Sunday, December 14, 2008

ယောက်ျား တယောက်၏ ဆွဲဆောင်မူ

မိန်းကလေး တစ်ယောက်အပေါ် ယောက်ျားတစ်ယောက်၏ ဆွဲဆောင်မူက သူရဲ.
ရုပ်ရည်ချောမော ပြေပြစ်မူပေါ်မှာ ၁၀၀ ရာခိုင်နူန်း မမူတည်ပါဘူး။
မိန်းကလေးတွေနဲ. တွေတဲ့ အချိန်မှာဘာတွေလုပ်ရမယ်၊ ပြောရမယ် ဆိုတာကို
မသိခဲ့ရင်လဲ သင်ဟာ ဘယ်လောက် ချောမော ခန်.ငြားပါစေ မိန်းကလေး တွေ သင့်ကို
မခုံမင်တက်ပါဘူး။
အများသောအားဖြင့် ပေါ်ပြူလာဖြစ်သော ယောက်ျားများဟာ မင်းသားတစ်ယောက်လို
ချောမော နေတာ ခပ်ရှားရှားပါ။ ဒါပေမယ့် သူတို.တွေက အပြောကောင်းတယ်၊
ပေါင်းသင်းဆက်ဆံရေး ပြေပြစ်တယ် စသည့် နေရာများမှာ ကျွမ်းကျင်သူများ
ဖြစ်ကျပါတယ်။

အလိုက်သင့်နေတတ်ခြင်း
သင်ချစ်တဲ့ မိန်းကလေး တစ်ယောက်နဲ. ရုပ်ရှင်ကြည့်ဖို.ထွက်လာတယ်ဆိုပါစို. ။
သင်က ကားမောင်းနေတယ်၊ အခြေအနေပေးလို. ကားလမ်းပိတ် နေတယ်
ရှေ.ဆက်မောင်းလို.မရတော့ဘူး။ ထိုအချိန်က သင်က "ဟ ကားအစုတ်ပလုပ်တွေ ဘာလို.
ကိုယ်ဖာသာအိမ်မှာ မနေပဲ ကမြင်းကြောထပြီး လမ်းပေါ်တက်လာကျတာတုန်း၊
လမ်းအစုတ်ပလုပ်ရဲ. ဒီလောက်တောင် ကျဉ်းရသလား" အဲ့သလို ဗျစ်တောက် ဗျစ်တောက်
ပြောနေမလား။ ဒါဆို သင့်ဘေး က သင်ချစ်နေတဲ့ မိန်းကလေးက
သင့်ကိုဘယ်လိုထင်မလဲ။
အဲ့လိုဗျစ်တောက်ဗျစ်တောက်ပြောမနေပဲ သင်ချစ်တဲ့ ကောင်မလေးကို သင့်ရဲ.
အချစ်တွေ ဖွင့်ချလိုက်ပါလား။ ဖွင့်မချရဲသေးရင်လဲ ခဏနေကြည့်မယ့်
ရုပ်ရှင်အကြောင်း တွေပြောလို.ရသေးတယ်၊ အဲ့ဒါမှ မဟုတ်ရင် အပျင်းပြေ ရယ်စရာ
စကားလေးတွေ ပြောပေါ့။ ဒါဆို သူမ က သင့်ကို အခြေအနေ အချိန်အခါ လိုက်ပြီး
ပြောတတ်ဆိုတတ်တယ် ဆိုတဲ့ အမှတ်ပေးသွားပါလိမ့်မယ်။

အပြောချိုခြင်း
သင်ရဲ.ရုပ်ရည်ထက် ဆွဲဆောင်မူရှိတာ တခုရှိတယ်။ သင့်ရဲ.အပြောချိုချိုလေးတွေ
ကြောင့် သူမ က သင့်ကို အားထားရတဲ့ သူအနေဖြင့် သတ်မှတ်တတ်ပါတယ်။ သင့်ရဲ.
အသံတွေ တုန်နေမယ်၊ အက်နေမယ် ဆို၇င် သင့်၇ဲ. ရာဇ၀င်ဘယ်လောက်ကောင်းပါစေ။
သင့် ကို အထင်ကြီးစိတ် တွေ ပျက်ပြယ် စေနိုင်ပါတယ်။

ဦးဆောင်တတ်ခြင်း
သင်တို.နှစ်ယောက် စားသောက်ဆိုင်တွင် တခုခုစားမယ် လုပ်ချိန်မှာ။ ကောင်မလေး
က menu ကြည့်ပြီး တွေဝေနေတယ်ဆိုပါတော့။ ထိုအချိန်မှာ သင်က 'ဒါဟာ
စားကြည့်ပါလား၊ အရမ်းကောင်းတယ် နင်ကြိုက်လောက်တယ်။ ' စသဖြင့်
ဦးဆောင်မူလေးတွေလုပ်ပြလိုက်ပါတယ်။ သူမ ဘာစားမှန်း မသိဖြစ်နေတာကို
ထိုင်ကြည့်မနေနဲ.လေ။

မိန်းကလေးတိုင်းက သူတို.ရဲ. စိတ်ကူးထဲက မင်းသားလေး တွေနဲ.
တွေ.ဖို.စိတ်ကူးယဉ်တတ်ကျတယ်။ သင်က မင်းသားလေး မဖြစ်ခဲ့ရင်တောင် အထက်ပါ
အချက်လေးတွေနဲ. ကိုက်ညီအောင် နေတတ်ရင် မင်းသားလေး နဲ.တော. စရိုက်ခြင်း
နီးစပ်နေပါပြီ။

စိတ်ကူးထဲက မင်းသားလေးများ ဖြစ်နိုင်ကျပါစေဗျာ....
နေမင်းညို

တစ်ခါက ရှင်ဘုရင်တစ်ပါးဟာ ပန်းခြံထဲ ခြေစင်္ကြာဖြန့်နေတုန်း လှပတဲ့ မြွေလေးတစ်ကောင် စည်းရိုးနားက ဆူးခက်တွေကြားမှာ ငြိနေတာကို တွေ့လိုက်တယ်။ မြွေငယ်ကို ဘုရင်က ကယ်တင်လိုက်တယ်။

နောက်တစ်နေ့ ဘုရင်ကြီး ပန်းခြံထဲ လှည့်လည်နေတုန်း အ၀တ်အစား သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်တယ်။
"အသင်ဟာ ဘယ်သူလဲ..? ဘယ်နည်းနဲ့ နန်းတော်ထဲ ကျူးကျော်ဝင်ရောက်လာသလဲ"

"မထိတ်လန့်ပါနဲ့ အရှင်။ ကျွန်တော်မျိုးက နဂါးမင်းပါ။ ကျေးဇူးဆပ်ဖို့အတွက် ရောက်ရှိလာခြင်း ဖြစ်ပါတယ်"

"ဘာကျေးဇူးများလဲ"

"မနေ့က ကျွန်တော့်မျိုး သမီးလေး အရှင်ပန်းခြံထဲက ပန်းများကိုရှုစားရင်း စည်းရိုးမှာ ငြိနေခဲ့တယ်။ အရှင်ကယ်တင်ခဲ့လို့ သမီးတော်လေး နေလောင်ခြင်းမှာ လွှတ်ကင်းခဲ့ရတဲ့အတွက် ကျေးဇူးဆပ်ချင်ပါတယ်။ အရှင်လိုရာ ပြောပါ။ ကျွန်တော်မျိုး ကူညီဖို့အသင့်ပါ"

"အင်း...နန်းတော်မှာ အဖိုးတန်ပစ္စည်းတွေ အများအပြားရှိတယ်။ ဘာမှလိုလေသေး မရှိဘူးဆိုပေမဲ့ သတ္တ၀ါတို့ရဲ့ ဘာသာစကားကို အကျွန်ုပ်တတ်ချင်တယ်။ အကျွန်ုပ်က ကျေးငှက်တိရိစ္ဆာန်တွေကို ချစ်ခင်နှစ်သက်တယ်။ ဒါပေမဲ့ သူတို့ဘာတွေပြောနေမှန်း နားမလည်ခဲ့ဘူး"

"ဒါ မခက်ခဲပါဘူး အရှင်။ သူတို့ရဲ့ စကားကို နားလည်ချင်ရင် ဒီနေ့ကစပြီး သူတို့ရဲ့အသားကို မစားပါနဲ့။ သူ့အသားကိုစားပြီး သူ့စကားကို နားလည်တာမျိုးက မဖြစ်နိုင်ဘူး။ သက်သတ်လွတ်စားပြီး ခုနှစ်ရက်အတွင်း သူတို့စကားကို အရှင်နားလည်လာပါလိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စကို အရှင်လျှို့ဝှက်ထားရမယ်။ တစ်ယောက်ယောက်က သိသွားရင် အစွမ်းပြယ်သွားလိမ့်မယ်"

နဂါးမင်းက ပြောပြောဆိုဆို ပျောက်ကွယ်သွားတယ်။ ဘုရင်ကြီးက နဂါးမင်းပြောတဲ့အတိုင်း လိုက်နာခဲ့တယ်။ ခုနှစ်ရက်ရောက်တော့ ဘုရင်ကြီး စားပွဲတော်ခံနေတုန်း ပိုးဖလံနှစ်ကောင်ရဲ့ အသံကိုကြားလိုက်တယ်။

ပိုးဖလံတစ်ကောင်က "တော်... ဟိုကြမ်းပြင်မှာကျနေတဲ့ ထမင်းစေ့ကို သွားကောက်ပါလား" လို့ပြောတော့ နောက်ပိုးဖလံတစ်ကောင်က "စားချင်ရင် ကိုယ်တိုင်သွားကောက်ပါလား"

"ကျုပ်မပျံနိုင်လို့ တော့်ကို ကောက်ခိုင်းတာပေါ့။ အစကတော့ ချစ်ပါတယ်ဆို ခုတော့ ထမင်းတစ်စေ့ သွားကောက်ဖို့တောင် တော်မလုပ်နိုင်တော့ဘူးလား"

"အစားပဲရှိပြီ အလှုပ်မရှိလို့ ၀နေတာပေါ့။ ၀ိတ်လျှော့ပါဆိုတော့ မလျှော့ဘူး။ ဘုရင်နဲ့ မိဖုရားရှေ့မှာ ကျုပ်ကို ထမင်းသွားကောက်ခိုင်းတာ သေခိုင်းတာနဲ့အတူတူပဲ။ ဘာလဲ မင်းနောက်မီးလင်းနေလို့ ငါ့ကို သေကြောင်းကြံတာလား"

ပိုးဖလံနှစ်ကောင် အချီအချပြောနေတဲ့ စကားကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိတော့တယ်။ ရုတ်တရက် ထရယ်တဲ့ ဘုရင်ကို မိဖုရားက ဘာကြောင့်ရယ်တာလဲ မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြတယ်။

ထမင်းစားပြီး မိဖုရားနဲ့ ရေနွေးကြမ်းသောက်နေတုန်း အိမ်ခေါင်မိုးပေါ်က အိမ်မြှောင်နှစ်ကောင်ရဲ့ စကားပြောသံကို ဘုရင်က ကြားလိုက်မိပြန်တယ်။

"ဘေးဖယ် ရှင်မရေ.."

"ဒီလောက်ညဥ့်နက်နေပြီ ရှင်ဘယ်သွားမလို့လဲ။ ဘေးအိမ်က မုဆိုးမဆီ သွားမလို့လား"

"ဟာ.. ဒီမိန်းမ ငါဘယ်နှစ်ခါ ပြောရမလဲ။ ဘေးအိမ်ကနဲ့ ငါ ဘာမှမပတ်သက်ဘူး။ လူတကာကို မစွပ်စွဲနဲ့"

"အော်... ကျေးဇူးကန်းရဲ့.. ရှင်က သူ့ကို ကာဆီးကာဆီး လုပ်တာလား။ နေ့တိုင်းပဲ အဲဒီမိန်းမကြောင့် ကျုပ်တို့ စကားများရတယ်။ မပတ်သက်ရင် ဘာဖြစ်လို့ ခဏခဏ သွားနေရတာလဲ"

"ငါ ဘေးအိမ်ကို သွားတာမဟုတ်ဘူး။ မင်း ပူညံပူညံလုပ်လွန်းလို့ နားအေးပါးအေး အပြင်ထွက်ရှောင်မလို့.. ဖယ်စမ်းပါ"

"မဖယ်နိုင်ဘူး ရှင်ရေ... အစကတော့ ကျွန်မကို မခွဲမခွါဘဲ တစ်သက်လုံးချစ်မယ်ဆို။ အခုယူတာ တစ်လတောင် မရှိသေးဘူး။ ရှင်က ကျုပ်ကို ခွါချင်ပြီလား"

အိမ်မြှောင်နှစ်ကောင် လုံးရင်းဆန်ရင်း ခေါင်မိုးပေါ်က ပြုတ်ကျလာပြီး အမြီးတွေ ပြတ်ကုန်တယ်။ "တောက်.. ဒီတစ်လ အမြီးပြတ်တာ သုံးခါရှိပြီကွ" ဒေါနဲ့မောနဲ့ ပြောလိုက်တဲ့ အသံကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိပြန်တယ်။ မိဖုရားက မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြပြန်တယ်။

အဲဒီနေ့ကစပြီး ဘုရင်ဟာ ရုတ်တရက် ထထရယ်နေတတ်တယ်။ ကြုံရဖန်များလာတော့ မိဖုရားက "ဘုရင်ကြီး တစ်ခုခုကို လျှို့ဝှက်ထားပုံရတယ်။ ငါ့အသက်နဲ့ မခြိမ်းခြောက်ခဲ့ရင် သူပြောပြမှာ မဟုတ်ဘူး" ဆိုပြီး ဘုရင်ကြီးရယ်တဲ့ အကြောင်းရင်းကို မပြောပြရင် ကိုယ့်ကိုအဆုံးစီရင်မယ်လို့ မိဖုရားက ခြိမ်းခြောက်တော့တယ်။

ဘုရင်ကြီးက လျှို့ဝှက်ချက်ကို မပြောပြချင်တော့ "ခဏနေအုန်း.. ကျုပ်အပြင်ထွက်ပြီး စိတ်အပန်း ဖြေလိုက်အုန်းမယ်။ ပြန်လာရင် ပြောပြမယ်" ဆိုပြီး ထွက်ခဲ့တယ်။ နန်းတော်ရဲ့ တစ်နေရာ ဆိတ်ခြံကိုတွေ့တော့ ဆိတ်နှစ်ကောင် စကားပြောနေတာကို ဘုရင်ကြီးက ကြားမိတယ်။

"ကျွန်မမှာ ကိုယ်လေးလက်ဝန်နဲ့ ကျွန်မကို ချီပိုးစမ်းပါ"
"လမ်းလျှောက်နေရက် အကောင်းကြီးကနေ ကျုပ်ကို ဘာလို့ပိုးခိုင်းရတာလဲ"
"ရှင်မပိုးရင် ကျွန်မကိုယ်ကျွန်မ သတ်သေလိုက်မှာနော်"
"ရော်... ဘယ်နှယ့် အဲဒီလို တုံးအတဲ့အတွေးရှိရတာလဲ ရှင်မရယ်။ အဲဒီစကား ဘယ်က သင်ခဲ့တာလဲ ပြောစမ်း"

"ခုနားက ဘုရင်နဲ့ မိဖုရား ပြောနေတာကို ကြားလိုက်လို့ပါ။ မိဖုရားက ကိုယ့်ကိုယ် သတ်သေ မယ်ဆိုပြီး တောင်းဆိုတာကို ဘုရင်က ချက်ချင်းပဲ လိုက်လျှောခဲ့တယ်။ ကိုယ့်ကိုယ်သတ်သေတယ်ဆိုတာ လက်နက်ကောင်း တစ်မျိုးပဲ။ ဒါကြောင့် ရှင် ကျွန်မကို အရင်ကလို ချစ်သေးလား...? မချစ်ဘူးလားလို့ စမ်းကြည့်တာ"

"ဟား...ဟား.. မင်း အရမ်းတုံးအတာပဲ။ ကိုယ့်ကိုယ်အဆုံးစီရင်တယ်ဆိုတာ ကမ္ဘာပေါ်မှာရှိသမျှ အပြုအမှုထဲက ရယ်စရာအကောင်းဆုံးနဲ့ အတုံးဆုံး။ သတ္တ၀ါတွေထဲမှာ လူတွေကလွဲရင် ဘယ်သတ္တ၀ါကမှ ကိုယ့်ကိုယ် အဆုံးစီရင်တဲ့လမ်း မရွေးဘူး။ သတ္တ၀ါတိုင်းက ကိုယ့်အသက်ကို ကိုယ်ချစ်တယ်။ ကိုယ့်အသိနဲ့ ကိုယ်အသက်ရှင်တယ်။ ကိုယ့်ကိုယ်အဆုံးစီရင်တာကို တစ်ခြားလူက ကြားခံပြီး လာသေပေးလို့မရဘူး။ လူတွေလို ကိုယ့်ကိုယ်အဆုံးစီရင်ချင်သလား..? ကိုယ့်ကိုယ် ဆိတ်ပီသအောင် ကျင့်ကြံမလား..? ကြိုက်ရာလမ်းကို ရွေးပေးတော့"

ဆိတ်ဖို ပြောစကားကို နားထောင်ပြီး ဆိတ်မ ငြိမ်ကုတ်သွားတယ်။ ဘုရင်က သူတို့ပြောတဲ့ စကားကိုနားထောင်ပြီး "ငါဟာ တိုင်းပြည်ရဲ့ အရှင်သခင် ဘုရင်လို့သာပြောတယ်။ ငါ့ရဲ့ အသိဥာဏ်က ဆိတ်တစ်ကောင်ရဲ့ အသိဥာဏ်လောက် တောင် မရှိပါလား" လို့ တွေးမိပြီး မိဖုရားကို ပြောပြဖို့ နန်းတော်ထဲ ပြန်ခဲ့တယ်။

မိဖုရားကိုတွေ့တော့ ဘုရင်က"နှမတော်နဲ့ အတူနေချိန် မောင်တော်အမြဲရယ်ဖြစ်တာက ဟိုးအရင်က နှမတော်နဲ့အတူ ပျော်ပါးခဲ့တဲ့ အချိန်တွေကို ပြန်အောက်မေ့ သတိရမိလို့ပါ။ စားသောက်နေချိန်မှာလဲ သတိရတယ်။ အပန်းဖြေချိန်မှာလဲ သတိရတယ်။ အစဉ်အမြဲ သတိရနေလို့ပါပဲ နှမတော်"

"ဒါဆိုရင် ဘာဖြစ်လို့ အစကတည်းက မပြောတာလဲ"

"စိတ်ထဲမှာ ထားပြီး တမြေ့မြေ့နဲ့ အောက်မေ့နေရတာက ပိုချိုမြိန်တယ်လေ နှမတော်။ အမွှေးရနံ့တွေ ထည့်ထားတဲ့ ပုလင်းတစ်လုံးလိုပေါ့။ အဖုံးဖွင့်လိုက်ရင် ရနံ့တွေပြန့်လွှင့်ကုန်တယ်"

ဘုရင်ရဲ့ နားဝင်ချိုတဲ့ စကားကိုကြားတော့ မိဖုရားက ၀မ်းသာပီတိဖြစ်ရတယ်။ ဘုရင်က ရုတ်တရက် ပိုးဖလံနှစ်ကောင်ရဲ့ စကားကို ကြားလိုက်မိတယ်။

"လူတွေရဲ့ စကားချိုချို ပြောတတ်တဲ့ အကျင့်ကို အတုယူထားစမ်းပါ"
"ရှင်လဲကျွန်မကို အဲဒီလို စကားမျိုးပြောရင် ရှင့်ကိုကျွန်မ ရန်မရှာတော့ဘူး"
ဘုရင်ကြီး ရယ်လိုက်မိပြန်တယ်။


"နှစ်သက်တယ်"ဆိုတာ အချစ်ရဲ့ခပ်ဖျော့ဖျော့အရောင်လေး
"ချစ်တယ်"ဆိုတာ နှစ်သက်တာရဲ့ ခပ်ရင့်ရင့်အရောင်လေးပေါ့။

အချစ်တွေ အများကြီးရလိုက်လို့ ဘ၀ဟာ ပြီးပြည့်စုံသွားမှာ မဟုတ်ဘူး။
အချစ်တွေ အများကြီးပေးဆပ်လိုက်ရလို့ ဘ၀ဟာ ပိုတန်ဖိုးရှိသွားတာ။


လမ်းတစ်နေရာမှာ ဆုံကြတဲ့ ပုရွက်ဆိတ်လေး နှစ်ကောင်လိုပေါ့။ ကိုယ့်ခေါင်းပေါ်က အမွေးနဲ့ အချင်းချင်းထိတွေ့ နှုတ်ဆက်ကြပြီး ဆန်ကျင့်ဖက်ကို လမ်းခွဲလျှောက်ခဲ့ကြတယ်။ ဦးတည်ရာဖက်ကို တစ်ရွေ့ရွေ့ တွားသွားရင်း ကျယ်ပြန့်တဲ့ ဒီဟင်းလင်းပြင်ကြီးမှာ ခန္ဓာကိုယ်သေးငယ်တဲ့ ပုရွက်ဆိတ်နှစ်ကောင် ဘယ်နေရာမှာ ထပ်ပြန်ဆုံခွင့် ရကြမလဲ?

စကြ၀ဠာနဲ့ နှိုင်းယဉ်ကြည့်ရင် ကျွန်တော်တို့ လူဆိုတာ မျက်စိနဲ့တောင် မမြင်နိုင်တဲ့ အမှုန်လေးပါ။ ဘယ်နေရာ ဘယ်အချိန်မှာ ပုရွက်ဆိတ်လေးနှစ်ကောင်လို့ အချင်းချင်း ထိတွေ့ခွင့်ရနိုင်မလဲ..? နှုတ်ဆက်ခွင့်ရနိုင်မလဲ?

လူ့ဘ၀ထဲ တစ်ခါရောက်လာဖို့ လွယ်ကူပါသလား?
လူချင်းတစ်ခါလောက် ရင်းနှီးနှုတ်ဆက်ဖို့ လွယ်ကူပါသလား?
သူငယ်ချင်းလို့ အမည်တပ်ဖို့ လွယ်ကူပါသလား?
စကားလေး တစ်ခွန်းပါပဲ ....
"တန်ဖိုးထား မြတ်နိုးပါ"

တရုတ်စကားပုံ တစ်ခုက ဒီလိုပြောပါတယ်။
"ရှေးကံကြောင့် မိုင်ပေါင်းထောင်ချီ ဝေးနေကြသူတွေ တွေ့ဆုံရင်းနှီးခွင့် ရကြတယ်။ ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွားတာတောင် ရင်းနှီးခွင့် မရဘူး" တဲ့.....
ပျော်ရွင်ကျပါစေ...
နေမင်းညို

(၀း ၁း ၀)
ပန်းများ အသစ်တဖန်ပွင့်ဦးမည်ဆိုပါက
‘သူမ’ ရှိရာအရပ်သို့သာ မျက်နှာမူကြစေကုန်သတည်း

(၀း ၁း ၁)
‘ကိုယ့်ဆီ’ ဖွင့်ထားတဲ့တံခါးရွက်တို့မရှိ၊ ပိတ်ထားတဲ့ တံခါးရွက်တို့မရှိ…..
အဲဒီရှေ့မှာမှ နင်ဘာလို့လာရပ်ခဲ့သလဲကွယ်။
အခုဆို…. ကောင်းကင်ကိုမမြင်တော့ မြေပြင်ကိုမမြင်တော့
မိတ်ဆွေ၊ ရွှေမြို့တော်၊ ခေါ်သံ၊ ပြန်ချိန်၊ တိမ်လွှာ…. မမြင်တော့ မကြားတော့
မမြင်ရ မကြားရတော့….
နင်ကလွဲလို့ မမြင်တတ်တော့ဘူးကွယ်။

(၀း ၁း ၂)
ဘယ်လိုဒေသစံတော်ချိန်နဲ့မဆို နင့်ကိုသတိရ…. ထိထိရှရှလွမ်းတယ်
ကောင်မလေးရေ……
သနားသောအားဖြင့် နင့်ကိုယ်နင် ကိုယ့်အနားထပ်လာဖို့ သတိပေးပါ။

(၀း ၂း ၀)
ကျိန်စာဒုက္ခ ရောက်ရမည်ဆိုလျှင်ပင်
ခြေလှမ်းတို့အား သူမ၏ဆန့်ကျင်ဘက်သို့ ဦးတည်မည်မဟုတ်ချေ

(၀း ၂း ၁)
ယုံကြည်မှုကိုပဲကိုးကွယ်ပြီး ဆောင်ဓါးကိုလွယ်မိပါတယ်။
ခရီးလမ်းက ကြမ်းရှရင့်အိုနေပါစေ…..
လမ်းပြကြယ်တို့လင်းနေရုံနဲ့တင် ကိုယ့်အတွက်လုံလောက်ပါရဲ့
ပြုံးနေပါသလား…
နင် တကယ်ပဲ ပြုံးထားပါရဲ့လားကွယ်။

(၀း ၂း ၂)
‘နင့်အကြောင်း’ စာစီစာကုံးတွေ စာလုံးပေါင်းမမှားအောင်ရေးကြည့်ချင်တယ်
တွေးမိသမျှစိတ်ကူးတို့အတွက် အခါခါကြည်မွေ့မိ
ဘယ်နေ့ရယ်လို့တော့ အတိအကျမသိပါဘူး။
ဒါပေမယ့်….. မရောက်ရောက်အောင်လာခဲ့မယ်
ကိုယ့်ကို ခေါင်းစဉ်တစ်ခုခုတပ်ပေးပါကွယ်……..

(၀း ၃း ၀)
ခရီးဦးဆုမွန်တို့ မရှိဆိုစေ
ဝင်ခွင့်စကားကြားရသည်၌ ပျော်ပိုက်ရာ၏

(၀း ၃း ၁)
အငြင်းဝါကျတို့ ဆွံ့ ကန်းသွားပါ….
နင်က မီးတစ်စဖြစ်ရင် ကိုယ်ကမီးအိမ်တစ်လုံးဖြစ်ရမယ်
နင်က နွေရာသီဖြစ်ရင် ကိုယ်ကဥသြတစ်ကောင်ဖြစ်ရမယ်
အငြင်းစကား မကြားရတဲ့ကမ္ဘာဖြစ်စေတော့

(၀း ၃း ၂)
ကိုယ်တို့ လက်တစ်ကမ်းစာပဲဖြစ်ဖြစ် ချစ်ကြ
ဖြည်းဖြည်းချင်း တမ်းတမ်း မှန်းမှန်း လွမ်းကြရအောင်ကွယ်
တကယ်တော့ ကောင်မလေးရယ်…..
ရပ်တန့်နေတာထက်စာရင် ရွေ့လျားရခြင်းက ပိုကောင်းပါလိမ့်မယ်။

(၀း ၄း ၀)
လှိုင်းဒဏ်လေဒဏ် နူးညံ့ငြိမ်သက်သည်ရှိသော်
သက်တံ့ရောင်စဉ်တို့ တ၀ုန်းဖြိုးဖြိုး သက်ဝင်လှုပ်ရှားကြအံ့။ ။

နေမင်းညို

ကျွန်တော်ကောင်မလေး တစ်ယောက်ကိုရင်နှင့်အမျှ ချစ်မိသွားခဲ့တယ်။ ဒါပေမယ့်သူက ကျွန်တော့်ရဲ့ အချစ်ဦးလား ဆိုတော့ မဟုတ်ပါ...........။ သို့သော်ကျွန်တော်သည် အိုင်တွေ့တိုင်းခြေ ဆေးတတ်သည့်အမျိုးအစားတော့မဟုတ်..။ မှန်သည်ကိုဝန်ခံရလျှင် သူမ မတိုင်မီက မိန်းကလေး ၃ယောက် ကိုကျွန်တော် ချစ်ခဲ့ဖူးသည်...။ ပထမကောင်မလေး တုန်းက ခိုင်းနှိုင်းပြီးပြောမယ် ဆိုရင် ဥလို့တောင်ပြောလို့မရသေးတဲ့အရွယ်မှာပေါ့...........။ ဒုတိယကောင်မလေးတုန်း ကတော့ အကောင်ပေါက်စအရွယ်ပေါ့........။ တတိယကောင်မလေးကတော့ အပျံသင်ခါစအရွယ်မှာပေါ့........။ ခုကောင်မလေးကတော့ကျွန်တော် ရင့်ကျက်နေတဲ့အရွယ်လို့ပြောလို့မရပေမယ့် အရင်အချိန်ကထက်တော့ ရင့်ကျက်တန်သလောက် ရင့်ကျက်နေခဲ့ပါပြီ...........။ ရင်ခုန်သံကိုကိုယ်တိုင်ဆန်းစစ်နိုင်တဲ့ အရွယ်ရောက်နေပြီပေါ့ဗျာ။ အဲ့ဒါကြောင့်ကျွန်တော့် ရင်ခုန်သံကို ၅လ လောက် ဆန်းစစ်လိုက်ပြီးတဲ့ နောက် ဆုံးဖြတ်လိုက်တာ ကောင်မလေးကို ကျွန်တော် ချစ်သွားပြီလို့ပေါ့........။ ကျွန်တော်က ခံစားလွယ်တဲ့လူလေသူကြောင့်တော်တော်ကိုခံစားခဲ့ရတာပေါ့။ သူ့ကိုရင်နင့်အောင်ချစ်ခဲ့တယ်..... အသက်လိုမြတ်နိုးခဲ့တယ်........... ဥယျာဉ်မှူးက နှင်းဆီဖူးလေးတွေ ကိုယုယသလို ကျွန်တော် သူ့ကိုယုယချင်တယ်.....။ဒါပေမယ့် သူကကျွန်တော့်ကို ယုယခွင့်မှ မပေးခဲ့တာ.......။ ကျွန်တော်ကလည်း ခွင့်မှမတောင်းရဲပဲကိုး...........။ ဒီတော့လည်းလေ.......... အင်း... ထားပါတော့လေ........။ သူပျော်မယ်ဆိုရင် ကျွန်တော်ဘာပဲ လုပ်ရလုပ်ရဆိုတဲ့အထိပေါ့......။ ကျွန်တော့်ရူးသွပ်မှုကအဲ့လောက်တောင်......။ ဘာပဲဖြစ်ဖြစ်လေ သူ့ကိုတော့ကျွန်တော်အရမ်းချစ်ခဲ့မိတယ်ဗျာ......။ တစ်နေ့ ကျွန်တော်ချစ်တဲ့ အဲ့သည့်ကောင်မလေးကို ကျောင်းက ကန်တင်းအိုလေးတွေ ထဲမှာလိုက်ရှာနေမိတယ်.......။ ထွေထွေထူးထူး အကြောင်းအရာတော့ မရှိပါဘူး.........။ ကျောင်းမှာက လူတွေကလဲ အများကြီးနောက်ပြီး ကောင်မလေးတွေအားလုံးက ပုံစံတွေက ခပ်ဆင်ဆင်........။ ကျွန်တော်သူ့ကိုရှာရတာတော်တော်လေး ပင်ခေါင်းနောက်သွားခဲ့ရတယ်.........။ ဒါပေမယ့်ခေါင်းနောက်တာ ထက်ဆိုးတဲ့ မြင်ကွင်းတစ်ခုဗျာ...........။ မျက်လုံးတွေတောင်ကန်းသွားလိုက်ချင်တယ်......... ။ တကယ်ပြောတာပါ...........။ ကျွန်တော်ချစ်တဲ့ကောင်မလေး က ကောင်လေးတစ်ယောက်နဲ့ စကားတွေပြောနေတာများပြုံးလို့ ရွှင်လို့ သူ့နောက်စေ့မှာမျက်စိရှိမယ်ဆိုရင်တောင် ကျွန်တော့်ကို မြင်မှာ မဟုတ်ပါဘူးဗျာ.........။ အဲ့ကောင်လေးနဲ့ စကားတွေပြောနေတာ ပတ်ဝန်းကျင် ကိုတောင်သူ သတိရသေးရဲ့လားလို့ ကျွန်တော်တွေးလိုက်မိတယ်..........။ ကျွန်တော်နှလုံးသား တစ်စစီကွဲကြေ သွားတာ မနည်းပြန်လိုက်ကောက်ပြီး သိမ်းထားရတယ်.....။ မျှော်လင့်ချက်လေးနဲ့ပေါ့.....။ သူတို့ချစ်သူတွေ မဖြစ်လောက် သေးဘူးလို့လေ...။ ဒါပေမယ့် အမျိုးအမည်မသိတဲ့ ခံစားချက်ကတော်တော်ပြင်းတယ် ။ နှလုံးသားကိုကျင်စက်နဲ့ လာတို့နေ သလိုပင် တဆစ်ဆစ်နှင့်........။ ဒါပေမယ့်လဲလေ ကျန်စစ်သားထုံးနှလုံးမူပြီး သူ့အတွက်ကျွန်တော့် အချစ်ကို မြိုသိပ်ဖို့ဆုံးဖြတ်လိုက်တယ်...........။ ဒါပေမယ့်လဲမျှော်လင့်ချက်ဆိုတာထားလို့ကောင်းတယ်လေ.....။ အဲဒါနဲ့ပဲ မှိန်ပျပျလင်းနေတဲ့ မျှော်လင့်ချက်မီးအိမ်လေး ကိုင်ပြီး သူ့သူငယ်ချင်းကို သွားမေးလိုက်တယ်လေ.....။ ငါထင်သလို ဖြစ်မလာပါစေနဲ့လို့ ဆုတောင်းရင်းနဲ့ပေါ့.....။

“ဟိတ် သူနဲ့ ကောင်လေး ကကြိုက်နေကြပြီလား...............”

“ဟယ် ပေါက်တတ်ကရ ကြိုက်စရာလားဟဲ့...........”

သူ့ရဲ့ဖြေကြားချက်က ကျွန်တော့် မျှော်လင့်ချက်မီးအိမ်လေးကို လောင်စာထပ်ဖြည့်ပေးလိုက်သလို ပင်.....။ ကျွန်တော်ပျော်သွားမိသည်...........။ ဒါပေမယ့်လည်းတရားသဘောအတိုင်း ဖြစ်ပြီးပျက်မည်မှာ မလွဲပေ...။ ဘာပဲဖြစ်နေဖြစ်နေ ကျွန်တော်က ပုထူဇဉ်ပဲလေ.....။ ပျော်စရာရှိရင်ပျော်မိမှာပေါ့......။ ဒါပေမယ့်သိပ်မပျော်လိုက်ရပါဘူး..........။ ညနေရောက်တော့ သူ့အဆောင် ကိုကျွန်တော်သွားခဲ့တယ်.....။ သူ့ဆီက ငှားထားတဲ့ ရောင်စုံ pen လေးတွေပြန်ပေးဖို့ပေါ့.........။ အဓိကကတော့ သူ့မျက်နှာလေး မြင်ချင်လို့ပေါ့။ ကျွန်တော်ခေါ်တော့ သူထွက်လာပါသည် သို့သော်မျက်နှာကတော့ အရင်လိုမကြည်လင်.....။ ရာသီဥတု မကောင်းမှန်း ထိုအချိန်ကတည်း ကကျွန်တော်သိသင့်သည်...........။ မသိတာကကျွန်တော့်အမှား...။ ဘာပဲဖြစ်ဖြစ်ချစ်သူ ရှေ့ကွဲခဲ့ရတဲ့ကျွန်တော့်အဖြစ်က.........

“နင်ဘာဖြစ်တာလဲ မကြိုက်လို့လား......... ”ကျွန်တော်မေးလိုက်သည်.....။

“ဘာကိုလဲ......... ” သူမခပ်ပြတ်ပြတ်ပင်ပြန်ဖြေသည်.............။

ကျွန်တော်လည်းမှန်းချက်နှင့်နှမ်းထွက်မကိုက်သောကြောင့် နည်းနည်းလေးတော့ရိပ်မိလိုက်သည်။ ဥတု မကောင်းဘူး လို့ပေါ့ ...။ ဒါပေမယ့်လဲ.......

“ဟိုလေ .......ငါနင့် pen တွေငှားတာကိုလေ........”

“သြော်.... ”ဟုတစ်ချက်ပြောပြီးသူမတစ်ချက်ငြိမ်သွားသည်....။ တစ်ခုခု ကိုလေးလေးနက်နက်စဉ်းစားနေသလိုပဲ....။ ကျွန်တော့်စိတ်ထင်ပေါ့နော်....။ နောက်တော့သူကျွန်တော့်ကို တစ်ချက်စိုက်ကြည့်သည်...။ သူ့အကြည့်ကိုရင်မဆိုင်ရဲလို့ကျွန်တော်မျက်နှာလွှဲလိုက်မိသည်...။

“နင်နေ့လည်က ကိကိ ကိုမေးတဲ့အကြောင်း ငါအရမ်းစိတ်ဆိုးတယ်........ ” သူမဒေါသသံနှင့်ပြောသည်...။

“သြော်အဲ့ဒါကြောင့်လား အဲ့ဒါဆိုငါတောင်းပန်ပါတယ်........” .ကျွန်တော်လေးနက်စွာပြောလိုက်သည်.....။

သို့သော်သူ့တုံ့ပြန်သံက -"နင်အဲ့လိုမေးစရာလားနင်နဲ့ဘာဆိုင်လို့လဲ ငါအရမ်းဒေါသထွက်တယ်..... ..."
ကျွန်တော့်ခေါင်းကိုမိုးကြိုး၃ ကြိမ်လောက်ပစ်ချလိုက်သလိုပင်......။ ထူပူသွားသည်.........။ရုတ်တရတ် စကားမပြောနိုင်တော့...။ အင်အားမဲ့သွားသလိုပင်..........။ သို့သော်ရှိသမျှအင်အားနှင့်ပြောလိုက်သည်......

“နင်ငါ့နေရာကတစ်ချက်စဉ်းစားကြည့်ပေးပါ......။ ငါဘယ်လိုနေမလဲတွေးကြည့်လိုက်ပါ ...”

သူဆက်ပြောရန်ဟန်ပြင်လိုက်သော်လည်း သူမကလက်ဦးမှုရယူကာ ပြောလိုက်သည်....။

“နင်ရူးနေလား.......”

သို့သော်ကျွန်တော်ကအရှုံး မပေး...။ နောက်ဆုံးကျည်ဆန်ကိုပစ်လွှတ်လိုက်ရန်မောင်းတင်လိုက်သည်..။ အမှန်မှာတော့ဖွင့်ပြောလိုက်ရန်ပင်....။ “ငါ နင့်ကိုပြောစရာရှိတယ်....ငါ.....”စကားတောင်ဆုံးအောင်မပြော လိုက်ရပေ..။ သူတစ်ခွန်းတည်းပြောပြီးလှည့်ထွက်သွားသည်......။ သူ့ကြည့်ရသည်မှာလည်း အလွန်ဒေါသ ထွက်နေပုံပင်....။ ပြောသွားသည်က“ရပြီ....နင်ပြန်တော့” တဲ့..........။ကျွန်တော်ဘယ်လိုအင်အားနဲ့ အပြန်လမ်း ကို လှမ်းရမှာလဲ...။စဉ်းစားလို့ကိုမရ......။ထိုအချိန်တွင် ကိကိ ရောက်လာသောကြောင့်ကျွန်တော်အကူအညီ တောင်းလိုက်သည်....။တုန်ရီစွာနှင့်ကျွန်တော်ပြောလိုက်သည် က

“ငါ့ကို ကူပြီးဝိုင်းချော့ပေးပါဦးကွာ.......ငါတောင်းပန်ပါတယ်.......”ပြောရင်းကျွန်တော် ခေါင်းငိုက်စိုက် ကျသွားသည်။ အဲ့ဒီအချိန်ကစပြီးသတိလွတ်သွားတာ သတိပြန်ဝင်လာတော့ အဆောင်ရှေ့ကိုပင်ရောက်နေပေပြီ..။ကျွန်တော်ကခံစားလွယ်တော့သူ ကျွန်တော့်ကိုအရူးလို့ ပြောလိုက်လို့ရေးမိတဲ့ကဗျာက

အရူးတစ်ယောက်ထုတ်ခဲ့တဲ့မေးခွန်း

အရူးတွေပဲဖြေနိုင်လိမ့်မယ်.........။

အရူးတစ်ယောက်ရဲ့

အရူး ကဗျာတစ်ပုဒ်ကို

အရူးတွေပဲခံစားနိုင်လိမ့်မယ်...............။

ဟုတ်တယ်....

ဒါပေမယ့် ငါရေးတဲ့

အရူးကဗျာတွေကို

မင်းခံစားနိုင်လာပါလိမ့်မယ်........။

မင်းငါ့ကိုမရူးဘူးလို့

လက်ခံနိုင်လာတဲ့

တစ်နေ့ပေါ့................။

နောက်တစ်ပုဒ်ထပ်ရေးမိတယ်...........

ကျွန်တော်ကအရူးပဲ

သူ့ကိုမပျော်မြူးစေနိုင်ဘူး.....။

ရင်ထဲမှာစူးနစ်နေတဲ့ အချစ်ဆူး

ချစ်သူကမတူးဆွဘူး.......။

ကျွန်တော်နဲ့ တွေ့ရင်မဲ့သွားတတ်တဲ့

နှုတ်ခမ်းတစ်စုံ... .............

ကျွန်တော် ငုံနမ်းဖို့ မတန်မှန်းသိခဲ့ပါပြီ.......။

သူပျော်စေဖို့ ရည်စူးပေမယ့်

ထူးမလာတဲ့ ဘ၀ဇာတ်ကြောင်းမှာ

ရူးလာတဲ့ လူငယ်တစ်ယောက်

ရေနစ်နေတာ ဘယ်သူကယ်မှာလဲ.....။

သူ့ကိုအပျော်ဆုံးသူ ဖြစ်စေချင်လို့

သုံးမရတဲ့ ဦးနှောက်က စဉ်းစားလို့ရသမျှ

လုပ်ချခဲ့ပေမယ့် ပြသနာတွေဖြစ်နေခဲ့တာ

ကျွန်တော်မရည်ရွယ်ပါဘူးဗျာ...........။

သူ မချစ်လို့ အထီးကျန်သီချင်းကို

မတီးတတ်တဲ့ ဂစ်တာခေါက်လို့

လျှောက်ဆိုနေတာ သူသိစေချင်တယ်ဗျာ...........။

ကျွန်တော် သူ့ကိုသိပ်ချစ်တာရောပေါ့ ဗျာ..........။



သူကျွန်တော့်ကိုမချစ်ရင်နေပါဗျာ.......။ကျွန်တော့်ကိုတော့မ မုန်းစေချင်ဘူး.........။ သူ့အတွက်ဆို နှလုံးသားတစ်စုံ အသုံးခံလို့ ဆုံးရရင်လဲ ကျွန်တော် ကျေနပ်ပါတယ်ဗျာ..............။ ယုတ်စွအဆုံး အားလုံးပဲဗျာ ဘာပဲပေးဆပ်ရ ပေးဆပ်ရဗျာ.....။ သူကျေနပ်မယ် ပျော်မယ်ဆိုရင် ကျွန်တော်ကျေနပ်ပြီဗျာ...။ တကယ်ပါကောင်မလေးအတွက်ကျွန်တော်......................

-------------------------------------------------------xxxxxxxxxxxxxxxxxxxxxxxxxxxx-------------------------------------

အနာခံ သူပျော်စံဖို့ ငါကြံသော်လည်း အမှာတွေနဲ့ မသနားလေတော့ ထားခဲ့ပေါ့ကွာ......။နင်ပျော်မယ်ဆို ငါပဲ အနစ်အနာခံ ပြီး နေလိုက်တော့မယ်..........ကောင်မလေး....။ ဒါဟာ သူ့အတွက်ကျွန်တော် အလုပ်ပေးနိုင်ဆုံး အရာပဲ...။ သူနဲ့စကားမပြောဖြစ်တော့တဲ့နောက်ပိုင်းမှာ ကျွန်တော် စကားမတတ်တော့ပါ...။ ဆွံ့အသွားခဲ့ပါပြီ...။ ဘာပဲဖြစ်ဖြစ် နှင်းဆိဖူးလေး လေကြမ်းကြောင့်မကြွေစေချင်တာ ဥယျာဉ်မှုးရဲ့ လိုအင်ပါ...။

ဒီလိုနဲ့ပဲ အချိန်တွေကုန်လာတာပေါ့.....။

Don't distrub!The time cure the heart....တဲ့ တကယ်မှန်တယ်ဗျ အချိန်နဲ့အမျှ သူကျွန်တော့်ကိုစိတ်ပြေလာတယ် ။ သူကျွန်တော့်ကို စိတ်ပြေသွားတော့ ကျွန်တော် အားလုံးကို ကျေးဇူးတင်ချင် လာတယ်..။ အကြောင်းပြချက်တော့ မရှိဘူးဗျာ....။ ဘာပဲဖြစ်ဖြစ် ကျွန်တော် အရမ်းပျော်တယ်ဗျာ..။ တစ်နေ့တော့ သူနဲ့ကျွန်တော်အပြင်မှာတွေ့တယ်လေ....။အဲဒီမှာ ကောင်လေးနဲ့သူစကားပြောနေတယ်လေ.....။ဒီတစ်ခါတော့သူ့

ကိုသွားမမေးရဲတော့....။ ကောင်လေးကို သွားမေးလိုက်သည်...။ မင်း သူ့ကိုကြိုက်နေလား လို့ ကောင်မလေးရှေ့ မှာပင်မေးလိုက်မိသည်.....။တော်တော်တုံးသောကျွန်တော်ပင်...။ ထိုအခါကောင်မလေးမျက်နှာနီသွားပြီး “နင်တော်တော်....”စကားတောင်ဆက်မပြောတော့ဘဲပြေးထွက်သွားသည်.....။ သူမ ကားလမ်းကိုဖြတ်ပြေး သွားချိန်တွင် ကားတစ်စင်း လာသေည်....။ ကျွန်တော် ထိတ်လန့်သွားမိသည်....။ ကောင်မလေးနှင့် ကားတိုက်လုဆဲဆဲတွင် အဲ့သည့်နား ကျွန်တော် ဘယ်လိုရောက်သွားသည်မသိ ....။ ကောင်မလေးကို တွန်းထုတ်ပြီးသားဖြစ်သွာသည်........။ ကျွန်တော်ကတော့ ဒိုင်နာကားကြီးနှင့် မိတ်ဆက်သွားသည်.....။ ကျွန်တော့် မျက်စိထဲတွင်တော့ မှောင်မိုက်သွားပြီးပျိုးပျိုးပျက်ပျက်လင်းလက်နေသည့် ကြယ်များနှင့် လများ..။

ကောင်မလေးကိုနောက်ဆုံး အကြိမ်တောင် မမြင်လိုက်ရ..။ အသံတော့ကြားလိုက်ရသည်......။ သူမရဲ့ငိုသံကိုပါ..။ ကျွန်တော့်နောက်ဆုံးထွက်သက်ဖြင့်နောက်ဆုံး စကားပြောလိုက်သည်......။ နှင်းဆီဖူးလေးကြွေမှာစိုးလို့ ဟုပြောလိုက်ပြီးနောက်ဘာမှ မမြင်ရဘာမှမကြားရတော့.......။ ကျွန်တော့်လောကကြီးတိတ်ဆိတ်ခြင်း နှင့်အတူအမှောင်ထဲ မြင်နေရသည့်အဖြူရောင်စာသားများ “နှင်းဆီဖူးလေးကြွေမှာစိုး”တဲ့........။ ထင်းနေတာပဲ...။ ကျွန်တော်လည်းလိုက်ရွတ်ကြည့်မိသည်...“နှင်းဆီဖူးလေး ကြွေမှာစိုး”....... အသံထွက်မလာတော့ပါ......။ နှလုံးသွေးတို့ရပ်တန့်သွားလေပြီ......။

ပျော်ရွင်နိုင်ကျပါစေ...
နေမင်းညို

Sunday, December 7, 2008

ကိုလူလှတစ်ယောက် တစ်နေ့ကမှ ၀ယ်ထားသည့် ကားသစ်ကလေးကို တသသနှင့် အိမ်ရှေ့ကွက်လပ်ထဲ၌ ရေဆေးကာ သန့်ရှင်းရေးလုပ်နေစဉ် သူ၏ လေးနှစ်အရွယ်သားကလေး မောင်လှသည် အိမ်ထဲမှ ပြေးထွက်လာပြီး ကျောက်ခဲတစ်တုံး ကောက်ကိုင်ကာ မပြောဆိုနှင့် ကားဘေးတလျှောက် ဟိုခြစ်ဒီခြစ် ခြစ်လေသည်။

ကားအသစ်စက်စက်လေးကို ကြည့်မ၀ဖြစ်နေသည့် ကိုလူလှခမျာ သားဖြစ်သူ၏လုပ်ရပ်ကြောင့် ဒေါသအကြီးအကျယ်ထွက်ပြီး ဆော့လွန်းသည့်ကလေးလက်များကို နီးရာဖြင့် ကောက်ရိုက်လေသည်။ ကိုလူလှမှာ ဒေါသကြောင့် ရိုက်နေသော်လည်း သူ့လက်ထဲတွင် ကိုင်ထားသည့်အရာမှာ တုတ်ချောင်းမဟုတ်ဘဲ ဂွရှင် တချောင်းဖြစ်နေသည်ကို သတိမထားမိခဲ့ပေ။

မောင်လှလေး၏ လက်ချောင်းများမှာ ဂွရှင်ဖြင့် ကြိမ်ဖန်များစွာ ရိုက်နှက်ခံထားရသည်ဖြစ်ရာ အရိုးများကြေမွကုန်ပြီး ဆေးရုံတွင် လက်ချောင်းလေးများ အကုန်ဖြတ်တောက်ကုသရသည်အထိ အဖြစ်ဆိုးခဲ့လေသည်။

မောင်လှလေးက မျက်ရည်များစို့နေသော သနားစဖွယ်မျက်နှာငယ်လေးနှင့် ဖခင်ဖြစ်သူကိုကြည့်ပြီး “ဖေဖေ သားလက်ချောင်းလေးတွေ ဘယ်တော့ ပြန်ထွက်လာမှာလဲဟင်”ဟု မေးရာ ကိုလူလှမှာ ရင်ထဲတွင် ထိခိုက်လွန်းလှသောကြောင့် စကားပင် ပြန်မပြောနိုင်ဖြစ်နေခဲ့ရသည်။

ထိုနေ့ အိမ်ပြန်ရောက်သောအခါ ကားအသစ်ကို သားအတွက်ဒေါသဖြစ်ဖြစ်နှင့် အတန်ကြာ ကန်ကျောက်နေခဲ့သည်။ မောလောက်ပြီဆိုတော့မှ ကားဘေးမျက်ခင်းပြင်ပေါ်တွင် ခြေကုန်လက်ပန်းနှင့် ထိုင်ချလိုက်သည်။ ထိုင်နေလျက်နှင့် သားခြစ်ဆွဲထားသည့် ကားဘေးနေရာကို လှမ်းကြည့်လိုက်တော့မှ “အဖေ့ကို သားချစ်တယ်” ဆိုသည့် မောင်လှလေး ကျောက်ခဲဖြင့် ခြစ်ထားသည့်စာများကို အံ့သြဖွယ်ရာ တွေ့လိုက်ရလေသည်။

နောက်တစ်နေ့တွင် ကိုလူလှတစ်ယောက် မိမိကိုယ်မိမိ အဆုံးစီရင်သွားပြီဆိုသည့်သတင်း ထွက်ပေါ်လာလေတော့သည်။

နေမင်းညို

A .ဆိုတဲ့ ကောင်မလေးရယ်
B နဲ့ C ဆိုတဲ့ ကောင်လေး ၂ ယောက်ရဲ့ ပုံပြင်လေးပါ

စစတုန်းကတော့..A နဲ့ B က သူငယ်ချင်း....နှစ်ယောက်လုံး သံယောဇဉ် အရိပ်အယောင်ပြကြပါတယ်
ဒါပေမယ့် ..ဖွင့်မပြောဖူးကြဘူး...
ဒီလိုနဲ့ A က C ကို တွေ့တဲ့ အချိန်မှာ...သူတစ်ကယ်ချစ်တဲ့သူဆိုတာကို သိလိုက်တယ်.
A အတွက် အခက်အခဲ တစ်ခုရှိနေတယ်..အဲဒါက A ရဲ့ ကံကြမာကို စစ်ကြည့်မိလိုက်တယ်...အဲမှာ စတာပဲ
သူဟာ ပထမ ရည်းစားနဲ့ ဖူးစာမဆုံနိုင်ဖူးတဲ့....ဘယ်လောက်ချစ်ချစ် ကွဲနိုင်တယ်တဲ့
A ဟာ ဗေဒင်ဆိုတာကို ယုံတတ်တဲ့ လူစားမဟုတ်ပေမယ့် ....စိတ်ထဲမှာတော့ ထင့်သွားတယ်
တကယ်များ ဖြစ်လာခဲ့ရင်ပေါ့လေ ဆိုပီးတော့
အဲချိန်မှာ B က A ကို ဖွင့်ပြောလာတယ်...A ဆုံးဖြတ်ရခက်သွားတယ်..
အတွေးတစ်ခုလည်း ၀င်လာတယ်...B ကို အသုံးချလိုက်ရင်.........
သူ B ကို လည်း အသုံးမချ ချင်ဖူး...သူ ချစ်တဲ့ C နဲ့လည်း မဝေးချင်ဖူး

ကဲ..A ဆုံးဖြတ်ရ ခက်နေတယ်..ကူကြပါအုံးဗျာ.

(A ကို ဗေဒင် အစွဲအလမ်းကြီးတယ် မပြောပါနဲ့ ...တစ်ကယ် ချစ်တတ်လာရင် အသေးအဖွဲက အစ စိုးရိမ်တတ်လာတယ်ဆိုတာ .နားလည်ပေးစေချင်ပါတယ်)

ကူပီး စဉ်းစားပေးပါဗျာ..ကျေးဇူးတင်ပါတယ်ဗျာ
နေမင်းညို

" မင်္ဂလာပါရှင် "
ကျွန်တော်က ဘယ်လိုပဲ တုံးတိတိ စပီး နှုတ်ဆက်ပေမယ့် အဲဒီလို ယဉ်ကျေးစွာ ပြန်ပီးနှုတ်ဆက်တတ်တဲ့ ဒီကောင်မလေးကို ကျွန်တော်သံယောဇဉ်ဖြစ်မိတာကြာပါပီ....
ကျွန်တော်တို့နှစ်ယောက် စတင်တွေ့ဆုံရပုံက ဘာမှ မဆန်းကျယ်လှပါဘူး...ဖြစ်လေ့ဖြစ်ထ ရှိတဲ့အတိုင်း ကျွန်တော်တို့နှစ်ယောက် VZO မှာစတင်သိကျွမ်းကြပါတယ်....
ဒါပေမယ့် မကြာလှတဲ့ အချိန်လေးအတွင်းမှာပဲ ၀ါသနာနဲ့ အကျင့်စရိုက်တော်တော်များများတူလှတဲ့ ကျွန်တော်တို့နှစ်ယောက်ဟာ ငယ်သူငယ်ချင်းတွေလို ရင်းနှီးခဲ့ကြပါတယ်...
ကျွန်တော်တို့နှစ်ယောက် စတင်သိကျွမ်းတဲ့ အချိန်ကစပီး နေ့တိုင်းလိုလို ONLINE မှာ ဆုံဖြစ်ခဲ့ကြပါတယ်....ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက် CHAT တဲ့အခါတိုင်း...
ဘယ်တော့မှ ပျင်းတယ်လို့မရှိခဲ့ကြပါဘူး...ပြောဖြစ်တဲ့ အကြောင်းအရာတွေကလည်း ဘာမှမဆန်းကျယ်လှပါဘူး...သူက သူ့အိမ်ကသူချစ်တဲ့ကြောင်လေး နေမကောင်းတဲ့အကြောင်း...
သူတက်တဲ့ကျောင်းက သူငယ်ချင်းတွေအကြောင်း....သူကအပြင်မှာ စကားနည်းတဲ့အကြောင်း...သူ့ကို ကောင်လေးတယောက်က ဒီနေ့ရည်းစားစကား လိုက်ပြောတဲ့အကြောင်း...
သူက ညီအစ်ကို မောင်နှမ မရှိပဲ သူငယ်ချင်းလည်းနည်းတဲ့အတွက် သူ့ဘ၀က အထီးကျန်ဆန်တဲ့အကြောင်း....ဒီလိုပဲရောက်တတ်ရာရာ တွေပဲပြောဖြစ်တာများပါတယ်....
သူစကားပြောတဲ့အခါတိုင်း ကျွန်တော်က စိတ်ဝင်တစား နားထောင်ပေးတတ်ပါတယ်....
တခါတလေတော့လည်း ကျွန်တော်တို့နှစ်ယောက်က ကျွန်တော်တို့ ဥာဏ်မမှီလှတဲ့ PLATONIC LOVE အကြောင်း...လူတွေရဲ့ အကျင့်စာရိတ္တနဲ့ စိတ်နေသဘောထားအကြောင်း....
ဒါတွေကိုလည်း ကိုထင်ရာမြင်ရာ ပြောကြ၊ ငြင်းခုံတတ်ကြပါတယ်...
ဒီလို မထူးဆန်းလှတဲ့ အကြောင်းအရာ အဖြစ်အပျက်တွေ စုပေါင်းပီး ထူးဆန်းတဲ့ အကြောင်းအရာ အဖြစ်အပျက်တွေ ဖြစ်လာတတ်တာကိုတော့ လူတိုင်း ကြုံဖူးကြမှာပါ...
ကျွန်တော်တို့နှစ်ယောက် စတင်သိကျွမ်းချိန်ကစပီး နှစ်လလောက်ကြာတဲ့ တနေ့မှာ...မှတ်မှတ်ရရ အဲဒီနေ့က ဒီဇင်ဘာ တစ်ရက်နေ့ပါ...
ကျွန်တော် နေထိုင်တဲ့ အရပ်မှာ နှင်းတွေ ဖွေးဖွေး လှုပ်အောင် စကျတဲ့နေ့ပေါ့...
သူ ONLINE တက်လာတယ်ဆိုရင်ပဲ....
> ဟိုင်း...
>မင်္ဂလာပါရှင်
>ဆောင်း ကို အကိုပြောစရာ၇ှိတယ်...
>ဟုတ်ကဲ့... ပြောလေအကို...
>ဆောင်း ကိုအကို ချစ်နေမိပီ...
>...... ...... ...... .....
>ဆောင်း အကို့ကို စိတ်ဆိုးသွားပီလား....
>မဆိုးပါဘူး..အကို...
တနေ့နေ့မှာ အကိုဒီလိုပြောလာလိမ့်မယ်ဆိုတာ...
ဆောင်းသိပါတယ်...
ဒါပေမယ့် ဒီလိုနေ့ မျိုး ရောက်မလာပါစေနဲ့လို့ ဆောင်း က ဆုတောင်းနေရတာပါ....
ဘာဖြစ်လို့လည်း ဆိုတော့ အကို့ကို ဆောင်း ဘယ်တော့မှ ချစ်လာနိုင်မှာ မဟုတ်လို့ပဲ....
> ဆောင်း ဘယ်လိုပြောလိုက်တာလဲ...
အကို့မှာ မျှော်လင့်နိုင်တဲ့ အခွင့်အရေးတောင်မရှိတော့ဘူးလား...
> ဆောင်း ဘာမှ မပြောပါရစေနဲ့တော့ အကို...
အကို ဆောင်း ကို ခွင့်လွှတ်ပေးပါ..နားလည်ပေးပါလို့ပဲ ပြောပါရစေ...
>..... ..... .... ..... .... .....
သူ အဲဒီလိုပြောပီး OUT သွားလိုက်တာလေ....
အဲဒီတုန်းက သူပြောတဲ့ စကားတွေက ကျွန်တော့်ဘ၀အတွက် နောက်ဆုံးပဲဆိုတာ ကျွန်တော် အချိန်အတော်ကြာမှ သိခွင့်ရခဲ့တာပါ...
ကျွန်တော် ဟာ နေ့တိုင်း သူ့ကို ONLINE မှာ မျှော်နေပေမယ့် အဲဒီနေ့က စပီး သူပေါ်မလာတော့ပါဘူး...
ကျွန်တော် နေ့တိုင်း သူ့ဆီကို MESSAGE တွေ၊ EMAIL တွေပို့ပေမယ့် သူ့ဆီက ဘာတုန့်ပြန်မှုမှ ရောက်မလာခဲ့ဘူးလေ...
ကျွန်တော်ဟာ နေ့စဉ်နေ့တိုင်း ကျွန်တော်လုပ်ရမယ့် အလုပ်ပီးတာနဲ့ COMPUTER ရှေ့မှာထိုင်ပီး သူ့ကို မျှော်နေမိပါတယ်....
ONLINE က သူငယ်ချင်း အသစ်တယောက်နဲ့ တွေ့တဲ့အခါတိုင်း သူ့ရဲ့ သူငယ်ချင်းတွေထဲမှာ " ဆောင်းကြာဖြူ ' ဆိုတဲ့ NICK နဲ့ သူငယ်ချင်းတယောက်ရှိလားလို့...
ကျွန်တော်မေး ခဲ့မိတယ်....အရင်က သိကျွမ်းခဲ့တဲ့ သူငယ်ချင်းတွေကလည်း သူတို့က နှုတ်ဆက်တဲ့အခါတိုင်း ကျွန်တော်က စိတ်မပါလက်မပါ ပြန်ပြောတာများလာတော့.....
ကျွန်တော့် ကို ဘယ်သူကမှ နှုတ်မဆက်ကြတော့ဘူးလေ....အထီးကျန်ဆန်တဲ့ ကျွန်တော့် ဘ၀ကို အကောင်းဆုံးစိတ်ချမ်းသာမှု ပေးနိုင်တယ်လို့ ထင်ခဲ့တဲ့....
ONLINE ကလည်း သူမရှိတော့တဲ့ နေ့ကစပီး ကျွန်တော့အတွက် ဘာမှ အသုံးမ၀င်တော့ဘူးလေ....
သူဘာကြောင့် ဒီလိုလုပ်သွားရတာလည်း ဆိုတဲ့ အတွေးနဲ့ပဲ ကျွန်တော်ဟာ အိပ်မပျော်တဲ့ ညပေါင်းများစွာကို ကျော်ဖြတ်ပီး နွေ၊မိုး၊ဆောင်း ရာသီအလီလီကို ကုန်လွန်စေခဲ့ပါတယ်....
ဆောင်းတွင်းကာလ ရောက်ပီဆိုရင် နှင်းတွေကိုချစ်တတ်တဲ့ သူ့အကြောင်းကို တွေးပီး ကျွန်တော်ဟာ နှင်းတောထဲမှာ အကြိမ်များစွာ လမ်းလျှောက်ခဲ့ဖူးပါတယ်.....
ဒီလိုနဲ့ သုံးနှစ်ဆိုတဲ့ အချိန်ကာလကို ကျော်လွန်ပီး တဲ့တရက်မှာ.... အဲဒီနေ့က ဒီဇင်ဘာ တစ်ရက်နေ့ပေါ့...
ကျွန်တော် Gtalk ကို ဖွင့်လိုက်တယ်ဆို၇င်ပဲ ဆောင်းဆီက MAIL တစ်စောင်ေ၇ာက်နေတာတွေ့လိုက်ရတယ်....
ကျွန်တော် ကပျာကယာ ဖွင့်ပီးဖတ်ကြည့်လိုက်တော့....

အကို
ဆောင်းကို ခွင့်လွှတ်ပါလို့ တောင်းပန်ရင်း ဒီ mail ကို ပို့လိုက်ပါတယ်...
အကို ဘယ်လောက်ထိ ခံစားနေရမယ်ဆိုတာ ဆောင်း သိပါတယ်...
ဒီနေ့ဟာ အကိုနဲ့ ဆောင်း တို့နှစ်ယောက် ခွဲခွာ ခဲ့ကြတာ သုံးနှစ်မြောက်တဲ့နေ့ပေါ့...
အကို မမေ့နိုင်သလို နှင်းလည်း မမေ့နိုင်ပါဘူး....
တကယ်တော့ ဘ၀ ဆိုတာ ကိုဖြစ်ချင်တာ မဖြစ်ရပဲ မဖြစ်ချင်တာတွေ ဖြစ်နေရတဲ့ သံသရာကြီးပါ အကို...
အကိုဘယ်လောက်ခံစားရတယ်ဆိုတာ ဆောင်း သိပေမယ့်....
ဆောင်း ဘယ်လောက်ခံစားရတယ်ဆိုတာ အကို မသိခဲ့ဘူးနော်...
အကိုနေ့တိုင်းပို့တဲ့ message နဲ့ mail တွေကို ဖတ်ပီး...
computer ရှေ့မှာ အကြိမ်များစွာ ငိုခဲ့ရတာကို အကို မသိနိုင်ပါဘူးလေ...
နောက်တပါတ်ဆိုရင် ဆောင်း လက်ထပ်ရတော့မယ် အကို...
အကို ဆောင်း ကိုချစ်ပါတယ်လို့ ဖွင့်မပြောခင် အချိန်ကတည်းက...
ဆောင်း ဟာ သူနဲ့ နှစ်ဖက်မိဘတွေရဲံ့ သဘောတူညီမှုနဲ့ စေ့စပ်ထားခဲ့တာပါ...
အချစ်မပါတဲ့ အိမ်ထောင်ရေးဟာ အဆင်ပြေနိုင်လား ဆိုတာ ဆောင်း မသိဘူး...
ဒါပေမယ့် မိဘရဲ့ စကားကို ငယ်ငယ်လေးကတည်းက နားထောင်လာတဲ့အတိုင်း...
ဆောင်း မငြင်း ဆန်နိုင်တာတော့ အမှန်ပါပဲ....
အကို့ကို ဆောင်း ချစ်ပါတယ်....
ဒီစကားကို အမြဲတမ်း ရင်ထဲမှာပဲ သိမ်းထားမယ်လို့ ဆုံးဖြတ်ထားပေမယ့်....
အကို တသက်လုံး ခံစားနေရမှာကို မကြည့်ရက်လို့ ဆောင်း ပြောလိုက်ရတာပါ......
. တကယ်တော့ ဘ၀ ဆိုတာ ကိုဖြစ်ချင်တာ မဖြစ်ရပဲ မဖြစ်ချင်တာတွေ ဖြစ်နေရတဲ့ သံသရာကြီးပါ အကို..
ဆောင်း ကို မေ့လိုက်ပါတော့.....
အကိုတယောက်ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းရင်း ထာဝရ နှုတ်ဆက်ခဲ့ပါတယ်....

ဒီ mail ကိုဖတ်ရင်း ကျွန်တော့်ရင်ထဲမှာ ၀မ်းသာကြည်နူးမှုနဲ့ ကြေကွဲ ဆို့နင့်မှုကို တပြိုင်နက် ခံစားရပါတယ်....
ဒါပေမယ့် ကျွန်တော် ကျေနပ်ဝမ်းသာမိတာတော့ အမှန်ပါပဲ....
အချစ်ဆိုတာ ပိုင်ဆိုင်ရယူရမှ ပြည့်စုံတယ်လို့ ကျွန်တော်ဘယ်တုန်းကမှ တွေးမထားခဲ့ပါဘူး...
ပန်းဆိုတာ ကြိုးနဲ့သီပီး ခေါင်းပေါ်မှာ ပန်ထားရင်ပဲဖြစ်ဖြစ်...တော်ဝင် သဇင် ပန်းပဲဖြစ်ဖြစ်....
တန်ဖိုးမရှိဘူးလို့ လူတွေ သတ်မှတ်ချင်ကြတဲ့ ခံပွင့် ပဲဖြစ်ဖြစ် .... သူ့ဂုဏ် နဲ့ သူရှိပါတယ်....
အချစ်ဆိုတာလည်း ဒီလိုပါပဲ...ပိုင်ဆိုင်ရယူနိုင်မှု ရှိရင်ပဲဖြစ်ဖြစ်... လက်လွှတ်ဆုံးရှုံးလိုက်ရတာပဲဖြစ်ဖြစ်....
ဆုံဆည်းခွင့် ရသည်ပဲဖြစ်ဖြစ် ၊ မရသည်ပဲဖြစ်ဖြစ် တယောက်နဲ့တယောက်ချစ်နေကြရင် ပြည့်စုံတယ်လို့ ကျွန်တော်ထင်တယ်လေ....
အဲဒီနေ့ကစပီး ကျွန်တော် online မသုံးတော့ပါဘူး...
ကျွန်တော့်လိုပဲ online ကို ဘယ်တော့မှ သုံးမှာမဟုတ်တော့တဲ့ ကောင်မလေး တယောက်ရှိတယ်ဆိုတာတော့ သိကြမှာပါ...
တကယ်လို့ အချစ်ကို ၁၅၀၀ အချစ်၊ ၅၂၈ အချစ်၊ platonic love စသဖြင့်ပေါ့လေ အမျိုးအမည် ခွဲခြားလို့ရတယ်ဆိုရင်...
ကျွန်တော်တို့နှစ်ယောက်ရဲ့ အချစ်ကို interlove လို့ သတ်မှတ်ပေးကြပါခင်မျာ...
ရင်တွင်းမှာပဲဖြစ်ပီး ရင်တွင်းမှာ ပဲ အမြဲသိမ်းထားရမယ့် အချစ် လို့ဆိုချင်ဆို....
internet ကိုအကြောင်းပြုပီး ဖြစ်တည်လာတဲ့ အချစ် လို့ သတ်မှတ်ချင် သတ်မှတ်....
ကျေးဇူးပြုပီး interlove လို့သတ်မှတ်ပေးကြပါခင်မျာ..........

ဒီအဖြစ်လေးကတော့ ကျွန်တော်သူငယ်ချင်းတစ်ယောက်ရဲ့ အဖြစ်အပျက်လေးပါ... ကျွန်တော် အရမ်းကြိုက်လို့ ကျွန်တော် ၏ ဘလော့လေးမှာ တင်ပေးလိုက်ခြင်းဖြစ်ပါတရ်.... အားလုံးပဲ ကြိုက်ကျမရ်လို့မျှော်လင့်ပါတရ် ....
နေမင်းညို