမျှ သူနှုတ်ဆိတ် နေတတ်ပြီး...
"တော်ပါပြီ... ကျွန်တော်မပြောချင်ဘူး.. ပြောလိုက်ရင် လန့်သွားဦးမယ်"
"ကော်ဖီတွေ သိပ်မသောက်နဲ့လေ"
"ပုံဆိုးပန်းဆိုး ထိုင်မနေနဲ့လေ"
တစ်ခါတရံ ကျွန်မ မျှော်လင့်မထားသော စကားများကို သူပြောတတ်သည်။ ထိုစာရသော
အချိန်တွင် တိုက်ဆိုင်စွာ ကျွန်မမှာ ကော်ဖီသောက်နေသည့်အချိန် (သို့)
ထိုင်ခုံပေါ်တွင် ခြေအစုံကို စုတင်ပြီး ငုတ်တုတ်ထိုင်ကာ ကျွန်ပျူတာကို
စိုက်ကြည့်နေသည့် အချိန်ဖြစ်သည်။

ကျွန်မနှင့် chatting လုပ်နေသော အချိန်များတွင် သူ့ဘ၀နောက်ကြောင်းကို
ပြောပြတတ်သည်။ သူသည် အသက်(၂၃)နှစ်ဖြစ်ပြီး chat room ထဲမှ မေ"ဟုခေါ်သော
မိန်းကလေးတစ်ယောက်ကို အစွဲအလမ်းကြီးစွာ ချစ်မိခဲ့ကြောင်း၊ မေ"ကြောင့်
သူ့ကိုယ်သူ အဆုံးစီရင်မိကြောင်း၊ အင်တာနက်ကို ပထမဦးဆုံး ထိတွေ့မိသည့်
သူ့အဖို့ chatting ဟုခေါ်သော အင်တာနက် စကားဝိုင်း၏ လှည့်စားမှုကို
နားမလည်ခဲ့ကြောင်း၊ မေ"၏ဖော်ရွေသော အပြောအဆိုများပေါ်တွင် သူသာယာမိကြောင်း
ကျွန်မကို ပြောပြတတ်သည်။ အင်တာနက်တွက် ဆရာတစ်ဆူလို ဖြစ်နေသော မေ"မှာ သူ
မသိနားမလည်သည်များကို သင်ပြတတ်သည်။ မေ"၏ နွေးထွေးသော အပြောများကြောင့်
chatroomထဲ သူအမြဲဝင်ဖြစ်ခဲ့သည်။ chatroom ထဲဝင်တိုင်း မေ"မှလွဲ၍
မည်သူနှင့်မျှ သူစကားမပြောပေ။

အင်တာနက်မှဒါမျိုးတွေရှိနိုင်လား... ရှိခဲ့မယ်ဆိုရင်ရော ...???

"အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"


သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့ သူတက်အလာကို
စောင့်နေတတ်သည်မှာ ကျွန်မအတွက် အကျင့်တစ်ခုလို ဖြစ်နေသည်။ အခန်းထဲတွင်
မီးများကို ပိတ်ပြီး ကျွန်မတစ်ယောက်တည်း ထိုင်နေမိသည်။ ကွန်ပျူတာ screen
ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့ မီးရောင်မှလွဲ၍ အခန်းတစ်ခုလုံး
မှောင်အတိကျနေသည်။ သူ၏ screen name မှာ (midnight)ဖြစ်ပြီး
သန်းခေါင်ယံည(၁၂)နာရီတိတိတွင် online ပေါ်သို့ တက်လာတတ်သည်။ ကျွန်မမှာ
ညတွင်မအိပ်ဘဲ အင်တာနက်ပေါ်တွင် ခြေဆန့်နေတတ်သော ဇီးကွက်တစ်ကောင်ဖြစ်သည်။
ပထမဆုံးအကြိမ် ကျွန်မဆီပို့သော သူ၏ message မှာ ထိုစာကြောင်းလေးဖြစ်သည်။

"အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"
ထိုစာကြောင်းကို ဖတ်ပြီး ကျွန်မစိတ်ဝင်စားသွားမိသည်။ ကျွန်မလည်း
ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး
ပို့လိုက်မိသည်။ ကျွန်မပို့သော စာကိုဖတ်ပြီး သူပေါက်ကရထပ်ပြောတော့မည်
မဟုတ်ဟု ကျွန်မတွေးမိသည်။

"ကိုယ့်ကိုယ်ဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား"
သို့သော် တစ်မိနစ်မျှပင် မကြာလိုက်....
"ဟုတ်တယ်.. ကျွန်တော်က အခုသရဲလေ"
"ဟား....သရဲဖြစ်ရတာပျော်လား"
"ကျွန်တော် မပျော်ပါဘူး။ ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွက် ကျွန်တော်မကျွတ်ဘူး"
"ဟား...ဟား.. အချစ်အတွက်ကြောင့်လား"

Saturday, September 20, 2008

မိုးဆိုင်ထဲကထွက်လာတဲ့အထိကောင်လေးက ဆိုင်ထဲမှာမလှုပ်မရက်ထိုင်နေဆဲပါ။

ကောင်လေးဘယ်အချိန်မှပြန်မှာလဲမသိဘူးနော်.. အများကြီးမစဉ်းစားနေတော့ဘဲ

အိမ်ကိုပဲခပ်မြန်မြန်ပြန်လာခဲ့လိုက်တယ်...

အဲ့ဒီနေ့ကတစ်ညလုံးအိပ်မပျော်ခဲ့ရပါဘူး... ကောင်လေးနဲ့စတွေ့တုန်းကပြောခဲ့ကြတဲ့

အကြောင်းအရာတွေပြန်တွေးဖြစ်သလို......

ရင်ထဲကခံစားချက်မပါဘဲ ဦးနှောက်ရဲ့စေခိုင်းချက်သက်သက်နဲ့ပြောခဲ့တဲ့..

မိုးရဲ့စကားတွေကိုလည်းပြန်ကြားယောင်မိပါတယ်..

ကောင်လေးရဲ့အချစ်ကိုမိုးအသိအမှတ်ပြုပါတယ်။လက်ခံဖို့တော့မဖြစ်နိုင်လို့ပါ..

နွေးကိုအမြဲတမ်းပျော်နေစေချင်တယ်... စိတ်မညစ်စေချင်ဘူး..

အထူးသဖြင့် မိုးအတွက်ကြောင့်နဲ့ပေါ့... မိုးကသိပ်အတ္တကြီးတယ်နော်...

ကိုယ့်အတွက်ပဲကိုယ်သိတယ်.. ကောင်လေးရဲ့ခံစားချက်တွေကိုနားလည်မပေးဘူးလို့

ထင်မှာပဲနော်... ကောင်လေးယူဆချင်သလိုသာယူဆပါတော့...

မိုးကိုမုန်းလိုက်ရင် ကောင်လေးခံစားနေရတာတွေသက်သာသွားလိမ့်မယ်ထင်ပါတယ်...

မိုးတစ်ညလုံးငိုလိုက်လို့နဲ့တူတယ်။မနက်ကျတော့... မိုးမျက်လုံးတွေဖောင်းနေတယ်။

ကောင်လေးလည်းဘယ်လိုနေမလဲ... ညကကောင်းကောင်းအိပ်ပျော်ရဲ့လား..

မိုးလိုပဲ ကြေကွဲဝမ်းနည်းနေမလားမသိဘူးနော်.. ကောင်လေးကပိုခံစားရမှာပေါ့လေ..

သူက အလိမ်ခံခဲ့ရတဲ့သူကိုး...

မိုးအတွက်ကြောင့် ကောင်လေးရဲ့ဖြူစင်တဲ့နှလုံးသားလေး ဒဏ်ရာရခဲ့ရတယ်...

မိုးတောင်းပန်ပါတယ်ကောင်လေးရယ်...

ခွင့်လွတ်ဖို့တော့ မတောင်းဆိုချင်ပါဘူး.. ခွင့်လွတ်ချင်စရာမကောင်းဘူးထင်လို့ပါ.. ။

မနက် ၉ နာရီလောက်ကျတော့.. နွေးကိုသွားခေါ်လိုက်တယ်..

နွေးက မိုးမျက်လုံးတွေဖောင်းနေတာမြင်တော့ မေးတယ်..

" မိုး ညကငိုထားလို့လား.. မျက်လုံးတွေဖောင်းနေတယ်ရော... " တဲ့

" အင်း.. ညကအိမ်မှာဆူခံထိလို့ ငိုလိုက်တာ.. " လို့ပဲပြန်ပြောထားလိုက်မိတယ်။

(နွေးကိုလည်းအရမ်းအားနာတယ်.....

မိုးကတကယ်မကောင်းဘူးနော်.. မချစ်သင့်တဲ့သူကိုသွားချစ်လို့လေ..

နွေးကိုပေးရမယ့်အချစ်တွေကိုလည်း အမှတ်မထင်လုယူမိခဲ့တယ်..

နွေးကိုလည်းတောင်းပန်ပါတယ်.. နွေးရယ်... )

ပြီးတော့..... မိုးနဲ့နွေးကောင်လေး တည်းတဲ့ ဟိုတယ်ဆီသွားကြတယ်..

ကောင်လေးကို အောက်မှာစောင့်နေတာမတွေ့ရတော့..

ဟိုတယ် ၀န်ထမ်းကိုခေါ်ခိုင်းလိုက်ရတယ်...

တအောက်လောက်နေတော့.. ကောင်လေးအောက်ဆင်းလာတယ်..

ကောင်လေးကိုကြည့်ရတာ နေသိပ်မကောင်းဘူးနဲ့တူပါတယ်...

မျက်နှာလည်းရွင်ရွင်လန်းလန်းမရှိဘဲ ငြိုးနေသလိုပဲ....

နွေးက " ကောင်လေး နေမကောင်းဘူးလား " လို့မေးတော့...

ကောင်လေးက " ကောင်းပါတယ် " တဲ့...

နွေးကကောင်လေးနဖူးကို လက်နဲ့စမ်းရင်း..

" ကိုယ်တွေပူနေတယ်ရော.. ဆေးခန်းသွားမလား " ဆိုတော့...

" မသွားတော့ပါဘူး.. ဆေးသောက်ထားတယ်.. အိပ်လိုက်ရင်သက်သာသွားမှာပါ..

ပြီးတော့.... ကောင်လေးဒီနေ့ညနေကားနဲ့ပြန်တော့မယ်.. အရေးကြီးကိစ္စပေါ်လာလို့

မြန်မြန်ပြန်မှာဖြစ်မယ် " တဲ့....

မိုးက " နေလည်းမကောင်းဘဲနဲ့ ပြန်လို့ဖြစ်ပါ့မလား " လို့မေးတော့...

" ရပါတယ်.. ကောင်လေးဘာမှမဖြစ်ပါဘူး " တဲ့လေ... မိုးလည်းဘာမှဆက်မပြောတော့ပါဘူး..

ဆက်ပြောနိုင်စွမ်းမရှိတော့လည်းဖြစ်ပါလိမ့်မယ်.. ကောင်လေးစကားပြန်ပြောပုံက

အေးတိအေးစက်ကြီး.. မိုးအပေါ်အဲ့လို

ဒီလိုနဲ့ ညနေရောက်လာတော့ ကောင်လေးကိုသွားပြန်ခေါ်ကြတယ်...

ကောင်လေးက အထုပ်အပိုးတွေနဲ့ အဆင်သင့်စောင့်နေပါတယ်...

ကောင်လေးကိုခေါ်ပြီး.. အဝေးပြေးကားဂိတ်ကိုထွက်ခဲ့ကြတယ်...

မိုးတို့ရောက်တာနည်းနည်းစောနေတော့.. ကားပေါ်ပေးမတက်သေးဘူး..

အဲ့ဒါနဲ့ အအေးဆိုင်တစ်ဆိုင်မှာ အအေးသောက်ရင် စောင့်နေကြတယ်...

ကောင်လေးကစကားလည်းမပြောဘူး.. မိုးကိုလည်းမကြည့်ဘူး.. နွေးကိုလည်းမကြည့်ဘူး..

သူ့ဘာသာသူတစ်ယောက်ထဲအဝေးကိုငေးနေတယ်...

နွေးကလည်းကောင်လေးနေမကောင်းလို့မှိုင်နေတယ်ထင်ပြီး.. အလိုက်တသိနဲ့

သူ့ဘာသာသူအအေးပဲသောက်နေတယ်... မိုးကရော.. ဘယ်လိုနေရမလဲ.....

ကောင်လေးလိုပဲအဝေးကိုလိုက်ငေးရမလား... နွေးလိုပဲအအေးပဲသောက်နေရမှာလား...

ထိုင်နေရင်းနဲ့ကို စိတ်ထဲမှာ မွန်းကျပ်သလိုခံစားရတယ်...

အဲ့ဒါနဲ့.. အအေးဆိုင်ကထပြီး... ကောင်လေးစီးရမယ့်ကားဆီကိုကြည့်နေမိတယ်...

ဒီတခါကောင်လေးနဲ့တွေ့ရတာ မိုးအတွက် ပထမဆုံးနဲ့နောက်ဆုံးအကြိမ်များဖြစ်နေမလား..

ကောင်လေးနောက်ဆိုရင် မိုးတို့ဆီကိုလာပါ့ဦးမလား.. မိုးဆီကိုရော ဖုန်းဆက်ဦးမှာလား...

ဘယ်ဆက်တော့မှာလဲနော်.. ကောင်လေးမိုးကိုအရမ်းစိတ်နာသွားပြီပဲ...

ဘာအဆက်အသွယ်မှလုပ်တော့မှာမဟုတ်ပါဘူး..

(ကောင်လေးရယ်.... ကောင်လေးကို.. မိုးအရမ်းချစ်တယ်... )

မိုးရင်ထဲမှာ ထပ်တလဲလဲပြောနေကျစကားလေးပါ...

ကောင်လေးကြားအောင်တော့ မိုးမပြောမိပါဘူး... ဟိုတွေးဒီတွေး တွေးရင်းနဲ့ပဲ...

ကားသမားရဲ့အော်သံက .. " ခရီးသည်များ ကားပေါ်တက်လို့ရပြီ " တဲ့....

အဲ့လိုအော်တဲ့ ကားသမားကို မုန်းသလိုလို.. အမြင်ကတ်သလိုလို ခံစားရတယ်..

ကောင်လေး စောစောကလို ငြိမ်သက်ရင်းကနေ.. သူ့ရဲ့ခရီးဆောင်အိပ်လေးကို လွယ်ပြီး..

ကားဘက်ကိုလမ်းလျှောက်လာတယ်... မိုးနားကပ်ပြီး.. တိုးတိုးလေးပြောသွားသေးတယ်..

" မိုးကို ကောင်လေးအရမ်းချစ်တယ် " တဲ့..... ကောင်လေးဒီလိုလာပြောမယ်လို့..

မထင်ထားဘူး... မိုးစိတ်ထဲမှာ ငိုချင်သလိုလိုခံစားရတယ်...

ကောင်လေးက ကားပေါ်ကနေပြီး.. တာတာ့လှမ်းပြနေပါသေးတယ်...

ကောင်လေးကို ပြန်နှုတ်ဆက်မိလားဆိုတာတော့.........

မိုးမမှတ်မိတော့ဘူး... ငိုနေမိတယ်ဆိုတာပဲသိတယ်...

ခုချိန်မှာကားကြီးထွက်သွားမှာကိုလည်းကြောက်တယ်..

ကောင်လေးကိုနောက်ထပ် မတွေ့ရတော့မှာလည်းကြောက်တယ်...

မိုးဘယ်လိုပဲကြောက်နေပါစေ.. ကားကြီးကတော့ ကောင်လေးကို မိုးနဲ့ဝေးရာသို့

တရွေ့ရွေ့နဲ့ ခေါ်ဆောင်သွားပါတယ်........

ချစ်ရတဲ့သူကို ခွဲခွာရခြင်းရဲ့ သောကတွေကြောင့် အသည်းနှလုံးတွေ ကွဲအက်မတတ်ခံစားရပြီး..

မျက်လုံးထဲမှာ အရာအာလုံးကေ၀၀ါးလာပါတယ်...

နွေးကတော့ မိုးကိုကြည့်ပြီး အံ့သြနေမယ်ထင်ပါတယ်..

ရုတ်တရတ်မျက်လုံးထဲမှာ နွေးကိုလည်းမတွေ့မိဘူး..

ကားဂိတ်မှာရှိတဲ့လူတွေကိုလည်း မမြင်မိဘူး..

တဖြည်းဖြည်းဝေးသွားတဲ့ ကားကြီးကိုပဲ.. မျက်ရည်တွေကြားကနေ မှုန်ဝါးဝါးသာတွေ့မြင်ရပါတယ်။ ။

ပြီးပါပြီ

(ကောင်လေးရယ်...... ကောင်လေးရဲ့အဖြေစကားတွေကြောင့်မိုးဝမ်းသာမိပါတယ်..
ကောင်လေးဆီကဒီလိုအဖြေမျိုးကြားရတာနဲ့တင်မိုးကျေနပ်ပါပြီ။
ဒါပေမဲ့ကောင်လေးကိုမိုးလက်ခံလို့မဖြစ်ဘူး။မိုးငြင်းမှဖြစ်မယ်။
ကောင်လေးကိုလက်ခံရင် .....မိုးချစ်ရတဲ့နွေးကမိုးကိုစိတ်နာသွားရင်ဘယ်လိုလုပ်မှာလဲ.........
နွေးနဲ့မိုးစိတ်ဝမ်းမကွဲချင်ဘူး။မိုးကောင်လေးကိုချစ်သလို .........နွေးကိုလည်းချစ်တယ်။

ကောင်လေးကိုလက်ခံရင်........
မိုးကြောင့်နွေးစိတ်ညစ်ရမှာပေါ့။ပြီးတော့...နွေးအရမ်းရှက်သွားမှာ.....မိန်းကလေးနှစ်ယောက်က ...
ယောကျာ်းလေးတစ်ယောက်ရဲ့အဆုံးအဖြတ်ကိုလက်ခံပြီး....

သူရွေးလိုက်တဲ့မိန်းကလေးကသူ့ချစ်သူ ဆိုတော့...........

မိန်းကလေးတန်ဖိုးကျလွန်းပါတယ်....... ကောင်လေးရယ်)

" ခုကောင်လေး ဘယ်လိုဖြစ်ချင်လဲ" လို့မေးတော့....

" နွေးကိုပါခေါ်ပြီး အားလုံးရှေ့မှာ တစ်ခါတည်းရှင်းလိုက်မယ်လေ..

ပြီးရင် ကောင်လေးတကယ်ချစ်တာ မိုးကိုဆိုတာပြောပြလိုက်မှာပေါ့ " တဲ့....

" ဟင့်အင်း.. အဲ့လိုမလုပ်ရဘူး.. မိုးလက်မခံဘူး.. "

( ကောင်လေးစကားကိုကြားရတော့ မိုးအကြောက်အကန်ပဲငြင်းလိုက်မိပါတယ်.. )

" ကောင်လေးအားလုံးကိုသိသွားပြီဆိုတာနွေးကိုမသိစေချင်ဘူး..

နွေးသိသွားပြီးရင် .. ကောင်လေးက မိုးကိုရွေးလိုက်တယ်ဆိုတော့...

နွေးဘယ်လိုခံစားသွားရမလဲ... နွေးကမိန်းကလေးပါကောင်လေး.. ပြီးတော့...

နွေးမှာဘာအပြစ်မှမရှိဘူး.. အလကားနေရင်း.. နွေးကစိတ်ဆင်းရဲအရှက်ရနေရမှာပေါ့...

အားလုံးက မိုးတစ်ယောက်ထဲလုပ်ခဲ့တာတွေပါ... ပြီးတော့.....

မိုး.. ကောင်လေးကို......မချစ်ဘူး... (ဒီစကားကိုမိုးရင်နာနာနဲ့ပြောခဲ့တာပါ..ကောင်လေးရယ်)

ကောင်လေးလက်ခံနိုင်မယ်ဆိုရင်.. ခုဖြစ်ခဲ့တဲ့ ကိစ္စတွေကို ဘာမှမသိသလိုနေပေးပါ...

နက်ဖြန်ရောက်လို့နွေးနဲ့တွေ့တဲ့အခါလည်း ဘာမှမဖြစ်သလိုနေပေးပါနော်...

မိုးတောင်းပန်ပါတယ်... " လို့ပြောတော့...

ကောင်လေးက.. " မိုးဘာလို့ ရင်ထဲကခံစားချက်တွေကိုဖုံးကွယ်ထားရတာလဲ..

မိုးဘာတွေဖြစ်နေလဲဆိုတာ... မိုးမျက်နှာမှာပေါ်နေတယ်ဆိုတာ.. မိုးသိရဲ့လား.. " တဲ့လေ...

(ကောင်လေးရယ်.. သိတယ်ဆိုရင်လည်း မိုးကိုပြန်မမေးပါနဲ့.. မိုးမှာအဖြေမရှိလို့ပါ... )

" မိုးဘာမှမဖုံးကွယ်ထားပါဘူး.. အဖြစ်သင့်ဆုံးတွေကိုပြောပြနေတာပါ.. " လို့ဆိုတော့...

ကောင်လေး -- " ကောင်းပြီလေ.. မိုးဘယ်လိုဖြစ်စေချင်လဲပြော..

မိုးဖြစ်ချင်သလိုကောင်လေးလုပ်ပေးမယ်.. "

မိုး -- " ကောင်လေးဘာမှမသိသလိုနေပေးပါ...

ခုကိစ္စတွေလည်းမဖြစ်ခဲ့ဘူးလို့ သဘောထားပေးပါ...

ဖြစ်နိုင်မယ်ဆိုရင်.. နွေးကိုချစ်လိုက်ပါနော်... "

ကောင်လေး -- " နောက်ဆုံးတစ်ခုကိုတော့ ကောင်လေးမလုပ်ပေးနိုင်ဘူး..

ကောင်လေးချစ်တာမိုးကိုလေ.. နွေးမှမဟုတ်တာ... နောက်ပြီး..

မိုးအချစ်ဆိုတာကိုဘယ်လိုခံယူထားလဲ.. ကောင်လေးအတွက်ကတော့....

အချစ်ဆိုတာကချစ်ခိုင်းလိုက်တာနဲ့ ချစ်လို့ရတာမျိုးမဟုတ်ဘူး ။

ရင်ထဲက သူ့အလိုလိုဖြစ်တည်လာတဲ့ခံစားချက်တစ်ခုပါ...

မိုးကောင်လေးကို တကယ်မချစ်ဘူးလား.. " တဲ့...

မိုးမျက်ရည်တွေသုတ်ရင်း.. ကောင်လေးကိုတည့်တည့်ကြည့်ပြီး ပြောလိုက်တာက....

" မချစ်ဘူး.. " ( မိုးဒုတိယအကြိမ်ရင်နာရပါတယ်.... ကောင်လေးရယ်.. )

ကောင်လေးမျက်နှာ နည်းနည်းတင်းသွားတယ်.... မိုးအရမ်းစိတ်နာသွားပြီထင်ပါရဲ့...

စိတ်နာရင်လည်းနာပါစေတော့လေ...

ကောင်လေးက " ဒါဆို ကောင်လေးမနက်ဖြန်ပြန်မယ်.. "

" ဟင် ! ကောင်လေးရုတ်တရက်ကြီးပြန်သွားတော့.. နွေးတစ်မျိုးထင်သွားမှာပေါ့ " လို့ပြောတော့..

" အရေးကြီး ကိစ္စပေါ်လာလို့.. မြန်မြန်ပြန်မှဖြစ်မယ်လို့ပြောလိုက်ပေါ့...

မိုးကဟန်ဆောင်ကောင်းသလောက် ကောင်လေးကမှဟန်ဆောင်မကောင်းတာ..

ဆက်ပြီးနေမယ်ဆိုရင်.. မိုးဖြစ်ချင်တာတွေဖြစ်မလာမှာစိုးလို့ပါ...

မိုးဖြစ်ချင်တာတွေအားလုံးကောင်လေးလုပ်ပေးမယ်လေ.. ဒါပေမဲ့ နွေးဆီကအချစ်ကိုတော့...

ကောင်လေးထပ်တောင်းမှာမဟုတ်ဘူးနော်.. ကောင်လေးချစ်တာမိုးကို.. မိုးဆီကအချစ်ကိုပဲလိုချင်တယ်.. " တဲ့လေ....

(ကောင်လေးပုံကြည့်ရတာ.. တကယ်ကြီးကို စိတ်နာနေသလိုပါပဲ..

ဘာကိုစိတ်နာနေလဲ ဆိုတာမိုးသေချာမသိပေမယ့်..

ကောင်လေးနေရာမှာသာမိုးဆိုရင်လည်း ဒီလိုပဲဆုံးဖြတ်မိလိမ့်မယ်ထင်ပါတယ်။)

မိုးက " ကောင်လေးသဘောပါ.. မိုးအတင်းမတောင်းဆိုချင်ပါဘူး.. ဒါဆိုမိုးပြန်တော့မယ် " လို့ပြောတော့.........

မိုးကိုတောင်မကြည့်တော့ပဲ... ခေါင်းသာညိတ်ပြပါတော့တယ်..

မကြည့်ချင်လောက်အောင်ကိုစိတ်နာသွားပြီထင်ပါရဲ့နော်.. မိုးရင်ထဲမှာလည်း ခံစားချက်တွေ

မျိုသိပ်ထားရလို့.. ရင်ကွဲမတတ်ကိုခံစားရပါတယ်..ကောင်လေးရယ်...

မြို့ထဲပြန်ရောက်တော့.. ကောင်လေးကို ဟိုတယ်ဆီပြန်ပို့ပြီး....မိုးနဲ့နွေး အိမ်ကိုပြန်ခဲ့ကြတယ်။
(ကျွန်တော့်စိတ်ထဲမှာ တစ်မျိုးကြီးပဲဗျာ.....တစ်ခုခုတော့..အညာခံထားရသလိုခံစားရတယ်။
ဒီကိစ္စကို ကျွန်တော်ဘယ်လိုစုံးစမ်းကြည့်ရင်ကောင်းမလဲ....
နွေးကျွန်တော့် ကိုပေးခဲ့ဖူးတဲ့ ဖုန်းနံပါတ်ဆီကို ဖုန်းဆက်ကြည့်ရင်ကောင်းမလား..
နွေးနဲ့ ပြောချင်လို့ပါလို့.. မပြောဘဲ... မိုးအိမ်ကလား.. မိုးနဲ့ ပြောချင်လို့ပါလို့ပြောရင်
ဘာလိုဖြစ်လာမလဲ... ဟုတ်တယ်... အဲ့ဒီ အကြံကောင်းတယ်..
ကျွန်တော် ဖုန်းဆက်ကြည့်မယ်...)

မိုးအိမ်ကိုပြန်ရောက်တော့.. နွေးက

" နွေးအိမ်ပြန်တော့မယ်နော်…. နည်းနည်းလည်းနောက်ကျနေတော့...
အိမ်ကစိတ်ပူနေဦးမယ်.မနက်ဖြန်ကျမှနွေးကိုလာခေါ်လေ..နွေးအိမ်မှာအချိန်တိုင်းရှိနေမယ် "

နွေးကိုပြန်ပို့ပေးပြီးတော့...မိုးတစ်ယောက် ရေချိုးအ၀တ်စားလဲနေတုန်းမှာ....

မေမေက.. " သမီးရေ...ဖုန်းလာတယ် " ဆိုလို့.. ဖုန်းလာကိုင်တဲ့အခါ…

"ဟယ်လို " ဆိုတော့........

" မိုးလား " တဲ့... ( မိုးရင်ထဲမှာတောင်ထိတ်သွားတယ်။ကြားဖူးနေကျအသံလေးနဲ့တူလိုက်တာ)

" ဟုတ်ကဲ့... အခုပြောတာဘယ်သူပါလဲ "

" ကောင်လေးပါ " တဲ့ (ဘုရားရေ...... ရုတ်တရက် အလိမ်တွေတော့ပေါ်ကုန်တော့မှာပဲဆိုပြီး...ကြောက်လိုက်တာ)

မိုးဘာမှပြန်မပြောနိုင်ခင် ကောင်းလေးကပဲဆက်ပြီး...


" မိုးဘာလို့ ...ကောင်လေးကိုလိမ်ရတာလဲ (မိုးဘာမှပြန်မပြောဘူး )
online ပေါ်ကနွေးဆိုတာ မိုးပဲမဟုတ်လား " တဲ့...... ( မိုးငိုချင်လာပြီ)
" မိုးအသံကို ကောင်လေးအလွတ်ရပါတယ်…. လက်ဖက်ရည်ဆိုင်မှာတုန်းက ...နွေးဘာလို့ကော်ဖီသောက်
လဲဆိုတာရှင်းပြထဲကနဲ့ .....ကောင်လေးမှတ်မိပါတယ်…. မသေချာသေးတော့...ကောင်လေးဘာမှမပြောတာပါ "

" မိုးတွေအကြီးကြီးရွာတဲ့အခါ.. မိုး.. မိုးရေထဲမှာလိုက်ပြေးကစားတော့မှ
ကောင်လေးသေချာသိသွားတာပါ..။ ပိုပြီးသေချာအောင်ဒီဖုန်းနံပါတ်ကိုခေါ်ကြည့်လိုက်တာ..
မိုးအသံက ဟိုတစ်ခါကောင်လေးနဲ့ဖုန်းပြောတုန်းကအသံအတိုင်းပဲနော်
အပြင်မှာလည်းမိုးအသံလေးကခပ်စွာစွာလေးပါပဲ.. "

" ကောင်လေးကိုဘာလိုညာရတာလဲ….. မိုး.....စကား ပြောဦးလေ " တဲ့...

ကောင်လေးဘက်ကစကားတွေအများကြီးပြောနေတဲ့အချိန်ထိ.. မိုးဘက်က

ဘာမှပြန်မပြောနိုင်သေးပါဘူး.. ငိုချင်လွန်းလို့.. ငိုနေပါပြီ....

(မိုးဘာပြောရမလဲကောင်လေးရယ် ......မိုးဘယ်ကစပြောရမှာလဲ..မိုးခုအရမ်းငိုချင်
နေတာပဲသိတယ်။မိုးကိုကောင်လေးစိတ်နာနေပြီလား......မိုးကိုခွင့်လွှတ်ပါကောင်လေးရယ်...

ကျေးဇူးပြု ပြီးဖုန်းချလိုက်ပါတော့နော်။မိုးဘယ်လိုမှရှင်းပြလို့မတတ်လို့ပါ )

မိုးဘက်ကစကားပြန်မရသေးခင်.. ကောင်းလေးကပဲ
" မိုးနဲ့ကောင်လေးအခုအပြင်မှာခဏတွေ့ချင်တယ်

တွေ့လို့ရမလား… " တဲ့။ ကောင်းလေးပြောတဲ့ အစီအစဉ်မဆိုးဘူး..

မဖြေရှင်းလည်းပြီးမယ့် ပြသာနာမဟုတ်တော့.. ရှင်းမှဖြစ်မှာပဲ…

ဖုန်းထဲမှာတော့ဘယ်လိုမှအဆင်မပြေဘူး…။ အိမ်မှာလည်းလူကြီးတွေရှိတယ်။

မိုးကလည်းငိုနေသေးတော့….. ကောင်လေးနဲ့တွေ့ဖို့ဆုံးဖြတ်လိုက်တယ်။


" အင်း.... ဒါဆိုမိုးတို့မနက်ကထိုင်တဲ့ဆိုင်ကို ကောင်လေးမှတ်မိလား " လို့မေးတော့..

" မှတ်မိတယ်.. ကောင်လေးအဲ့ဒီမှာစောင့်နေမယ် " တဲ့ …

" ဟုတ်..ဒါဆိုဒါပဲနော် " ဆိုပြီး ဖုန်းကိုခပ်မြန်မြန်ချလိုက်တယ်…။


(ဒီအကြောင်းတွေ နွေးကိုပြောပြလိုက်ရင်ကောင်းမလား။

နွေးကိုပါခေါ်ပြီး.. ကောင်လေးနဲ့သွားတွေ့လိုက်ရင် ကောင်းမလား။

မိုးတစ်ယောက်ထဲသွားတွေ့လိုက်ရင်ကောင်းမလား။

နွေးကိုခေါ်လို့မဖြစ်သေးပါဘူး။


မတော်တဆ …. ကောင်လေးကနွေးနဲ့မိုးထဲက တစ်ယောက်ကိုရွေးဆိုရင်…
သူမိုးကိုရွေးလိုက်ရင်.....

မိုးချစ်ရတဲ့နွေးအရှက်ရတော့မှာပေါ့..... မိုးပဲသွားပြီးရှင်းလိုက်မယ်။

နွေးရယ်...
မိုးကိုခွင့်လွှတ်ပါနော်....ကောင်လေးသိသွားရတာ အဓိကကတော့...မိုးကြောင့်ပါ။
မိုးရဲ့အကျင့် ၊ မိုးရဲ့စိတ်ကိုမထိန်းနိုင်လို့ဖြစ်သွားရတာပါ။

မိုးသတိခဏလွတ်သွားတယ်နွေးရယ်.....)

မိုးရောက်သွားတော့... ကောင်လေးကရောက်နှင့်နေပြီ...

မိုးဘယ်လိုဖြေရှင်းမလဲဆိုတဲ့ ကောင်လေးရဲ့မျှော်လင့်ချက်မျက်လုံးတွေက

ပုံမှန်ထက်ပိုပြီး အရောင်တောက်နေသလိုလို....
ကောင်လေးထိုင်နေတဲ့ စားပွဲဝိုင်းဆီသွားလိုက်တယ်။
ကောင်လေးက

" မိုးဘာသောက်မလဲ လက်ဖက်ရည်ပဲလား " တဲ့
မိုးခေါင်းညိတ်ပြလိုက်တယ်။

စားပွဲထိုးလေး လက်ဖက်ရည်လာချပြီးတော့မှ ကောင်လေးကမိုးကိုမေးတယ်။
" မိုးဘာလို့ကောင်လေးကိုလိမ်ရတာလဲ "
(မိုးအားလုံးကိုအမှန်အတိုင်းမပြောချင်ပါဘူး။

အားလုံးအမှန်အတိုင်းပြောရင်နွေးကိုအထင်သေးကောင်း သေးနိုင်တယ်။

နွေးက မိုးရှာပေးမှပဲရည်းစားရတော့ ..မလိုလို..ဘာလိုလိုနဲ့... )


" ကောင်လေးဓာတ်ပုံတောင်းတုန်းက မိုးရဲ့ဓာတ်ပုံပဲပေးမလို့ပါပဲ..
ကောင်လေးကလည်း မြန်မာနိုင်ငံမှာမဟုတ်တော့…… အပြင်မှာလည်းတကယ်တွေ့ဖြစ်ကြမှာမဟုတ်ပါဘူးလေ
ဆိုပြီး....နွေးပုံကိုပို့ပေးလိုက်တာပါ… "

( သံယောဇဉ်ဖြစ်သွားလိမ့်မယ်လို့လည်းမိုးမထင်ခဲ့မိဘူးလေ… )

" နွေးပုံပို့ပေးပြီးနောက်ပိုင်းမှ နွေးကိုအသိပေးဖြစ်တာပါ။
နွေးကမိုးကိုမဆူပါဘူး။နွေးကမိုးကိုနားလည်ပေးတယ်။
အဲဒါကြောင့်ခုလိုကောင်လေးမိုးတို့ဆီတကယ်လာလည်တော့....

အမှန်အတိုင်းဖွင့်မပြောတော့ပဲဒီတိုင်းပဲထား
လိုက်တော့မယ်ဆိုပြီး....ကောင်လေးကိုမပြောပြတော့တာပါ။ ခုလိုသိသွားရတာလဲမိုးကြောင့်ပါ။
ခုကောင်လေးကြိုက်သလိုဆုံးဖြတ်နိုင်ပါတယ် " လို့ပြောတော့
ကောင်လေးက

" ကောင်လေးချစ်တာနွေးကိုမဟုတ်ဘူးလေ.. မိုးကိုပါ....

(ကောင်လေးဆီကဒီစကားကြားရတာ… မိုး ၀မ်းသာလိုက်တာ.. ကောင်လေးအပေါ်မိုးသံယောဇဉ်ဖြစ်ခဲ့တာလည်း အလကားမဖြစ်ခဲ့ဘူးပေါ့.. )


ကောင်လေးနဲ့ စိတ်ချင်းရင်းနှီးခဲ့ရတာလည်းမိုးနဲ့ပါ.........

ခံစားမှုချင်း. ခံယူချက်ချင်း.. ဖလှယ်ခဲ့ကြတာလည်းမိုးနဲ့ပါ .....

ကောင်လေးစိတ်ညစ်နေတဲ့အခါတွေမှာလည်း

ကောင်လေးကို အားပေးစကားတွေပြောခဲ့တဲ့သူဟာလည်းမိုးပါပဲ..
ကောင်လေးစွဲလမ်းခဲ့ရတဲ့အသံပိုင်ရှင်လေးကလည်းမိုးပဲလေ…
ကောင်လေးစပြီးသတိထားမိတာ....

နွေးဘာကြောင့်ကော်ဖီသောက်လဲဆိုတာ.. မိုးရှင်းပြထဲကနဲ့ပါ..
အဲဒါကြောင့်ကောင်လေး နွေးကိုအဖြေတောင်းထားတဲ့အကြောင်းကိုထပ်မပြောတာပေါ့..
ကောင်လေးမသေချာသေးလို့ မိုးတို့ကိုထုတ်ပြီးမမေးခဲ့တာပါ " တဲ့ .....

ဆိုင်ကယ်တစ်ယောက်တစ်စီးဆီယူသွားကြတယ်..
မိုးကတစ်စီး.. နွေးကတစ်စီးပေါ့...
ကောင်လေးတည်းတဲ့ဆီရောက်သွားတော့..
ကောင်လေးက ဟိုတယ်ရှေ့မှာထွက်စောင့်နေတယ်..
မိုးနဲ့နွေးကိုတွေ့တော့ သူ့မျက်နှာချိုချိုလေးကို ပြုံးပြတယ်.. (ကောင်လေးပြုံးရင်အရမ်းကြည့်ကောင်းတယ်..)
နွေးက " စောင့်နေတာကြာပြီလား " ဆိုတော့..
" မကြာသေးပါဘူး.. စောစောကမှ အောက်ဆင်းလာခဲ့တာ.. " တဲ့
ကောင်လေးနဲ့ နွေးနဲ့က ဆိုင်ကယ်တစ်စီးပေါ့.. ကောင်လေးပဲမောင်းတယ်..
နွေးနဲ့မိုးတို့ရဲ့ကျောင်းတော်ကြီးဆီကို အရင်လိုက်ပို့တယ်...
ကျောင်းမှာ ရှိတဲ့ သူငယ်ချင်းတွေနဲ့လည်းမိတ်ဆက်ပေးရင်း
ကျောင်းကန်တင်းမှာ မုန့်စားကြ.. အအေးသောက်ကြပေါ့...
ကောင်လေးကလည်း ဖော်ဖော်ရွေရွေနဲ့ ဟာသလေးတွေပြောတတ်တော့...
သူငယ်ချင်းတွေအားလုံးနဲ့ ရင်းရင်းနှီးနှီးကို စကားပြောကြတာ.. ပျော်စရာကြီးပေါ့..
ကျောင်းကသူငယ်ချင်းတွေကိုနှုတ်ဆက်ပြီး.. ကောင်လေးကို မြို့အနီးနားမှာရှိတဲ့
ဘုရားတွေလိုက်ပို့ပေးတယ်..... နောက် ဗိုက်ဆာကြတာနဲ့ ထမင်းဆိုင် တစ်ဆိုင်မှာ
ထမင်းဝင်စားကြတယ်... ထမင်းစားပြီး နာရီကြည့်လိုက်တော့ ....
ဟယ်..... ညနေ ၃ နာရီတောင် ထိုးနေပါရောလား... အချိန်တွေကကုန်မြန်လိုက်တာ...
မိုးတွင်းဆိုတော့ မိုးအုံ့တာလည်းပါမယ်ထင်တယ်..
မသိရင် ညနေ ၅နာရီလောက်ကျနေတာပဲ...
အိမ်ကစိတ်ပူနေဦးမယ်.. မိုးမရွာခင်မြန်မြန်ပြန်ရအောင်ဆိုပြီး ပြန်ခဲ့ကြတယ်...
၁၅ မိနစ်လောက်မောင်းပြီး.. လမ်းတစ်ဝက်လောက်ရောက်တော့...
မိုးမင်းကြီးကဘာအငြိုးနဲ့များရွာလဲ မသိပါဘူး...
လျှပ်စီးတွေလည်း လက်.. မိုးတွေကလည်း အရမ်းကိုခြိမ်းတာ..
ဆိုင်ကယ်လည်း ဆက်မမောင်းရဲတော့ဘူး.. အဲ့ဒါနဲ့ လမ်းမှာ မိုးခိုလို့ရတဲ့ ဆိုင်တစ်ဆိုင်မှာဝင်ပြီး
မိုးခိုနေလိုက်ရတယ်.. အဲ့ဒီမှာ ပြဿနာစတယ်လို့ ပြောရတော့မှာပဲ...
မိုးက မိုးအကြီးကြီးရွာတဲ့ အခါ.. မိုးရေထဲမှာ လိုက်ပြေးရတာ.. ကစားရတာကို ကြိုက်တယ်..
ကိုယ်ကိုယ်တိုင်ကလည်းမိုးစိုနေပြီးသားဖြစ်.. မိုးရေလည်းကစားချင်...
မိုးမရှိရင်.. ကောင်လေးနဲ့နွေးလည်း အေးအေးဆေးဆေး စကားပြောလို့ရတာပေါ့လို့ တွေးပြီ...
(ကောင်လေးနဲ့ ရင်မဆိုင်ချင်တာလည်း ပါပါလိမ့်မယ်.. )
မိုးခိုနေတဲ့ ဆိုင်ကနေပြေးအထွက်.... နွေးက " မိုးဘယ်သွားမလို့လဲ.. "

" မိုးရေချိုးမလို့... " လို့လှမ်းပြောပြီး .. ထွက်လာခဲ့တယ်..
မိုးကလည်း သည်းကြီးမည်းကြီးကိုရွာနေတော့
မိုးရေထဲမှာပျော်လို့ပေါ့.... ကံကလည်းကောင်းချင်တော့....
ဘောလုံးကန်နေတဲ့ ကလေးတစ်အုပ်ကိုတွေ့တာနဲ့...
မိုးပါရောပြီး.. ဘောလုံးလိုက်ကန်နေလိုက်တယ်... ။
ကောင်လေးနဲ့နွေးက မိုးစဲမှာကိုစောင့်ရင်း.... ကောင်လေးက နွေးကို မေးတယ်...
" နွေး ချမ်းနေပြီလား " တဲ့...
(ကောင်လေးက ဂရုဏာသံလေးနဲ့မေးတော့ နွေးရင်ထဲမှာ ပျော်သွားသလိုလိုပဲ...
ချမ်းနေတာလေးတွေတောင်ဘယ်ရောက်သွားမှန်းမသိပါဘူး.. စိတ်ထဲမှာလည်း ကြည်နူးသလိုလို ဘာလိုလို.. )
" စောစောကတော့ ချမ်းတယ်.. ခုတော့ သိပ်မချမ်းတော့ပါဘူး " လို့ပြန်ပြောလိုက်တယ်..

ကောင်လေး - " နွေးရော....... မိုးရေထဲမှာ မကစားဘူးလား " လို့မေးတော့...

နွေးက ခေါင်းလေးခါရင်း.....

"ဟင့်အင်း..နွေးကမိုးအကြီးကြီးရွာရင်မိုးရေချိုးရတာကိုမကြိုက်ဘူး။
ကော်ဖီပူပူလေးတစ်ခွက်သောက်ရင်း မိုးရွာနေတာကိုပဲထိုင်ကြည့်ချင်တာ....
မိုးကတော့ မရဘူး.. ။ ခုလိုမျိုးမိုးအကြီးကြီးရွာလို့ကတော့....
သူက မိုးရေထဲကစားနေရမှ ကျေနပ်တာ.. " လို့ ပြုံးပြုံးလေးရှင်းပြလိုက်တယ်...

(နွေးရဲ့ အဖြေစကားကိုကြားရပြီးချိန်မှာတော့... ကျွန်တော်တွေးမိလိုက်တယ်ဗျာ...
ရေးပေးပါ စာအုပ်မှာ နွေးကိုအမှတ်တရရေးခိုင်းတုန်းက.. ကိုယ့်ရဲ့ဝါသနာ ဆိုတော့.....
မိုးရေထဲမှာ ကစားချင်တာ... တဲ့... ခုတော့.. နွေးက မိုးရွာတာကိုထိုင်ကြည့်ရတာ.. တဲ့...
ဘာတွေလဲဗျာ.... ကျွန်တော် အရမ်းစိတ်ရှုပ်သွားရတယ်..... )

ကျွန်တော်နွေးကိုဘာမှတော့..ထပ်မပြောဖြစ်ပါဘူး။
ရောက်တတ်ရာရာလေးတွေပြောရင်းနဲ့ပဲ... မိုးစဲမှာကိုစောင့်နေလိုက်တယ်..
ဒါပေမဲ့ဗျာ....ကျွန်တော်စိတ်ထဲမှာ....တစ်ခုခုတော့မှားနေသလိုပဲ။
မိုးနဲနဲစဲသွားတော့.... ချမ်းတုန်တုန်လေးနဲ့မိုးပြန်လာတယ်။
နှုတ်ခမ်းတွေလည်းပြာလို့..
ကျွန်တော် မိုးကိုမေးလိုက်တယ်။
" မိုးအရမ်းချမ်းနေပြီလား....အအေးမိတော့မှာပဲ " လို့ပြောတော့...

မိုးကစပ်ဖြီးဖြီးလေးလုပ်ရင်း....

" ရပါတယ်….ဒီမိုးလောက်ကတော့အပျော့ပေါ့.. ဟဲဟဲ
မိုးက မိုးရေဘယ်လောက်ချိုးချိုးအအေးမမိတတ်ဘူး။ရွာတဲ့မိုးတောင်

အရှုံးပေးရတာ..ခုပဲကြည့်လေမောလို့ရပ်သွားပြီ " တဲ့.......
(အဲ့လိုဟန်ဆောင်မှုကင်းတဲ့စကားလုံးတွေနဲ့ အဲ့လိုအပြောမျိုးတွေ....... online ပေါ်မှာလည်းနွေးက ကျွန်တော့်ပြောခဲ့ဖူးတယ်......ခုတော့.......မိုးကပြောလို့ပါလား။
ဘာတွေလဲဗျာ.......ကျွန်တော့်ကိုမိုးနဲ့နွေးပေါင်းပြီးဝိုင်းညာထားကြတာလား။
မိုးကနွေးဆိုပြီးကျွန်တော်နဲ့စကားတွေပြောခဲ့တာလား။ကျွန်တော့်ကိုအရူးလုပ်ခဲ့ကြတာလား။
ကျွန်တော့် ဦးနှောက်ထဲမှာ ချက်ချင်းဆိုသလို မေးခွန်းတွေအများကြီးဖြစ်သွားရတယ်..
ဘာပဲဖြစ်ဖြစ်ဗျာ...မသေချာသေးဘဲနဲ့တော့..ကျွန်တော်သူတို့ကို ဘာမှမပြောချင်သေးဘူး။
ကျွန်တော်ဒီကိစ္စကိုသေချာအောင်စုံစမ်းသင့်တယ်လေ..)
ကျွန်တော်ကိုယ့်အတွေးနဲ့ကိုယ်ရှုပ်နေတုန်းမှာပဲ..... နွေးက

" ကဲ….. နောက်ကျနေပြီ... မိုးစဲတုန်းပြန်ကျရအောင် "

ဆိုပြီး.......အရင်ဆုံးဦးဆောင်ထွက်သွားတယ်။

မိုး.. နွေးနောက်လိုက်သွားမလို့လုပ်ရင်း… ကောင်လေးကိုတစ်ချက်လှမ်းကြည့် မိလိုက်တော့.
ကောင်လေးမိုးကိုအကြည့်စူးစူးတွေနဲ့ကြည့်နေပါလား။
သူ့အကြည့်တွေရဲ့အဓိပ္ပါယ်ကိုမိုးသေချာမသိပေမယ့်..
မိုးရင်မဆိုင်ရဲဘူး.မိုးအရမ်းကြောက်တယ်။
အဲဒါနဲ့နွေးနောက်ကခပ်မြန်မြန်လေးလိုက်ခဲ့တယ်။

အိမ်ရောက်တော့.....နွေးနဲ့မိုးနဲ့...သက်ပြင်းတွေပြိုင်ချကြတာပေါ့။
(သက်ပြင်းချပြိုင်ပွဲလားအောက်မေ့ရတယ်.. )
နွေးကလည်း အလိမ်တွေပေါ်သွားမှာအရမ်းစိုးရိမ်တာပဲတဲ့....
မိုးလည်း ကြောက်တာပေါ့.. နှစ်ယောက်လုံးခြေဖျားလက်ဖျားတွေကိုအေးလို့...
(ဒီလိုမျိုးတခါမှမကြုံဖူးတာ.. အလိမ်မိသွားရင် ဘယ်လိုရှင်းရမှန်းတောင်မသိဘူး.. )
မိုးက " နွေးကောင်လေးကိုဘယ်လိုသဘောရလဲ... " လို့မေးတော့..
နွေးက စဉ်းစားသလိုလုပ်ပြီး... " အင်း..... ကောင်လေးက မဆိုးပါဘူး..
မိုးပြောသလိုသဘောလည်းကောင်းတယ်.. ခင်ဖို့လည်းကောင်းတယ်... " တဲ့...
မိုး - " သူနွေးဆီက အဖြေတောင်းသေးလား.. "
နွေး - " တိုက်ရိုက်ကြီးတော့ မပြောပါဘူး.. အားနာလို့နဲ့တူပါတယ်.. "
မိုး - " နွေးရော.... သူ့ကိုချစ်လား.. "
နွေး - " ချစ်သလိုလိုပဲ.... သူ့နဲ့တွေ့တော့ ရင်ခုန်တယ်.. ရင်ခုန်ရင်အချစ်ဆိုဆိုရင်တော့..
နွေးသူ့ကိုချစ်လို့ပေါ့... ကောင်လေးကရော.. နွေးကိုတကယ်ချစ်တယ်လို့ မိုးထင်လား .. "
မိုး - " တကယ်ချစ်လို့လည်း သူနွေးဆီအရောက်လာတာပေါ့...
နွေးကိုလည်း သူဂရုစိုက်ပါတယ်.. ဂရုစိုက်တယ်ဆိုတော့ ချစ်လို့ဖြစ်မှာပေါ့.. " လို့ပြောလိုက်တော့... နွေးက... ရီနေလေရဲ့........
(ကောင်လေးရယ်.. ကောင်လေးနဲ့မိုးကဘယ်လိုမှမဖြစ်နိုင်ပါဘူး..
မိုးကောင်လေးကိုချစ်သလို.. နွေးကိုလည်းချစ်တယ်.. မိုးချစ်တဲ့နွေးကလည်း
မိုးကြောင့် စိတ်မညစ်စေရဘူး..။ နွေးအတွက် မိုးနှလုံးသားကိုစတေးလို့ရပါတယ်...
ကောင်လေးကလည်း တကယ်တော့ မိုးနဲ့ဘာမှမဆိုင်ပါဘူးလေ...
နွေးအနေနဲ့ကောင်လေးကိုခင်ခဲ့ရတာပဲ.. ကောင်လေးကအစထဲကနွေးအတွက်ပါ...
ကောင်လေးချစ်တာကလည်း နွေးကိုပဲဟာ.. နွေးလည်းကောင်လေးကိုချစ်တယ်ဆိုတော့..
နှစ်ဦးလုံးအတွက်အဆင်ပြေနေပါပြီ.. နွေးအတွက်ရှာပေးတဲ့ ချစ်သူက လူလိမ်တစ်ယောက်
ဖြစ်မနေလို့.. မိုးကတောင်.. ၀မ်းသာပေးရဦးမှာ.. နွေးကံကောင်းလို့လေ..
ကောင်လေးနဲ့နွေးတို့နှစ်ယောက်လုံးအတွက် မိုးဝမ်းသာပါတယ်နော်.. )
မိုးအတွေးတွေဆင့်နေတုန်း.... နွေးက.. " ကောင်လေးကိုဘယ်လိုက်ပို့ရင်ကောင်းမလဲ.. " ဆိုတော့...
" ကျောင်းကိုအရင်လိုက်ပို့မယ်.. ပြီးရင် ... ဘုရားတွေလိုက်ပို့.. ပြီးရင်.. ထမင်းဆိုင်မှာ
ထမင်းဝင်စား.... အဲ့လောက်ဆိုရင်တော့ ညနေရောက်လောက်ပြီထင်တယ်..
မိုးတွင်းဆိုတော့ မိုးအစောကြီးချုပ်မှာ.. အရမ်းနောက်ကျလို့မရဘူး... အဆင်ပြေသလို
သွားကြတာပေါ့... " လို့ပြောပြီး... မိုးနဲ့နွေးစကားပြောတိုင်ပင်ကြရင်း...
၉း၃၀ တော့ ကောင်လေးကိုသွားခေါ်ဖို့ အိမ်ကနေထွက်ခဲ့ကြတယ်..

မနက် ၆း၃၀ လောက်ကျတော့ ကောင်လေးဆီကဖုန်းလာတယ်။
နွေးနဲ့ပဲပေးပြောလိုက်တော့တယ်။
နွေးက.. " အသံမတူဘူး လို့ပြောရင်ဘယ်လိုပြောရမလဲ " တဲ့။
မိုးက.. " မနက်စောစောမို့လို့ အသံဝင်နေတယ်ပြောလိုက် " လို့။

ကောင်လေးက... "ကျွန်တော်..နာရီစင်ကိုရောက်နေပြီ..အင်္ကျီကအ၀ါ၊မိုးကာနက်ပြာရောင်နဲ့
(ကောင်လေးလာတဲ့အချိန်တုန်းကမိုးတွင်းလေ)
ဂျင်းဘောင်းဘီ အပြာရောင်ဝတ်ထားတယ်။ နွေးကရောဘာရောင်ဝတ်ထားလဲ " တဲ့
နွေးက " ပန်းရောင်ဝတ်ထားတယ်...အခုလာကြိုမယ်စောင့်နေနော်.. " လို့..
ပြီးတော့ဖုန်းချလိုက်တယ်။(မိုးကနက်ပြာရောင်ဝတ်ထားတယ်။)
မိုးနဲ့နွေး အိမ်ကနေတူတူ ကောင်လေးကိုသွားကြိုကြတယ်။


မိုးနဲ့နွေးရောက်သွားတော့.. နာရီစင်ရှေ့မှာ.. ခရီးသွားကျောပိုးအိတ်လေးတစ်လုံးကိုလက်မှာဆွဲပြီး..
တောင်ကြည့်မြောက်ကြည့်နဲ့...ယောင်တောင်တောင်ရပ်နေတဲ့ကောင်လေးတစ်ယောက်ကိုတွေ့တယ်။
(အဲ့ဒါ.. နွေးနဲ့မိုးတို့ရဲ့ အမှတ်တမဲ့ဆုံရာကနေ မှတ်မှတ်ရရခင်ရတဲ့ကောင်လေးပဲပေါ့နော်.. သူက
ဓာတ်ပုံထဲမှာထက်အပြင်မှာပိုပြီးတော့ ကြည့်ကောင်းနေသလိုလို.... )
မိုးနဲ့နွေးကတော့ ချက်ချင်းမသွားသေးဘူး.. သူ့ကိုဘယ်ကဘယ်လိုစခေါ်ရမလဲလို့စဉ်းစားနေကြတာ..
မိုးကပြောလိုက်တယ်.. " နွေးပဲအရင်သွားလိုက်.. မိုး ဒီနားကဒေါ်လေးအိမ်မှာဆိုင်ကယ်သွားထားလိုက်ဦးမယ်...
ဒေါ်လေးအိမ်ကပဲစောင့်နေမယ်နော်.. "
နွေးလည်း.. နည်းနည်းတော့ကြောက်တာပေါ့နော်... တခါမှစကားမပြောဖူးတဲ့သူကို....
ကိုယ်ကအရင်သွားခေါ်ရမှာဆိုတော့.... တမျိုးကြီးပေါ့....
ဟော........... နွေးကိုကောင်လေးတွေ့သွားပြီ.. ကောင်လေးက နွေးကိုတွေ့တော့ ပြုံးပြတယ်..
ပြီးတော့.. " နွေးလား မသိဘူး " တဲ့...
နွေးခေါင်းညိတ်ပြလိုက်မိလားမသိပါဘူး။... ဘာမှပြန်မပြောမိတာတော့သေချာတယ်..
ကောင်လေးက " နွေးတစ်ယောက်ထဲလာတာလား.. " လို့မေးတယ်...
" ဟုတ်ဘူး.. သူငယ်ချင်းတစ်ယောက်လည်းပါတယ်.. သူကဒီနားကသူ့ဒေါ်လေးအိမ်မှာစောင့်နေတာ.. "
ကောင်လေးက " နွေးကဓာတ်ပုံထဲကအတိုင်းပဲနော်..." တဲ့....
သူ့ကိုဘာမှတော့ထပ်မပြောမိဘူး.. ပြုံးပြလိုက်မိမယ်ထင်တယ်...
နွေးလည်းသူ့ကိုဘာဆက်ပြောရမှန်းမသိတာနဲ့... သူငယ်ချင်းစောင့်နေတယ်.. သွားရအောင်
ဆိုပြီး.. မိုးဆီကိုလာခဲ့ကြတယ်...
နွေးကမိုးနဲ့ကောင်လေးကိုမိတ်ဆက်ပေးတယ်... ကောင်လေးက မိုးကို အသိအမှတ်ပြုတဲ့အနေနဲ့
ပြုံးပြတယ်... မိုးလည်း ပြန်ပြုံးပြလိုက်တယ်... (စိတ်ထဲမှာတော့.. ကိုယ်ကလိမ်ထားတဲ့သူမို့လို့လားမသိဘူး.. စိတ်မလုံဘူး.. တစ်ခုခုကိုလည်း စိုးရိမ်နေမိသလိုပဲ..)
ပြီးတော့... နွေးက.. " ဒီနားကဆိုင်မှာတစ်ခုခုသွားစားရအောင်လေ.. " ဆိုတော့... မိုးတို့သုံးယောက်တူတူလမ်းလျှောက်ထွက်ခဲ့တယ်...
မိုးကရှေ့ကလျှောက်.. ကောင်လေးနဲ့နွေးကတော့ နောက်ကနေ စကားတပြောပြောနဲ့လိုက်ခဲ့တယ်...
ဆိုင်ရောက်တော့... မိုးက လက်ဖက်ရည်တစ်ခွက်နဲ့ပဲပလာတာ တစ်ပွဲမှာတယ်... ကောင်လေးနဲ့နွေးကကော်ဖီမှာတယ်။
အဲ့ဒီမှာကောင်လေးကမေးတယ်.. " နွေးက ရေးပေးပါ မှာတုန်းက လက်ဖက်ရည်ကြိုက်တာဆို " တဲ့
နွေးက ဘယ်လိုပြောရမလဲဆိုတဲ့ အကြည့်နဲ့ မိုးကိုလှမ်းကြည့်တယ်..
မိုးကပဲရှင်းပြလိုက်တာပေါ့.. " နွေးက အရင်တုန်းကလက်ဖက်ရည်ပဲသောက်တာ.. ပြီးခဲ့တဲ့ လလောက်ကပဲ..
ကော်ဖီပြောင်းသောက်ကြည့်မယ်ဆိုပြီး... ပြောင်းသောက်ရာကနေ ကော်ဖီစွဲသွားတာလေ.. "
ကောင်လေးက ရီတယ်.... " ဒါနဲ့ပဲ လက်ဖက်ရည်ဖက်ကို ခြေဦးမလှည့်တော့တာလား " ဆိုပြီးတောင်နွေးကိုစလိုက်သေးတယ်... သံသယရှိသလိုတော့ ဘာမှထပ်မပြောပါဘူး..
ကောင်လေးကပြောသေးတယ်.. " နွေးအသံကဖုန်းထဲမှာနဲ့ အပြင်မှာအသံကွာတယ်နော်.. အပြင်မှာကအသံအေးသလိုပဲ" တဲ့...
အဲ့ဒီတော့ နွေးက.. " ဟုတ်မယ်ထင်တယ်.. ခုကအသံလည်းနည်းနည်းဝင်နေတယ်.. ပြီးတော့ ဖုန်းပြောတုန်းက လိုင်းလည်းသိပ်မကောင်းဘူးလေ.. " လို့အဆင်ပြေပြေပြန်ပြောရတာပေါ့.. (လိမ်တဲ့ အလုပ်ကတော်တော်စိတ်ပင်ပန်းတာပဲနော်.. )
နောက်တော့ ကောင်လေးကိုလည်း မိုးနဲ့နွေးတို့ကျောင်းကိုလိုက်ပို့ပေးဦးမယ်.. ဘာညာနဲ့..
ရောက်တတ်ရာရာလေးတွေပဲပြောဖြစ်တယ်...(ခုချိန်ထိတော့ အခြေအနေကအေးဆေးပါပဲ.. )
စားသောက်ကြပြီးတဲ့အခါ.. ကောင်လေးတည်းဖို့နေရာဆီကိုလိုက်ပို့ပေးလိုက်တယ်...
၉း၃၀ လောက်ကြရင်လာပြန်ခေါ်မယ်.. အပြင်မှာထွက်စောင့်နေဖို့မှာပြီး.. မိုးနဲ့နွေးလည်း အိမ်ပြန်ခဲ့ကြတယ်....

နောက်တော့......ကောင်လေးမြန်မာနိုင်ငံကိုပြန်ရောက်လာတယ်။
မြန်မာနိုင်ငံရောက်ရောက်ချင်း မိုးတို့ဆီကိုသူမလာအားသေးဘူး။
လုပ်စရာအလုပ်လေးတွေရှိသေးတယ်တဲ့။သူ့အိမ်ကိုအရင်ပြန်ရသေးတယ်လေ..
မိုးဆီကိုတော့ သူ၂ရက် ခြားတစ်ခါလောက် ဖြစ်ဖြစ် mail ပို့ထားတတ်တယ်..
သူအလုပ်တွေအားလုံးပြီးတော့မှ.. သူဘယ်လိုလာရမလဲတဲ့...
မိုးပဲ သူ့အတွက်ကားလက်မှတ်မှာပေးလိုက်တယ်..
(သူငယ်ချင်းတစ်ယောက်အိမ်ကလည်း ကားလက်မှတ်ရောင်းတယ်လေ..)
နာရီစင်မှာဆင်းမယ်လို့ပြောလိုက်ရင် ကားရပ်ပေးလိမ့်မယ် ပြီးရင်...
နွေးဆီဖုန်းဆက်ဖို့... mail ပြန်ပို့ထားလိုက်တယ်..
ကောင်လေးက သူ့ကိုနွေးလာကြိုမှာလားတဲ့.. လာကြိုမယ်လို့ပြောလိုက်တယ်
နွေးနဲ့လည်းတိုင်ပင်ရသေးတယ်။ဘယ်လိုလုပ်ကြမလဲလို့ပေါ့။

နွေးက " တူတူသွားကြိုရအောင်နော်နွေးတစ်ယောက်ထဲ မသွားရဲဘူး " တဲ့... တူတူသွားကြမှာဆိုတော့..နွေးကိုတောင်မိုးတို့အိမ်မှာလာပေးအိပ်ဖို့
နွေးအိမ်ကိုအတင်းလိုက်ပြောပေးလိုက်ရသေးတယ်။
ကျောင်းမှာ ဥပုသ်ဆွမ်းရှိတယ်ဆိုပြီးတော့ပေါ့။(ကားကအစောကြီးဝင်တာ မနက် ၆း၀၀ လောက်ပေါ့ အဲဒီတော့ နွေးကိုလည်း မိုးအိမ်မှာတာအိပ်ခိုင်းရတာပေါ့)

အဲ့ဒီညတစ်ညလုံး.. သူငယ်ချင်းနှစ်ယောက်တော်ရုံနဲ့
အိပ်မပျော်နိုင်ကြပါဘူး.. မနက်ဖြန်အတွက်ဘယ်လိုရင်ဆိုင်ကြမလဲ
ဆိုတာတိုင်ပင်ကြရင်းနဲ့ပေါ့...
နွေးက မေးတယ်.. " အပြင်မှာတွေ့တဲ့ အခါစဉ်းစားပေးမယ်လို့.. ပြောထားတော့..သ
သူအဖြေတောင်းရင်နွေးက တကယ်ပေးလိုက်ရမှာလား " တဲ့...
မိုးက " နွေးသူ့ကို တကယ်ချစ်တာသေချာလို့ ပေးလိုက်ချင်ပြီဆိုရင်လည်းပေးလိုက်ပေါ့..
သူလည်းနွေးကိုတကယ်ချစ်လို့.. ဟိုးအဝေးကြီးကတောင်လာတွေ့ပြီပဲဟာ..
နွေးသဘောလေ.. နွေးပေးချင်တယ်ဆိုပေးပေါ့..
စဉ်းစားချင်သေးတယ်ဆိုလည်းရတာပဲလေ.. " လို့ပေါ့...

(မိုး ရင်တွေအရမ်းခုန်လိုက်တာ... သူနဲ့တွေ့ရင်ဘာစပြောရမလဲ..
စိမ်းတော့ စိမ်းမနေလောက်ပါဘူးနော်.. သူရော မိုးရော.. တစ်ယောက်ကို
တစ်ယောက်တွေ့ဖူးသားပဲဟာ.... မနက်ဖြန်ကျဘာတွေဖြစ်ဦးမလဲမသိတော့ပါဘူး..)


(နွေးလည်းရင်တွေအရမ်းခုန်နေမယ်ဆိုတာ မိုးသိပါတယ်...
မိုးကိုယ်တိုင်တောင် စိတ်လှုပ်ရှားပြီ.. အိပ်မပျော်နိုင်ဖြစ်နေတဲ့ဟာ..(အလိမ်များပေါ်နိုင်လားဆိုတဲ့ စိုးရိမ်စိတ်လည်းပါမှာပါ..)
မိုးတို့နှစ်ယောက်လုံးကောင်လေးကိုတွေ့ဖူးချင်ကြတယ်လေ..
ကောင်လေးလည်း ခုချိန်ဘယ်လိုများနေမလဲမသိဘူးနော်.. )

( ဒီလိုနဲ့ပဲ.. နှစ်ယောက်လုံးအတွေးကိုယ်စီနဲ့ အိပ်ပျော်သွားကြရော... )

(မိုးစိတ်ထဲမှာလည်း အဲဒီတုန်းက ကောင်လေးနဲ့အပြင်မှာ
တကယ်ဆုံတွေ့ရလိမ့်မယ်လို့ ထင်မထားမိဘူး.)
တစ်နေ့ကျတော့.. ကောင်လေးက" နွေးကိုကျွန်တော်ချစ်နေမိပြီ " တဲ့........

(မိုးလည်းရည်းစားစကားပြောခံရတော့.. နည်းနည်းရှက်သွားတာပေါ့နော်...
ပျော်လည်းပျော်တယ်... ကိုယ်ကလည်း ချစ်တာကိုးနော်..
ဘာပြန်ပြောရင်ကောင်းမလဲလို့လည်း စကားလုံးတွေရွေးနေမိတယ်..
ခုလုပ်ပေးနေတာတွေက နွေးအတွက်ပါလို့.. ပြန်စဉ်းစားမိတဲ့အခါ..
မိုးစိတ်မကောင်းဖြစ်မိတယ်... ကောင်လေးကိုလည်းအားနာတယ်...
သူဘယ်သူ့ကိုချစ်တာလဲဆိုတဲ့ အတွေးလည်းဝင်လာတယ်..
သူဘယ်သူ့ကိုများချစ်တာပါလိမ့်နော်..)

မိုးက " ငယ်သေးတယ်.. မစဉ်းစားချင်သေးပါဘူး... ရည်းစားလည်းလိုချင်သေးဘူး..
ကောင်လေးနဲ့အပြင်မှာတကယ်တွေ့ဖြစ်မှပဲစဉ်းစားမယ် " လို့ ပြန်ပြောထားလိုက်တယ်..
ဒီလိုနဲ့ပဲ.......ကောင်လေးမြန်မာနိုင်ငံကိုပြန်လာမယ့်နေ့ရောက်လာပါတော့တယ်။

ကောင်လေးက သူမပြန်လာရသေးခင် " မြန်မာနိုင်ငံရောက်တဲ့အခါ... နွေးဆီဖုန်းဆက်လို့ရအောင်
ဖုန်းနံပါတ်ပေးထားပါလား" တဲ့..
အဲ့ဒါမှဒုက္ခပဲ.. နွေးအိမ်မှာဖုန်းမှမရှိတာ..
ဘယ်လိုပေးရမှာလဲ.. ဖုန်းမရှိဘူးပြောရအောင်လည်း
ဖြစ်မှမဖြစ်နိုင်တာကြီးကို... အဲ့ဒါနဲ့ပဲ...
" ဖုန်းဆက်လို့မရဘူး.. ဖေဖေဆူလိမ့်မယ်..
မြန်မာနိုင်ငံရောက်ရင်လည်း email ပဲပို့လေ.. " လို့ဆိုတော့..
ကောင်လေးက...

" ဒါဆိုသူခုတစ်ခါလောက်ဖြစ်ဖြစ် နွေးအသံကို ကြားချင်လို့ရမလား " တဲ့

မိုးလည်းကောင်လေးအသံကြားဖူးချင်တာပေါ့နော်..
တစ်ခါမှမှမကြားဖူသေးတာ.. ဘယ်လိုများလဲလို့သိချင်တာပေါ့..

" ဒါဆို ဒီတခါပဲဆက်ရမယ်နော်.. ဖေဖေတို့အိပ်ပြီမို့လို့ပေးဆက်တာ..
နောက်မို့ဆိုနွေးဆူခံထိမှာ " လို့ပြောတော့..

" နွေးဆူခံထိအောင်သူဘယ်တော့မှမလုပ်ဘူး" တဲ့...

နွေးဖုန်းနံပါတ်က " ******** " ပါ....

ကောင်လေးက " ဒါဆို သူခုဖုန်းခေါ်လိုက်မယ်နော် " တဲ့..
ကိုယ်ချစ်တဲ့သူနဲ့ ပထမဆုံးဖုန်းခိုးပြောရတော့... ရင်ခုန်တာပေါ့နော်..
ကြောက်သလိုလိုလည်းဖြစ်တယ်.. ခြေဖျားလက်ဖျားတွေလည်းအေးတာပေါ့
ကောင်လေးနဲ့ 3မိနစ်လောက်ပြောဖြစ်တယ်.. ပြီးတော့.. သူကပြောတယ်..
" နွေးအသံလေးကချစ်စရာလေးနော်.. အသံကသေးသေးလေး..
ကလေးသံလေးပဲ " တဲ့..
(မိုးနဲ့နွေးက အသံနည်းနည်းကွာတယ်.. နွေးအသံကအေးတယ်.. ရှင်းတယ်..
မိုးအသံကတော့ ခပ်စွာစွာ နဲ့ ခပ်စူးစူးပေါ့..)

နောက်တစ်နေ့ကျတော့ မိုး နွေးတို့ကျောင်းကိုသွားဖြစ်တယ်..
ကောင်လေးပြန်လာတော့မယ်ဆိုတဲ့ အကြောင်းတွေနွေးကိုပြောပြမလို့..
နွေးနဲ့တွေ့တော့...........
နွေး - " ဟိုကောင်လေးနဲ့ အခြေအနေဘယ်လိုလဲ "
မိုး - " သူပြန်လာတော့မယ်ဟ.. နောက် 3ရက်လောက်ဆို မြန်မာပြန်ရောက်ပြီ...
မနေ့ကမိုးနဲ့ ဖုန်းခဏပြောဖြစ်သေးတယ်.. "
နွေး - " ဟုတ်လား... သူ့အသံကဘယ်လိုလဲ နားထောင်လို့ကောင်းလား.. "
မိုး - " အင်း.. မိုးကြားဖူးသမျှယောကျာ်းလေးအသံထဲမှာတော့ သူ့အသံက
နားထောင်လို့အကောင်းဆုံးပဲ.. နွေးသူ့ကိုစိတ်ဝင်စားနေပြီလား.. "
နွေး - " သဘောကျပါတယ်.. မိုးပြောတဲ့ အတိုင်းဆို.. စိတ်ဝင်စားလာပြီ..
သူကလည်း ချောတာကိုးနော်... အပြင်မှာတွေ့ရင်တော့ ချစ်မိရင်
ချစ်မိမှာပေါ့.. နွေးလည်းသေချာမပြောတတ်သေးဘူး.. " တဲ့လေ...

(မိုးစိတ်ထဲမှာ ရုတ်တရက် ၀မ်းနည်းမိသွားသလိုပဲ.. တမျိုးကြီးခံစားလိုက်ရတယ်..
တကယ်ဆို မိုးအဲ့လိုမဖြစ်သင့်ပါဘူးနော်.. သူငယ်ချင်းအတွက်လုပ်ပေးထားတာ..
မိုးစိတ်ထဲမှာဒါမျိုးတွေမရှိသင့်ပါဘူး.... ကောင်လေးက ရုပ်ရည်လည်းဖြောင့်တယ်..
ခင်ဖို့လည်းကောင်းတယ်.. ယဉ်လည်းယဉ်ကျေးတယ်... စိတ်ထားလည်းကောင်းတယ်..
နွေးကလည်း သဘောကျတယ်ဆိုတော့.. မိုးဝမ်းသာပေးရမှာပေါ့နော်...
မိုးဝမ်းသာပါတယ်.. နွေးရယ်.. နွေးကံကောင်းပါစေနော်.. )

ဒီလိုနဲ့ပဲတစ်နေ့ကျတော့....
နွေးအတွက်သူငယ်ချင်းတွေရှာပေးရင်း... ကိုယ်ကိုယ်တိုင်လည်း ဘယ်ကတည်းက
သံယောဇဉ်ဖြစ်နေမှန်းမသိတဲ့.. အရမ်းလည်းခင်ဖို့ကောင်းတဲ့
ကောင်လေးတစ်ယောက်နဲ့ စကားပြောကြရင်း....
ရန်ဖြစ်ကြရင်း နဲ့ ခင်သွားကြတယ်... ..နွေးအနေနဲ့ပေါ့ ...
ကောင်လေးကနိုင်ငံခြားမှာကျောင်းသွားတက်နေတာ..
ခုသူကမြန်မာနိုင်ငံမှာမဟုတ်ဘူး။နောက် 6လလောက်နေရင်တော့ပြန်လာမယ်.. တဲ့
ကောင်လေးက ဓာတ်ပုံမြင်ဖူးချင်လို့ ပို့ပေးဖို့ပြောလာတယ်..
နွေးနဲ့ အရင်ထဲက တိုင်ပင်ထားတဲ့အတိုင်း နွေးပုံပဲပို့ပေးလိုက်တာပေါ့...
ကောင်လေးကလည်းသူ့ပုံကိုပြန်ပို့ပေးတယ်။
နောက်ပိုင်းနွေးက သူနာပြုသွားတက်တော့ မိုးဆီကိုသိပ်မရောက်ဖြစ်တော့ဘူး။
အဲ့ဒီတုန်းကစဉ်းစားမိခဲ့သေးတယ်..
နွေးလည်း သိပ်ပြီးလာဖြစ်တော့တာမဟုတ်တော့...
ကောင်လေးနဲ့လည်းထပ်ပြီးမတွေ့တော့ရင်ကောင်းမလားလို့ပေါ့လေ..
မတွေ့ပဲနေနိုင်အောင်.. မိုးနေကြည့်ပါသေးတယ်..
ဒါပေမဲ့လေ.. နောက်ဆုံးတော့ မိုးစိတ်ကိုမိုးမနိုင်ပါဘူး..
ကောင်လေးနဲ့အရင်လိုပဲ.. စကားတွေပြောနေမိတယ်...
မိုးကိုယ်တိုင်ကတောင် ကောင်လေးနဲ့ တစ်ရက်မတွေ့ရင်စိတ်ထဲမကောင်းဘူး။
အရမ်းသတိရနေမိတယ်။ကောင်လေးကတော့ မိုးကမိုးဆိုတာကိုသူမသိပါဘူး။
မိုးကိုနွေးလို့ပဲသိထားတယ်။
မိုးမလာပဲနေကြည့်တဲ့ ရက်တွေမှာလည်း မနေနိုင်လို့ပြန်တွေ့ကြတော့
ကောင်လေးက မေးသေးတယ်..
" အရင်နေ့တွေက ဘာလို့ မလာတာလဲ.. သူစောင့်နေတာ" တဲ့
" အင်တာနက်သုံးလို့မရဘူးဖြစ်နေလို့ပါ " လို့.. လိမ်ပြောမိတယ်..
ကောင်လေးနဲ့စတွေ့ထဲကိုက.. မိုးဘက်ကအလိမ်တွေကြီးပါပဲ..
ကောင်လေးကဖြူစင်နေမယ်ဆိုရင်.. မိုးအရမ်းအပြစ်ကြီးမှာပေါ့နော်..
ကောင်လေးနဲ့နောက်ထပ်မတွေ့ဖြစ်တော့မှာစိုးလို့.....
အမှတ်တရဖြစ်အောင် " ရေးပေးပါ "စာအုပ်ထဲက မေးခွန်းတွေကောင်လေးကို မေးပြီး
မိုးလက်ရေးနဲ့ပဲ.. လိုက်မှတ်ထားလိုက်တယ်။သတိရတဲ့အခါတိုင်း ပြန်ဖတ်လို့ရတာပေါ့..
နွေးကိုလည်း ကောင်လေး ရဲ့စိတ်ထဲက အမှတ်တရလေးတွေသိနိုင်အောင်လည်းပါပါတယ်..
မိုးမထင်ထားတာက.... ကောင်လေးကလည်း မိုးမေးတဲ့မေးခွန်းတွေအားလုံးမိုးကိုပြန်မေးတယ်။
သူလည်းမှတ်ထားမှာပေါ့တဲ့။
တချို့မေးခွန်းတွေကျတော့......မိုးနဲ့နွေး ကအားလုံးဘယ်တူပါ့မလဲ.. ကွဲပြားမှုတော့ရှိတာပေါ့..
နွေးရဲ့ဆန္ဒအမှန်တွေမသိတဲ့အခါ.....
မိုးစိတ်ထဲကဖြစ်တဲ့အတိုင်းပဲပြန်ဖြေပေးလိုက်တော့တယ်။

ကောင်မလေး နှစ်ယောက်ရှိတယ်။မိုးနဲ့နွေးလို့ပဲထားလိုက်မယ်နော်..
သူတို့နှစ်ယောက်ကအရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပေါ့.. ငယ်သူငယ်ချင်းတွေလို့လည်းပြောလို့ရတယ်...
မိုးရဲ့မိဘတွေက နွေးတို့မိဘထက်ပိုပြည့်စုံတယ်လို့ပြောရမှာပေါ့..
မိုးက အိမ်မှာ အင်တာနက်သုံးတယ်။နွေးကတော့ မိုးဆီလာလည်ဖြစ်တဲ့အခါဆိုရင်
သုံးလေ့ရှိတယ်။သူငယ်ချင်းနှစ်ယောက်ဆုံတုန်းအင်တာနက်သုံးတော့
chatting ဆိုတာမပါမဖြစ်လေ.. တစ်နေ့ကျတော့နွေးက..
" အင်တာနက်ထဲကနေ ချစ်သူတစ်ယောက်လောက်လိုချင်တယ် "
" မိုးကအင်တာနက်အမြဲသုံးဖြစ်တယ်ဆိုတော့.........နွေးကိုရှာပေးပါလား "ဆိုတော့..

" အင်တာနက်ထဲမှာက ဘယ်သူကလူကောင်း ဘယ်သူက လူလိမ်ဆိုတာ
ခွဲခြားရတာခက်တယ်..နွေးရ.. အမှန်ပြောပြီး အမှန်ချစ်တဲ့သူဟာလည်း မရှိသလောက်ရှားတယ်... မတော်တဆ နွေးအတွက်ရှာပေးတဲ့ချစ်သူက
လူလိမ်ကြီးဖြစ်နေရင် ဘယ်လိုလုပ်မတုန်း.. မိုးလည်းဘယ်စိတ်ကောင်းပါ့မလဲ.. "
လို့ပြောတော့.. " ဒီလိုဆိုလည်းသူငယ်ချင်းပဲရှာပေးတော့..
ခင်ဖို့ကောင်းမှပဲ.. အရမ်းခင်လိုက်တော့မယ်နော်.. ဟီး. ဟီးး " ဆိုပြီး.. စပ်ဖြဲဖြဲလုပ်နေလေရဲ့..
ပြီးတော့.. နွေးကပဲ.. " နောက်ကို မိုးအားတဲ့အခါ chatting ထိုင်ဖြစ်ရင် နွေး nick နဲ့ထိုင်..
နာမည်မေးလာရင်လည်း နွေးနာမည်ပဲပြော.. ဓာတ်ပုံတောင်းရင်လည်း နွေးပုံသာပို့လိုက်..
ဟိုဘက်ကဘာပဲမေးမေးနွေးအကြောင်းတွေသာပြော.. ဘာပဲဖြစ်ဖြစ်မိုးကိုနွေး
အပြစ်မတင်ပါဘူး.. " တဲ့ ...
" အင်း... ဒီလိုဆိုလည်း ကိုယ့်သယ်ရင်းလေးအတွက်ရှာပေးရမှာပေါ့.. " လို့ မိုးကကတိပေးလိုက်တယ်။
(ကံတရားဆိုတာကလည်းကြိုမမြင်နိုင်ဘူးလေ.. ဒီလိုဖြစ်ခဲ့မယ်မှန်းသိရင်..
အစထဲကငါ လုပ်ပေးခဲ့မိမှာမဟုတ်ဘူး... ငါ့စိတ်ကိုငါမနိုင်ဘဲနဲ့လက်ခံခဲ့မိတာ
သူများဘက်ကသံယောဇဉ်နည်းနည်းဆိုရင်တောင် ကိုယ့်ဘက်က သံယောဇဉ်သိပ်ကြီးတတ်တာကို.. ငါသတိမထားမိလိုက်ဘူး..)
အခုတော့.......... )