Sunday, December 14, 2008

လူတစ်ယောက်ရဲ. Address book မှာ နေရာ တနေရာစာရဖို. လွယ်ကူပါတယ်။
လူတစ်ယောက်ရဲ. နှလုံးသား မှာ နေရာတနေရာ ရဖို. ခက်ခဲပါတယ်။

သူများ အမှား၊အပြစ် ကို ရှာ ဖို. အင်မတန်လွယ်ကူပါတယ်။
မိမိ အမှားကို မှတ်ယူ၊ ရှောင်ကျဉ် ဖို. ခက်ခဲပါတယ်။

မစဉ်းစားပဲ စကား လျှောက်ပြောဖို. လွယ်ကူပါတယ်။
အမှားကင်း အောင် စကားပြောဖို. ခက်ခဲပါတယ်။

မိမိကို ချစ်ခင်တဲ. လူကို စိတ်နာကျင်အောင်လုပ်ဖို.လွယ်ကူပါတယ်။
ထိုစိတ်နာကျင် မူကို ပြန်လည်ကုစားဖို. ခက်ခဲလှပါတယ်။

တပါးသူကို မိမိက ခွင့်လွတ်ဖို. လွယ်ကူပါတယ်။
တပါးသူ ကို မိမိအား ခွင့်လွတ်ဖို့ တောင်းဆိုရတာ ခက်ခဲပါတယ်။

စည်းကမ်း၊မျဉ်း တွေ ချမှတ်ရတာ လွယ်ကူပါတယ်။
လိုက်နာ ဖို. ခက်ခဲပါတယ်။

အောင်နိုင်သူ ဖြစ်ရတာ လွယ်ကူပါတယ်။
သိက္ခာရှိရှိ ရှူံး နိမ့် သူ ဖြစ်ဖို. ခက်ခဲပါတယ်။

ကျောက်တုံး နှင်. ခလုတ် တိုက်မိဖို. လွယ်ကူပါတယ်။
ပြန်ထ ရတာ ခက်ခဲပါတယ်။

နေ.တိုင်း ဘ၀ကို ပျော်ပျော်ရွင်ရွင်ဖြတ်သန်းရတာ လွယ်ကူပါတယ်။
တန်ဖိုးရှိရှိ ဖြတ်သန်းဖို့ ခက်ခဲပါတယ်။

ဂတိ တခု လွတ်ခနဲ ပေးဖို့ လွယ်ကူပါတယ်။
ဂတိ အတိုင်းလိုက်လုပ် ဖို့ ခက်ခဲပါတယ်။

ချစ်တယ် လို ပြောရတာ လွယ်ကူပါတယ်။
အမြဲတမ်း ချစ်ပြနေဖို့ ခက်ခဲပါတယ်။

သူများကို ဝေဖန် ရတာ လွယ်ကူပါတယ်။
မိမိကိုယ်ကို တိုးတက်အောင် လုပ်ရာမှာ ခက်ခဲပါတယ်။

အမှားတခု လုပ်ရတာ လွယ်ကူပါတယ်။
အဲဒီ အမှားကနေ သင်ယူဖို့ ခက်ခဲပါတယ်။

ပြီးဆုံးသွားတဲ. အချစ်ဇာတ်လမ်းကို ပူဆွေး တောင့်တ ရတာလွယ်ပါတယ်။
အဲ့လို ပြီးဆုံးမသွားအောင် လုပ်ဖို့က ခက်ခဲပါတယ်။

တိုးတက်ကြီးပွားဖို. စဉ်းစားရတာ လွယ်ပါတယ်။
စဉ်းစားတာတွေ ရပ်ပြီး လက်တွေ.အကောင်အထည်ဖော်ဖို. က ခက်ခဲပါတယ်။

ချစ်သူငယ်ချင်းရေ လို. နူတ်ကပြောရတာလွယ်ပါတယ်။
ထိုကဲ့သို. ချစ်ချစ်ခင်ခင် ပေါင်းသင်းဖို. ခက်ခဲပါတယ်။

နေမင်းညို

အလုပ်များနေသော ခင်ပွန်းသည်အား အလိုက်မသိသော ဇနီးက စကားတွေ တတွတ်တွတ်ပြောနေသည်။ ခင်ပွန်းဖြစ်သူက သူမစကားတွင် စိတ်မပါမှန်းလည်း မရိပ်မိချေ။

"မောင် … ခင့်ကို ဘာလို့လက်ထပ်ခဲ့တာလဲဟင်။ ခင့်ရဲ့ မျက်နှာလေး လှလွန်းလို့လား။ ဒါမှမဟုတ် ခင့်ကိုယ်လုံးကိုယ်ပေါက်လေးကို သဘောကျလို့လား။ အင်း … မဟုတ်ဘူးဆိုရင် ခင်ရဲ့ စိတ်ထားလေး ဖြူတာကို မြတ်နိုးလို့လား။ အဲ … ဒါမှမဟုတ် …"



စိတ်မရှည်တော့သော ခင်ပွန်းက သူမဘက်လှည့်ပြီး တစ်ခွန်းတည်း ပြန်ဖြေသည်။

"မင်း ခုလို ဟာသပြောတတ်တာကို ကြိုက်လွန်းလို့ဟေ့"

ရီနိုင်ကျပါစေဗျာ...
နေမင်းညို

တစ်ခါ တစ်လေမှာ လူတွေဟာ ပေါက်တတ်ကရတွေတွေးတတ် ကြပါတယ် ။ အားအားယားယား
အလုပ် မရှိတွေးနေကြတာပါ ။ အဲဒီလို ပေါက်တတ်ကရတွေတွေးနေလို့လဲ
မဖြစ်သင့်တာတွေဖြစ်လာ တာပေါ့ ။ ခွေးတွေ ၊ ၀က်တွေက ဆာလာရင် စားစရာကို
လိုက်ရှာ၊ အနံ့ခံပြီး ရှာစားကြပါတယ် ။ လူတွေကတော့ ဆာလာရင် လိုက်ပြီး
အနံ့မခံပါဘူး ၊ ရှာတော့ရှာပါတယ် ။ ဥပမာ ။ ဒီနေ့ဘယ်အိမ်မှာ အလှူလုပ်သလဲ? ။
ဒါမှမဟုတ် ချက်စား ၊ ဆိုင်မှာဝယ်စားကြပါတယ် ။ အဲဒီအထိအေးဆေးပါ ။
အဲ….ဗိုက်ဝ လာတော့ စတွေးပါတယ် ။ ပြဿနာက အဲဒီမှာစတာပါ ။လူတွေဟာ
ဗိုက်ဝလာရင် ပြဿနာ ရှာ တတ်ပါတယ် ။ အာဒံ နဲ့ ဧ၀ ကိုပဲကြည့်လေ ပန်းသီး
မစားခင်တုန်းက ဘာဖြစ်လို့လဲ ။ အေးဆေးပဲလေ ။ အဲ ဗိုက်လည်းတင်းလာရော ၊
ဇရက်မင်း စည်းစိမ်ကွ ဆိုပြီး နဖူးပေါ်လက်တင်ပြီး စတွေးတော့တာပါပဲ

ဒီနေ့ ဟင်းချက်ရတာ ပင်းပန်းလိုက်တာ ၊ ထမင်းဆိုင်က ဟင်းကြီးကလည်း
ဆားပေါ့လိုက်တာ ဘာညာ ပေါ့ ။ မိန်းမရှိရင်ကောင်းမှာပဲ … အဲ ပြဿနာက အဲလို။
တစ်ခုရပြီးရင် မကျေနပ်ပဲ ဆက်..ဆက်..ပြီး တွေးသွားကြတာလေ ။ တခြားဘယ်
သတ္တ၀ါကမှ အဲလောက်မတွေးပါဘူး ။ အဲဒါကြောင့်လဲ မာနကြီး နေကြတာပေါ့ ။ အဲလို
လိုရာကိုဆွဲတွေးပြီး တော့ ခေါင်းစဉ်ပါတပ်လိုက်သေးတယ် 'အချစ်' တဲ့။ တော်
တော်ပေါက်ပေါက်ရှာရှာ တွေးတဲ့လူတွေဗျာ ။ အဟေးဟေး ကျုပ်လဲလူပါပဲ ။ အဲလို
အစဆွဲထုတ်ရာ ကို လိုက်သွားကြရင်းနဲ့ ' ရှင်က ကျမ ကိုချစ်လို့လား' '
ချစ်ပါတယ်' ဆိုပြီး အုန်းခြစ်ကြီး ကိုင်ပြလို့လဲမရ ။ 'ကျမကို ချစ်ရင်
အင်္ကျီဝယ်ပေး ' ဆိုတော့ ' ငါလည်း ဒါပဲဝတ်တာ' ဆိုပြီး စွပ်ကျယ်ဝယ်ပေးလို့
ကလဲ မဖြစ် ။အဲဒါကြောင့်ပြောတာ ပေါက်တတ်ကရတွေ မတွေးပါနဲ့လို့ ။

အဲဒီလို အစဆွဲထုတ်ပြီး ပေါက်တတ်ကရတွေတွေးတော့ …ကဲ ။ ဥပမာ နယူတန်
ဆိုတဲ့သိပ္ပံ ပညာ ရှင်ကိုပဲကြည့် ။ ပန်းသီးတစ်လုံးပြုတ်ကျလာတာကို
သူကဗိုက်ဝနေတော့ ပေါက်ကရတွေ တွေးပါလေ ရော ။ ဆာနေတဲ့လူသာဆို
စားလိုက်မှာပေါ့ ။ နောက်ပြီး အမှန်ဆိုသူတွေးသင့်တာက ဒီနေ့ပန်းသီး
ပေါက်ဈေး ဘယ်လောက်လဲ ။ ဒီပန်းသီးတွေခူးပြီး ဈေးမှာသာ ချရောင်းလိုက်ရ ၊
အရင်းမစိုက်ပဲ အမြတ်ကြီးပါပဲလား ဘာညာပေါ့ ။ ဒါမှမဟုတ်
ငါဒီအပင်အောက်လာထိုင်တာကို အပင်စောင့်ရုက္ခစိုး ကမကြိုက်လို့လား ။
အရှင်ရုက္ခစိုးနတ်မင်းကြီးရယ် ကျွန်တော့်သားလေးကိုဗွေမယူပါနဲ့ ၊
ကျွန်တော့် မိန်းမကိုပဲ အတည်ယူပါ ၊ ကျွန်တော့်မှာ နောက်စမောလေး
တွေ့နေပါပြီ ..ဘာညာပေါ့…။

ဒါမှမဟုတ် ပန်းသီး ဆိုတော့ ကြာသပတေး၊သောကြာ ၅၆ ကျလာတာက တနင်္လာဆိုတော့ ၂
အဲဒီတော့ ၅၆၂ ဆိုပြီး နီးရာဒိုင်ဆီပြေး ရှိသမျှလေးအောပြီး ရင်ခုန်နေပေါ့
။ ပေါက်ရင်တော့ စည်ဘီယာ ဆိုင်ထိုင်မယ် ၊ ပန်းကုံးစွပ်မယ် ၊
နိုက်ကလပ်တက်မယ် ၊ 501 ၀ယ်ဝတ်မယ်၊ Dr.Martin ၀ယ်စီးမယ် ပေါ့ ။ အခုတော့
မဟုတ်ပါဘူး ။ ကမ္ဘာကြီးနဲ့ ပန်းသီးပင်က အပြိုင်လွန်ဆွဲရင်း ကမ္ဘာကြီးကပဲ
အတွင်း အားကောင်းလို့ နိုင်သွားသလိုလို။ ပြီးတော့ သူကတွေးရုံတင်မက
လျှောက်ပြောသွားတော့ အခုနောက် လူတွေ ကဒုက္ခရောက်ရတာပေါ့ ။"ဖိ" ပြီး
"စစ်"တဲ့ အဲဒီ "ဖိစစ်" ဆိုတာကြီး မှာနယူတန် ရဲ့ 'ဖက်လော' 'စခန်းလော' '
သတ်လော' တွေသင်ပြီဆို ကျောင်းသားတွေက သူ့ကိုကြိတ်ပြီး စိတ်ဆိုးနေကြတာ
သူကတော့ မသိပါဘူး ။ 'ပန်းသီးတစ်လုံး အရင်းသုံး၍ ဂရာဗေတေရှင်နယ်ဖို့စ်
ကြပါစို့ 'ဆိုပြီးတောင် အော်ချင်အော်နေမှာ ။

နောက်ရှိပါသေးတယ် အက်ဒီဆင် ဆိုတဲ့လူ ၊ သူ့ဟာသူ ဘာဆင်ပဲဖြစ်ဖြစ်ပေါ့ ။
သူကမီးလုံးတွေ မီး ချောင်းတွေ တွေးပြီးတီထွင်ခဲ့တာ ၊ နယူတန် လောက်တော့
မဆိုးဘူးပေါ့ ။ ဘောလုံးပွဲလေးဘာလေး ကြည့်ရင်တော့ ကျေးဇူးအတင်သား ။
ဒါပေမယ့် ဗျာ ညကိုးနာရီ ချိန်းထားတဲ့ သမီးရည်းစားနှစ်ယောက်ကိုမေးကြည်

အက်ဒီဆင် ရဲ့မီးသီးလိုလား ?လို့ ကောင်မလေးကပြောမှာပေါ့ "ခုနေ
အနားမှာရှိရင် ပါးဆွဲ
ရိုက်ပစ်မှာ" လို့ ။ အဲဒီလိုဗျ ။ အမြဲ မကောင်းဘူး ။ ယောက္ခမကြီး ကိုရီးယား
ကားကြည့်နေတုန်း အက်ဒီဆင် မလိုပါဘူးဗျာ ။ အလုပ်ကည ၈နာရီပြန်လာတဲ့
လူတစ်ယောက် ၊ ကားမှတ်တိုင်ကနေ အိမ်ကို ၁၅ မိနစ်လောက် လျှောက်ရဦးမှာ၊
ကျန်းမာရေကလဲပေါ်လာပြီ ။ ပတ်ဝန်းကျင်ကိုလည်း အားနာ ရှက်ကလည်းရှက် ၊
အင်ဒီဆင် ကြီးကလည်းရှိနေတော့ သူ့ခမျာ ကွတတ ကြီးနဲ့ပဲ အိမ်ကို
မအီမလည်ကြီးပြန်ခဲ့ ရပါလေရော ။ ခင်ဗျားဆိုရင်ကော အဲဒီလူနေရာမှာ အဲဒီ
အက်ဒီဆင်ဆိုတဲ့လူကြီးကို ကျေးဇူးတင်မှာလား ? ။ကဲ အဲဒါကြောင့်ပြောတာ ၊
ပေါက်ကရတွေ မတွေးပါနဲ့လို့

ရီမောနိုင်ကျပါစေ...
နေမင်းညို

သစ်သားဇလုံလေး.........
မသန်မစွမ်း အဘိုးအိုကြီးတစ်ယောက်ဟာ သူ့သားရဲ့ အိမ်မှာ သူ့ချွေးမ၊ လေးနှစ်သားအရွယ် သူ့မြေးလေးနဲ့အတူ နေလေရဲ့။ အဲဒီ အဘိုးအိုကြီးက လက်တွေဆိုလည်း တုန်လို့၊ အမြင်အာရုံကလည်း မှုန်ဝါးဝါး၊ သူ့ရဲ့ ခြေလှမ်းတိုင်းကလည်း ဒယိမ်းဒယိုင်နဲ့ပေါ့။ သူတို့ မိသားစု လေးယောက်ဟာ အစာစားပြီဆိုရင်ဖြင့် စားပွဲတစ်လုံးမှာ အတူတူ ထိုင်ပြီး စားလေ့ရှိတယ်။ ဒါပေမယ့် အဘိုးအိုကြီးဟာ လက်က အရမ်းတုန်၊ မျက်စိက ၀ါးတားတားဆိုတော့ အစာစားရတာလည်း အခက်ကြုံတာပေါ့။ ပဲစေ့ကို ဇွန်းနဲ့ ခပ်ပြီ ဆိုရင်ဖြင့် ပဲစေ့တွေဟာ ဇွန်းထဲကနေ ကြမ်းပြင်ပေါ် တမင် ခုန်ချနေသလား အောက်မေ့ရတယ်။ ဖန်ခွက်ကို ကိုင်လိုက်ပြီ ဆိုရင်လည်း ခွက်ထဲမှာ လှိုင်းတွေကြီးပြီး စားပွဲခင်းပေါ်ကို နွားနို့တွေ ဖိတ်ကျကုန်တယ်။

သားနဲ့ ချွေးမလုပ်တဲ့လူက ကြာတော့ သည်းမခံနိုင်တော့ဘူးလေ။ "ငါတို့ တစ်ခုခု လုပ်မှ ဖြစ်တော့မယ်။ ဒီ မှောက်ကျတဲ့ နွားနို့တွေ၊ ကြမ်းပေါ် ပြန့်ကျဲနေတဲ့ အစာတွေ၊ မျက်စိနောက်လောက်အောင် စားသောက်နေနဲ့ အမူအရာတွေကို ဆက်မမြင်ချင်တော့ဘူး။" လို့ စိတ်ဆိုးမာန်ဆိုးနဲ့ သူ့ဇနီးကို ပြောလိုက်တယ်။ ဒါနဲ့ အဘိုးအိုးအစာစားဖို့ ဟိုးအခန်းထောင့်မှာ စားပွဲသေးသေးလေးတစ်ခု စီစဉ်လိုက်ကြတယ်။ အဲဒီအချိန်ကစပြီး အဘိုးအိုခမျာ တစ်ယောက်တည်း အထီးကျန်စွာနဲ့ ထမင်းစားရတော့တယ်။ ကျန်တဲ့လူတွေကတော့ စုစုဝေးဝေး ပျော်ပျော်ရွှင်ရွှင် စားနေကြတာပေါ့။

အဘိုးအိုကြီး တုန်တုန်ရင်ရင်နဲ့ ပန်းကန်ခွက်ရောက်တွေ နှစ်ချပ် သုံးချပ်လောက် လွတ်ကျကွဲပြီးကတည်းက အဘိုးအိုကြီးကို အစာစားဖို့ သစ်သားဇလုံလေး တစ်လုံး လုပ်ပေးထားတယ်။ သူတို့ ထမင်းစားနေတုန်း အဘိုးအိုကြီးကို လှမ်းကြည့်လိုက်ရင်ဖြင့် အထီးကျန်လွန်းလို့ ကျတဲ့ မျက်ရည်တွေတောင် အထင်သား မြင်နေရတယ်။ ဒီလို သနားစဖွယ် မြင်ကွင်းကို မြင်နေရတာတောင် အဘိုးအိုကြီး ဇွန်းခရင်း၊ ဒါမှမဟုတ် ဟင်းတွေ အောက်ကို ဖိတ်ကျရင် အော်လိုက် ငေါက်လိုက်ချင်သေးတာလေ။

ဒါတွေအားလုံးကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကြည့်နေတဲ့သူကတော့ ဟို လေးနှစ်သားလေးပေါ့။ နှုတ်ဆိတ်မနေရအောင် သူကကော ဘာတတ်နိုင်မှာမို့လဲ။ တစ်ညနေ ကြမ်းပြင်ပေါ်မှာ သစ်သားတုံး၊ ဆောက်၊ တံဇဉ်း၊ ဓါးတွေနဲ့ ကစားနေတဲ့ သားကို အဖေလုပ်တဲ့သူက တအံ့တသြနဲ့ ထိုင်ကြည့်နေတယ်။ ဒီကောင်လေး ဘာတွေများ လုပ်ဖို့ ကြံစည်နေလဲ ဆိုတာကို သိချင်ဇော အားကြီးတော့ သူ့သားကို ချိုသာတဲ့ အပြုံးနဲ့ ဘာလုပ်နေတာလဲလို့ လှမ်းမေးလိုက်တယ်။ လေးနှစ်သားလေးဟာ အဖေရဲ့ အမေးကို အပြစ်ကင်းစင်တဲ့ အမူအရာနဲ့ ပြန်ဖြေပြီး ခပ်ပြုံးပြုံးလေးနဲ့ သူ့အလုပ်သူ ဆက်လုပ်နေတော့တယ်။

သားလေးရဲ့ အဖြေဟာ အဖေနဲ့ အမေလုပ်သူရဲ့ ရင်ဝကို တည့်တည့်ပစ်မှန်ပြီး အလုံးလိုက် လည်ပင်းမှာ လာစို့နေတယ်။ အားလုံးဟာ တိတ်ဆိတ်သွားတယ်။ စကားလုံးတွေ ဆွံ့အကုန်ပြီ။ မျက်ရည်တွေဟာ သူ့တို့ရဲ့ ပါးပြင်မှာ အရှိန်ကောင်းကောင်းနဲ့ စီးဆင်းလာတယ်။ ပြောရက်လိုက်တာ သားရယ်လို့ စိတ်ထဲမှာ တွေးနေရင်းက အပြစ်ကင်းစင်တဲ့ အမူအရာနဲ့ ပြောသွားတဲ့ သားရဲ့ မျက်နှာနဲ့ စိတ်ကျအားငယ်ပြီး အိုမင်းချိနဲ့နေတဲ့ အဖေလုပ်သူရဲ့ မျက်နှာကို တပြိုင်တည်း မြင်ယောင်လာမိတယ်။ ဇနီးမောင်နှံ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ဘာမှ ပြန်မပြောဖြစ်ကြပေမယ့် သူတို့ ဘာဆက်လုပ်ရမယ် ဆိုတာကိုတော့ ကောင်းကောင်းကြီး နားလည်သွားကြပြီလေ။

ညနေစာ စားချိန်ရောက်ပြီ။ အဘိုးအိုကြီးဟာ သူရဲ့ အထီးကျန် စာပွဲအိုရှိရာကို ဦးတည်ပြီး လှုပ်ပဲ့လှုပ်ပဲ့ လမ်းလျှောက်လာနေတယ်။ သူ့ခမျာ အရင် မိသားစုလိုက် အတူတူစားခဲ့တဲ့ စားပွဲဟောင်းကိုတောင် လှည့်ကြည့်ဖို့ ခွန်အား မရှိရှာတော့ဘူး။ သူ့စားပွဲကို ရောက်ခါနီးမှာပဲ သူ့ရဲ့သားက အဘိုးအိုရဲ့ လက်ကို ညင်သာစွာ ဆုတ်ကိုင်လိုက်ပြီး မိသားစု စားပွဲဝိုင်းဆီကို တွဲခေါ်လာတယ်။ သူတို့နဲ့ ထမင်းအတူတူ ပြန်စားဖို့ ဖိတ်ခေါ်ခံလိုက်ရတာပါ။ အဘိုးအိုခမျာ မျက်စိလည် လမ်းမှားပြီးရောက်လာတဲ့ ဒီအခွင့်အရေးကို လက်လွှတ်ရမှာ ကြောက်တော့ ခရင်းကို ဂရုတစိုက် ကိုင်ပေမယ့်လည်း လွတ်ကျမြဲ လွတ်ကျနေတယ်။ ဒီတစ်ခါမှာတော့ အိမ်ရှင်မရဲ့ စူးရှရှ အသံကို မကြားရတော့ဘဲ နွေးထွေးတဲ့လက်တစ်စုံနဲ့ ခရင်းတစ်ချောင်းကိုသာ မြင်လိုက်ရတယ်။ အမြင်များ မှားနေလား ဆိုပြီး အဘိုးအို မျက်စိကို ပွတ်ပြီး ပြန်ကြည့်တယ်။ ဟုတ်ပါတယ်၊ သူ့ချွေးမဟာ ခရင်းအသစ်ကို ယူပြီး အဘိုးအိုကို လှမ်းပေးနေတယ်။ ဟော နွားနို့တွေ စားပွဲပေါ် ဖိတ်ပြန်ပြီ။ ငြိမ်ငြိမ်လေး ထမင်းဆက်စားနေကြတာပဲ မြင်ရတော့တယ်။ အဘိုးအိုရဲ့ အလွဲလွဲ အချော်ချော်နဲ့ ဇွန်းခရင်းသံကလွဲလို့ ဘာအသံမှ မကြားရဘူး။ ညစာစားပွဲလေးဟာ တီးလုံးပဲပါတဲ့ သီချင်းတစ်ပုဒ်ကို ဖွင့်ထားတာနဲ့ တူနေတယ်။ ဒီညစာစားပွဲလေးဟာ အဘိုးအိုအတွက်တော့ အင်မတန် ကျေနပ်စရာ ကြည်နူးစရာ စားပွဲလေးတစ်ခု ဖြစ်သွားပြီပေါ့။

လေးနှစ်သားလေးရဲ့ စကားတစ်ခွန်းကြောင့် ဒီဇနီးမောင်နှံဟာ သူ့ဖခင်အပေါ်မှာ ရှိရင်းစွဲ မေတ္တာတွေ ပြန်လည် သက်ဝင်လာပြီး သနားကရုဏာနဲ့ စိတ်ရှည်ရှည် ဆက်ဆံလာနိုင်တယ်။ ဖခင်အပေါ် အမြင်မှန် ရသွားတယ်ဆိုပါတော့။ ဒါမှမဟုတ် ၀ဋ်လည်မှာကိုပဲ တွေးပြီး ကြောက်သွားကြသလား။ လေးနှစ်သားလေးက သူ့အဖေကို ဘာပြောလိုက်မယ်ထင်လဲ။ အဖြေကို ဆက်ဖတ်မကြည့်ခင် အရင် စဉ်းစားကြည့်စေချင်တယ်။

မိဘဟာ သားသမီးကို ပြုစုစောင့်ရှောက်ဖို့ဆိုတာ သဘာဝအရ အလိုအလျောက် တတ်သိစွမ်းဆောင် နိုင်လာတာ ဆိုပေမယ့် သားသမီးက မိဘကို ပြုစုစောင့်ရှောက်ရမယ် ဆိုတာကိုတော့ သဘာဝက အပြင်းအထန် သင်ကြားပေးတာတောင် အတော်များများ စာသိပ်မကျေချင်ဘူး။ မိဘက သားသမီးကို ပြုစုဖို့ အဓိက တွန်းအားဟာ မေတ္တာဆိုပေမယ့် သားသမီးက မိဘကို ပြုစုဖို့ အဓိက တွန်းအားဟာ တာဝန်ဖြစ်နေတာ ကြားနေ၊ မြင်နေရတော့ အတော်လေး စိတ်မကောင်းဖြစ်မိတယ်။ တာဝန်အရ ပြုစုနေရတဲ့ သားသမီးတွေ လောကမှာ ဘယ်လောက်များ များမလဲနော်။ ဒါပေမယ့် သားသမီးကို တာဝန်အရ ပြုစုနေရတဲ့ မိဘဆိုတာ ကမ္ဘာပေါ်မှာ လုံးဝ မရှိပါဘူး။

လေးနှစ်သားလေးက သူ့အဖေကို ဒီလို ပြန်ဖြေလိုက်ပါတယ်။
"သား၊ သစ်သားဇလုံးလေး လုပ်နေတာပါ။ ဖေဖေနဲ့ မေမေ အသက်ကြီးလာရင် အစာစားဖို့လေ"

"Wooden Bowl by Unknown Author" ကို နားလည်သလို ခံစားတင်ပြလိုက်ပါသည်။
နေမင်းညို

ဗေဒင်ဆရာတစ်ယောက်ကို
လိမ်လည်မှုနဲ့ တရားစွဲလို့ ရပါ့မလား။

ထီလက်မှတ်တစ်စောင်ဟာ
မပေါက်ရင် ပြန်လျော်ပါ့မယ်လို့
အာမခံချက် ရှိလို့လား။

စိတ်ကူးတွေကို
ဆင်ဆာဖြတ်ရင်
သင့်တော်ပါ့မလား။

မျှော်လင့်ချက်တွေကို
ယုတ္တိမရှိဘူးလို့ ဝေဖန်ရင်
တရားမျှတပါ့မလား။

ကျွန်တော့် နှလုံးသားဟာ
ဗေဒင်ဟောစာတမ်းလဲ မဟုတ်
ထီပေါက်စဉ်လဲ မဟုတ်
ကြော်ငြာသင်ပုန်းလဲ မဟုတ်
အိပ်မက်ပေါင်းချုပ်
စာတစ်အုပ်မျှသာ ဖြစ်ပါတယ်။

နေမင်းညို

(၁) Online ဖိုးပိုက်ဆံ အကုန်အကျသက်သာခြင်း

(၂) အပို့အကြိုကိစ္စ ဖြစ်သော ဖယ်ရီ မရှိခြင်း

(၃) အချော့ရသက်သာခြင်း စိတ်ပင်ပန်းဆင်းရဲမှုမှ ကင်းဝေးစေခြင်း

(၄) မုန့်ဖိုးအား လောက်ငှစွာ သုံးစွဲလို့ရခြင်း

(၅) အချိန်မရွေးနေရာမရွေး လွတ်လပ်စွာနေထိုင်နိင်ခြင်း

(၆) အစားမှန် အအိပ်မှန် အထမှန်ခြင်း နှင့် ကျန်းမာရေးကောင်းနေခြင်း

(၇) အိမ်မှ ဖုန်းဘေ ငွေနှုန်းများ သက်သာလာခြင်း

(၈) ပါးစပ်အားနံစေသော ဆေးလိပ် ၊ ကွမ်းယာ ၊ သေရည် ၊ ဒညင်းသီးများအား
အချိန်မရွေး စားသုံးလို့ရခြင်း

(၉) ရည်းစာမရှိ၍ သူငယ်ချင်းအား ရင်မဖွင့်ရသဖြင့် သူငယ်ချင်းဖြစ်သူက
နားညီးသက်သာသောကြောင့် သင့်အား အလိုက်အသင့် ဆက်ဆံခြင်း

(၁၀) ရည်းစားမရှိပါက ဘီယာတိုက်တဲ့ ပိုက်ပိုက် သက်သာစေခြင်း
(ဘီယာတိုက်ပြီး ရင်ဖွင့်တဲ့သူရှိလို့ပါ)

(၁၁) ရည်းစား၏ နားပူနားစာ ၊ အမိန့်များ ကင်းဝေးခြင်း တို့ဖြစ်ပါသည်။


လူငယ်များ၏ ရည်းစား ရှိခြင်းကောင်းကျိုး (၁၁) ချက်

(၁) လူအများကြား၌ ကြွားကြွားဝါ၀ါ နေနိုင်ခြင်း

(၂) ကိုယ်မရှိရင် သူပေး သူမရှိရင် ကိုယ်ပေး စွာနေနိုင်ခြင်း

(၃) ငှက်ပျောတုန်းဖက်သေစရာ မလိုခြင်း

(၄) ဟုတ်ဟုတ် မဟုတ်ဟုတ် လူရှိန်နေခြင်း

(၅) ကိုကို ၊ မောင် ၊ ချစ် ၊ မ ၊ မေ လို့ ယုယစွာ
စကားလုံးများအကန့်အသက်မရှိ ပိုင်ဆိုင်စေခြင်း

(၆) Web site ပေါ်တွင်ကဗျာ များသစ်လွင်နေခြင်း နှင့် လန်းဆန်းတက်ကြွနေခြင်း

(၇) လက်သည်းခြေသည်း ရှည်ခြင်းမှကင်းဝေးစေခြင်း နှင့် တစ်ကိုယ်ရေ
သန့်ရှင်းမှု ရှိခြင်း

(၈) ရည်းစားမရှိသူအား နှိမ်၍ မင်းမှာရောရည်းစားရှိလို့လားလို့ မေးလို့ရခြင်း

(၉) ဆောင်းတွင်းဖြစ်သည့်တိုင်အောင် အနွေးထည် ၀ယ်ရသည့် ပိုက်ပိုက် သက်သာစေခြင်း

(၁၀) ပိုက်ဆံချေးလို့ရခြင်း နှင့်
(၁၁) နောက်ဆုံးရုံတင် ရုပ်ရှင်ကားများ အဆက်မပြက် ကြည့်ရခြင်း တို့ပဲ ဖြစ်ပါသည်။

ပျော်ရွင်နိုင်ကျပါစေ..
နေမင်းညို

ပုံပြင်လေးတစ်ပုဒ်ကဲ့သို့ ဖတ်ကြည့်ပါ…

ကောင်မလေးက သူ့ကောင်လေးသူ့ကို ချစ်မချစ်သိချင်တယ်လေ..ဒါနဲ့ပဲ

ချစ်သူကောင်မလေးက သူ့ချစ်သူကောင်လေး ကိုမေးသတဲ့

ကောင်မလေး။ မောင် ကျွန်မကို လှတယ်လို့ ထင်လားဟင်…တဲ့

ကောင်လေး။ ဟင့်အင်း။

ကောင်မလေး။ မောင် ကျွန်မနဲ့ ထာဝရအတူနေချင်လားဟင် …

ကောင်လေး။ ဟင့်အင်း။

ကောင်မလေး။ တကယ်လို့များပေါ့နော်..ကျွန်မက မောင့်ကိုထားခဲ့ရင် ငိုမှာလားဟင်…

ကောင်လေးက ဖြေပြန်တယ်…ဟင့်အင်း တဲ့။

ကောင်မလေး…ဆက်မကြားနိုင်ရှာတော့ပါဘူး…

အဝေးကြီးကို ပြေးထွက်သွားလိုက်တယ်…သနားစရာကောင်းတဲ့ သူ့မျက်နှာလေးမှာ မျက်ရည်စတွေနဲ့ပေါ့….

ကောင်လေးက သူ့ကောင်မလေးရဲ့လက်ကို လှမ်းဆွဲတားလိုက်တယ်

ပြီးတော့ ပြောလိုက်တယ်

မင်းဟာစွဲမက်ဖွယ်ကောင်းလောက်အောင်မလှပပါဘူး.ဒါပေမယ့် ငါ့အတွက်တော့ ချစ်စရာကောင်းတဲ့ အေးမြတဲ့ အလှတရား ကိုမြတ်နိုးတယ်တဲ့

ငါမင်းနဲ့ အမြဲအတူမနေချင်ဘူး..ဒါပေမယ့် မင်းဟာငါ့အတွက်တော့ မရှိမဖြစ်လိုအပ်တယ်တဲ့

တကယ်လို့များမင်းထားသွားခဲ့ရင် ..ငါ့မျက်ရည်ကျဆင်းလာမှာမဟုတ်ဘူး…

ကိုယ်တစ်ခါထည်းသေသွားမှာ ..တဲ့။

ဒီချစ်စရာကောင်းတဲ့ ပုံပြင်လေးကို မင်းရဲ့ အချစ်ဆုံးချစ်သူ ..သူငယ်ချင်း တို့နဲ့ မျှဝေခံစားကြည့်ပါ
အားလုံးပဲချစ်နိုင်ကျပါစေ....
နေမင်းညို