Saturday, November 29, 2008

လူတန်ဖိုး

တစ်ခါက သင်ခန်းတခုမှာ ဆရာက ကျောင်းသားတွေကို ပြောတယ်။
၅၀ဒေါ်လာတန်ကို လိုချင်တဲ့လူတွေ လက်ထောင်လို့ပြောလိုက်တယ်။
အားလုံးနည်းပါး ထောင်ကျတယ်.။
အလကားပေးမှာနော်လို့ထပ်ပြောလိုက်တယ်။ ကျောင်းသားတွေကလည်း
လိုချင်ကြတာပေါ့ အဲဒီလိုပြောပြီး
ဟုတ်ပြီ ကဲမပေးခင် တခုလောက်လုပ်ပါရစေ ...
ပြောပြောဆိုဆိုနဲ့ ငွေကို လုံးချေလိုက်တယ်။ ပြီးတော့မေးလိုက်ပြန်တယ်။
ကဲ တွန့်ကြေသွားပြီ
လိုချင်တဲ့လူရှိသေးလား..ကျောင်းသားတွေလည်း ဆက်ပြီးလက်ထောင်ကျတယ် ။
ကောင်းပြီဒါဆို ဟောသလို ထပ်လုပ်မယ်ကွာ .....စကားအဆုံးမှာ
သူ့ဖိနပ်နဲ့ ကြမ်းပြင်ပေါ်ကို နင်းချေလိုက်တယ်။ အဲ့ဒီအခါမှာတော့ ၅၀တန်လေးက
နွမ်းရုံမက ဘူး ညစ်ပတ်သွားပါတယ် ။
ကဲလိုချင် ကြသေးလား အရေအတွက်က လျော့မသွားပါဘူး။
ပိုတောင်တိုးနေသေးတယ် ။
အဲ့ဒီအခါမှာ ဆရာက ပြောလိုက်တယ် ဒါဟာ အင်မတန့်ကို
အဖိုးတန်တဲ့ သင်ခန်းစာပါပဲ။ သည်၅၀တန်လေးကို ဆရာဘာပဲ လုပ်လုပ် မင်းတို့
လိုချင်ကြတယ်နော် ။ ဘာလို့လဲ ဆရာဘာပဲလုပ်လိုက်လုပ်လိုက် ၅၀တန်ရဲ့
တန်ဖိုးက လျော့မသွားလို့ပါပဲ ......
ဆရာတို့ ဘ၀မှာလည်း ကိုယ်တိုင်ချမိသွားတဲ့
ဆုံးဖြတ်ချက်တွေကြောင့် ဖြစ်ဖြစ်၊ အခြေနေအမျိုးမျိုးကြောင့်ပဲ ဖြစ်ဖြစ်
အကြိမ်ပေါင်းများစွာ အချေခံကြရပါလိမ့်မယ်။ အဲ့လိုအချိန်မျိုးတွေမှာ
ဆရာတို့တွေဟာ ကိုယ့်ကိုကိုယ်စိတ်ပျက်ပြီး တန်ဖိုးမရှိတဲ့သူလို့
တွေးမိတဲ့အခါတွေလည်း ရှိပါတယ်...
ဒါပေမယ့် တပည့်တို့ ဘာတွေပဲဖြစ်ဖြစ် ဘာတွေပဲဖြစ်လာဖြစ်လာ
တစ်ဦးချင်းစီ ရဲ့ ကိုယ်ပိုင်တန်ဖိုးကတော့ လျော့ကျသွားမှာ မဟုတ်ပါဘူး
ညစ်ပေနေတာပဲဖြစ်ဖြစ်၊ သန့်ရှင်းနေတာပဲဖြစ်ဖြစ်
တွန့်ကြေနေလို့ ပဲ နေနေ ကော့ပျံပြီးပဲရှိရှိ လူဟာလူပါပဲ။ ဘ၀ရဲ့တန်ဖိုးကို
ဘာတွေလုပ်တယ် ဘာတွေသိတယ် ဘာတွေပိုင်တယ် ဆိုတာတွေနဲ့ ဆုံးဖြတ်ပေးနေတာ
မဟုတ်ပါဘူး။ ကိုယ့်တန်ဖိုးကို သိနေတဲ့ လူတွေအတွက်တော့
ကိုဟာအမြဲတန်ဖိုးရှိနေမှာပဲ။ ။

0 Comments:

Post a Comment